Tuesday, August 16, 2011

တစ်ခါတစ်လေ


by Cloud Cuckoo Land on Tuesday, August 16, 2011 at 5:21pm
 
တခါတလေ လုပ်ချင်ပေမယ့် လုပ်ခွင့်မရှိဘူး
တခါတလေ လုပ်ချင်ပေမယ့် မလုပ်နိုင်ဘူး
တခါတလေ လုပ်ချင်ပေမယ့် မလုပ်ရဲဘူး
တခါတလေ မလုပ်ချင်ပေမယ့် လုပ်ရတယ်
တခါတလေ ဘာလုပ်ရမှန်းမသိသလို့ 

တခါတလေ ဘာမှမလုပ်ချင်ဘူး
တခါတလေ ဘ၀ကြီးက ပျော်စရာကောင်းသလို
တခါတလေ ကျတော့လည်း ပျင်းစရာ
တခါတလေ တက်ကြွပြီး
တခါတလေ စိတ်ဓာတ်တွေကျလို့ 
တခါတလေ ငါကို ဘယ်ကောင်မလေးမှမချစ်ရင်ကောင်းမယ်လို့ တွေးတယ်
တခါတလေ အဲဒီကောင်မလေးတွေကို ငါ့ကို ချစ်စေချင်တယ်
တခါတလေ ငါက အဲဒီကောင်မလေးတွေကိုချစ်တယ်
တခါတလေ ဘယ်သူကိုမှ မချစ်တော့ဘူးလို့ တွေးတယ်
တခါတလေ စိတ်ကူးတွေနဲ့ ပျော်တက်သလို
တခါတလေ အပေါင်းအဖော်များနဲ့  ပျော်တယ်
တခါတလေ ကမ္ဘာကြီးကို ကူညီချင်တယ်
တခါတလေ ကိုယ့်ကိုကိုယ် ကူညီတယ်
တခါတလေ စွန့် ကျဲ့ တက်ပြီး
တခါတလေ ကပ်စီးနည်းတက်တယ်
တခါတလေ အောင်မြင်ကျော်ကြားချင်ပြီး
တခါတလေ ငြိမ်းချမ်းချင်တယ်
တခါတလေ မိဘတွေကို သတိရတယ်
တခါတလေ ကောင်မလေးတွေကိုသတိရ
တခါတလေ ငါ့ကိုယ့်ငါ သတိရတယ်
တခါတလေ အတိတ်ကိုလွမ်းတက်ပြီး
တခါတလေ အနာဂါတ်မှာ ကျက်စား
တခါတလေ ပစ္စုပန်မှာ နေဖို့ ကြိုးစားတယ်
တခါတလေ ဘယ်မှာ နေရမှန်းမသိ
တခါတလေ ဘာမှမဟုတ်ပါဘူးလို့ တွေးတယ်
တခါတလေ အဟုတ်ကြီးလုပ်ပြီး နေတယ်
တခါတလေ မထီတရီပြုံးတက်ပြီး
တခါတလေ ရိုးရိုးသားသားရယ်တက်ပြန်ရော
တခါတလေ ...
တခါတလေ ...
တခါတလေ ...

တော်ပြီ။။ တော်ပြီ။။

တခါတလေ ဒီ လို ပဲ အူကြောင်ကျားတွေးတယ်။

Posted by နတ်ဆိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...