Sunday, August 21, 2011

ခပ်ဝေးဝေးမှာ လှနေတဲ့ ကျွန်တော့်ရဲ့ ကြယ်လေးတွေ

by Aung Lat on Sunday, August 21, 2011 at 6:43pm


ရေကန်လေးထဲမှာတော့ ဘဲပေါက်စလေးတွေ ရေးကူးနေကြတယ်၊ဂျွမ်းထိုးလိုက်၊ ရေလွှာစီးလိုက်နဲ့ အမွှေး မပေါက်သေး တဲ့ အတောင်လေးတွေ၊ ဖင်ဆီဖူးလေးတွေကိုခါရင်းခါရင်းနဲ့ပေါ့.....ကမ်းစပ်မှာ တော့......ကြက်မကြီးက လူးလာခေါက်တုံ့ ကမ်းစိပ်ကို ပြေး ၀င်လာလိုက်၊ ပြန်ပြီးပြေးတက်သွားလိုက်၊ ပါးစပ်ထဲက ထွက်မိထွက်ရာတွေကို ကြက်တို့ရဲ့ ဘာသာစကားနဲ့ အကြီး အကျယ်အော်ဟစ်ရင်း... တစ်ကောင်ထဲယောက် ယက်ခပ်နေတယ်လေ...
..... သူ့သားသမီးတွေ ရေကူးနေကြလို့........ သူ့သဘာဝ အရ ရေနစ်မှာ စိုးရိမ်နေရှာတယ်၊ သနားစရာပါ၊ ဘဲလေးတွေကေတာ့ သူ့သဘာဝနဲ့ သူ ရေထဲမှာ ပျော်မြူးနေကြတယ်၊ သူတို့ရဲ့ မိခင်ကြီး စိုးရိမ်ထိတ်လန့်ပြီး အော်ဟစ်နေတယ် ဆိုတာ......... သတိမှထားမိကြရဲ့လားလို့......။
                          `` ကလောင်..........ကလောင်..........ကလောင်........ကလောင်´´ သက်တမ်းရင့် ကျောင်းတက် ခါင်းလောင်းကြီးကို တီးနေရင်းက ကျောင်း ၀င်းထဲပြေးဝင်လာတဲ့  ကလေးလေးတွေကို ကြည့်နေမိတယ်၊    ဒီရွာလေးနဲ့  ဒီရွာက ကလေးတွေကိုသံယောဇဉ် တွယ်မိနေတဲ့ အဖြစ်ကို သတိထားမိတော့လဲ...........ပျော်သလိုလိုနဲ့ မြို့ပြကိုလွမ်းသလိုလို.......
                          ကျောင်းအုပ်ဆရာကြီးအပါအ၀င်ဆရာမနှစ်ယောက်နဲ့ လုပ်အားပေးအဖြစ်ဝင်ရောက် သင်ကြားပေးနေတဲ့ ကျွန်တော် ပါမှ ဆရာ/ဆရာမ စုစုပေါင်း(၄)ယောက်၊ ကျောင်းလေးကလဲ မူလတန်းလွန် ကျောင်းလေးအဖြစ် အခုမှ စတင် ခွင့်ရ ခဲ့တာ.....မနှစ်က အထိတော့  မူလ တန်းကျောင်းလေးသာဖြစ်ခဲ့သည်။  မြို့ကိုသွားဖို့ ကားလမ်းရောက်အောင်လှည်းနှင့် ၁နာရီ၄၅မိနစ်၊ ၂နာရီနီးပါးသွားရ သည်၊ ကားနာရီ ၀က်လောက်စီးမှနယ်မြို့လေးကိုရောက်သည်၊ အိမ်ထောင်စု(၁၂၀)လောက်၊ မိသားစု(၁၅၀)၀န်းကျင်မှာ မူလတန်း အတန်းစုံ ကျောင်းသူ/သားကအား လုံးပေါင်းမှ (၈၀)လောက်ရှိသည်။   ဒီကြားထဲ ကျောင်းမနေသော ကလေးငယ်များအား ဆရာကြီး ကိုယ် တိုင် လိုက်လံစည်းရုံးပြီး  အိမ်တိုင် ယာရောက်ခေါ်ယူကျောင်းတက် ခိုင်းရသည်များလည်းရှိကြသည်၊ ရွာရဲ့ လုပ်ငန်းစဉ်ကလဲ  လယ်ယာ လုပ်ငန်းသာရှိသည်၊ ကျေးရွာဆေးပေးခန်း တစ်ခုနှင့် စာသင်ကျောင်းလေးရှိနေလို့သာတော်တော့သည်။

                           ကျွန်တော် ဒီရွာလေးကို  ရောက်လာတော့.... မနေတတ် မထိုင်တတ်၊ အသိတစ်ယောက်ရဲ့ အိမ်မှာနေရင်း လယ်ထဲ လိုက်သွားလိုက်၊ တောင်ယာခုတ်ရာသို့ လိုက်သွားလိုက်နှင့် အချိန်ကုန်ခဲ့သည်၊ မြို့ပြ အစားအသောက်များနှင့် ဖျော်ဖြေရေး အစီအစဉ်များ လဲ မရှိ၊ လ္ဘက်ရည်ဆိုင်လဲမရှိတော့ လ္ဘက်ရည်လဲမသောက်ရ၊ တော်တော် စိတ်ပျက်စရာပင်ဖြစ်ခဲ့သည်၊ မြို့ပြအငွေ့အသက်မရှိသော် လဲ ကျေးလက်၏ အလှတရားများက သန့်စင်သည်၊ လှပကြည်လင်သည်၊ ဆန်းသစ်ခြင်းတွေတော့.....မရှိဘူးပေါ့.....
                              ဒီလိုနဲ့ ကျောင်းဖွင့်ရာသီရောက်တော့ ဆရာကြီးက ကျောင်းတက်ရန် ကလေးများကို လိုက်လံခေါ်ယူသည်က စလို့ကျောင်းကို စိတ်ဝင်စားသွားသည်၊ ကျွန်တော် သွားကြည့်သည်၊ မကြာမီ ဆရာကြီးနှင့်လဲ မျက်မှန်းတန်းမိထားသဖြင့်  ၀င်ရောက် စကားပြောဆိုမိရာမှ လုပ်အားပေးအဖြစ် ကူညီပေးရန် အကြောင်းဖြစ်လာခဲ့သည်။ ဆရာကြီးကလဲ အသက်အရွယ်ထောက် လာ သဖြင့် ကျောင်းကိစ္စများကို အင်အားသုံးတောင်ရွက်နိုင်ခြင်းမရှိသလို တစ်ပါတ်တစ်ကြိမ်ခန့် မြို့နယ်ပညာရေးမှူးရုံးသို့ သွားရောက်နေ ရခြင်းကြောင့်လဲ ကျောင်းကိစ္စတော်တော်များများ ကျွန်တော့်ထံ ရောက်လာသည်၊ ဆရာမလေးနှစ်ယောက် ကလဲ ဒေသခံများဖြစ် သဖြင့် တော်တော်များများတော့ဖြင့် အဆင်ပြေသည်၊ ကျောင်းစာအုပ်များ သယ်ယူရသည်ကအစ၊ ရွာမှ လှည်းဖြင့် သွားရောက် သယ် ယူရ သည်။



ကျွန်တော်က အလုပ်လျှောက်ထားဆဲ....... နှလုံးသားရေးရာပြဿနာတစ်ခုဖြင့် ဒီရွာကို ရောက်လာခြင်းဖြစ် သည်။ ပညာအရည်အချင်းအရ ဆရာကြီးက ကျောင်းသား (၉)ယောက်ခန့်ရှိသော ပဉ္စမတန်းကို ဆရာကြီးနှင့် အတူ ပူးတွဲသင်ကြားစေပြီး စတုထ္ထတန်း၊ တတိယတန်းနှင့် ဒုတိယတန်းများတွင် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ်တို့အားသင်ကြားစေခဲ့သည်၊ထောက်ပံ့ကြေးပေးရန် မလိုကြောင်းနှင့် အလုပ်မခေါ်မီ ကျွန်တော် ကျိုးစားသင်ကြားပေးမည့်အကြောင်းဆရာကြီးကို အာမခံထား ခဲ့သည်၊ ဆရာကြီးကလဲ သူနှင့် အတူ စားသောက် နေထိုင်ရန် ကတိတောင်းသဖြင့် ကျွန်တော်ဆရာကြီးနှင့်အတူ နေထိုင်ဖြစ်ခဲ့သည်။

                              မူလတန်းအဆင့် ကျောင်းသူ/သားများအား စာသင်ကြားနိုင်ရန်မှာ လွယ်မယောင်နှင့် ခက်လှပါသည်၊ ကလေး ငယ်များ၏ လက်ခံနိုင်မှု အခြေအနေနှင့် ကျွန်တော် နားလည်တတ်ကျွမ်းထားသော အခြေအနေကြောင့် ဆရာများအတွက် သင်ကြားရေး ပြဌာန်းချက်များ၊ အချိန်ဇယားများကို တော်တော်ပင် လေ့လာယူခဲ့ရသည်၊ ကျောင်းသားများကို အကဲခတ်ခြင်းကိုတော့ ဆရာကြီး၏ လက်ပွန်းတစ်တည်း သင်ကြားပေးမှုကြောင့် အတန်အသင့်နားလည်ရာမှ အဆင်ပြေခဲ့ပါသည်။
                            ကျွန်တော် အချို့သော ကျောင်းပိတ်ရက်များတွင် အိမ်ပြန်ဖြစ်သည်၊ လိုအပ်သည်များသွားရောက်ဝယ်ယူခြင်းနှင့် အလုပ်အခြေအနေသွားရောက်စုံစမ်းခြင်းဖြစ်ပါသည်၊ အိမ်ရောက်ချိန်များတွင်လည်း ကျွန်တော် စိတ်မဖြောင့် ကျောင်း ကလေးသို့ သာ ပြန်ချင်နေပါသည်။ အခုတော့  ကျောင်းသားလေးများအတွက် ဘောလုံးနှင့် ပိုက်များ၊ ဈေးနှုန်းသက်သာသော အားကစား ၀တ်စုံလေးများ၊ ကျောင်းသူလေးများအတွက် ပြေးခုန်ပစ် ပစ္စည်းလေးများ၊ ခုန်ကြိုးလေးများ၊ စာစောင်မဂ္ဂဇင်းအဟောင်းလေး များပင် တော်တော်များများ ကိုလည်း ယူဆောင်ထားရှိပြီးဖြစ်ပါသည်။ အချိန်ကာလအားဖြင့် (၃)လခန့် ကြာမြင့်ခဲ့ပါသည်၊ ကျေးလက်ဒေ သဖြစ်သဖြင့် ကလေးငယ်များမှာလည်း ကျောင်းအားချိန်တွင် အိမ်အလုပ်များ ၀ိုင်းဝန်းကူညီပေးကြရပါသည်၊ အားသည်မရှိခဲ့ပါ၊ ရိုးစင်းသော ဘ၀လေးများသာဖြစ်ပါသည်။
အချို့သော ညနေ ကျောင်းဆင်းချိန်များ တွင် ကျောင်းသားများနှင့် ဘောလုံးကစားခြင်း၊ သင်ကြားပေးခြင်း၊ အားကစားနည်းမျိုးစုံတို့အား တတ်သမျှ ပြသသင်ကြားပေးခြင်းများ လုပ်ဆောင်နိုင်ခဲ့ပြီး ကလေးငယ်များ လည်း ပျော်ရွှင်နေကြောင်းတွေ့ရှိရပါသည်။ ဒီရွာနှင့် ဒီကျောင်းလေးမှာ ကျွန်တော် ပျော်တတ်နေပါပြီ..ဆရာကြီးကတော့ တပြုံးပြုံးနှင့် ကြည့်နေရင်းက ``ဆရာ့ကို ဒီရွာမှာ တကယ်ကို ရှိစေချင်ပါတယ်၊ ကလေးတွေအတွက် ကျွန်တော် မျှော်လင့်မိတယ်......´´ တဲ့။ ကျွန်တော် ပီတိဖြစ်ခဲ့ရပါတယ်.....ဆရာကြီးကိုကြည့်နေပေမဲ့ ဘာစကားမှတော့ ပြန်မပြောဖြစ်ခဲ့ပါဘူး။
                             ကျွန်တော် ဒီချောင်းလေးနံဘေးမှာ ထိုင်နေရင်းက ကြက်မကြီးနှင့် သူကိုယ်တိုင်ပေါက်ဖွားစေခဲ့သော ဘဲလေးများ ကိုတွေ့ရ သည်၊ ဘဲလေးတွေက ရေကန်ထဲကို ပြေးဆင်းသွားကြတယ်၊ဘဲပေါက်စလေးတွေ ရေးကူးနေကြ တယ်၊ဂျွမ်းထိုးလိုက်၊ ရေလွှာ စီးလိုက်နဲ့ အမွှေးမပေါက်သေး တဲ့ အတောင်လေးတွေ၊ ဖင်ဆီဖူးလေးတွေကို ခါရင်းခါရင်းနဲ့ပေါ့.....ကမ်းစပ်မှာတော့......ကြက်မကြီးက လူးလာခေါက်တုံ့ ကမ်းစိပ်ကို ပြေး ၀င်လာလိုက်၊ ပြန်ပြီးပြေးတက်သွားလိုက်၊ ပါးစပ်ထဲက ထွက်မိထွက်ရာတွေကို ကြက်တို့ရဲ့ ဘာသာ စကားနဲ့ အကြီးအကျယ်အော်ဟစ်ရင်း... တစ်ကောင်ထဲယောက် ယက်ခပ်နေတယ်လေ........ သူ့သားသမီးတွေ ရေကူးနေကြလို့........ သူ့သဘာဝအရ ရေနစ်မှာ စိုးရိမ်နေရှာတယ်၊ သနားစရာပါ၊ ဘဲလေးတွေကေတာ့ သူ့သဘာဝနဲ့ သူ ရေထဲမှာ ပျော်မြူးနေကြတယ်၊ သူတို့ရဲ့ မိခင်ကြီးစိုးရိမ်ထိတ်လန့်ပြီး အော်ဟစ်နေတယ် ဆိုတာ......... သတိမှထားမိကြရဲ့လားလို့......။ ကျွန်တော်လဲ ကျွန်တော့်ကလေးတွေကို စိုးရိမ်နေမိတယ်၊ ဒီလိုဘဲ သူတို့.........ရေနစ်မလားလို့.....လူမှုဘ၀  နိမ့်ကျတဲ့ ရေကန်ကြီးထဲမှာပေါ့.....။

                               ကျွန်တော် သံယောဇဉ် ဖြစ်နေခဲ့တဲ့ ကျောင်းလေးနဲ့ ကလေးတွေကို အခု စွန့်ခွါရတော့မယ်၊ ကျွန်တော် အလုပ်ရပြီလေ... အလုပ်ခေါ်ယူကြောင်း အကြောင်းကြားစာရောက်လာတော့ ကျွန်တော် တော်တော် တွေဝေခဲ့မိ တယ်၊ နောက် ကျွန်တော် ပြန်စဉ်းစားမိတယ်၊ ကျွန်တော် ဒီမှာ ရပ်တန့်နေမလား၊ ဒီထက် ပိုမိုကျယ်ဝန်းတဲ့ ဆောင်ရွက်နိုင်ခွင့်တွေနဲ့....... အကျိုးပြု မလားလို့........
                                ကျွန်တော် ရွာကျောင်းလေးကို သတိရလို့ ပြုံးဖြစ်သေးတယ်၊ ကလေးတွေလဲ တော်တော်ကြီးကုန်ရောပေါ့.... ကျွန်တော် နှုတ်ဆက်ခဲ့တဲ့ အချိန်မှာ ဆရာကြီးကတော့.... ကျေးဇူးတင်ရှိကြောင်းနှင့် အမြဲအမှတ်ရဂုဏ်ယူနေမည်ဖြစ်ကြောင်း ပုခုံးကို ဆုပ်ကိုင်လို့....ရင်းရင်းနှီးနှီးပြောကြား ခဲ့တယ်၊ ကလေးတွေထဲမှာလဲ အကြီးဆုံးကလေးတွေကို ဘောလုံးနှင့် အားကစားများ ဆက် လက်ပြသပေးဖို့ ကျွန်တော်မှာကြားခဲ့တယ် ကားလမ်းအထိ လိုက်ပို့နှုတ်ဆက်ခဲ့ကြတယ်။ ကျွန်တော့်ရဲ့ ကြယ်ကလေးတွေပေါ့...တစ်ချိန် ချိန်မှာ ကောင်းကင်ယံထက်မှာ ထွန်းလင်းစေချင်တဲ့ ကြယ်ကလေးတွေလေ.....။



  ဒီရွာကျောင်းလေးမှာ လုပ်ငန်းခွင် ဆောင်ရွက်ဖွယ်ရာတွေနဲ့...ထားရှိရမဲ့ သဘောထားတွေကို ကျွန်တော် စာရွက်စာတမ်းနှင့် ပြဌာန်းချက်များ မပါဝင်ဘဲ ကောင်းစွာနားလည်ခဲ့ရတယ်၊ လူနေမှုဘ၀များကိုလည်း လက်တွေ့ကျကျ သိရှိခွင့် ရခဲ့တယ်၊ အထူးသဖြင့် ကလေးငယ်များရဲ့ စိတ်ရင်းနှင့် နားလည်လက်ခံမှုနိုင်မှုများ.... ကျွန်တော် ကိုယ်တိုင်လေ့လာ အကဲခတ် ဆုံးဖြတ် ဆောင်ရွက်ခဲ့ရသည်များက ကျွန်တော့်ရဲ့ ၀န်ထမ်းဘ၀မှာ အင်အားကြီးမားစွာ အထောက်အကူဖြစ်စေခဲ့တယ်လေ.....

                               ကျွန်တော့်ကို အထက်လူကြီးတွေ ချစ်ကြတယ်၊ အောက်လက်ငယ်သားတွေ အားကိုးကြတယ်၊ တန်းတူ လုပ်ဖော် ကိုင်ဖက်များကလေးစားတဲ့ အပြင် တိုင်ပင်စရာလူဖြစ်ခဲ့တယ်၊ ကျွန်တော် ကျေနပ်နေပါတယ်၊ ကျွန်တော်က  ကျွန်တော်ကိုယ် တိုင် စာသင်ပေးခဲ့ရတဲ့ ကလေးတွေဆီကနေ လူမှုရေးနည်း    ပညာတွေကို သင်ကြားတတ်မြောက်ခဲ့တယ်........ သူတို့ကို ချစ် တယ်လေ.........နောက်ပြီး သူတို့လေးတွေကို ထွန်းပေါက်စေချင်တယ်၊ လယ်သမားဖြစ်ရင်တောင်မှဘဲ ထွန်စက်ကြီးနဲ့ပေါ့ဗျာ..။ တစ်နေ့တော့ သူတို့ ခပ်ဝေးဝေးမှာ လှပနေကြမှာပါ...... ကျွန်တော်ယုံကြည်ပါတယ်၊ ကျွန်တော့်ရဲ့ ကြယ်လေးတွေကိုလေ.....။

ကွန်ဆူးမား

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...