Sunday, August 21, 2011

မမြင်ကွယ်ရာကချစ်ခြင်း........

 
by Than Min Lwin on Sunday, August 21, 2011 at 7:41am
 
အိုမင်းရင့်ရော်နေတဲ့ အမေမှာ သွားတွေမရှိတော့ပါဘူး။ ဒါကို သားက ကားမောင်းပြီး သွားဆေးခန်းလိုက်ပို့ခဲ့တယ်။ သားက စီးပွါးရေးသမား သူဌေးတစ်ဦးဖြစ်တယ်။ ဆေးခန်းရောက်တာနဲ့ သားက ကားပေါ်ကဆင်းပြီး ဖုန်းတစ်လုံးနဲ့ အလုပ်ရှုပ်နေခဲ့တယ်။


အမေက သွားအသစ်လဲဖို့ ဆရာဝန်ကို ကုန်ကျစရိတ်မေးနေခဲ့တယ်။ ကုန်ကျစရိတ်တွေက ရာဂဏန်းကနေ သောင်းဂဏန်းထိရှိကြောင်း ဆရာဝန်က ရှင်းပြပြီး အမေကို အကောင်းဆုံး သွားအသစ်တစ်စုံလဲသင့်ကြောင်း အကြံပေးခဲ့တယ်။ ဒါပေမယ့် အပေါဆုံးသွားပဲ လဲဖို့ အမေဆုံးဖြတ်လိုက်တယ်။ အပေါဆုံးသွားတွေက ကျိုးပဲ့လွယ်ကြောင်း၊ အမေအသက်အရွယ်နဲ့ အတော်အသင့်ကောင်းတဲ့ သွားနဲ့ပဲလဲဖို့သင့်ကြောင်း ဆရာဝန်က အကြံပေးရင်း ဖုန်းဆက်နေတဲ့သားကို စစ်ကူတောင်းဖို့ လှမ်းကြည့်လိုက်တယ်။

သားက တစ်နေရာမှာရပ်ပြီး အမေကြိုက်တဲ့ သွားလဲပါစေဆိုတဲ့ သဘောမျိုးနဲ့ ဖုန်းကိုပဲ အဆက်မပြတ် ပြောနေခဲ့တယ်။
နောက်ဆုံး အပေါဆုံးသွားကိုပဲသုံးဖို့ အမေရွေးလိုက်တယ်။ ဆရာဝန်နဲ့ ဈေးဆစ်ပြီးနောက် အမေက ခါးဝတ်စကနေ အထုပ်တစ်ထုပ် ဆွဲထုတ်ပြီး အထပ်ထပ်ဖြေနေခဲ့တယ်။ ပြီးတော့ ဆရာဝန်ကို စရံငွေတစ်ချို့လှမ်းပေးပြီး နောက်တစ်ပတ်အတွက် သွားအသစ်လဲမယ့်ရက်ချိန်းကို ယူလိုက်တယ်။ ဒီလိုနဲ့ သားအမိနှစ်ယောက် ဆေးခန်းက ထွက်လာခဲ့ကြတယ်။

ဆေးခန်းက ထွက်ခဲ့တယ်ဆိုရင်ပဲ ဆေးခန်းထဲရှိတဲ့လူတွေက သားအမိနှစ်ယောက်ကို စဝေဖန်တော့တယ်။ သားက အမေအိုကို ဂရုမစိုက်ဘူး၊ မစောင့်ရှောက်ဘူးဆိုပြီး ဝေဖန်ခဲ့ကြတယ်။

ဝေဖန်သံမဆုံးခင်မှာ ဆေးခန်းတံခါးဖွင့်ပြီး အမေအိုရဲ့သားဖြစ်သူ ပြန်ဝင်လာပါတယ်။ သားကဆရာဝန်ဆီ တန်းသွားပြီး

"ဆရာ.. ကျွန်တော့်အမေအတွက် အကောင်းဆုံးသွားနဲ့ပဲ လဲပေးလိုက်ပါ၊ ကုန်ကျစရိတ် ကျွန်တော်ပေးပါမယ်။ ကျွန်တော့်အမေက အရမ်းချွေတာတတ်သူဆိုတော့ ဒီအကြောင်း အမေကို ပြောမပြပါနဲ့နော်။ သူသိရင် သွားမလဲမှာစိုးလို့ပါ" လို့ ပြောလိုက်တယ်။


                                          တကယ်တော့ တစ်ချို့ ချစ်ခြင်းက ကွယ်ရာကနေပဲ ပေးဆပ်သင့်ခဲ့ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...