Wednesday, June 29, 2011

စက္ကူကြေ

by Hsaung Theway on Monday, June 27, 2011 at 2:52pm
ခရီးရှည်ကြီးမျောနေ၏
မျက်နှာမပါသောလူတို့၏ ။ နေရာ၊ မိုးတိမ်တွင်ပွင့်သောပန်းများ၊ ချိုးချိုးချွတ်ချွတ်ကြည်ပြာရောင်များ၊ ကားများအုံ့ဆိုင်နေသောတိုက်တာများ၊ ဟန်ဆောင်နေသောမဏ္ဌိုင်များ၊ လမ်းလျှောက်နေသော င်္အကျီများ၊ ဟင်းလင်းပြင်ရှိမွှေ့ယာများ၊ နီနီရဲရဲ နှုတ်ခမ်းများ၊ ထိုနေရာသည်အုပ်စုဖြစ်သည်။
မိုးညို့ဧ။် ။ ဖက်လုံးတစ်ခုဧ။် အိမ်မက်ကို အနက်ကောက်ကြည့်သည်။ စမ်းချောင်းများသည် မီးခိုးထွက်၍၊ ကျောက်တောင်များသည် ရိုင်းစိုင်းဧ။်ခြေရာသည်ဖိနပ်စီး၍ ခရမ်းတောတွင်လမ်းလျှောက်နေသည်။ ဆူးဒဏ်ရာသည် ရင်ဘတ်၌သာပေါက်ရောက်လေတော့ဧ။် ။


အိမ်ပြန်သင့်ပြီ။ အိမ်တွင်အစမရှိ ၊ ပျားရည်အနည်းငယ်သာရှိသည်။ ပင်လယ်သေသည်တန်းဖိုးဖြစ်ဧ။် လမ်းသည်မြေမြိုခံရပြီ။
အိမ်များသည်ပြေးနေကြ၍ ၊ လမ်းမကြီးများသည်ထည်ဝါလှသည်။ အရှေ့ဟုခေါ်သောနေရာသည်၊ ဤနေရာလော(သို့မဟုတ်) ထိုနေရာလော။ မြောက်အရပ်ဟူသည်လောကတွင်မရှိပေ။
လေသည်ရှုရှိက်ရင်းလဲကျသွားသည်။ ခရီးရှည်သည် ရမ္မက်ကိုဆွဲ၍ ဒုန်းစိုင်းပြေနေသည်။ နေရောင်နှင့်ညရောင်များသည် မျက်လုံးသေဖြင့် ကြည့်ကြ၏ ။ အတက်အဆင်းများသည် တောင်များ၏ ခြေထောက်များဖြစ်သည်ကိုတွေ့ရသည်။ သစ်ပင်များတွင်အမြစ်မရှိကြ။ သို့သော် ဖော့တုံးများ၏ တစ်နေရာတွင် အမြစ်ရှိသည်ကိုတွေ့ရ၏ ။ နောက်ကျောဘက်မပါရှိသောင်သည် နောက်ဘက်သို့လှည့်မကြည့်တော့ပေ။ ဂဏန်းသချာင်္သည် အမျှင်များ ပါသောနွယ်တစ်မျိုးဖြစ်သည်။
ငါသည် ငါ့ကိုမသိခဲ့ချေ။
ကျောက်ချထားသော သင်္ဘောများတွင် ရွှေလက်ကောက်များ ၀တ်ထားသည်။ လောကသည် ပျံသန်းသွားပြီ ။ ချောက်အိမ်မက်များသည် အလောတကြီး ဖြစ်နေပြီး ချွေးစက်များသည် အော်မည်ကြ၏ ။ ခြေထောက်များသည်ေ၀၀ါးနေဆဲ။ အဘယ့်ကြောင့်ဟူသော မေးခွန်းများကိုဖြေရန် ဂီတသည် လိုအပ်၏ ။ တူရိယာသံများ ဆိတ်သုန်းသွားသောအခါ ကမ္ဘာကြီးသည်ရပ်နေသည်။ ငှက်များသည် ၊ အော်ကြ ၊ အိပ်ကြ ၊ ရင်ဘတ်ကို ဆိတ်ကြ၏ ။ မီးတောက်သည် ချွန်မျှသော ပိုးထည်ဖြစ်သည်။ သွားကြသည်။ မှောင်သောအရာသည် ဦးခေါင်းတိုးဝင်သော အပေါက်ဝဖြစ်၏ ။ ရှည်မျောမျော ရာဘာများ ရယ်မောနေကြသည်။
သံဝေဂယူတတ်သောကောင်းကင်သည် ပင်လယ်ဖြစ်၏ ၊ ထို့အတူကုန်းမြေလည်းဖြစ်၏ ။
လူသားမျက်နှာဟူခေါ်သော မျက်နှာပြင်တွင်- မျက်နှာပြင်အလယ်၌ ပေါက်နှစ်ခုရှိသော အသားဖုကြီးပြူထွက်နေ၍ ၊ အောက်ဘက်ရှိ ကန့်လန့်ဖြတ် အသားကွဲကြောင်းအောက်တွင် ၊ကျောက်တုံးငယ်များစီတန်းရှိနေသည်။ နောက်ဘက်ခြမ်းတွင် အမွှေးရှည်များ ဖုံးအုပ်ထားခြင်း ၊ ဘေးတဖက်တစ်ချက်တွင် အသားပြားကြီးများ ထိုးထောင်တွဲကပ်နေခြင်း ၊ ထိုအရာများသည် လူ၏ဦးခေါင်းဖြစ်၏ ။
ခြွင်းချက်။ ။ ငါသည် ထိုလူများနှင့် အတူနေ၏ ။ အတူအိပ်၏ ။ အတူသွား၏ ။ ငါဟူသည်ကားအဘယ်နည်း ။
ကြောင်များရေချိုးကြသည်။ သံကြိုးများသည် တောင်နှင့်မြစ်များကို လျော့ရဲစွာ တုပ်နှောင်ကြ၏ ။ အတွေးများသည် ဟန်အမူအရာ အပြည့် ရှိသော မီးခိုးများဖြစ်သည်။ အသံများသည် လှုပ်ခါ၍ ပန်းရောင်သန်းသွားသည်။ ဖုန်များ အဆမတန် ပုပ်ပွနေ၏ ။ ပူလောင်ငွေ့များ အော်ဟစ်ပြေးလွှား နေ၏ ။ စက္ကူပေါ်ရှိ ပင်လယ်တွင် မုန်တိုင်းသံများ ဆူညံနေပြီ။ အိပ်ကြမည်လား ။ တော၌ မြွေမရှိ TAXI များသာရှိကြသည်။ ကုတင်သည် အိပ်မောကြနေပြီ ။
အနာဂါတ်ကိုအမှတ်ရ၍ အတိတ်ကိုမူမေ့နေကြပြီ။
ငါ စစ်စစ် အား မျက်နှာအထပ်ထပ်ရှိသော အရိပ်ဖြူကြီးများကခြောက်လှန့်နေ၏ ။ ထိုအခါ ပြူတင်းပေါက်တစ်ခုသည် ငါ့နယ်မြေ ဖြစ်နေတော့၏ ။ ကားများမောဟိုက်နေကြသည်။ သစ်ရွက်များသည် အပြင်ထူ၏ ။ အဆီပြန်နေသော ၀ိဥာဉ်သည် နှုတ်ခမ်းမွှေး ကြိုးတို့ကျဲတဲဖြင့် အားငယ်နေသည်။ အထီးကျန်လှပေစွ ။ ခံစားမှုသည် တစစ်စစ်ကိုက်ခဲနေသည် ။ တံခါးသည် ဗြုန်းကနဲ တအားပိတ်သွားပြီ ။ ပန်းချီကားတစ်ချပ် ငိုက်မြည်းနေ၏ ။ အလင်းရောင် နှင့် လေသည်ဘ၀ဆုံးပေပြီ ။
နားချင်ပြီ ။ နားခိုစရာ နေရာမရှိ ။
လက်ချောင်းများသည် တုန်လှုပ်ခြောက်ခြားဖွယ်ရာ အိမ်မက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထား၏ ။ ကန္တာရ၏ ဦးခေါင်းတွင် အက်စစ် ခွါရာများထင်ကျန်နေခဲ့သည်။ မဲမှောင်ခြင်းသည် ထွက်၍၀င်သွားပြီ။ မေးခွန်းများကို မစဉ်းစားသူများ အသံကျယ်ကျယ် ပြောတိုင်း ငါသည် ကျီးကန်းတစ်ကောင် ဖြစ်သွား၏ ။
ဘ၀သည်လုံးဝန်း၏ ။ လောကသည် အမေးအမြန်းထူသော အံစာတုံးတစ်တုံးဖြစ်သည်။
ပန်းသီးမြစ်တွင် သခါင်္ရတောင်ပံတစ်စုံရှိသည်။ မြင်ကွင်းသည် အောင့်၍ နာနေသည်။ စကပ်ဝတ်ထားသော မိန်းကလေးများ မြို့ပြများကို အန်ချ၏ ။ ခေါင်းလောင်းများ ကိုယ့်ကိုယ်ကို သတ်နေကြပြီ ။
ဤနေရာသည် ကွေးညွတ်၏ ။ ပုလင်းလွတ်တစ်လုံးသည် ရထားတစ်စီးကိုစောင့်နေသည်။ လင်းတများငိုကြသည်။ ကမ်းခြေသည် ရေမရှိသော ကမ်းခြေတွင်ထိုင်နေ၏ ။ သွေးကွက်များသည် ရင်ဘတ်ပေါ်တွင် ဆူပွက်နေကြ အန်ချနေကြသည်။ အ၀ါရောင်သည် စက်ဝိုင်းပုံသဏ္ဌာန်မရှိ။ ကောင်းကင် ကြီးသည် အသံရှည်ဖြင့် အူနေသည်။လေထုထဲတွင် စက်ပစ္စည်းများ ရင့်မှည့်နေကြ၏ ။ အိပ်မရခြင်းသည် အိုးမဲသုတ်ခံရပြီ။
နံရံခြောက်သိန်းရှိ၏ ။ တောင်များခြောက်သိန်းရှိ၏ ။ တောများခြောက်သိန်းရှိ၏ ။
ငါသည်အမေမှဆင်းသက်သည်။ မီးတောင်များကို သွန်ချလိုက်ကြပြီ။ ကြည့်မှန်ဟူ၍ တစ်ချပ်မှမရှိပေ။ အပြာရောင်နှင်းဆီတို့သည် အသိုက် အမြုံ ပြုလုပ်တတ်သည်။ သက်ပြင်းချသံသည် ကန္တာရသံထွက်နေ၏ ။ သင်းချိုင်းသည် အချွဲကျပ်နေသည်။ ဦးခေါင်းခွံတွင် အနက်ရောင်လျှာ တစ်စုံရှိ သည်။လှောင်ပိတ်ထားသော အခန်းကျဉ်းအား အကျဉ်းချထားလိုက်ပြီ။ မိုးစက်များသည် ကောင်းကင်ပေါ်သို့ သဲသဲမဲမဲရွာချနေ၏ ။
ငါသည် ငါ့ကိုယ်ငါ မွေးဖွားရန် ဗိုက်နာနေသည်။
ဆီးနှင်းများသည် ပညာရပ်ဖြစ်သည်။ အပွင့်ရိုက်ထားသော ခရီးများ သစ္စာဖောက်ကြပြီ။ ငါသည် ငါ၏ကိုယ်တွင်း၌ အစွယ်ရှိသော တိရိစ္ဆာန် တစ်ကောင်ကိုတွေ့ရ၏ ။ ဖိနပ်များ၏ နှလုံးသားတွင်ခြေရာများ လှည့်ပါတ်စီးလျက် ရှိသည်။ ဟင်းလင်းပြင်တွင် ခြကိုက်ထားသော အပေါက် တစ်ပေါက် ရှိ၏ ။ အံသွားများသည် လမ်းလျှောက်ထွက်ကြသည် ။
ပျောက်ကွယ်ရမည်လား? (သို့မဟုတ်) ခုန်ချလိုက်ရမည်လား?
နဖူးပြင်တွင် သံမဏိတောင်တန်းများ စိမ်းစိုနေကြသည်။ ‘လ’ များမှာ ခြံသွင်းခံရ၏ ။ ပူလောင်ခြင်းသည် ချွဲဖြစ်၏ ။ ယင်ကောင်သည် နားဝေး၏ ။ တောင်တန်းများသည် နှေးကွေး၏ ။ ရင်အုပ်သေးသေးမှာမူ ဧရာမ တူကြီးတစ်လက်ဖြစ်သည်။ အိမ်မက်နှင့် အရိပ်များမှာ ပူနွေးသော ဟင်းတစ်ခွက်ဖြစ်သည်။
ရေတံခွန်သည် ခံစားမှု့ဖြစ်၏ ။ ဖန်ခွက်များ ထုံထိုင်းနေကြသည်။ ကွန်ပြူတာတစ်လုံး ပုပ်သိုးသွား၏ ။ သစ်ပင်အောက်တွင် ကမ္ဘာကြီး သေနေပြီ။ ငါ့လည်ဂုတ်တွင် သစ်တောများပေါက်နေ၏ ။ ခရေပွင့်များ နှေးကွေးစွာ မောပန်းကြ၏ ။
အိမ် ။ အိမ် ။ အိမ်ဟူသည်…. ….. ……။ ။
ငမုန်းယောက်သင်
၂၀၀၂

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...