Wednesday, August 3, 2011

NAVIGATION SYSTEM

by မီးပြတိုက် on Wednesday, August 3, 2011 at 11:24am
Automotive navigation system (အလိုလျှောက် ထိန်းချုပ်မောင်းနှင် ပေးသည့်စနစ်)

Automotive navigation system ဆိုသည်မှာ ဂြိုဟ်တုမှတစ်ဆင့် မြေပြင်ပေါ်တွင် လှုပ်ရှား သွားလာနေသော ယာဉ် တစ်ခုခုကို ပဲ့ကိုင်ထိန်းပေးသည့် စနစ်ဖြစ်သည်။ ၎င်းစနစ်တွင် Global Positioning System (GPS) ဖြင့် လှုပ်ရှားနေသော အရာဝတ္ထု (သို့) ယာဉ် ၏ လက်ရှိ တည်ရှိနေသော နေရာကို ထိန်းချုပ်ပဲ့ကိုင်မည့်သူမှ သိရှိနိုင်သည်။ GPS သည် မြေပုံ လမ်းကြောင်း ဖွဲစည်း တည်ဆောက်ပုံအတိုင်း ရှာဖွေပေးသည်။
GPS စနစ်မှ ရရှိသော တည်နေရာ (tolera) သည် ပြင်ပတည်နေရာ (real) နှင့် အများဆုံး ၃ မီတာ၊ ၅ မီတာ ထိ မှ၊ အနည်းဆုံး ၂ မီလီမီတာမှ ၃ မီလီမီတာ ထိ ကွာခြား တတ်သည်။ အဘယ်ကြောင့် ဆိုသော် ယဉ်အတွင်းရှိ GPS မှ ဂြိုဟ်တု၊ ထိုမှတဖန် ဂြိုဟ်တု မှတဆင့် ထိန်းချုပ်သူထံသို့ အဆင့်ဆင့် ပေးပို့ရပြီး၊ ယဉ်မှာလည်း ထိန်းချုပ်မှု လမ်းကြောင်း အတိုင်း ရွေ့လျှားနေသောကြောင့် ဖြစ်သည်။ တစ်ခါတစ်ရံ အချက်ပြစနစ် ပျောက်ဆုံး သွားခြင်း များလည်း ရှိတတ်သည်။



Global Positioning System (GPS)



Global Navigation Satellite System (GNSS)


Inertial navigation system
Inertial navigation system ဆိုသည်မှ ပဲ့ထိန်း စနစ် တစ်ခုပင်ဖြစ်သည်။ ယာဉ်၏ လှုပ်ရှားမှုကို ၎င်းယာဉ်၏ တည်နေရာ၊ ပတ်ဝန်းကျင်၊ ၎င်း၏ ရွေ့လျှားနှုန်း အလျင် ပေါ်တွင်သာ မူတည်၍ ပြင်ပအကူပစ္စည်း အထောက်အပံ့မလိုပဲ တွက်ချက် ထိန်းချုပ် (control) လုပ်သည့် စနစ်ဖြစ်သည်။ ယာဉ်၏ ထွက်စအရှိန် (initial velocity) သည် အစ ပထမတွင် နည်းသော်လည်း နောက်ပိုင်း အရှိန်ရလာသည်နှင့်အမျှ ပိုများလာ၏။ ပတ်ဝန်းကျင်၊ လမ်းကြောင်း အနေအထားပေါ်တွင် မူတည်၍ အကွေ့အကောက် ရှိလျှင်ရှိသလို၊ လမ်းကြောင်း ဖြောင့်ဖြူးလျှင် ဖြောင့်သလို ယာဉ်၏ သွားနှုန်း အလျင် (velocity) အနည်း၊ အများ ကွာခြားလာမည်။ ထိုပြောင်းလဲခြင်းများကို သေချာစွာသတ်မှတ်၍ တွက်ချက်ရမည် ဖြစ်သည်။ ၎င်းစနစ်တွင် inertial guidance system, inertial reference platform, နှင့် အခြား variations ပေါင်းများစွာ ပါဝင်သည်။



Accuracy of Navigation system

Robotic mapping

Robotic mapping ဆိုသည်မှာ ကြမ်းပြင်မှတစ်ဆင့် (သို့မဟုတ် အခြားအချက်ပြစနစ် မှတဆင့်) မြေပုံဆွဲသက်မှတ်ကာ စက်ရုပ်၊ သို့မဟုတ် လှုပ်ရှားနေသော ယာဉ်ကို ထိန်းချုပ် သည့်စနစ်ဖြစ်သည်။ ဤစနစ်တွင် စက်ရုပ်၏ တည်နေရာအား ကြမ်းပြင်ကို ထိနေသော စက်ရုပ်၏ ဘီးများမှတဆင့် သိရှိနိုင်သည်။ ထို့နောက်တွင် စက်ရုပ်၏ လှုပ်ရှားသွားလာမှုကို control လုပ်ခြင်း ဖြစ်သည်။ ဤစနစ်တွင် မြေပုံပေါ်တွင် မူတည်၍ စက်ရုပ်၏ လုပ်ပိုင်ခွင့် အနည်း၊ အများ ကွားခြားသည်။ စက်ရုပ်တွင်ပါဝင်သော function ပေါ်တွင်လည်း မူတည်သည်။



Robotic mapping can be used for serving robot guide

Remotely operated underwater vehicle

ဤစနစ်ကို ရေပြင် ကာကွယ်ရေးစနစ်များတွင် ၁၉၇၀ ပြည့်နှစ်ကတည်းက အသုံးပြုနေပြီဖြစ်သည်။ သံသယရှိသော နေရာများ (သို့) အခြားသော အခက်အခဲ များကြောင့် အဓိက သင်္ဘောကြီးများ မသွားနိုင်သော နေရာများသို့ လည်းကောင်း၊ ရေထုဖိအားဒဏ်ကြောင့် လူမသွားရောက်နိုင်သော နေရာများနှင့် ကျဉ်းမြောင်းသော လိုဏ်ဂူ၊ လျှိုမြောင်များသို့ လည်းကောင်း ဘင်္ဘောငယ် (သို့) စက်ရုပ်များ စေလွတ်၍ သွားရောက် လေ့လာရန်၊ကြည့်ရှုရန်ဖြစ်သည်။ ဤစနစ်တွင် နွားလံကြိုးကဲ့သို့သော ကေဘယ်ကြိုးကို အသုံးပြုမည့် ပစ္စည်းကို တပ်ဆင်ထားသည်။ ထိုကြိုးဖြင့်ပင် အဓိက သင်္ဘောကြီး (Mother ship)နှင့် ချိတ်ဆက်ပေး၍ ဘယ်နေရာရောက်နေသည်ကို သိရှိနိုင်သည်။ ၎င်းပစ္စည်းတွင် ဆလိုက်မီးများ၊ ဗွီဒီယို ကင်မရာများ တပ်ဆင်ထားသည်။ ၎င်းကို သဘောင်္ကြီးပေါ်မှ ကွန်ပျူတာဖြင့် ထိန်းချုပ်သည်။ ဤစနစ်ကို ရေထဲတွင်သာမက ကုန်းပေါ်တွင်လည်း တွင်ကျယ်စွာ အသုံးပြုလျှက်ရှိသည်။ အထူးသဖြင့် ကာကွယ်ရေးလုပ်ငန်းများတွင် ကင်းထောက်ခြင်း၊ မိုင်းရှာခြင်းများတွင် အသုံးများသည်။



A science ROV being launched from an oceanographic research vessel.



Variety of ROVs: Work Class, General, Mini



Bluefin-12 AUV with a Buried Object Scanning (BOSS)



Remote controlled vehicle to clear explosives.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...