Friday, June 10, 2011

ဦးမြင့်၏ ဆင်းရဲမှု လျော့ပါးရေး အသုံးမကျသည့် စာတမ်း ဟို့စ်ရှုးဒေါ့လ်ဖ်( Horst Rudolf)

by Khin Maung Nyo on Thursday, June 9, 2011 at 9:46am

သံတမန်တစ်ဦး၊ သံအမတ်တစ်ယောက်၊ အထူးသဖြင့် ဖွံ့ဖြိုးမှု နိုင်ငံရေး ဘာသာရပ်တွင် ကျွမ်းကျင်သူ တစ်ယောက် အနေဖြင့် ၊ကျွန်ုပ်၏ ဘဝတစ်သက်တာတွင် ဆင်းရဲမှုလျော့ပါးရေးနှင့် ပတ်သက်၍ ဖတ်ဘူးခဲ့သမျှ အသုံးမကျဆုံး ခုတ်ရာတခြား ရှရာ တလွဲ အဖြစ်ဆုံးစာတမ်းဖြစ်သည်။ စာပိုဒ်(၃၃) ပိုဒ်ဖြင့်၊ ဆင်းရဲမှုကိုမည်သို့ အဓိပ္ပါယ်ဖွင့်ဆိုကြောင်း၊ မည်သည့်အတွက်ကြောင့် သတ်မှတ်ရကြောင်း ရေးသားထားချက်များသည် ဖတ်ဘူးသမျှ၊ ဆင်းရဲသားတွေကို အစော်ကားဆုံးဖြစ်သည်။

ကံကောင်းသည်ကကျွန်တော်သည် မြန်မာတယောက်ဖြစ်မနေခြင်းပင်၊ အကယ်၍ မြန်မာတယောက်ဖြစ်နေခဲ့လျင်လည်း ၊ လုံးဝအပိုဖြစ်နေသော စာတမ်းတစောင်ရေးသားထုတ်လုပ်ရန်အတွက်၊ ကျွန်တော်အခွန်ဆောင်သော ငွေကိုသုံးသည့်အတွက် ၊ အလွန်ပင် ဒေါသထွက်ရမည် ဖြစ်သည်။ မြန်မာအကြောင်းနှင့် ကျွမ်းကျင်သူများ၏ မော်ကွန်းတိုက်များတွင်၊ ထိုသို့သော စာတမ်းမျိုးတွေ တပုံတစ်ခေါင်းကြီးရှိနေသည်။

          ထိုအလုပ်မျိုးကို၊ အတွေ့အကြုံရှိ သုတေသီတစုက၊ တစ်နာရီလောက် အချိန်ရရုံဖြင့် လုပ်နိုင်သည်။ မြန်မာနိုင်ငံအနေဖြင့်၊ အဆင့်မြင့်စာရေးဆရာများရေးသားသော စာတမ်းတွေထပ်မံမလိုအပ်ပါ၊ ပီပြင်ခိုင်မာသော ဥပဒေနှင့်အဖွဲ့အစည်းဆိုင်ရာ ဆောင်ရွက်ချက်များသာလိုအပ်ပါသည်။ နိုင်ငံနှင့် ၎င်း၏ စီးပွားရေးအခြေအနေကို နှစ်ပေါင်းများစွာကပင်၊ ပညာရှင်ပေါင်းများစွာက လေ့လာခဲ့ကြရာ လုပ်ပြီးတာတွေကို ထပ်လုပ်ခြင်းကြောင့် ရှက်စရာ ကောင်း၊ပြည်တွင်းပြည်ပညာရှင်များကို စော်ကားရာလည်းရောက်ပါသည်။
          ယခုလို ပညာရပ်ဆိုင်ရာ  လေ့ကျင့်ခန်းတွေ လုပ်မနေကြပါနှင့်၊ မေ့ပစ်လိုက်ပါ။ စာတမ်းရှင်သည်၊ စိတ်ကောင်းစေတနာကောင်းရှိသည်မှာ အမှန်ဖြစ်သည်။ သို့ သော် အစိုးရအတွက်၊ ဘာမျှ မလုပ်ပဲ ထိုင်နေရန်ဆင်ခြေပေးစရာ ဖြစ်သွားသည်။ နိုင်ငံအတွင်းတွင် ဆင်းရဲမှုအလျင်အမြန် လျော့ပါးရေးအတွက် ၊ ကျွမ်းကျင်မှုနှင့် ဗဟုသုတအလုံအလောက်ရှိပါသည်။ ဤကဲ့သို့ သော ၊ ကိုယ်ရေးချင်လို့ ရေးလိုက်သည့်စာတမ်း မျိုးမလိုအပ်ပါ။ အနောက်နိုင်ငံမှ စီးပွားရေးပိတ်ဆို့မှုများကဲ့သို့ စာရေးသူများအတွက် မှ အပ အခြားသူများအတွက် သုညလောက်သာတန်ဖိုးရှိသည်။

          မြန်မာနိုင်ငံတွင် ဆင်းရဲမှုလျော့ချရေးသည်၊ အခြေခံအားဖြင့် လွယ်လွန်လွန်းလှပါသည်။ ဥပဒေ စိုးမိုးသည့် စနစ်ကို ချမှတ်ကျင့်သုံးပါ။ လက်ရှိ ဥပဒေတွေကို မှန်မှန်ကန်ကန် အသုံးချပါ။ ကျပ်ငွေကို (မစ်ကီးမောက်စ်နှင့်တူပြီး အငြိမ်းစားဝန်ကြီးဗိုလ်ချုပ်အေဘယ်လ်က (၂၀၀၁) ခုနှစ်တွင်၊ သုံးဆွဲမှု ရပ်ပစ်မည်ဟု ကတိပေးခဲ့ဘူးသည့် )အက်ဖ်အီးစီ အပါအဝင် တကယ့်ငွေလိုသုံး မှောင်ခိုကုန်လိုမသုံးရအောင် ဘဏ်စနစ်ကို ဖွဲ့စည်းပါ။ နိုင်ငံအဝှမ်း နေရာတကာတွင် တွင်ကျယ်နေသည့် အစစအရာရာနှင့် ဝန်ဆောင်မှု အသီးသီးတို့အတွက် ဇွတ်အတင်းပေးနေရသည့် လ္ဘက်ရည်ဖိုးတောင်းသည့်စနစ်ကို လျော့ချပါ။ အစိုးရဘတ်ဂျက်ကိုမြင်သာထင်သာအောင်လုပ်ပြီး၊ ပညာရေး၊ ကျန်းမာရေးနှင့် နိုင်ငံအတွက် အခြေခံအဆောက်အအုံနှင့် ဝန်ဆောင်မှု အပါအဝင်၊ အမှန်တကယ် အလုပ်ဖြစ် စွမ်းရည်မြင့်သည့်အစိုးရဖြစ်ရန် သုံးစွဲပါ။

          ရန်ကုန်ဘူတာကြီး ယခုလောက်ညံ့ဖျင်း၊ ညစ်ပတ်၊ စုတ်ပြတ်၊ ဖရိုဖရဲဖြစ်နေရသည်ကိုရှင်းပြသော ပညာရှင် စာတမ်းတစောင်တလေမျှမရှိပါ။ လွယ်လွယ်ဖြေရလျှင်၊ မှန်မှန်ကန်ကန် သန့်ရှင်းရန် မည်သူ့တွင် မျှတာဝန်မရှိ၊ မည်သူမျှ ပီပီပြင်ပြင် စုစည်းဆောင်ရွက်ခြင်းမရှိ၊ ဆင်းရဲသားတွေ ပိုကောင်းကောင်းပျော်ပျော်ရွှင်ရွှင် လုပ်ချင်အောင်လုပ်မပေးနိုင်။ သူတို့ အလုပ်ကိုမှန်မှန်ကန်ကန်လုပ်ရန်၊ ထိုက်တန်သော လခမရကြ၊ သင့်တင့်သောသင်တန်းပေးခြင်း၊ ကြီးကြပ်ရေးမှုးများက လုပ်ချင်ကိုင်ချင်စိတ်ရှိရန် ကြီးကြပ်ခြင်းလည်းမရှိ။

          ထိုအချက်များသည်၊ ဘူတာရုံကြီးတခုကိုလည်ပတ်ရန် ၊နိုင်ငံတခုလုံးကိုလည်ပတ်ရန် အတွက် အခြေခံအချက်မျှသာဖြစ်သည်။ မည်သည့်အစိုးရသစ်မျှ ၊ ဤပြဿနာများကို အလျင်အမြန်ဖြေရှင်းခြင်း မပြုနိုင်။ သူတို့ အနေဖြင့် ၊ ပုလင်းလည်ပင်းလိုတစ်ဆိုနေသော ကိစ္စတွေကိုဦးစားပေးပြီး၊ စတင်ကြရမည်။ တပြိုင်တည်းမှာပင် လူတွေအတွက် အလုပ်အကိုင်တွေ မဖန်တီးပဲ၊“ဆင်းရဲမှု” ကိုအဓိပ္ပါယ်ဖွဲ့စရာမလို၊ အလုပ်မရှိ၊ အလုပ်ရှိပြန်လျင်လည်း လစာနည်းခြင်းကြောင့်၊ ဆင်းရဲရခြင်းဖြစ်သည်။ပြီးပြီ။ အခြားအကြပ်အတည်းတစ်ခုမှာ အလုပ်အကိုင်တွေ မဖန်တီးခြင်းသည် ၊အစိုးရဘတ်ဂျက်၊ မလုံလောက်၍ ဟုဆိုလျင်၊ ဧရာမလုပ်ငန်းစီမံကိန်းကြီးတွေ၊ ဓါတ်ငွေ့ပိုက်လိုင်းတွေ ၊ ဆည်ကြီးတွေကို၊ နေရာတကာ လျှောက်ဆောက်ပြီး ၊ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းတွေစန်းပွင့်၊လူအချို့ အိပ်ထောင်ထဲ ငွေရောက်အောင်မည်သို့ ဖြည့်ပေးနေရသနည်း?

          ထိုမေးခွန်းတွေကို ကျွန်တော်ဖြေစရာမလိုပါ။ သံတမန်တွေသည် ဝင်စွက်လေ့မရှိကြ။ ယနေ့ ထိုစာတမ်းကိုဖတ်ပြီး လုံးဝအထိတ်တလန့်ဖြစ်ရသည်။ အစိုးရနှင့် အစိုးရမဟုတ်သော ကျွမ်းကျင်သူများ အနေဖြင့်၊ မလိုအပ်သော စာတမ်းတွေရေးသားထုတ်ဝေကာ၊ အချိန်ဖြန်းနေကြ ခြင်းကို ရပ်တန့်ရန်၊ ပြင်းပြင်းထန်ထန်အကြံပြုလိုသည်။ ထို စာတမ်းမျိုးသည် ညံ့ဖျင်းသော စီးပွားရေးပိတ်ဆို့မှု တွေနှင့် တူပြီး ၊ ဆင်းရဲမှု လျော့ပါးအတွက် ၊ ဘာမျှ မတတ်နိုင်ပါ။
                                   ဟို့စ်ရှုးဒေါ့လ်ဖ်(Horst Rudolf)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...