Friday, June 24, 2011

သောက်တလွဲ စနေ.....

by Youn Myat Thwe on Saturday, June 25, 2011 at 12:38pm
မနက်အစောကြီး ဗိုက်ကစအောင့်တယ် ဆေးထသောက်ရင် သက်သာမယ်ဆိုတာ သိပေမယ့် ထသောက်ရင် အိပ်ရေးပျက်မှာ ဘယ်ရမလဲ....
ဟိုဘက်စောင်းပီး စောင်ကလေးနဲ့ဖိအိပ်တယ်......အားးးးး မရတော့ဝူး....တောက်..စိတ်ကြီးညစ်ပါတယ်....
ရော် ဆေးဘယ်မှာလဲ...ဟာကွာ မီးမြန်မြန်ဖွင့်ပါဟ...ဟိုက်....ညကလုပ်ထားသမျှတွေ တခုမှ မသိမ်းမိဝူး
တအားအိပ်ချင်နေတာနဲ့ ခုလဲ မျက်စိက သိပ်ပွင့်မဟုတ်ဝူး


မနေ့ညက ချက်တင်အစွမ်း(ဒါတောင် အားမနာလျှာမကျိုး တာ့တာဆိုပီး ချက်ချင်းအိပ်သွားတဲ့ ချစ်သူကရှိသေး….အဟင့်..) ကိုရီးယားကားအစွမ်းလေ....တွေ့ပီ ဆေး...မြန်မြန်သောက်
နောက်ထပ် နာရီဝက်ကြီးများတောင် အိပ်ရအုံးမှာ...ဟိဟိ    အိုး ဒါတောင် ဗိုက်က သိပ်မသက်သာချင်ဝူး....
သေပေ့စေဟာ သူဟာသူအောင့်တာ အိပ်ရမှာက ငါ့ကိစ္စ ...ဟိုလူရွှင်တော်လို “အောင့်ရဲရင်အောင့်ကြည့်စမ်းပါ”.....အိပ်ပီ....အိုး....နာရီဝက်ထဲကို alarm ပိတ်ထားတော့မယ်ကွာ..နိုးမှာပါ....အားးးးးးးးးသောက်ကျက်သရေတုံးလိုက်တာ.....ပြန်အိပ်ရတာမှ 15မိနစ်ပဲရှိသေးတယ် ဖုန်းထလာတယ်...အိမ်ဖုန်းက ပျက်နေတော့ ဒိဖုန်းကို ဆက်တာ....အိုးးးးးးးဆရာတဲ့....ဖေကြီးဖုန်း.....အိပ်ချင်မူးတူးနဲ့ ဖုန်းသွားပေး...ဟာကွာ...10မိနစ်ကျော်ပဲကျန်တယ် ဘာပဲဖစ်ဖစ် ပြန်အိပ်မယ်.......6:00....သမီးရေ ထတော့တဲ့.....နိုးးးးးးးးထ၀ူးကွာ..ဒိနေ့ရုံးမတတ်ဝူး....နောက်မိနစ် 20 ထပ်ကွေးတယ်.....အဟင့် မဖစ်ပါဝူး ထမှကိုဖစ်မှာ ခွင့်ကသိပ်ကျန်တာ ဟုတ်ဝူး....
အခြားကိစ္စတွေ ထပ်ယူချင်ယူရအုံးမှာ အဟင့်...စနေနေ့က နေ့တ၀က် ဘယ်နည်းနဲ့မှ ရုံးမတက်ချင်ဝူး ကျန်တဲ့နေ့တွေ တက်ချင်လားလို့လဲ လာမမေးနဲ့ မတက်ချင်ဝူး ဟိဟိ...ထားပါတော့.....ဘယ်အဆင့်ကျော်ရမလဲ....၀ိုး...တော်ပါသိမ်းရဲ့ ဒီနေ့ စနေဆိုတော့ ရေချိုးခန်းက အေးဆေး အီဖေကိုယ်နဲ့ ဖေ ပဲရှိတာ စောကြီး သွားစရာ...မြန်မြန်ချိုးကွာ..
ခေါင်းကနက်ဖန်မှသာလျှော်တော့.....ဟုတ်တယ်လေ..ငါ့ဆံပင်ဘူမှ ဂရုစိုက်မှာ မှ မဟုတ်တာ...(ကြော်ငြာ)မြန်မြန်လိမ်း
မေကြီးရေ...မနက်စာလေး ....
ငါသိပါတယ် နင့်ဖာသာ ပီးအောင်အရင်လုပ် ဒီနေ့ချိုင့်မထည့်ဘူးမှတ်လား...ဟုတ်မေ......
မေကြီးကလေ...ရမ်းချစ်ဖို့ကောင်းတာပဲ(ဖားတာ)...မေ မျက်စောင်းက ဒိန်းခနဲ...မသိချင်ယောင်ဆောင်နေမှ...
ဖေကြီးရေ...လခက မထုတ်သေးဝူး ပျက်နေပီသိလား....
ဒါပေမယ့် ဖေရယ် သမီးက ခြွေခြွေတာတာ သုံးတာပါ.....ဟဲဟဲ အဲ့လိုနည်းနဲ့ အကြံအဖန်လေးထု...
အကျီင်္ဝတ်ပီးတာနဲ့ မနက်စာလေးမြန်မြန်ဆွဲပီး...
ဖေက သွားပီးဆိုတော့ မေ့အလှည့်  မေကြီး ကားခကလေ...တထောင်တန်ဆို အမ်းချင်ဝူး သိလား....
အဲ့ဒါဆိုရင်လေ...100 က ခဏခဏ ပါသွားရော မေကြီးရ...အဲ့မို့ အကြွေလေးနဲနဲ
ဟိဟိ....သိပ်တော့ မကြည်ပေမယ့် လုပ်နေကြပဲဆိုတော့ မေကလဲ ထုံးစံအပျက်မခံပေးတာပါပဲ
နှမတော် ချမ်းက....အိပ်ယာထဲကနေ...အမှာတော်လှမ်းခြွေလိုက်သေး မချယ်ရီ စောစောပြန်ခဲ့တဲ့
သူ့အစ်မတော်အကြောင်းလဲ မသိတာမှတ်လို့.....ဟဲဟဲ သွားခါနီးလေး
မောင်တော်လေးကို ကလိလိုက်အုံးမှ....“ကောင်း မြန်မြန်ထ မြန်မြန်ထ...ရွာထဲ သူပုန်တွေဝင်နေပီ”...ဟိဟိ
ဖင်ကို ပိတ်ကန်ပစ်ချင်တာ ဟွန့်..မကောင်းလို့...တာ့တာဗျို့ တရပ်ကွက်လုံးကြားအောင် နှုတ်ဆက်ပီး
ရုပ်တည်နဲ့ ကားစစီးပီ...ကားကြပ်လို့ မက်တပ်ရပ် စီးရတာကလွဲရင် ဒီတဆင့်က အိုကေတယ်....
အင်း လမ်း50ရောက်ပီ...၂၂၆ ကားပေါ် မှာ နေရာတောင် သိပ်မကျန်တော့ဝူး
နောက်ဆုံးတန်းလေးမှာ 1ယောက်စာလေး ဟိဟိ တော်သေးတာပေါ့.....ဒီချိန်ကတော့ ကိုယ်က ရုပ်တည်ပဲ....အင်း...ပဲခူးကလပ်လောက်ရောက်ပီ...
ဟင်း အားတင်းထား..မငိုက်စေနဲ့.....အာကွာ..မရ၀ူး...တော်တော်လေးကို ငိုက်ငိုက်ကျသွားတယ်.....
ဘာလုပ်ရမလဲမသိဝူး.....ခုတလော..ကားပေါ်မှာ မငိုက်အောင် ဆေးနည်းလေးများ ရှိရင် ပေးကြပါဟ...
အဲ့လို နဲ့ မြေနိကုန်း၊လှည်းတန်း...နီးလာပီ... အားတင်းထား..မငိုက်နဲ့တော့....
အာကွာ...သေချင်တယ် ဘယ်လို ဘယ်လို ဘူတာရုံလမ်းရောက်သွားပါလိမ့်...
.ငါ့မျက်စိတွေကိုမုန်းလိုက်တာ...
အဲ့လို နဲ့နောက်တခါ မျက်လုံး ပြန်အဖွင့်မှာ ဘုရားရေ ကားက သံလမ်းကတောင် ပြန်ထွက်တော့မယ် အားးးးးးရှက်လွန်းလို့...လဲသာသေလိုက်ချင်တယ်
ဟိုးးးဆရာ ပါတယ်...လွယ်အိတ်ဆွဲပီး ကားပေါ်က ခုန်ချ.....
တိန်..ဘယ်ချိန်ကတည်းက ငါငိုက်နေတာကို ကျိတ်ကြွေနေကြလဲ မသိဝူး
အားပေးသံလေး ကြားတယ် ညကအိပ်ရေးပျက်တယ် ထင်ပ့တဲ့..
 နောက်တယောက်ကလဲ ကလေးထိန်းနေရလို့နေမှာတဲ့ သေစမ်းရှက်လိုက်တာ..
.မြန်မြန်လျှောက်စမ်းပါဟ...ရုံးနောက်ကျရင် ပိုက်ပိုက် ဖျက်ခံထိအုံးမယ်....
အရေးထဲ တော်တော်လေးကို ရုပ်ပျက်နေပါပီဆိုမှာ ဆံပင်တွေက မျက်နှာကိုကွယ်...
သေပဟ..နာတာဆိုတာ ခလုတ်တိုက်တာ...
အိုးးးးးလက်ပေါ်ကို နွေးခနဲပဲ ဘာတွေပါလိမ့်
ဘယ်ကျက်သရေတုံးက ကားပေါ်က တံတွေးထွေးတာလဲ မဖစ်နိုင်ဝူး.....ဝေးကြီးပဲ ကားတွေနဲ့က
 ....အားလားလားး...ခေါင်းပေါ်မော့ကြည့်မှ ငှက်တွေ..
.သောက်ငှက်မသားငှက်တွေ...လွယ်အိပ်ဖွင့်
အာ....ထီး ပိုက်ဆံအိတ်...ဒါလွယ်အိတ်လား...အမှိုက်ထုတ်လား.....
မိန်းမပီသချက်ကလဲ နိုင်းလောက်ရှိတယ်
တစ်သျူးဆိုတာ ဆိုင်မှာပဲ ထင်ပ့.....ဟူးးးးးးးး သေချင်တယ်...
ရုံးမြန်မြန်ရောက်ပါတော့....အပြေးအလွှားသွား...
ဒီပုံစံကို နင်မြင်ရင် ငါ့ကိုဘာပြောမှာလဲဟမ်....ဟိဟိ ထားပါ မြင်မှာမှ မဟုတ်တာဘဲနော့ ....
.ရုံးရောက်ပီ ။။။8:53 ကဒ်မြန်မြန်ဖျက် လွယ်အိတ်ကလေး ဘုတ်ခနဲ့ချ...လက်ဆေး.. အိုးးးးရွံလိုက်တာ.......
တော်ပါသေးရဲ့
ဒါတောင် စိတ်က သိပ်တော့မသန့်ချင်ဝူး...
ဘာပဲဖစ်ဖစ် ဒီချိန်ဆို လိုင်းပေါ်သူရောက်နေလောက်ပီ.......မြန်မြန်တက်မှ.....
ဒါတောင် မနက်ပိုင်းပဲ ရှိသေးတယ်..အဟင့်...ဒိနေ့လုပ်ရမှာတွေက များကြီးပဲ
ထပ်မလွဲပါစေနဲ့......ကားပေါ်မှာ မငိုက်အောင် ဘာလုပ်ရမလဲ.....ကူဝိုင်း စဉ်းစားပေးကြပါအုံးချင့်....
အဟင့် လေတယ်.....နည်းလမ်းလေးရှိရင် မစကြပါနော်......#_#....
 လိုင်းပေါ်မှာ သူရှိတယ်ဆိုလို့ ပျော်သွားတာ…ဟက်ဟက် …
နေအုံးလေ…မိယွန်းရဲ့ နင်ကလဲ အပျော်စောလိုက်တာ…
.စကားပြောတာမှ ဘယ်လောက်မှ မရှိသေးဝူး င့ါကိုက ရွတာပါ…..ပြဿနာစပါပီ……
အရင်ရည်းစားတွေနဲ့ ဘာမှမဆိုင်တော့ပါဝူးဆိုလဲ မရ၀ူး….
သေချင်တာပဲ…ငါဘယ်လို ပြောရင်နင်ယုံမလဲ….
ယုံမှာလဲ မဟုတ်ပါဝူး…ခုကောက်သွားပီ…..ကောင်းတယ် ငါလဲ မချော့တတ်တော့ဝူး……၀ိုင်းချော့ပေးကြအုံးဗျို့…..

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...