Friday, August 12, 2011

လိုအပ်နေသည့် ဝေဖန်ရေးနှင့် ဝေဖန်ခံနိုင်ရေး

by Kyaw San Nyo on Friday, August 12, 2011 at 12:11pm
 

-ဦးဖိုးသာအောင်-16.Feb, 2011။-

ဒေါက်တာလွမ်းဆွေရဲ့ ဝဘ်ဆိုက်မှာ ကလောင်ရှင် အက်ဆစ်က ဒေါ်အောင်ဆန်းစုကြည် ကို ဝေဖန်တဲ့ဆောင်းပါးကို ၃.၂.၁၁ နေ့ က ဖတ်ရပါတယ်၊ ဝေဖန်ထောက်ပြတဲ့ အချက်အလက်တွေ သည် ခိုင်သည် မာသည် မှန်သည်ဆိုပေမယ့် ကြိုက်သူရှိသလို မကြိုက်သူ လည်း ရှိကြပါသည်၊ ဒါလည်းသဘာဝပါပဲ၊
စာဖတ်သူတို့ ၏အယူအဆ အတွေးအခေါ်အနိမ့်အမြင့်အရ ငြင်းဆိုခြင်းလက် ခံခြင်းဆိုတာလည်း ရှိကြမှာပါ၊
မည်သို့ ရှိပါစေ နိုင်ငံရေးဝေဖန်ချက်ကဏ္ဍတခု၏ တိုးတက်သစ်လွင် လာမှုအပေါ် ကြိုဆိုရမည်သာ ဖြစ်ပါသည်။
အရင်းစစ်တော့ အမြစ်မြေကဆိုသကဲ့သို့  မြန်မာကြိုက် သူရဲကောင်းကိုးကွယ်မှုဝါဒကိုဆန့်  ကျင်ရန် အချိန်ရောက်ကြောင်း မီးစိမ်းပြ လိုက်သလိုလည်း ဖြစ်နေပါသည်၊
မြန်မာလူထုသည် အင်မ တန် သနားစရာကောင်းလှပါသည်၊ နိုင်ငံရေး၊ လူမှုရေး၊နိုင်ငံတကာ အရေးမှအစ စီးပွားရေးနှင့်နည်း ပညာ ပိုင်းတို့ တွင် လွန်စွာအားနည်းပြီး နောက်ကျကျန်ရစ်ခဲ့ကြပါသည်၊
ဒါကလည်း ဗိုလ်နေဝင်း၏ စနစ်တကျ ရေရှည်စီမန်ကိန်းဖြင့် လူထုကို နိုင်ငံတကာနှင့်အဆက်ဖြတ်သည့်အပြင် ဦးနှောက်ထောင် ချကာ စာမတတ်အောင် နည်းမျိုးစုံသုံးပြီး ဖိနှိပ်ခဲ့သောကြောင့်ပင်ဖြစ်ပါသည်၊
မ.ဆ.လ ခေတ်တ လျှောက်လုံး မြန်မာတွေမှောင်ကြီးမဲကြီး ထဲမှာ စခန်းသွားခဲ့ရပါသည်၊
ဒါကြောင့်လည်းမြန်မာလူထု ကြီးသည်အတွေးအခေါ်မတိုးတက်ဘဲရှိနေပါသည်၊
မတိုးတက်သည့်အလျှောက် သူရဲကောင်း ကယ် တင်ရှင် ကိုးကွယ်သည့် ဝါဒလည်း ရှင်သန်မြဲ ရှင်သန်နေပါသည်။

မြန်မာတွေသူရဲကောင်းကိုးကွယ်သည့် စိတ်ဓါတ်ကို အနောက်အုပ်စုက ကောင်းကောင်း သိကြသလို ဒီအားနည်း ချက် ကိုအသုံးချပြီး မြန်မာ့အရေးမှာ ဝင်ရောက်ဆောင်ရွတ်နေကြပါသည်၊
ထိုနည်းတူမြန်မာအတိုက်အခံ အုပ်စုများကလည်း ဒီအားနည်းချက်အပေါ်မှာပဲ နိုင်ငံရေးအမြတ်ထုတ်ရန် ကြိုးစား ကြ ပါသည်၊
ယနေ့ သိသာမြင်သာနေသည့် မြန်မာ့သူရဲကောင်းကား မည်သူနည်း၊



အများက လေးစားချစ်ခင်နေသော ဒေါ်အောင်ဆန်းစုကြည်မှတပါး အခြားမရှိပါ၊
မျက်မှောက်ခေတ် မြန်မာ့သမိုင်းတွင် ပြည်သူလူထု၏ချစ်ခင်လေးစားမှုကို ခံစားရရှိသည့် ခေါင်းဆောင်ကိုပြပါဆိုလျှင် ဗိုလ်ချုပ် အောင်ဆန်းနှင့် သူ၏ သမီး ဒေါ်အောင်ဆန်းစုကြည်တို့ ပင်ဖြစ်ပါသည်၊ ဒါကိုငြင်း၍မရပါ၊
သို့ ပေမယ့် မည်သို့ သောသူရဲကောင်းများပင်ဖြစ်ကြပါစေ သူတို့  လုပ်ရပ် တိုင်း ခြောက်ပြစ်ကင်း မဟုတ် သည်ကတော့ သေချာပါသည်၊ အသေးအမွှားကိစ္စများ၊ ပုဂ္ဂိုလ်ရေးများကို ရှေတန်းမတင်ကြပဲ လူထု၏ အကျိုး စီးပွားနှင့် ပတ်သတ် သည့် ကိစ္စများကိုတော့ အကောင်းအဆိုး ဝေဖန်ကြရမည်သာဖြစ်ပါ သည်၊
ဗိုလ်ချုပ်အောင်ဆန်းပင်လျှင် ဂျပန်တွေကိုသွားပင့်တာလည်း အောင်ဆန်း၊ ဂျပန်တွေကိုတိုက် ထုတ်တာလည်း အောင်ဆန်းဟု ပင် ပြောခဲ့ကြသေးသည် မဟုတ်ပါလား၊
ဓနရှင်ကိုယ်စားလှယ်၊ လွတ်လပ်ရေးအတုကိုယူသူဟုလည်း စွပ်စွဲဝေဖန်ကြသေးသည် မဟုတ်ပါလား၊
အနစ်နာခံမှုနှင့်စေ တနာတို့ က တပိုင်း လုပ်ရပ်၏မှားခြင်းမှန်ခြင်ကတပိုင်း အဝေဖန် ခံရမည်သာဖြစ်ပါသည်၊
ဒါသည်ပင်လျှင် ဒီမိုကရေစီ၏ အုပ်မြစ်ပါပဲ။



ဒေါ်အောင်ဆန်းစုကြည်သည်လည်း ရုပ်နမ်ဓမ္မ သင်္ခါရပေမို့  ကဲ့ရဲ့ ချီးမွမ်း လောကဓံမှ လွတ်မည်တော့ မဟုတ်ပါ၊
တောင်ထိပ်ကသစ်ပင်သည် လေတိုက်ခြင်းဒါဏ်ကိုပိုပြီးခံရမည်မှာ ဓမ္မတာပါ၊
သို့ သော် ယနေ့ ဝေဖန်ရေးတို့ သည် အိုးကျပြော ပန်းကန်ကျပြောဆိုသည့် ဆီလို အ ပေါက်ရှာဝေဖန် အပြစ်တင် နေတာလား၊
ဒါမှမဟုတ်လူထု၏အကျိုးစီးပွားနှင့် တိုင်းတာတွက်ချက်ပြီး အားနည်းချက် အားသာချက်တွေကို ထောက်ပြဝေဖန် နေကြတာလား ဆိုတာတော့ ခွဲခြား နားလည် အပ်ပါသည်၊

အားနည်းမှားယွင်းသော အမြင်ရှိသည့် လူများသည် ဝေဖန်ရေး၏ သဘောသဘာဝကိုနားမလည်ကြပါ၊
အဆိုးဆုံးသည် ပုဂ္ဂိုလ်စွဲ၊ ဝါဒစွဲရှိသူများပင်ဖြစ်ပါသည်၊
ထိုသူတို့ သည်သူတို့ စွဲသည့် လူပုဂ္ဂိုလ်နှင့်ဝါဒကို ဝေဖန်လာမည်ဆိုလျှင် မခံမရပ်နိုင်ဖြစ်ကြပါတော့သည်၊
မည်သူကပင် ဝေဖန်ပါစေ ထောက်ပြသည့် အချက်အလက်၏ မှားခြင်းမှန်ခြင်း၊ အကျိုးရှိခြင်း အကျိုးယုတ်ခြင်း အပေါ်တွင်သာ ကြည့်မြင်ရပါလိမ့်မည်၊ဝေဖန်တဲ့သူကို သိစရာမလိုပါ၊ ဝေဖန်ချက်၏ မှားခြင်းမှန်ခြင်းနှင့် လူထု၏ အကျိုးဖြစ်ထွန်းမှု ရှိ မရှိ ဖြင့်သာတိုင်းတာပြီး တုန့် ပြန် ဝေဖန်မှုများ ပြုလုပ်ကြရန်သာ ဖြစ်ပါသည်၊
နိုင်ငံကျော်မြန်မာပန်းချီဆရာကြီး တဦး၏ နွားနှစ်ကောင်ဝှေ့ နေသော ပန်းချီကားကိုကြည့်ပြီး နွားကျောင်းသားလေး တယောက်က ပက်ပက်စက်စက်ဝေဖန် ဘူးသည်၊ နွားဝှေ့ လျှင်အမြီးမထောင် ပါဘူးတဲ့၊ သွေးထွက်အောင်မှန်နေသည့်ဝေဖန်ရေးပါ၊ နမူနာယူသင့်ပါသည်။
ယ္ခုမူ ဒေါ်စုကိုဝေဖန်လို့  အက်စစ်ဆိုတာဘယ်သူလဲ၊ သူကဘာကောင်လဲ၊
နိုင်ငံရေး ဖြတ်သန်းမှုက ဘယ်လောက်ရှိလဲ စသည်ဖြင့်လျှောက်မေး လျှောက်ရေး လုပ်နေကြပါသည်၊
အက်စစ် ဆောင်းပါးကိုထည့်ပေးတဲ့ ဒေါက်တာလွမ်းဆွေကိုလည်း ပုဂ္ဂိုလ်ရေးပုတ်ခတ်တိုက်ခိုက်ပြီး ငယ်ကျိုး ငယ်နာတွေ ဖေါ်ရေးနေ တာ လည်း တွေ့ နေရပြန်ပါသည်၊ ဒါမဖြစ်သင့်ပါ၊
ဝေဖန်ရေးကဏ္ဍသည် နိုင်ငံ ရေးမှာမရှိမဖြစ် လိုအပ်ချက်ဖြစ်သည်ဆိုတာ အားလုံးသဘောပေါက်ကြပါသည်၊
ဝေဖန်ရေး၏အနိမ့်ဆုံး လိုက်နာရမည့် လူ့ စည်းကမ်းကိုလည်း သိဖို့ လိုပါသည်၊ အဲဒါကတော့ မရိုင်းပြဖို့ ပါပဲ၊
ဆင်ဆာမရှိ ဟုဆိုကာ မိုက်ရိုင်းစော်ကား ဆဲဆိုမှုဆိုတဲ့ ဖရုဿဝါစာ ဆိုတာကိုတော့ မည်သည့် လူ့ အဖွဲ့ အစည်း ကမျှ လက္ခံကြမည် မဟုတ်ပါ၊
ယ္ခုလည်း တော်တော်တော့သိနေကြပါပြီ၊ ဘယ်သူရေးတာဆိုလျင်ဆဲ စာပါပဲဆိုတာမျိုးပေါ့၊



ဒုတိယအချက်က ဝေဖန်သူသည် နိုင်ငံရေး ရေချိန်နိမ့်ခြင်း မြင့်ခြင်းသည် ပဓါနမဟုတ်ပါ၊
ပြည်သူ့ အကျိုးကိုရှေ့ရှူပြီး အချက်အလက် မှန်ကန်စွာထောက်ပြဖို့ သာဖြစ်ပါသည်၊
ဟင်းမချက်တတ်ပေမယ့် အပေါ့အငံကိုတော့ ပြောခွင့်ရှိပါသည်၊ မည်သူမျှမပိတ်ပင်နိုင်ပါ၊
တကယ် တော့ အတွေးအခေါ်နှင့် ခံယူချက် မတူသူများသည် အစဉ်အမြဲ တဦးနဲ့ တဦး တဘက်နှင့်တဘက် ဝေဖန်နေကြမည်သာ ဖြစ်ပါသည်၊


မည်သူ၏ဝေဖန်ချက်က မှန်သည် မှားသည်ဆိုတာကိုတော့ ချက် ချင်း အဖြေမထွက်သော်လည်း အချိန်ကအဆုံးအဖြတ်ပေးမည်သာ ဖြစ်ပါသည်၊ အချိန်၏အဆုံးအဖြတ်ကို မနာခံလိုဘဲ ထာဝရဆိုသူများကိုတော့ ထာဝရ ငရဲက စောင့်နေ မည် သာ ဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးလောက၏ စူပါစတားမှာ ဒေါ်စုပင်ဖြစ်ပါသည်၊ လူထုကြီးကလည်း ထောက်ခံပါသည်၊
ဒေါ်စုကို ဗိုလ်ချုပ်သမီးဆိုတဲ့ အချက်တခုတည်းဖြင့် ယုံကြည်ထေက်ခံကြခြင်း ဖြစ်သည်၊
ဒေါ်စု၏နိုင်ငံရေးဖြတ်သန်းမှု၊ ဒေါ်စု၏နိုင်ငံရေးယုံကြည်ချက်နှင့်လမ်းစဉ်၊ ဒေါ်စု၏ရည်ရွယ် ချက်နှင့်မဟာဗျူဟာ နည်းဗျူဟာတို့ ကို လူထုကြီးမသိပါ၊ ကျနော်လည်းမသိပါ၊
လူထုကြီးသည် သူတို့ ဘဝပေး အတွေ့ အကြုံအရ ဗိုလ်နေဝင်းကိုမုန်းသည်၊
ဗိုလ်အောင်ဆန်းကိုချစ်သည်၊ထို့ ကြောင့် ဗိုလ်အောင်ဆန်း၏ သမီးကိုလည်း ချစ်ကြပါသည်၊
ချစ်ယုံတွင်မက ယုံကြည်အားကိုးကြ ပြန်ပါသည်၊
၉၀ခုနှစ်ရွေးကောက်ပွဲမှာ အင်အယ်ဒီအနိုင်ရသည်မှာ အင်အယ်ဒီကြောင့်မဟုတ်ပါ ဒေါ်စုကြောင့်သာဖြစ်ပါသည်၊
အင်အယ်ဒီ၏ မူဝါဒသဘောတရားတွေကို လူထုမသိပါ၊ ဗိုလ်ချုပ် သမီးလေး၏ပါတီမို့  အားကိုးသမှုပြုကာ ပုံအောပြီးမဲပေး လိုက်ခြင်း ပင်ဖြစ်ပါသည်၊
ကျောင်းသားနှင့် လက်ဝဲယိမ်းအုပ်စုများကလည်း ဒေါ်စုတယောက်တည်းကို လုပ်ပိုင်ခွင့်အာဏာအပ်နှင်းဖို့ ကြိုးစား ကြပါသေးသည်၊
ဝိဒူရ ကြီးက ကန့် ကွက်လို့ ပျက်ခဲ့ပါသည်၊ သို့ သော် လူထုကအားကိုးသော ဒေါ်စု သည် လူထုခေါင်းဆောင်နေရာကို ရရှိခဲ့သည်ကား အမှန်ပင်ဖြစ်ပါသည်။

မည်သို့ ပင်ဖြစ်ပါစေ အင်အယ်ဒီလည်း အစိုးရမဖြစ်၊ ဒေါ်စုလည်း ထောင်ကျ၊ ပြည်သူ လည်း မွဲသထက်မွဲ၊ စစ်အစိုးရသည်ပင် တရားဝင် လူထု တင်မြှောက်သည့်အစိုးရ ဖြစ်ချေအုံး တော့မည၊်
ဒီလိုဖြစ်လာရခြင်းအပေါ် ဝေဖန်သုံးသပ်မှု မပြုလုပ်ရဘူးတဲ့လား၊ အဆိုးအကောင်း အကျိုးအကြောင်းတွေ မပြောကြရဘူးတဲ့လား၊
ဒီလိုမဖြစ်သင့်ပါ၊
ကိုယ့်တိုင်းပြည်ကိုယ့်လူမျိုး အတွက် ကိုယ့်ခေါင်းဆောင်တွေကို မဝေဖန်ကြရတော့ဘူးလား၊
အတွေးအခေါ် အောက်တန်း မကျသင့်ပါ၊ တိုင်းပြည်ကိုချစ်တဲ့လူတိုင်းမှာ တာဝန်ရှိသည်ဟု ခံယူထားရပါမည်၊
ယနေ့  မြန်မာ့ဒီမိုကရေစီရေး မအောင်မြင်ရသည်မှာ ကိုယ်ကျိုးကြည့် အချောင်သမားများ များလွန်းပြီး ဝေဖန်ရေးအားနည်းလွန်း သည့် အချက်သည် အဓိကအချက် တချက်ဖြစ်ပါသည်၊
စစ်အာဏာရှင်ကို ဝေဖန်နေခြင်းသည်မိုက်မဲပြီး အချိန်ဖြုန်းရာရောက်ပါသည်၊
နဂိုကတည်းက စစ်အာဏာရှင်ဆိုတာ မကောင်းဆိုးဝါးမှန်း သိလျှက်နှင့် အလုပ်ရှုပ်ခံ ဝေဖန်နေကြသူများသည် သူတို့  ကိုယ့်ကျိုးရှိ ကောင်း ရှိနေလေသလားလို့ တွေးစရာပါ၊
မိမိတို့ ဘက်က အားနည်းချက်များကို ဝေဖန်လိုက်တယ်ဆိုရင်ပဲ ရန်သူအားရမည်ဆို တာကတမျိုး၊ အချင်းချင်းတွေ သွေးကွဲနိုင် သည်ဟု ပြောတာကတဖုံ၊ ဒလန်လား သူလျှိုလားဟုဆိုတာ ကတနည်း၊ နည်းမျိုးစုံ ပိတ်ပင်နေကြသည် မှာလည်း အံ့သြစရာ ဖြစ်ပေမယ့် သူတို့ အကြောင်းကို တကယ်သိရတော့ မအံသြတော့ပါ၊
သူတို့ သည် တော်လှန်ရေး အဒွန့် ရှည်ရေးသမားများနှင့် သူခိုးများ လူလေလူလွင့်များ ဖြစ်နေကြလို့ ပါပဲ၊
လူတော်လူကောင်းများဆိုလျှင် မိမိတို့ ရည်ရွယ်ချက် အောင်မြင်မှု ရှိမရှိ ဆိုတာကို အစဉ်အမြဲ ဝေဖန်သုံးသပ်ပြီး ပြုပြင်သင့်လျှင်ပြု ပြင် ကြဖို့ သာ ရှိပါသည်၊
အခုတော့ မြန်မာ့အတိုက်အခံ နိုင်ငံရေးလောကတွင် ဒီလိုမဟုတ်ပါ၊
ပွင့်လင်းမြင်သာပြီး မှတ်တမ်းတင် ခံနိုင်သည့် ဒီမိုကရေစီနည်းကျ ဆွေးနွေးပွဲ၊ စည်းဝေးပွဲ၊ ဖိုရမ်ဆိုတာ မတွေ့ ရပါ၊ လူယုတ်မာကိုယ်ကျိုး ရှာသမားများ၏ ရေများရေနိုင် မီးများမီးနိုင် ဆိုသည့်မူနှင့် အနိုင်ကျင့်သည့် အစည်းအဝေးမျိုးများသာ ပြည့်နှက်နေပြီး၊ ဝေဖန်ရေးကို ပိတ်ပင်ထားကြ ပါတော့သည်။



အံသြစရာကောင်းသည်မှာ အမှန်ကိုအမှန်အတိုင်း ထောက်ပြဝေဖန်မှု အားနည်းနေ ခြင်းဖြစ်ပါသည်၊
အမှန်အတိုင်းဝေဖန်လိုက်လျှင် ငါ့ကို အသိုင်းအဝိုင်းကြီးကဘယ်လိုမြင်သွားမလဲဆို ပြီး ကြောက်ရွံ့ နေသူများ များလွန်းနေပါသည်၊
ဤသည်ပင်လျှင် ကိုယ်ကျိုးရှေရူတဲ့ အတ္တကြီးသူများ ဟုဆိုရပါမည်၊
ကျေးဇူးရှိလို့ ၊ မျက်နှာမပျက်လိုလို့ ၊ ပြောလည်းမထူးပါဘူးတို့  စတဲ့ အကြောင်းပြ ချက်တွေသည် တကယ်တော့ ထိုသူတို့ ၏ သတ္တိကြောင်မှုပင်ဖြစ်ပါသည်၊
ဤကဲ့သို့  သတ္တိကြောင် သူတွေ များလွန်းသည့် နိုင်ငံရေးလောကမှာ မအောင်မြင်တာ လည်း မဆန်းလှပါ၊
ဒေါ်အောင်ဆန်းစုကြည်တို့  ဦးဝင်းတင်တို့ ကို ဝေဖန်ရင်ပဲ အဝီစိရောက်တော့မလိုလို၊ မိုးကြိုးပစ်တော့မလိုလို ဖြစ်နေတာကတော့ ရယ်ဖွယ်ကောင်း လှပါသည်၊
မလိုအပ်သည့် အောက်တန်းကျသော အတွေးအခေါ်များကို စွန့် ပယ်သင့်ကြပါပြီ၊
ဆိတ်ဆိတ်နေထောင်တန်ဆိုပြီး ဝေဖန်ရေးကိုပြစ်ပယ်ကာ ဖောက်ပြန်နေကြသူများအတွက် နေရာမရှိတော့သည့် ခေတ်ကို ရောက်နေပါပြီ၊


သန်းရှစ်ရာလူထုကို ကျွန်စာရင်းမှ ကယ်တင်နိုင်ခဲ့သည့် တရုပ်ပြည်သူ့  သူရဲကောင်း ကြီး မော်စီတုန်းသည် သူ၏လယ်ယာမြေ စီမံကိန်း ကြောင့် တရုပ်ပြည်သူတွေ ဆင်းရဲမွဲတေခဲ့ရပါ သည်၊
ဂျပန်တော်လှန်ရေးမှာ ကြီးမားသည့်ခေါင်းဆောင် အခန်းကဏ္ဍမှာ ပါဝင်ခဲ့သည့် သ္ခင်သန်းထွန်းသည် ခြောက်ဆယ့်လေး လမ်းစဉ် အမှား ကိုချမှတ်ပြီး သူ၏ရဲဘော် တစ်ရာကျော်ကို သတ်ပြစ်လိုက်ပါသည်၊
ဗဟိုကော်မတီတခုလုံး တာဝန်ရှိပါသည်ဟု ဝန်ခံပေမယ့် တာဝန်အရှိဆုံး မည်သူလဲဆိုတာကိုတော့ ဝန်ခံမသွားပါ၊ ဒါတွေကိုဝေဖန် ရဲသူ အလွန်နည်းလှပါသည်၊ ဒါကြောင့်လဲ ပျက်စီးခြင်းနှင့်သာ ရင်ဆိုင်ကြရပါသည်။

မည်သူမဆိုဝေဖန်ခံနိုင်မှု ရှိခြင်း မရှိခြင်းသည် ထိုသူတို့ ၏အရည်အသွေး သတ္တိနှင့်သာ သက်ဆိုင်ပြီး မှန်တဲ့အတိုင်း ဝေဖန် ထောက် ပြရဲခြင်း ရှိမရှိသည်လည်း ထိုသူတို့ ၏အရည်အသွေး သတ္တိနှင့်သာ ပတ်သတ်နေပါသည်၊
ထိုကြောင့်မြန်မာ့နိုင်ငံရေး လောကတွင် သတ္တိနှင့် အရည်အသွေးရှိသူများ များများထွန်းကားပါစေဟု အားပေး တိုက်တွန်း လိုက်ပါ ကြောင်း။ ။
ဦးဖိုးသာအောင် 26/3/ 2011

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...