"အာလာဒင်ဇော်မြင့်အကြောင်းဝတ္ထုတို"
Rozoner King created the doc:
[By Thiha Nwe]
ု
အိပ်မက်ဆိုသည်မှာ တစ်ခါတစ်ရံ အတော်ဆန်း၏။ ဘာအိပ်မက်မျိုးမက်မည်ဟု ကြိုမသိ။ မက်ပြန်တော့လည်း ဘာကြောင့်မက်သည်ဟု မသိ။ ဘာအဓိပါယ်မှန်းလည်း မသိ။ တစ်ခါတစ်ခါ မမှတ်မိ။ ပိုဆန်းသည်က အိပ်မက် ဘာကြောင့် မက်သည်လဲဆို သော အကြောင်းကို မသိကြသေးသော အကြောင်းဖြစ်၏။
အဆန်းဆုံးရှိသေးသည်။ အဆန်းဆုံးမှာ အိပ်မက်အကြောင်း သိပ်သိသော ဆစ်ဂမန်ဖရွိုက်သည် တစ်ခါမှ အိပ်မက် မမက်ဖူး ဟူသော သတင်းစကားပင် ဖြစ်သည်။
(ဘယ်သူက လာပြောသည်ကိုမသိ) ဆန်းတာတွေ၊ အဆန်းဆုံးတွေ အ သာထား၊ မောင်ဇော်မြင့် အိပ်မက်မက်၏။
တစ်ညက။
သခင်ဗသောင်းဘာသာပြန်သော တစ်ထောင့်တစ်ညပုံပြင်စာအုပ်ကြီး ကို စာအုပ်အဟောင်းဆိုင်တစ်ဆိုင်မှ မောင်ဇော်မြင့် ၀ယ်ခဲ့၏။
ထိုစာအုပ်ကြီးကို အတော်သဘောကျသည်။ ည အတော်နက်အောင် ဖတ် ၏။ နောက်မှ ပြန်စဉ်းစားသောအခါ ထိုအိပ်မက်မက်ရခြင်းအကြောင်းရင်းသည် သခင် ဗသောင်း၏ စာအုပ်ကြီးပင်ဖြစ်သည်။
မောင်ဇော်မြင့်သည် စိတ်ပညာသီဝရီအသစ်တစ်ခု တွေ့ရှိလိုက်သည့် အလား အလွန်ပီတိဖြစ်သွား၏။ မြောက်ကြွကြွပင်ဖြစ်ရ်ျလာသည်။
တကယ်တော့ အိပ်မက်မက်တယ်ဆိုတာ ညဦးပိုင်းက ဖတ်တဲ့စာအုပ်ကို စိတ်စွဲရင်းမက်တာပဲဟု မောင်ဇော်မြင့်တွေ့ရှိသွားသည်။
ဆစ်ဂမန်ဖရွိုက်ကိုပြေးရ်ျပြောလိုက်ချင်၏။ ဘယ်နေမှန်းမသိလို့သာ။ မောင်ဇော်မြင့် အိပ်မက်မက်၏။
တစ်ညက။
အာလာဒင်ဆိုသူ မောင်ဇော်မြင့်ထံလာ၏။ ဖိနပ်ဦးကော့ကော့ချွန်ချွန်နှင့်  ပိုးဘောင်းဘီမှာ ဘော်ကြယ်တွေစီလို့။ အင်္ကျီကလည်းပွပွ၊ ခေါင်းမှာဗောင်းထုပ်ကြီး ပေါင်းထားသည်။ ဗောင်းထုပ်ထိပ်လယ်တည့်တည့်တွင် ကြက်ဥလောက်ပတ္တမြားကြီး တပ်ထားသည်။
အ၀တ်အစားတွေက ပိုးသားတွေ၊ ဘော်ကြယ်တွေ၊ ပုလဲတွေ၊ စိန်အစစ် မြ အစစ်တွေ စီခြယ်ထားသည်မှာ နေရာလပ်မကျန်သလောက်ပင် တဖိတ်ဖိတ်တောက် လက်နေ၏။
အာလာဒင်သည် ကော်ဇောပျံကြီးစီးလာသည်။ ကော်ဇောပျံကဆင်းပြီး မောင်ဇော်မြင့်အနားလာ၏။ သူ့ကိုယ်က ရေနံဆီစော်နံသည်ဟု မောင်ဇော်မြင့်ထင် သည်။
ဘာမှမပြော၊ မောင်ဇော်မြင့်ကိုပြုံးပြပြီး သူ့အင်္ကျီပွပွအတွင်း လက်နှိုက် လိုက်သည်။
မောင်ဇော်မြင့်သည် ဇော်ဇော်အောင်၏၀တ္ထုတွေ ဖတ်ထားသူဖြစ်သော ကြောင့် ခြေကိုခွဲရ်ျ လက်နှစ်ဘက် ကြက်ခြေခတ်ကာ အတွင်းအား လက်ဖျားသို့ပို့လွှတ် ရ်ျ အသင့်စောင့်လိုက်သည်။ ဘယ်ရမလဲ။ အင်္ကျီပွပွကြီးထဲက ပစ္စတိုထုတ်လိမ့်မည်ဟု မောင်ဇော်မြင့် ထင်လိုက်သည်။
အမှန်တော့ ပစ္စတိုမဟုတ်။ ပန်းခက်ပန်းနွယ်များ ဖော်ထားသော ကြေးဝါ မီးခွက်တစ်ခွက်။
အာလာဒင်က မောင်ဇော်မြင့်ကိုပေး၏။ မင်းမှာ စိတ်ကောင်းရှိတယ်။ မင်း နဲ့ထိုက်လို့မင်းရတာ။ ရော့-ယူဟုပြောရ်ျ ကော်ဇောပျံပေါ်ပြန်တက်ကာ ရှိတ်ခနဲပျောက် သွားသည်။ မောင်ဇော်မြင့်၏လက်ထဲမှာ အာလာဒင်၏မီးခွက်ဆန်း။ အဟား။
ငါ့ကို စိတ်ကောင်းရှိသတဲ့။ မောင်ဇော်မြင့်ရယ်လိုက်သည်။ သူ့အကြောင်း သူ အသိဆုံးပဲမဟုတ်လား။ အာလာဒင်လည်းခံသွားရတာပဲ။
ငါ့ကို စိတ်ကောင်းရှိသတဲ့။ ဘာပဲဖြစ်ဖြစ် ငါနဲ့ထိုက်လို့ငါရတာပဲလေ။ မီး ခွက်ကို ပွတ်လိုက်သောအခါ မီးခွက်စောင့်ဘီလူးပေါ်လာသတဲ့။
ပုံပြင်ထဲမှာ သည်အတိုင်းပါ၏။ ဘီလူးထံမှ လိုချင်တာတောင်း၊ လိုချင်တာ ရသတဲ့။ ဘီလူးက တန်ခိုးနှင့်ဘီလူး။
မောင်ဇော်မြင့်သည် မီးခွက်ကိုပွတ်ရန်ပြင်လိုက်၏။ မပွတ်ခင် တစ်ခုခုရွတ် ရသည်ဟု ကြားဖူးထား၏။ ဘာရွတ်ရလဲမသိ။ စာအုပ်ထဲမှာလည်း မပါ။
မောင်ဇော်မြင့်သည် ယားဟုခေါ်ရ်ျ မီးခွက်ကိုပွတ်လိုက်သည်။ အ၀ါနုနုမီး ခိုးလုံးကြီး ၀ုန်းခနဲပေါ်လာရ်ျ ပတ်ဝန်းကျင်ကိုဖုံးသွား၏။
မီးခိုးတွေ စဲသွားသောအခါ မောင်ဇော်မြင့်ရှေ့မှာ မီးခွက်စောင့်ဘီလူး ရပ် လျက်သား။ ကိုယ်နေဟန် ခပ်နွဲ့နွဲ့။ အရုပ် သိပ်မဆိုး။ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက်၊ ၀ပ်ကင်းရှူးနှင့် လက်ထဲမှာ ငါးသုံးလုံးစီးကရက်ဘူးနှင့် ဓာတ်ငွေ့မီးခြစ်ကို ထပ်ကိုင်ထား သည်။ အခြားလက်တစ်ဖက်နှင့် နေကာမျက်မှန်ကိုချွတ်၏။
မောင်ဇော်မြင့်အံ့သြသွားသည်။ မီးခွက်စောင့်ဘီလူးသည် သူ့သူငယ်ချင်း တစ်ယောက်နှင့် ချွတ်စွပ်တူနေ၏။ “ဘာအလိုရှိပါသလဲ သခင်” ဘီလူးက အင်္ဂလိပ်လို မေး၏။ အဲ…အဲ… ဟိုနင်း…ဟို…။ မောင်ဇော်မြင့်ထစ်နေ၏။
က်ျစာပိုဒ်တွင် မောင်ဇော်မြင့်က မီးခွက်စောင့်ထံမှ သူလိုချင်တာတွေ တောင်းသောအခန်းနှင့် မီးခွက်စောင့်က ဖန်ဆင်းပေးသောအခန်းဖြစ်၏။
က်ျအခန်းကိုရေးရလျှင် ဖတ်ရ်ျသိပ်ကောင်းမည်မှာ သေချာသည်။ သို့သော် မောင်ဇော်မြင့်လိုချင်တာတွေ များ၏။ သူ အကုန်လိုချင်၏။ သူ လိုချင်တာတွေအကုန် ရေးရလျှင် ၀တ္ထုရှုပ်ဖြစ်သွားလိမ့်မည်။
အကုန်မရေးတော့။ တိုက်၊ ကား၊ ခြံဝင်း၊ ရေကူးကန်၊ တင်းနစ်ရိုက်ကွင်း၊ စိန်ရွှေရတနာ၊ ဗီဒီယို၊ သူ့ စိတ်ကူးထဲက အမျိုးသမီးချောချော၊ အသက်လေးဆယ် လောက်။ သည်လောက်ပဲရေးပြလျှင် စာဖတ်သူ သဘောပေါက်လိမ့်မည်။
ကျွန်တော်လည်း သိပ်မသိ။ တွေးယူပါ။ လူတစ်ယောက်လိုချင်တာတွေ ဘယ်လောက်များမလဲ။ ထိုအရာတွေအားလုံး တွေးယူပါ။ နည်းနည်းပိုရွေးလိုက်ပါ။
အဘယ်ကြောင့်ဆိုသော် မောင်ဇော်မြင့်သည် အလွန်ကဲသောအကောင် ဖြစ်၏။ သူများထက် နည်းနည်းတော့ ပိုမည်။ ထိုအရာအားလုံးကို မီးခွက်စောင့်က မောင်ဇော်မြင့်အား က်ျအပိုဒ်တွင် ပေးသွားသည်ဟုသာ သဘောပေါက်ပါတော့။
မောင်ဇော်မြင့်သည် ပါးစပ်တွင် ငါးသုံးလုံးစီးကရက်ခဲထား၏။ လက်တစ် ဖက်က ၀ီစကီဖန်ခွက်။ အခြားလက်တစ်ဖက်က ပန်းသီးတစ်လုံးကိုင်ထားသည်။ အစိမ်း နုရောင်ဆိုဖာကြီးပေါ်မှာ မြိုင့်မြိုင့်ကြီးထိုင်နေ၏။
အခန်းထဲမှာ လေအေးစက်ဖွင့်ထားရ်ျ ခပ်စိမ့်စိမ့်။ အခန်းထောင့်သီချင်းစက်မှာ နော်လီဇာသည် ပပ၀င်းဝင်းပတ်ပျိုးဆိုနေ၏။ ဘာအလိုရှိပါသေးသလဲ သခင်။ သူ့ သူငယ်ချင်းနှင့်တူသော ဘီလူးက အင်္ဂလိပ်လိုပင် ထပ်မေး၏။
မောင်ဇော်မြင့် စဉ်းစား၏။ သူလိုချင်သော အရာက အင်္ဂလိပ်လို မခေါ်တတ်။မြန်မာလိုပင် ပြောလိုက်သည်။
သိက္ခာ။
မီးခွက်စောင့်ဘီလူးသည် ၀ုန်းခနဲကြမ်းပြင်ကို ဖနောင့်နှင့်ပေါက်၏။ သီချင်း စက်မှ ကရောင်းရိုက်သံထွက်လာ၏။
မောင်ဇော်မြင့် အနားကပ်လာ၏။ လက်ညှိုးငေါက်ငေါက်ထိုးရ်ျ ဘီလူးက မြန်မာလိုပြော၏။
“ဟေ့…ခွေးသခိုး။ သိက္ခာဆိုတာ အလကားမရဘူးကွ။ ဒါကို မင်းမသိဘူး လား”
“ဗြောင်း”
မောင်ဇော်မြင့်ကို နားရင်းအုပ်လိုက်သည်။ မောင်ဇော်မြင့်ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွား၏။ မျက်လုံးထဲမှာ ကြယ်တာရာစစ်ပွဲဖြစ်သွား၏။
ဝုန်း။ ဘီလူးရော မီးခွက်ပါ ပျောက်သွားသည်။ မောင်ဇော်မြင့် အိပ်ရာက လန့်နိုး၏။
ထိုအိပ်မက်အကြောင်းကို သူ့သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံသောအခါ ပြန်ပြောပြ၏။ ထို့နေ့ကစရ်ျ မောင်ဇော်မြင့်ကို အာလာဒင်ဇော်မြင့်ဟု သူ့ သူငယ်ချင်းများအားလုံးက ခေါ်ကြတော့သည်။
အာလာဒင်ကိုသတိရစေသော အထိမ်းအမှတ်လား၊ သိက္ခာကို သတိရစေ သော အထိမ်းအမှတ်လား ခွဲခြားရ်ျ သူ့ သူငယ်ချင်းများက မပြောကြ။
သို့သော် မောင်ဇော်မြင့် နာမည်အသစ်တစ်လုံးတော့ ရလိုက်သည်။ အာလာဒင်ဇော်မြင့်။
ဇော်ဇော်အောင်
၁၉၈၇၊ဇွန်တွင်ပထမအကြိမ်ထုတ်ဝေခဲ့သော
" ပီတာဇော်မြင့်၏ယုဇနမခင်ပျို " စာအုပ်မှ
(မှတ်ချက် ။ ။သိက္ခာကို အလကားလိုချင်နေကြသော အရွယ်သုံးပါးလူပုဂိုလ်များအတွက် ရည်ရွယ်ပါသည်။ Thiha Nwe )
အိပ်မက်ဆိုသည်မှာ တစ်ခါတစ်ရံ အတော်ဆန်း၏။ ဘာအိပ်မက်မျိုးမက်မည်ဟု ကြိုမသိ။ မက်ပြန်တော့လည်း ဘာကြောင့်မက်သည်ဟု မသိ။ ဘာအဓိပါယ်မှန်းလည်း မသိ။ တစ်ခါတစ်ခါ မမှတ်မိ။ ပိုဆန်းသည်က အိပ်မက် ဘာကြောင့် မက်သည်လဲဆို သော အကြောင်းကို မသိကြသေးသော အကြောင်းဖြစ်၏။
အဆန်းဆုံးရှိသေးသည်။ အဆန်းဆုံးမှာ အိပ်မက်အကြောင်း သိပ်သိသော ဆစ်ဂမန်ဖရွိုက်သည် တစ်ခါမှ အိပ်မက် မမက်ဖူး ဟူသော သတင်းစကားပင် ဖြစ်သည်။
(ဘယ်သူက လာပြောသည်ကိုမသိ) ဆန်းတာတွေ၊ အဆန်းဆုံးတွေ အ သာထား၊ မောင်ဇော်မြင့် အိပ်မက်မက်၏။
တစ်ညက။
သခင်ဗသောင်းဘာသာပြန်သော တစ်ထောင့်တစ်ညပုံပြင်စာအုပ်ကြီး
ထိုစာအုပ်ကြီးကို အတော်သဘောကျသည်။ ည အတော်နက်အောင် ဖတ် ၏။ နောက်မှ ပြန်စဉ်းစားသောအခါ ထိုအိပ်မက်မက်ရခြင်းအကြောင်းရင်
မောင်ဇော်မြင့်သည် စိတ်ပညာသီဝရီအသစ်တစ်ခု တွေ့ရှိလိုက်သည့် အလား အလွန်ပီတိဖြစ်သွား၏။ မြောက်ကြွကြွပင်ဖြစ်ရ်ျလာသည်။
တကယ်တော့ အိပ်မက်မက်တယ်ဆိုတာ ညဦးပိုင်းက ဖတ်တဲ့စာအုပ်ကို စိတ်စွဲရင်းမက်တာပဲဟု မောင်ဇော်မြင့်တွေ့ရှိသွားသည်။
ဆစ်ဂမန်ဖရွိုက်ကိုပြေးရ်ျပြောလိ
တစ်ညက။
အာလာဒင်ဆိုသူ မောင်ဇော်မြင့်ထံလာ၏။ ဖိနပ်ဦးကော့ကော့ချွန်ချွန်နှင်
အ၀တ်အစားတွေက ပိုးသားတွေ၊ ဘော်ကြယ်တွေ၊ ပုလဲတွေ၊ စိန်အစစ် မြ အစစ်တွေ စီခြယ်ထားသည်မှာ နေရာလပ်မကျန်သလောက်ပင် တဖိတ်ဖိတ်တောက် လက်နေ၏။
အာလာဒင်သည် ကော်ဇောပျံကြီးစီးလာသည်။ ကော်ဇောပျံကဆင်းပြီး မောင်ဇော်မြင့်အနားလာ၏။ သူ့ကိုယ်က ရေနံဆီစော်နံသည်ဟု မောင်ဇော်မြင့်ထင် သည်။
ဘာမှမပြော၊ မောင်ဇော်မြင့်ကိုပြုံးပြပြီး သူ့အင်္ကျီပွပွအတွင်း လက်နှိုက် လိုက်သည်။
မောင်ဇော်မြင့်သည် ဇော်ဇော်အောင်၏၀တ္ထုတွေ ဖတ်ထားသူဖြစ်သော ကြောင့် ခြေကိုခွဲရ်ျ လက်နှစ်ဘက် ကြက်ခြေခတ်ကာ အတွင်းအား လက်ဖျားသို့ပို့လွှတ် ရ်ျ အသင့်စောင့်လိုက်သည်။ ဘယ်ရမလဲ။ အင်္ကျီပွပွကြီးထဲက ပစ္စတိုထုတ်လိမ့်မည်ဟု မောင်ဇော်မြင့် ထင်လိုက်သည်။
အမှန်တော့ ပစ္စတိုမဟုတ်။ ပန်းခက်ပန်းနွယ်များ ဖော်ထားသော ကြေးဝါ မီးခွက်တစ်ခွက်။
အာလာဒင်က မောင်ဇော်မြင့်ကိုပေး၏။ မင်းမှာ စိတ်ကောင်းရှိတယ်။ မင်း နဲ့ထိုက်လို့မင်းရတာ။ ရော့-ယူဟုပြောရ်ျ ကော်ဇောပျံပေါ်ပြန်တက်ကာ ရှိတ်ခနဲပျောက် သွားသည်။ မောင်ဇော်မြင့်၏လက်ထဲမှာ အာလာဒင်၏မီးခွက်ဆန်း။ အဟား။
ငါ့ကို စိတ်ကောင်းရှိသတဲ့။ မောင်ဇော်မြင့်ရယ်လိုက်သည်။ သူ့အကြောင်း သူ အသိဆုံးပဲမဟုတ်လား။ အာလာဒင်လည်းခံသွားရတာပဲ။
ငါ့ကို စိတ်ကောင်းရှိသတဲ့။ ဘာပဲဖြစ်ဖြစ် ငါနဲ့ထိုက်လို့ငါရတာပဲလေ။ မီး ခွက်ကို ပွတ်လိုက်သောအခါ မီးခွက်စောင့်ဘီလူးပေါ်လာသတဲ့။
ပုံပြင်ထဲမှာ သည်အတိုင်းပါ၏။ ဘီလူးထံမှ လိုချင်တာတောင်း၊ လိုချင်တာ ရသတဲ့။ ဘီလူးက တန်ခိုးနှင့်ဘီလူး။
မောင်ဇော်မြင့်သည် မီးခွက်ကိုပွတ်ရန်ပြင်လိုက်၏။ မပွတ်ခင် တစ်ခုခုရွတ် ရသည်ဟု ကြားဖူးထား၏။ ဘာရွတ်ရလဲမသိ။ စာအုပ်ထဲမှာလည်း မပါ။
မောင်ဇော်မြင့်သည် ယားဟုခေါ်ရ်ျ မီးခွက်ကိုပွတ်လိုက်သည်။ အ၀ါနုနုမီး ခိုးလုံးကြီး ၀ုန်းခနဲပေါ်လာရ်ျ ပတ်ဝန်းကျင်ကိုဖုံးသွား၏။
မီးခိုးတွေ စဲသွားသောအခါ မောင်ဇော်မြင့်ရှေ့မှာ မီးခွက်စောင့်ဘီလူး ရပ် လျက်သား။ ကိုယ်နေဟန် ခပ်နွဲ့နွဲ့။ အရုပ် သိပ်မဆိုး။ ဂျင်းဘောင်းဘီ၊ ဂျင်းဂျက်ကက်၊ ၀ပ်ကင်းရှူးနှင့် လက်ထဲမှာ ငါးသုံးလုံးစီးကရက်ဘူးနှင့် ဓာတ်ငွေ့မီးခြစ်ကို ထပ်ကိုင်ထား သည်။ အခြားလက်တစ်ဖက်နှင့် နေကာမျက်မှန်ကိုချွတ်၏။
မောင်ဇော်မြင့်အံ့သြသွားသည်။ မီးခွက်စောင့်ဘီလူးသည် သူ့သူငယ်ချင်း တစ်ယောက်နှင့် ချွတ်စွပ်တူနေ၏။ “ဘာအလိုရှိပါသလဲ သခင်” ဘီလူးက အင်္ဂလိပ်လို မေး၏။ အဲ…အဲ… ဟိုနင်း…ဟို…။ မောင်ဇော်မြင့်ထစ်နေ၏။
က်ျစာပိုဒ်တွင် မောင်ဇော်မြင့်က မီးခွက်စောင့်ထံမှ သူလိုချင်တာတွေ တောင်းသောအခန်းနှင့် မီးခွက်စောင့်က ဖန်ဆင်းပေးသောအခန်းဖြစ်၏။
က်ျအခန်းကိုရေးရလျှင် ဖတ်ရ်ျသိပ်ကောင်းမည်မှာ သေချာသည်။ သို့သော် မောင်ဇော်မြင့်လိုချင်တာတွေ များ၏။ သူ အကုန်လိုချင်၏။ သူ လိုချင်တာတွေအကုန် ရေးရလျှင် ၀တ္ထုရှုပ်ဖြစ်သွားလိမ့်မည်။
အကုန်မရေးတော့။ တိုက်၊ ကား၊ ခြံဝင်း၊ ရေကူးကန်၊ တင်းနစ်ရိုက်ကွင်း၊ စိန်ရွှေရတနာ၊ ဗီဒီယို၊ သူ့ စိတ်ကူးထဲက အမျိုးသမီးချောချော၊ အသက်လေးဆယ် လောက်။ သည်လောက်ပဲရေးပြလျှင် စာဖတ်သူ သဘောပေါက်လိမ့်မည်။
ကျွန်တော်လည်း သိပ်မသိ။ တွေးယူပါ။ လူတစ်ယောက်လိုချင်တာတွေ ဘယ်လောက်များမလဲ။ ထိုအရာတွေအားလုံး တွေးယူပါ။ နည်းနည်းပိုရွေးလိုက်ပါ။
အဘယ်ကြောင့်ဆိုသော် မောင်ဇော်မြင့်သည် အလွန်ကဲသောအကောင် ဖြစ်၏။ သူများထက် နည်းနည်းတော့ ပိုမည်။ ထိုအရာအားလုံးကို မီးခွက်စောင့်က မောင်ဇော်မြင့်အား က်ျအပိုဒ်တွင် ပေးသွားသည်ဟုသာ သဘောပေါက်ပါတော့။
မောင်ဇော်မြင့်သည် ပါးစပ်တွင် ငါးသုံးလုံးစီးကရက်ခဲထား၏။ လက်တစ် ဖက်က ၀ီစကီဖန်ခွက်။ အခြားလက်တစ်ဖက်က ပန်းသီးတစ်လုံးကိုင်ထားသည်။ အစိမ်း နုရောင်ဆိုဖာကြီးပေါ်မှာ မြိုင့်မြိုင့်ကြီးထိုင်နေ၏။
အခန်းထဲမှာ လေအေးစက်ဖွင့်ထားရ်ျ ခပ်စိမ့်စိမ့်။ အခန်းထောင့်သီချင်းစက်မှာ နော်လီဇာသည် ပပ၀င်းဝင်းပတ်ပျိုးဆိုနေ၏။ ဘာအလိုရှိပါသေးသလဲ သခင်။ သူ့ သူငယ်ချင်းနှင့်တူသော ဘီလူးက အင်္ဂလိပ်လိုပင် ထပ်မေး၏။
မောင်ဇော်မြင့် စဉ်းစား၏။ သူလိုချင်သော အရာက အင်္ဂလိပ်လို မခေါ်တတ်။မြန်မာလိုပင် ပြောလိုက်သည်။
သိက္ခာ။
မီးခွက်စောင့်ဘီလူးသည် ၀ုန်းခနဲကြမ်းပြင်ကို ဖနောင့်နှင့်ပေါက်၏။ သီချင်း စက်မှ ကရောင်းရိုက်သံထွက်လာ၏။
မောင်ဇော်မြင့် အနားကပ်လာ၏။ လက်ညှိုးငေါက်ငေါက်ထိုးရ်ျ ဘီလူးက မြန်မာလိုပြော၏။
“ဟေ့…ခွေးသခိုး။ သိက္ခာဆိုတာ အလကားမရဘူးကွ။ ဒါကို မင်းမသိဘူး လား”
“ဗြောင်း”
မောင်ဇော်မြင့်ကို နားရင်းအုပ်လိုက်သည်။ မောင်ဇော်မြင့်ခေါင်းထဲမှာ မိုက်ခနဲဖြစ်သွား၏။ မျက်လုံးထဲမှာ ကြယ်တာရာစစ်ပွဲဖြစ်သွား၏။
ဝုန်း။ ဘီလူးရော မီးခွက်ပါ ပျောက်သွားသည်။ မောင်ဇော်မြင့် အိပ်ရာက လန့်နိုး၏။
ထိုအိပ်မက်အကြောင်းကို သူ့သူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်မှာ ဆုံသောအခါ ပြန်ပြောပြ၏။ ထို့နေ့ကစရ်ျ မောင်ဇော်မြင့်ကို အာလာဒင်ဇော်မြင့်ဟု သူ့ သူငယ်ချင်းများအားလုံးက ခေါ်ကြတော့သည်။
အာလာဒင်ကိုသတိရစေသော အထိမ်းအမှတ်လား၊ သိက္ခာကို သတိရစေ သော အထိမ်းအမှတ်လား ခွဲခြားရ်ျ သူ့ သူငယ်ချင်းများက မပြောကြ။
သို့သော် မောင်ဇော်မြင့် နာမည်အသစ်တစ်လုံးတော့ ရလိုက်သည်။ အာလာဒင်ဇော်မြင့်။
ဇော်ဇော်အောင်
" ပီတာဇော်မြင့်၏ယုဇနမခင်ပျို " စာအုပ်မှ
(မှတ်ချက် ။ ။သိက္ခာကို အလကားလိုချင်နေကြသော အရွယ်သုံးပါးလူပုဂိုလ်များအတွက် ရည်ရွယ်ပါသည်။ Thiha Nwe )
0 comments:
Post a Comment