Friday, August 12, 2011

"တိုးတက်ခြင်းနှင့် ကျဆုံးခြင်း "


Cloud Cuckoo Land created the doc:
လူ တစ်ယောက်၏ ဘဝတွင် တိုင်းတာမှု နှစ်ရပ်သာ ရှိသည်။ ထို နှစ်ရပ်ကား တိုးတက်ခြင်း သို့မဟုတ် အောင်မြင် ခြင်းနှင့် ကျဆုံးခြင်း သို့ မဟုတ် ဆုတ်ယုတ်ခြင်း တို့ဖြစ် သည်။ သို့သော် လူဆိုသည်မှာ တိုး တက်မှု အောင်မြင်မှုကိုသာ ရှေ့ရှုရ မည်ဆိုသော အဓိပ္ပာယ်ကို ဆိုလို သည်။ တိုးတက် အောင်မြင်မှု ဆိုသော အဓိပ္ပာယ်နှင့် သာယာ ရေး အတွက် ကြိုးပမ်း နေရသည် ဆိုသော အချက် ကို အဓိက ထားလျှင် ယင်းအတွက် မည်သို့ ဆောင်ရွက် ရမည်ဆိုသော အဖြေတိတိ ကျကျ မရှိသေးပေ။ 

ဘဝသာယာရေးသည် ဘဝ တိုးတက်အောင်မြင်မှုနှင့် ဆက်နွယ် နေသော်လည်း သက်ဆိုင်ခြင်းမရှိဟု ဆိုနိုင်သည်။ လူတွေအမှန်တကယ်ပျော်ရွှင် မှုမရှိကြပေ။ အကြောင်းမှာ ပျော် ရွှင်ချမ်းမြေ့မှုကို ရှာဖွေ၍ပင် ဖြစ် သည်။ ပျော်ရွှင်ချမ်းမြေ့မှုအစစ်အမှန် ကား အဘယ်နေရာမှာဆိုသည်ကို လည်း ရှာဖွေတွေ့နိုင်ခြင်းမရှိပေ။ လူတို့အမြင်၌ ဘဝသာယာ ရေးသည် ငွေပေါ်တွင် မူတည်သည် ဟု ယူဆသည်။ ဤအချက်သည် မမှန်သောအမှန်တရားပင်ဖြစ်၏။ ဘဝသာယာရေးနှင့် ပျော်ရွှင်ချမ်းမြေ့ မှုကား မတူညီပေ။
အကယ်၍ ငွေသည် ပျော်ရွှင် ချမ်းမြေ့မှု အလုံးစုံတို့ပေးသည်ဆို လျှင် လူသားတို့အဖို့ လူသားတိုင်း ငွေရှာခြင်းမှအပ အခြားအလုပ်လုပ် စရာရှိမည်မဟုတ်တော့။ ဤသို့ဆိုလျှင် ငွေသည် ပြစ်မှု အားလုံး၏ အကြောင်းရင်းပင်ဖြစ် သည်ဆိုသော စကားသည် မှားသည် ဟု ဆိုရမည်ဖြစ်နေသည်။ မည်သို့ဆိုစေ ဘဝသာယာရေး ၌သာလျှင် ငွေလိုသည်ကား မဟုတ် အခြားမည်သည့် လုပ်ငန်း၌မဆို ငွေလိုသည်ချည်းပင်ဖြစ်သည်။ ငွေသည်ရှိသည်ဖြစ်စေ၊ မရှိ သည်ဖြစ်စေ ပြဿနာတစ်ရပ်ဖြစ် သည်ကို ငြင်းစရာမလိုပေ။ အဘယ် ကြောင့်ဆိုသော် ဆင်းရဲမွဲတေနေသူ တို့အဖို့ ငွေရှာရသလို ချမ်းသာခြင်း အတိပြီးသောသူတို့အဖို့ ငွေကိုထား ရန် နေရာရှာရပြန်၏။ ငွေကြောင့် စိုးရိမ်စိတ်များပေါ်ပေါက်ရ၏။ စိုး ရိမ်စိတ်တွင် ငွေမရှိ၍ စိုးရိမ်ရသည့် စိတ်နှင့် ငွေရှိ၍စိုးရိမ်ရသည့် စိတ် နှစ်ရပ် ရှိ၏။ ထိုနှစ်ရပ်စလုံးမှာ စိုး ရိမ်နေရသည်ချည်းဖြစ်သည်။

ယနေ့ကမ္ဘာကြီးတစ်ခုလုံး ပြောင်းလဲလာသည့် အချက်တစ်ရပ် မှာ ငွေရှာသောလုပ်ငန်းပင်ဖြစ်သည်။ မည်သည့် အယူဝါဒတို့ဖြင့် သဘော တရားရေးတိုက်ပွဲတို့ကို ဆင်နွှဲခြင်း မရှိတော့ဘဲ စီးပွားရေးရှာဖွေခြင်း တစ်ခုတည်းဖြင့် လှုပ်ရှားလာသည် ကို တွေ့ရ၏။ ဤယူဆချက်၌ ငွေရှိလျှင် ဘာမဆိုပြီးနိုင်သည်ဆိုသောအချက် ကို အဓိကထား၍ပင်ဖြစ်၏။ ယင်း ကြောင့် ချမ်းသြွာကယ်ဝသော နိုင်ငံ ကြီးတို့၏အောက်ဝယ် နိုင်ငံပေါင်း များစွာတို့ ခေါင်းငုံ့ခံနေရတော့သည်။ ချမ်းသြွာကယ်ဝသော နိုင်ငံ ကြီးက အားနည်းချည့်နဲ့နေသည့် နိုင်ငံငယ်များအား မှောက်လိုမှောက် လှန်လိုလှန် လုပ်ချင်သလိုလုပ်၏။ တစ်နည်းအားဖြင့် အင်အားကြီး သူ က အင်အားနည်းသူအား အနိုင်ကျင့် ခြင်းလည်းဖြစ်၏။

ကမ္ဘာလောကကြီးတစ်ခုလုံး ပြဿနာဖြစ်နေသည်မှာလည်း ယင်း ငွေကြောင့်ပင် ဖြစ်ချေသည်။ ငွေ ကြောင့် လူသတ်လက်နက်တွေထုတ် လုပ်၏။ ထိုလက်နက်များဖြင့် လူ သတ်ပြီး ငွေရှာလာ၏။ ငွေလိုချင်၍ ပင် စစ်ပွဲတွေ ခင်းကျင်းလာရသည်။ ထို့ပြင် ငွေသည် မရှိလျှင်လည်း ပြဿနာ၊ ရှိလျှင်လည်း ပြဿနာ အဖြစ် ရပ်တည်နေတော့သည်။ တစ်ဦးချင်း၏ အခြေအနေကို ကြည့်သော်လည်း ဤအတိုင်းပင် ဖြစ်ပေါ်လာသည်ကို တွေ့ရ၏။ ချမ်း သာသူတစ်ဦးအနေဖြင့် ဆင်းရဲသူတစ် ဦးအား ဖျက်ဆီးလျှင်လည်း ရနိုင်၏။ ကောင်းမွန်အောင် ပြုပြင်လျှင်လည်း ရနိုင်၏။ ယင်းကြောင့် ငွေသည် ပြစ် မှုအပေါင်းတို့၏ အဓိကအကြောင်း ရင်းပင်ဖြစ်သည်ဟု ဆို၏။ လူလောကတွင် လူသားတိုင်း ဘဝသာယာရေးကို ရှာဖွေသည်ချည်း ပင်ဖြစ်၏။

ထိုသို့ ဘဝသာယာရေး အတွက်ရှာဖွေသည်ဆိုသော အချက် ၌ အခြားသော အကြောင်းအရာ မရှိတော့ဘဲ ငွေရှာခြင်းဖြင့်သာ ပြီး မြောက်လာသည်။ ပညာမည်မျှပင် တတ်စေကာ မူ ထိုပညာအတွက် လိုအပ်သည့် အချက်မှာလည်း ငွေမှတစ်ပါး အခြားမရှိပေ။ ဘဝ၏ လှပတင့်တယ် မှုအလုံးစုံကို ငွေမှတစ်ပါး ဆင်မြန်း နိုင်သူမရှိပေ။ ဤအချက်သည် ငွေဝါဒလွှမ်း မိုးခံရသူတို့၏ သဘောတရားပင် ဖြစ်ချေသည်။ ကမ္ဘာကြီးသည်လည်း တစ်နေ့ထက်တစ်နေ့ တိုးတက် လျက်ရှိနေ၏။ လူသားတို့သည် လည်း တစ်နေ့ထက်တစ်နေ့ တိုး တက်မှုကို ရှေ့ရှု၏။ မည်သို့သော အကြောင်းတရားများကို အခြေပြု ၍ ပြဋ္ဌာန်းစေကာမူ ငွေရှာသည်မရှိ ဘဲ ရပ်တည်နိုင်စွမ်းမရှိနိုင်ဟူသော အချက်ကို ကမ္ဘာတစ်ခုလုံးရှိ လူ သားတိုင်း နားလည်သဘောပေါက် လာပုံရ၏။ ယင်းကြောင့်လည်းယနေ့ကမ္ဘာ တွင် စီးပွားရေးပညာကို ဦးစားပေး ဖော်ထုတ်လာသည်များတွေ့ရသည်။


မိသားစုတစ်စု၏ အိမ်ထောင် ရေးပြဿနာကို ကြည့်ရှုခြင်းဖြင့် လည်းသိနိုင်၏။ စီးပွားရေးမပြေလည် မှုကြောင့် မိသားစုဖရိုဖရဲဖြစ်ရသည် များ၊ စီးပွားရေးအခြေခံမရှိဘဲ၊ ဘဝ အိုးအိမ်ထူထောင်လာသူများသည် နောက်ဆုံးတွင် ကြေကွဲမှုပေါင်း များစွာဖြင့် ဇာတ်သိမ်းရတော့၏။ လူတစ်ယောက်၏အောက်တန်း ကျမှုအထက်တန်းကျမှု ဆိုသည်မှာ ရမည့်ငွေပေါ်တွင် မူတည်ကြောင်း တွေ့ရ၏။ ပညာတတ်သလောက် မွဲတေနေမှု ပညာမဲ့တစ်ယောက် ချမ်း သာမှု၊ နှစ်ဦး၏စံသည် ငွေပေါ်တွင် အခြေတည်ကာ ငွေကြောင့် တင့် တယ်သွားရသည်များ တွေ့ရ၏။ ယနေ့လောကတွင် ပညာမဲ့ ပညာတတ်ဟူ၍ ကွဲပြားခြားနားမှု မရှိတော့ဘဲ ငွေရှာရေးတွင် ဇာတ် ကောင်များအဖြစ်ပါဝင်နေရတော့၏။ သို့သော် ငွေရှာရင်းမှ လူမှု ပဋိပက္ခ ပေါင်းများစွာ ဖြစ်ပေါ်လာရသည့် အတွက် တစ်ဖက်မှလည်း ကိုယ် ကျင့်တရားပိုင်းဆိုင်ရာများကို တည် ဆောက်ရန်အတွက် မေတ္တာဝါဒ ပုဂ္ဂိုလ်များက ဆော်ဩလာကြသည်။

ဤအချက်သည်ပင် လူ့လောကအား တစ်စိတ်တစ်ဒေသ ကယ်တင်နိုင် စေရန်အတွက် မေတ္တာတရားကို ကိုယ်စားပြုလာခြင်းပင်ဖြစ်လေသည်။ လူ့အဖွဲ့အစည်းနှင့်သော်လည်း ကောင်း၊ တစ်ဦးတစ်ယောက်အနေ ဖြင့်သော် လည်းကောင်း၊ အလွန့် အလွန် ချမ်းသြွာကယ်ဝမှုကို လိုချင် လျှင် သို့တည်းမဟုတ် အောင်မြင် ကျော်ကြားမှုကို လိုချင်လျှင် မဟိဒ္ဓိ ဝန်းကျင်အနေဖြင့် ပျက်ဆီးယိုယွင်း သည်ဟုမထင်ရသော်လည်း အဇ္ဈတ္တ သဘော၌ကား ပျက်စီးယိုယွင်းနေ ချေမည်ဖြစ်၏။ ထိုအချက်ကို လှမ်းမြင်သော နီတိစာဆို တို့သည် အဆိုအမိန့် ပုံစံမျိုးဖြင့် အဆိုပြုခဲ့ကြသည်များ တွေ့ရ၏။ သို့သော် အဆိုအမိန့်တိုင်း တရားသေမှန်ကန်မှု မရှိလှပေ။ ခေတ်အဆက်ဆက်ကို လွှမ်းမိုး၍ အမြဲတမ်း မှန်ကန်သည့်အဆိုလည်း ရှိလေသည်။ ယင်းတွင် မည်သူတစ်ဦးတစ် ယောက်မှာမှ ကြီးပွားချမ်းသာမှုနှင့် အောင်မြင်ကျော်ကြားရန် တာဝန် မရှိ။ သို့သော် စာရိတ္တကောင်းဖို့ကား တာဝန်ရှိလေသည်။

သို့သော် ဤ အဆိုသည် လူတိုင်းလက်ခံနိုင်သော အဆိုဖြစ်၏။ ပြန်လည်ဆန်းစစ်တွေး တောသည့်အခါလည်း ဤအဆိုမှာ မှန်ကန်မှုရှိနေသည်ကို တွေ့ရသည်။ ဤနေရာ၌ စာရိတ္တကောင်းမွန် မှုအတွက် အထောက်အကူမပြုနိုင် လျှင် ထိုအဆိုသည် အမြဲမမှန်နိုင်ဟု ဆိုကြလေမည်။ စာရိတ္တကောင်းမွန် မှုသည် ဆင်းရဲသည်ဖြစ်စေ ချမ်းသာ သည်ဖြစ်စေ ကောင်းမွန်နေရမည်။ ထိုအတွက် တရားသေသဘောကို မဆောင်၊ စာရိတ္တကောင်းမှုသည် အသပြာတွင် တည်သည်ဆိုသော အဆိုသည်လည်း အသပြာရှိတိုင်း စာရိတ္တမကောင်းနိုင်ဆိုသော အဆို နှင့်ပြန်လည်ချေပသည်။ ထိုအချက် တွင် အဖြေပေးနိုင်သည့်အရာကား လူသားတစ်ဦးတစ်ယောက်တွင် ရှိ သင့်ရှိထိုက်သည့် ဆင်ခြင်တုံတရား ပင်ဖြစ်ချေသည်။ တိုးတက်မှုနှင့်ဆုတ် ယုတ်မှုကို ဆင်ခြင်တုံတရားက ပြ ဋ္ဌာန်းသည်ကိုသာ တွေ့ရလေသည်။

အကျိုးဆောင်ဂျာနယ်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...