Friday, August 5, 2011

အချစ်နိုင်ငံက ဒီမိုကရက်တစ် ချစ်သူများ (အပိုင်း ၂)

“အချစ်တစ်ခုကို အရူးမူးခံစားပြီးနောက်
ရင်ခုန်စရာဆိုတာ ထပ်ရှိလာဦးမှာလား
ဒါပေမယ့် ဒီအကြည့်တစ်ခုရဲ့အောက်
ရှုံးနှိမ့်ခဲ့တာ အကြိမ်ကြိမ်ပါ …
ငါ … ၀န်ခံပါတရ် …
နင့်ကိုချစ်တရ် …
ကျေးဇူးပြုပြီး
င့ါကိုခွဲမသွားပါနဲ့နော် …”


*****************

ထူးဆန်းတရ်လို့တော့ မထင်ဘူး။ အော်လိုင်းမှာချစ်သူဖြစ်သွားတာကို။ နေ့တိုင်း စကားတွေပြော။ ညတိုင်း တစ်ယောက်နဲ့ တစ်ယောက် ထိုင်ကြည့်။ စိတ်ညစ်စရာတွေ ရင်ဖွင့်။ ပျော်စရာတွေ ဝေမျှ။ ကွန်ပြူတာရှေ့ထိုင်ပြီး ထမင်းတူတူစား။ အသက်မရှိတဲ့ web cam ကိုထမင်းတွေခွံ့။ ဖျော်ရည်တွေ တိုက်။ စကားတွေပြောရင်း … တစ်ယောက်နဲ့ တစ်ယောက်ကြည့်ရင်း … သူ့သီချင်းသံတွေအောက် အိပ်ပျော်သွားခဲ့တဲ့ ညပေါင်း မနည်းတော့။ မနက်နိုးလာရင် တညလုံးမပိတ်ခဲ့ရတဲ့ ကွန်ပြူတာ ပူကျစ်လို့။ တစ်ခါတလေ စကားတွေများပြီး ငြင်းခုံခဲ့ကြတာ။ ဒါပေမယ့် ကိုက ရတီကို အမြဲအနိုင်ပေးခဲ့တာ။ ရတီ ပြောသမျှ ကိုကခေါင်းငြိမ့်ပြီးသားပဲလေ။ ရတီ သိပ်ပျော်တာပဲ ကိုရယ် …။ အပြင်မှာ ဆုံချင်တရ် … …။

*************
“သား … မင်းအဖေကျန်းမာရေး မကောင်းဘူး။ မနေ့ပဲ ဆေးရုံတင်လိုက်ရပြီ။ ခွဲစိတ်ရမရ်တဲ့။ ခွဲစိတ်စရိတ်ကို သားလဲသိပါတရ်။ အခု … မာလာက အစအဆုံး ကူညီပေးပြီး ဆေးရုံတင်လိုက်ပြီ။ သဘတ်ခါ ခွဲစိတ်ရမရ်။ မင်းလဲ မင်းအဖေနေပြန်ကောင်းလာအောင် ဆုတောင်းပေးနော်။ မာလာကလဲ မင်းကိုသတိရပါတရ်တဲ့”
အမေ့ရဲ့ စကားသံ တ၀က်တပျက်မှာ နေမကောင်းတဲ့ အဖေ့မျက်နှာမြင်ယောင်လာမိပြန်တရ်။ တစ်ဆက်တည်း တစ်ယောက်သော သူရဲ့ မျက်နှာကိုလဲ မြင်ယောင်လာမိပြန်တရ်။ ထုံးစံအတိုင်း ခေါင်းကိုခါရမ်းပြီး computer screen ကိုကြည့်မိတော့ ဘယ်ကတည်းကရောက်နေမှန်းမသိတဲ့ ရတီက chat ခေါ်ထားတာ တော်တော်ကြာနေပြီ။

ရတီးး ကို .. ဘယ်ရောက်နေတာလဲ …
ရတီးး အားးးးးးးးးးးးးးးးးးးး
ရတီးးဘာလုပ်နေတာလဲ
ရတီးး ခေါ်နေတာကြာပီကွာ
ရတီးး ပြန်မပြောဘူးလား
ရတီးး စိတ်တိုလာပီကွာ …
ရတီးး Facebook မှာတင်ထားတဲ့ ပုံတွေထဲက သရုပ်ဆောင်ကောင်မလေးပုံတွေ တင်ထားတာ ဖြုတ်ပစ် ..
ရတီးး မဟုတ်ရင်တော့ .. ကို့Facebook ကိုရတီ အကုန်ဖျက်ဆီးပစ်မရ် …
ရတီးး ကိုနော် .. ရတီမသိအောင် ရှုပ်ရှုပ်ရှပ်ရှပ်တွေ မလုပ်နဲ့နော်။ ရတီ စိတ်ကောက်တော့မှာနော် …
ရတီးး ဘာတွေက ရတီနဲ့ ကို့ထက် အရေးကြီးနေလို့လဲ …
ရတီးး ဘရ်သွားနေလို့ chat မပိတ်သွားတာလဲ။ ဘရ်သွားလဲဆိုတာ ပြောခဲ့ပါဆိုမှ … မပြောဘူးကြန်းးး
ရတီးး …………
ရတီးး …………

စိတ်တွေကရှုပ်ရှပ်ခတ်နေတရ်လို့ ထင်လိုက်ရတရ်။ ဘာကိုဆက်တွေးရမှန်းမသိတော့ဘူး။ အဖေ့အတွက်လဲ ဘာမှမကူညီနိုင်တဲ့အတွက် စိတ်မကောင်းဖြစ်မိတရ်။ ထပ်ထပ်ပြီး မြင်ယောင်လာတဲ့ တစ်ယောက်သောသူရဲ့ ပုံရိပ်တွေ … ဘာတွေလဲ .. ဘာတွေလဲ … ဆက်ဆုံးဖြတ်လို့မရတော့ … မတွေးချင်တော့ … အားလုံးနဲ့ဝေးရာ ခဏထွက်သွားလိုက်ချင်တရ်။

***********

MoeHkaးး ရတီ … ကိုယ်တို့ လမ်းခွဲရအောင်။ တစ်ခါတလေ ကိုယ့်ကို နားလည်မူ မပေးနိုင်တဲ့ ရတီ့ စိတ်တွေ။ ကိုယ်ကိုယ်တိုင်တောင် ထိန်းချုပ်လို့မရခဲ့တဲ့ ကိုယ့်စိတ်တွေ သိပ်ကိုရှုပ်ထွေးနေပြီ။ ကိုယ်ရတီ့ကို နားလည်ပေးချင်ပါတရ်။ ဒါပေမယ့် ရတီ့ထိန်းချုပ်မူအောက်မှာ နေမှာမဟုတ်ဘူး။ ကိုယ့်ကို အမိန့်ပေးတာမကြိုက်ပေမယ့် ကိုယ်အမြဲတမ်း ရတီစိတ်ချမ်းသာအောင် ကြိုးစားပေးခဲ့ပါတရ်။ ဒါပေမယ့် ကိုယ့်စိတ်ကို ကိုယ်ညာလို့ မရဘူး။ ရတီက တခါတလေ အရမ်းဇွတ်တရွတ်ဆန်တရ်။ ကိုယ်အမြဲသည်းခံနိုင်ပါတရ်။ ဒါပေမယ့် ရေရှည်မှာ ကိုယ်လက်တွဲချင်တဲ့ မိန်းကလေးဟာ ရတီလိုမဖြစ်ချင်ဘူး။ ဒါတွေကြောင့် လမ်းခွဲရအောင်ပါ ရတီ …။ ကိုယ့်ကိုခွင့်လွှတ်ပါ … ။

(ATM)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...