Tuesday, June 21, 2011

အဆင့်အတန်းနှင့် ခေတ်သစ်ပေါရိဿာဒ

by Moe Tar on Sunday, January 16, 2011 at 7:15pm
     လွန်ခဲ့သော ဆယ်နှစ်ခန့်က သတ္တဗေဒပါမောက္ခ ဆရာမကြီးက တက္ကသိုလ်မော်ကွန်းထိမ်းနှင့်အတူ သြ၀ါဒ စကားမွတ်ကြားပေးခဲ့ပါသည်။ ထိုစကား ထိုသြ၀ါဒတို့သည်မိမိဘ၀ တခုလုံးအတွက် လိုက်နာကျင့်သုံး ဆောက်တည်ရမည့် တန်ဘိုးကြိး ဆုံးမစကားများ ဖြစ်သည်ဟု ခံယူမိပါသည်။


“အဆင့်အတန်းဆိုတာ ဘွဲ့တခုရတာနဲ့ ရာထူးတွေရတာနဲ့ မြင့်လာမှာမဟုတ်ပဲ မိမိတို့ကိုယ်တိုင်ကသာ ပညာတတ်ဆန်ဆန် နေထိုင် ဆောက်တည် ကျင့်သုံးပါမှ တကယ့်ပညာတတ် သူမည်ပေမည်တဲ့--။ အတန်း (၁၀၀)ရှိနေသော်လည်း လမ်းဘေးမှာအိပ် လမ်းဘေးမှာစား အုတ်ကြားမြက်ပေါက် ကလေက၀ ပုံစံနေထိုင်ပါက ထိုသူသည် ပညာတတ်မဟုတ်- ထိုပညာတို့၏ အဆင့်အတန်းနှင့် ထိုက်တန်သူမဟုတ်ပေ။ ဒါကြောင့် ဘာကိုပဲပြောချင်ချင် ဘာကိုပဲ လုပ်ချင်ချင် မပြောခင် မလုပ်ခင် အရင် စဉ်းစား စဉ်းစားပြီးလို့ တော် သင့် ကောင်း မှန်ပြီဆိုမှ ပြော- လုပ်- ရယ်လို့” မှာကြားခဲ့ပါတယ်။

     တကယ်တော့ လူတွေဟာ အတ္တကောင်တွေပဲမို့ မာန်မာနထောင်လွှားကြတာ ဘာမျှမဆန်းလှပေ။ လူတို့တွင်မှမဟုတ် တိရိစ္ဆန်လောကတွင်လည်း အစွယ်ရှိက အစွယ်အားကိုး အဆိပ်ရှိက အဆိပ်အာကိုးပြီး ရန်ပြုတတ်ကြလေသည်။ လူတို့ကတော့ တိရိစ္ဆန်တို့ကဲ့သို့ ပြုကျင့်၍မဖြစ်။ ပညာသတိ ဥာည်သတိဖြင့် စဉ်းစား ထိမ်းသိမ်းနိုင်ရပေမည်။ ဤကဲ့သို့ မထိမ်းသိမ်းပဲ ဟော့ရမ်း ဆိုးသွမ်း မိုက်ရိုင်းနေမည်ဆိုပါက အတန်း(၁၀၀)တိုင်အောင် တက်ရောက်ဖူးပြီး ရာထူးဋ္ဌာန နေရာရရှိနေသည်ဆိုငြားအံ့- “ပြဿဒ်ဖျားတွင် နားသည့်ကျီးမျှ ပမာကျလိမ့်” ဆိုသကဲ့သို့ဖြစ်နေပါတော့မည်။

     စာဖတ်သူမိတ်ဆွေ------ သွားရင်းလာရင်း ကျီးကန်းတို့ကို တွေ့လျှင် ခဲနဲ့ပေါက်၍ မောင်းနှင်ထုတ်လိုက်လို့ရသေးသည်။ အကယ်၍ ပေါရိဿာဒ နှင့်တွေ့လျှင် သင်မည်ကဲ့သို့ ရင်ဆိုင်ပါမည်နည်း။

     ကျွန်ုပ်ခေတ်သစ်ပေါရိဿာဒနှင့်တွေ့ပါသည်။ ပေါရိဿာဒက ပြောပါသည်။ “ငါ့ကိုဘာထင်သလဲ---- ငါက ပြန်တမ်းဝင်အရာရှိကွ---- ငါလက်ရပ်ခေါ်တော်မှုလျှင် ချက်ချင်းခစားရမည်---- မခစားလျှင် ထိုးမည် ကျိတ်မည် ”ရယ်လို့နှမသားချင်း မစာနာ ဟိန်းဟောက်ပုံမှာ ခွေးခြင်္သေ့ ကဲ့သို့ မာန်ဖီပြနေသည်။ အကြိမ်ကြိမ်ထုတ်ဖေါ်ပြနေသော ငါကွ ပြန်တမ်းဝင်အရာရှိသည် အရက်များကို ကိုးမောင်းမက သောက်စားထားပုံရပြီး ဘေးမှ ရွာသားများက ၀ိုင်းပြီး ထိမ်းကိုင်ထားရ၏။ အနှီးသကောင့်သားပြောနေသော ပြန်တမ်းဝင်မှာ ဟုတ်ပါ့ဟုတ်ပါလေစဟု သံသယဖြစ်မိလေ၏။ သူ၏ ဥပတိရုပ်မှာ အဘဦးသုခရိုက်ကူးသော တပါးသိလထဲမှ ဇော်လင်း၏ ဇာတ်ရုပ်ကဲ့သို့ဖြစ်နေလေ၏။ အားလုံးတောင်းပန်နေသည့်ကြားမှပင် မစို့မပို့ ကန်ကျောက်နေသေးတော့၏။ ကျွန်ုပ်တို့အားလုံးလည်း ဋ္ဌာနဆိုင်ရာ ၀န်ထမ်းများပင် ဖြစ်ပါသည်ဟု မဖြစ်မနေပြောပြတော့မှ သူ့နေရာသူပြန်ဝင်သွားတော့သည်။ ရွာလူကြီးတဦးမှ ကျွန်ုပ်တို့ကို လာရောက်တောင်းပန်ပါ၏။
     စာဖတ်သူမိတ်ဆွေများခင်ဗျာ---- ရာဇ၀င်ထဲက ပေါရိဿာဒသည် ညောင်ရိပ်ထဲဝင်လာသူကိုသာ စားသည်။ ခောတ်သစ်ပေါရိဿာဒကမှု ရာဇဂြိုလ် ဘက်စုံရေလျှောင်တမံကို ညရော နေ့ရောစောင့်ပြီးစားသည်။ ထို ခေတ်သစ်ပေါရိဿာဒသည် ကြောက်တတ်သော ရွာသူတို့လွတ်သော နွားနှင့် ရွာသူ့အသားကိုစားသည်ဟု ရွာသားတို့ ဆိုလေ၏။ နေရာဋ္ဌာနကို တွင်တွင်ကြီးရွတ်ပြနေသော ခေတ်သစ်ပေါရိဿာဒ၏နာမည်မှာ ရန်ကုန်မှ အသည်းအထူးကုဆရာဝန်ကြီးနာမည်နှင့်ပင် တူသည်ဟု ကျွန်ုပ်မှတ်ချက်ပြုမိပါသည်။

(မိုးတိမ်)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...