Wednesday, June 29, 2011

မြန်မာပြည်အတွက် အပြောင်းအလဲလေပြေလား

ဂျိုးဆက်ဖ် ဘောလ် (Joseph Ball) | ဗုဒ္ဓဟူးနေ့၊ ဇွန်လ ၂၉ ရက် ၂၀၁၁ ခုနှစ် ၁၂ နာရီ ၁၂ မိနစ်

Jတူနီးရှား၊ အီဂျစ်၊ လစ်ဗျား၊ ယီမင်၊ ဆီးရီးယား အာရပ်နိုင်ငံများတွင် တနိုင်ငံပြီးတနိုင်ငံ နွေဦးပေါက်သစ်က ရှင်သန်ပေါက်ဖွားလာခဲ့ရာ နိုင်ငံရေး အုံကြွမှုဆိုင်ရာ ဒိုမီနိုသီအိုရီ အသစ်တရပ်သဖွယ် ပေါ်ထွက်လာသည်။ ယခု မငြိမ်မသက်မှုများနှင့် တော်လှန်ရေးများက အာရပ်ကမ္ဘာ သက်သက်မျှသာလောဟု မေးခွန်းထုတ်စရာ ရှိနေသည်။ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း မကြာသေးမီက မြန်မာပြည်ခရီးစဉ်အတွင်း ပြောခဲ့သလို "အပြောင်းအလဲ လေပြေ" က မြန်မာနိုင်ငံ တောင်တန်းနှင့် မြေပြန့်ဒေသများသို့ တိုက်ခတ်လာလေမည်လောဟုလည်း စောကြောဖွယ် ရှိနေသည်။


အပြင်ပန်းကြည့်လျှင်ပင် မြန်မာနိုင်ငံနှင့် အစိုးရများ ပြိုကျလုတည်းတည်းဖြစ်နေသည့် အာရပ်နိုင်ငံများအကြားတွင် တူညီသည့် လူမှုရေး ကြန်အင်လက္ခဏာများ ရှိနေကြသည်။ လူမှုရေးအရ တန်းတူညီမျှ မရှိမှုမှသည် အလုပ်လက်မဲ့နှုန်း ဆိုးရွားစွာ ရှိနေခြင်း၊ လူအများ အလုပ်လက်မဲ့ဖြစ်နေရခြင်း အခြေအနေများလည်း တူညီနေကြသည်။

အကျယ်အပြန့် ဖြစ်နေသည့် အကျင့်ပျက်ခြစားမှုများ၊
အပြင်ပန်းကြည့်လျှင်ပင် မြန်မာနိုင်ငံနှင့် အစိုးရများ ပြိုကျလုတည်းတည်း ဖြစ်နေ
သည့် အာရပ်နိုင်ငံများ အကြားတွင် တူညီသည့် လူမှုရေး ကြန်အင် လက္ခဏာ များ ရှိနေကြသည်။ လူမှုရေးအရ တန်းတူ ညီမျှ မရှိမှုမှသည် အလုပ်လက်မဲ့နှုန်း ဆိုးရွားစွာ ရှိနေခြင်း၊ လူအများ အလုပ် လက်မဲ့ ဖြစ်နေရခြင်း အခြေအနေများ လည်း တူညီနေကြသည်။

လူနည်းစုလူတစုကသာ စံစားနေသည့် အခြေအနေများလည်း တူညီ နေပြန်သည်။ ကိုလံဘီယာ တက္ကသိုလ်မှ ပါမောက္ခ
ဂျက်ဖရီ ဆက် Jeffery Sachs ၏ အဆိုအရ အရှေ့အလယ်ပိုင်း နိုင်ငံများနှင့် အာဖရိကမြောက်ဖျား
 နိုင်ငံများတွင် လူငယ်များအကြား အလုပ်လက်မဲ့ဖြစ်မှုနှုန်းက ၃ဝ % မျှ ရှိနေသည်။ ဤကိန်းဂဏန်းက သီးခြား
လွတ်လပ်သည့် လေ့လာမှုများက ဖော်ပြနေသည့်
 မြန်မာနိုင်ငံ၏ အလုပ်လက်မဲ့ ဖြစ်မှုနှုန်းနှင့် အလားတူနီးပါး
 ဖြစ်နေသည်။

ဖေဖော်ဝါရီလ အစောပိုင်းတွင် ထုတ်ဝေခဲ့သည့် သည် အီကောနောမစ် The Economist သတင်းစာပါ “ ရှူးဖိနပ်ဖြင့်
 ပေါက်သူများ ညွှန်းကိန်း" Shoe-throwers Index ၌ အာရပ်နွေဦး၏ လေရူးဒဏ်ကို ပြင်းထန်စွာ ရင်ဆိုင်နေကြရ
သည့် အရှေ့အလယ်ပိုင်းနှင့် အာဖရိကမြောက်ဖျား နိုင်ငံများတွင် အစိုးရ၏ အကဲဆတ် ထိရှလွယ်မှု ညွှန်းကိန်းကို တွက်ချက် ဖော်ပြထားခဲ့သည်။ ဖိနပ်ဖြင့်ပေါက်ခြင်းမှာ ဤဒေသအတွင်း ယဉ်ကျေးမှုအရ မကျေနပ် ဖြစ်လွန်းမှုကြောင့် ဆန့်ကျင် တုံ့ပြန်ကြပုံကို ဆိုလိုခြင်း ဖြစ်သည်။ ဤညွှန်းကိန်း မိုဒယ်တွင် စံ ၇ ချက်ဖြင့် တိုင်းတာခြင်း ဖြစ်သည်။ အစိုးရများ အာဏာဆက်တိုက်မြဲနေမှု သက်တမ်းကာလမှသည်၊ အသက် ၂၅ နှစ်အောက် လူငယ်များ၏ လူဦးရေ ရာခိုင်နှုန်း၊ အကျင့်ပျက်ခြစားမှုနှင့် သတင်းစာ လွတ်လပ်ခွင့် ကင်းမဲ့နေခြင်း၊ ဒီမိုကရေစီ အခွင့်အရေးများ ကင်းမဲ့
 နေခြင်း အပါအဝင် လူမှုရေးအရ ထိခိုက်နစ်နာမှု ဒေတာ အချက်အလက်များလည်း ထည့်သွင်း၍ ညွှန်းကိန်းအဖြစ် တွက်ချက်ခဲ့ခြင်း ဖြစ်သည်။

unrest-1
ဆီးရီးယားသမ္မတကို ထောက်ခံသည့်အနေဖြင့် ထောင်ပေါင်း ဆယ်ဂဏန်းချီရှိသည့် ပြည်သူများ Damascus မြို့ရှိ Omeyyades ရင်ပြတွင် စုရုံးနေကြသည်ကို ဇွန်လ ၂၁ ရက် ၂၀၁၁ ခုနှစ်၊ အင်္ဂါနေ့တွင် တွေ့ရှိရစဉ် (ဓာတ်ပုံ - AFP)။ မငြိမ်သက်မှုများ အဆုံးသတ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ ခေါ်ယူရန် တောင်းဆိုပြီး နောက်တရက်တွင် သမ္မတက အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ခဲ့သည်။
ဤညွှန်းကိန်း မိုဒယ်က အာရပ်ကမ္ဘာတွင် အုံကြွမှုများ ဖြစ်ပေါ်လာမည့် အခြေအနေကို ကြိုတင်ဟောကိန်းထုတ်ရာ၌ အတန်အသင့် မှန်ကန်နေခဲ့သည်။ အာရပ်နွေဦး လူထုလှုပ်ရှားမှုများ စတင်မြစ်ဖျားခံရာ အီဂျစ်နိုင်ငံတွင်လည်း ဤညွှန်းကိန်းများက တသမတ်တည်း ဖော်ပြနေသည်။ မည်သို့ပင် ဆိုစေကာမူ သူပုန်ထမှုများ ဖြစ်လာမည်၊ မဖြစ်လာမည်ကို အကောင်းဆုံး ကြိုတင်ဟောကိန်းထုတ်ရန်  ပုံသေနည်းတခု မဟုတ်သော်လည်း၊ မြန်မာနိုင်ငံ၏ ညွှန်းကိန်း အချက်အလက်များအပေါ် လေ့လာချက်ကလည်း ထိရှအလွယ်ဆုံး နိုင်ငံ ၁၈ နိုင်ငံတွင် တတိယမြောက် ထိရှလွယ်မှု အဖြစ်ဆုံး နိုင်ငံတခု ဖြစ်နေပြန်သည်။ ယီမင်နှင့် ဆူဒန်ပြီးလျှင် မြန်မာလိုက်နေသည်။ အောက်ဖော်ပြပါ ဇယားတွင် မြန်မာနိုင်ငံ အပါအဝင်ညွှန်းကိန်းများကို နှိုင်းယှဉ်ဖော်ပြထားပါသည်။

နိုင်ငံအမည် အစိုးရ၏ အကဲဆတ် ထိရှလွယ်မှု ညွှန်းကိန်း (Vulnerability of government)
ယီမင် ၉ဝ. ၇
မြန်မာ ၈ဝ. ၅
Libya ၇၈. ၁
အီဂျစ် ၇၄. ၇
ဆီးရီးယား ၇၂. ၉
အယ်လ်ဂျီးရီးယား ၆၉. ၅
ဆော်ဒီအာရေဗျ ၆၁. ၂
ဘာရိန်း ၅၃. ၃
တူနီးရှား ၅၂. ၃

မြန်မာနိုင်ငံမှလွဲ၍ ကျန်နိုင်ငံများ၏ ဒေတာများကို The Economist မဂ္ဂဇင်းက စုဆောင်းထားခြင်း ဖြစ်ပါသည်။ ဤညွှန်းကိန်းများသည် အစိုးရအပြောင်းအလဲ မဖြစ်မီ နိုင်ငံ၏ အခြေအနေပြကိန်းများ ဖြစ်ပါသည်။ ညွှန်းကိန်း ၁ဝဝ မှာ အကဲဆတ် ထိရှလွယ်မှုအမြင့်မားဆုံး အဆင့် ဖြစ်ပါသည်။

သေနတ်၊ မဲပြားနှင့် ကိုယ်ပိုင်ဝိသေသ လက္ခဏာ

အာရပ်ကမ္ဘာမှ အဖြစ်အပျက်များကို နားလည်အောင်ဆိုလျှင် အရေးပါလှသည့် အစိတ်အပိုင်း ၃ ချက်ကို ထည့်သွင်း စဉ်းစားရန် လိုပါသည်။ စစ်ရေး၊ နိုင်ငံရေးပါတီများနှင့် ကိုယ်ပိုင်ဝိသေသလက္ခဏာ အကြောင်းတို့ပင် ဖြစ်သည်။ ဤ အကြောင်း ၃ ချက်ကို ပြင်ပအင်အားစုများက အကြီးအကျယ် လွှမ်းမိုးသက်ရောက်မှု မရှိသလောက် ရှားပါးခဲ့ပြီး၊ ဤ ၃ ချက်ကသာ ရာဘတ် Rabat မှသည် မတ်စ်ကက် Muscat အထိ ခေါင်းဆောင်မှု၏ အနာဂတ် အပြောင်းအလဲအပေါ် လွှမ်းမိုးဆုံးဖြတ်ခဲ့ကြသည်။

ဟူစနီ မူဘာရက်၏ အီဂျစ်က အစဉ်သဖြင့်ဆိုသလို အရေးပေါ်နေသည့် နိုင်ငံတော်တခုဟု ယူဆနိုင်သည်။ အံ့သြဖွယ် မဟုတ်သည့်အချက်မှာ နိုင်ငံ၏ အရပ်သားခေါင်းဆောင်မှုကလည်း လုံခြုံရေးကဏ္ဍမှ ခေါင်းဆောင်များများနှင့် နီးကပ်စွာ အလုပ်လုပ်ခဲ့ကြပြီး၊ နိုင်ငံ၏ ပိုနေမြဲ ကျားနေမြဲ အခြေအနေကို နှစ်ပေါင်း ၃ဝ မျှ ထိန်းထားခဲ့ကြပါသည်။ မူဘာရက်၏ အမျိုးသား ဒီမိုကရက်တစ် ပါတီက ပြီးခဲ့သည့် မကြာသေးခင်ကာလ၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် မဖြုတ်ချခံရချိန် ရွေးကောက်ပွဲများအထိ မဲများ၏ ၈၉ % ကို ရယူထားနိုင်ခဲ့ကြသည်။

သိသာထင်ရှားသည့် အချက်မှာ နှိုင်းယှဉ်ချက် အရဆိုလျှင်
မူဘာရက်၏ အမျိုးသား ဒီမိုကရက်တစ် ပါတီက ပြီးခဲ့သည့် မကြာသေးခင် ကာလ၊ ပြီးခဲ့သည့်
 ဖေဖော်ဝါရီလတွင် မဖြုတ်ချ ခံရချိန်

 ရွေးကောက်ပွဲများအထိ မဲများ၏ ၈၉ % ကို ရယူထားနိုင်ခဲ့ကြသည်။
အီဂျစ်နိုင်ငံက ပုံသွင်းရယူထားသည့် ဖန်တီးပုံရိပ်အရ
 ဖြစ်ပေါ်နေသည်ဟု ဆိုလျှင်ဖြစ်စေ တိုင်းရင်းသား လူမျိုးအရ တမျိုးတည်းဟု ဆိုနိုင်သည့် နိုင်ငံဖြစ်သည်။၂ဝဝ၆ ခုနှစ် သန်းခေါင်စာရင်းအရဆိုလျှင် ၉၉.၆ % သော သူများက သူတို့ကိုယ်သူတို့ အီဂျစ်လူမျိုးဟု ဖော်ပြခဲ့ကြသည်။ သို့သော်လည်း ရေရှည်ဖြစ်နေသည့် စီးပွားရေးနှင့် အလုပ်သမား ပြဿနာများက ၂ဝ၁၁ ခုနှစ် အစောပိုင်းတွင် မူဘာရက်ကို ဖြုတ်ချခဲ့ကြသည်။ လူဦးရေ သန်း ၄ဝ ရှိပြီး စိတ်ပျက်ဒေါသထွက်နေသည့် အီဂျစ် လူငယ်များက ရှေ့တန်း ထွက်လာကြသည်။

၎င်းကဲ့သို့ အကျအရှုံးက ကိုင်ရိုအစိုးရနှင့် နီးကပ်စွာ ဆက်ဆံခဲ့သော ဝါရှင်တန်ထံမှ အထောက်အပံ့များ နောက်ဆုံး မရရှိတော့ခြင်းက အနည်းငယ်တော့ သက်ဆိုင်သည်။ မူဘာရက် အာဏာမှ ဆင်းသွားရပြီ ဖြစ်သော်လည်း၊ စစ်တပ်က အီဂျစ်နိုင်ငံရေးတွင် အရေးပါနေဆဲဖြစ်သည်။ လက်ရှိ အိမ်စောင့်အစိုးရက ရွေးကောက်ပွဲနောက်ပိုင်းကာလ အီဂျစ် အပြောင်းအလဲများ အတွက် အဓိကကျသည့် အခန်းကဏ္ဍတွင် ရှိနေဆဲ ဖြစ်သည်။ 

ထိုအချိန်တွင် အီဂျစ်နိုင်ငံ အနောက်ပိုင်းရှိ လစ်ဗျား၌ ၁၉၆၉ ခုနှစ်ကတည်းက မူမာ ဂဒါဖီ၏ ပုဂ္ဂိုလ်ရေး ပုံရိပ်က လွှမ်းမိုးထားခဲ့သည်။ ဗိုလ်မှူးကြီးအုပ်ချုပ်သည့် ၎င်းနိုင်ငံတွင် နိုင်ငံရေးပါတီများ ရပ်တည်ခွင့်မရှိဘဲ၊ အင်အားအရ အာဏာ ချိန်ခွင်လျှာကို ငြင်သာစွာ ထိန်းညှိကြသည့် နည်းများနှင့် ဖိနှိပ်မှုများ၊ လူမျိုးနွယ်စု သြဇာဖြင့် ချိန်ညှိထားမှုများ အပေါ်သာ မှီခိုရပ်တည်နေခဲ့ကြသည်။ စစ်တပ်အတွင်း ညီညွတ်ရေး ပြိုကွဲသွားခြင်းနှင့် ဂဒါဖီအစိုးရ အပေါ် ခြိမ်းခြောက်နေသည့် ညွန့်ပေါင်းအဖွဲ့၏ အင်အားခိုင်မာကြီးထွားလာမှု၊ သူတို့ကိုယ်သူတို့ မည်သို့ ဝိသေသ လက္ခဏာ ဖွင့်ဆိုသည်ဆိုသည့် အချက်များအပေါ် အများက အလေးပေး ပြောဆိုနေကြသည်။

အစိုးရတပ်များက အလျင်အမြန် လက်နက်ချ ပူးပေါင်းလာသည့်အတွက် အပြောင်းအလဲနှင့် လွတ်လပ်ရေးလှုပ်ရှားမှု အမြန်ပေါ်ပေါက်လာရပုံကို လစ်ဗျားနိုင်ငံ အရှေ့ပိုင်းရှိ ဘင်ဂါဇီ ခုခံရေးသူပုန်အုပ်စုများက ရှုမြင်ကြသည်။ ထို့အပြင် လာမည့်ရက်များတွင် နောက်ထပ်လာ၍ လက်နက်ချဦးမည်ဟု ကောလာဟလများလည်း နေ့စဉ်နှင့်အမျှ ထွက်ပေါ်နေသေးသည်။ “ လစ်ဗျားနိုင်ငံရှိ လူမျိုးနွယ်စု၊ အစ္စလာမ်ဝါဒနှင့် နိုင်ငံတော် ” Tribe, Islam and State in Libya အမည်ရှိ စာအုပ်ရေးသား သူ ဖာရာ့ခ်ျ နာဂျင်းမ် Faraj Najem စကားနှင့်ဆိုရလျှင် စစ်ပွဲနွှဲနေကြသည့် လူမျိုးနွယ်စုများ Warfalla tribe က နိုင်ငံ၏ သူပုန်များ ထိန်းချုပ်ထားသည့် အရှေ့ပိုင်းဒေသခံ ပြည်သူများဖြစ်ပြီး၊
 နိုင်ငံရေးအရ သြဇာကြီးမားကြသူများလည်း ဖြစ်သည်။ ဤစစ်နွှဲနေသည့် လူမျိုးစုအုပ်စုများက အတိုက်အခံများနှင့် ပူးပေါင်းခဲ့ကြသော်လည်း၊ အခြား လူမျိုးနွယ်စုများဖြစ်သည့် တူအာရက်၊ ဟာဆောနာနှင့် မီဆူရာတာ Tuareg, Hasawna and Misurata တို့က ကဒါဖီအုပ်ချုပ်ရေး တည်မြဲရေးအတွက် ပူးပေါင်းနေကြဆဲဖြစ်သည်။

လူမျိုးနွယ်စု ပဋိပက္ခများ၏ အန္တရာယ်ကြီးလှသည့်အခြေအနေတွင် ယခုတော့ ဂဒါဖီလုံခြုံရေး တပ်ဖွဲ့များနှင့် လက်တွဲ
 ဆောင်ရွက်နေကြသော၊ ဂဒါဖီ၏ လူနည်းစု အခွင့်ထူးခံများနှင့် နီးစပ်သော မာဂါရီဟာ Magariha လူမျိုးနွယ်စုများ အပေါ် အချို့က မေးခွန်းထုတ် မျှော်လင့်နေကြသည်။ ဂဒါဖီ အုပ်စုအတွင်း အာဏာသိမ်းမှုများ ဖြစ်လာလေမည်
 လောဟု စောကြောနေကြသည်။ ဒီမိုကရေစီအကြောင်း ပြောဆိုဆွေးနွေးနေမှုများ ရှိနိုင်သော်လည်း၊ အင်အားကြီးသည့် ဒီမိုကရေစီ လှုပ်ရှားမှုအတွင်း၌ပင် ဝိသေသလက္ခဏာနှင့် ရပိုင်ခွင့် အခွင့်အရေးကိစ္စများကလည်း ကဏ္ဍကြီးကြီး နေရာယူထားနိုင်သေးသည်။ 

မြန်မာစစ်ဗိုလ်ချုပ်များ၏ အကြောက်တရား အပေါ်
မြန်မာနိုင်ငံတွင်လည်း အတိုက်အခံ အဖွဲ့ အစည်း အများအပြား ရှိနေကြသည်နှင့် အညီ၊ မတူ ကွဲပြားမှုများ ရှိနေသော်လည်း ညီညွတ်ရေးကို တည်ဆောက်ကြဖို့ အရေးကြီး နေသည်။ မြန်မာ့ တပ်မတော် အတွင်းရှိ အရာရှိ အုပ်စုများက ၎င်းတို့က အမျိုးသား လုံခြုံရေးကိစ္စဟု အမျိုးသား ညီညွတ်ရေး အပေါ် မည်မျှ အတိုင်းအတာ အထိ တန်းတူ မြင်ထားကြသည်
ကို သေချာရေရာ မသိရှိ
နိုင်သေးသလို၊ အတိုက်အခံ အင်အားစုများ ဘက်ကလည်း ဤအချက်ကို လျှော့ပေါ့ တွက်ဆ၍ ထားကြသည်။
ပဲ့တင်ပြန်
 နေသည့်အချက်မှာ ဗိုလ်မှူးကြီးကဒါဖီ ကာလကြာရှည် ထိန်းချုပ်ထားသည့် လစ်ဗျားနိုင်ငံတွင် ၎င်း၏ အစိုးရသာ မရှိပါက အချင်းချင်း ပြည်တွင်းစစ်ခင်းရမည့် အခြေအနေ ရှိနေပြီး၊ နိုင်ငံလည်း အစိတ်စိတ်အမွှာမွှာ ပြိုကွဲရမည့်ကိန်း
 ဖြစ်သည်။ မြန်မာနိုင်ငံတွင်လည်း အတိုက်အခံအဖွဲ့အစည်း အများအပြား ရှိနေကြသည်နှင့်အညီ၊ မတူကွဲပြားမှုများ ရှိနေသော်လည်း ညီညွတ်ရေးကို တည်ဆောက်ကြဖို့ အရေးကြီးနေသည်။ မြန်မာ့တပ်မတော်အတွင်းရှိ အရာရှိအုပ်စုများက ၎င်းတို့က အမျိုးသားလုံခြုံရေးကိစ္စဟု အမျိုးသား ညီညွတ်ရေးအပေါ် မည်မျှအတိုင်းအတာအထိ တန်းတူမြင်ထားကြသည်ကို သေချာရေရာ မသိရှိနိုင်သေး
သလို၊ အတိုက်အခံ အင်အားစုများဘက်ကလည်း
ဤအချက်ကို လျှော့ပေါ့တွက်ဆ၍ ထားကြသည်။  

သို့သော်လည်း ဆီးရီးယားနိုင်ငံ၌မူ စစ်တပ်၊ နိုင်ငံရေးပါတီနှင့် ဝိသေသလက္ခဏာ ပြဋ္ဌာန်းချက် သုံးနားတြိဂံက ပို၍ နီးကပ်ဆက်နွယ် ရှိနေပြန်သည်။ သူ့ဖခင်၏ သမိုင်းအမွေကို ဆက်ခံထားရသူ ဆီးရီးယားသမ္မတ ဘာရှာ အယ်လ်-အာဆဒ်က ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် အမျိုးသား တိုးတက်ရေးတပ်ဦးပါတီ National Progressive Front Party မှတဆင့် မဲများ၏ ၉၇.၆ % ကို သိမ်းကျုံးရယူနိုင်ခဲ့ပြီး၊ ၎င်းတပ်ဦးပါတီက အယ်လာဝီလူမျိုးများ ကြီးစိုးထားသည့် အစိုးရနှင့် လုံခြုံရေးတပ်ဖွဲ့များအကြား ဆက်စပ်နေကြပြန်သည်။ သို့သော်လည်း အယ်လာဝီလူမျိုးများက ဆီးရီးယား
 နိုင်ငံရှိ လူဦးရေ၏ ၁၂ % (၂.၇ သန်းမျှသာ) ရှိနေသည်။  

အာဆဒ်အစိုးရအတွက် တိုက်ရိုက်ခြိမ်းခြောက်နေမှုမှာ အလားတူ လူမှုရေးပြဿနာများအပြင်၊ နိုင်ငံလူဦးရေ၏ ၅၆ % မျှ ရှိနေသော လူငယ်များအတွက် အခွင့်အလမ်းများ ကင်းမဲ့နေခြင်း ဖြစ်သည်။ သူတို့က တိုက်ရိုက်ဒီမိုကရေစီ ကျင့်သုံးရန် တောင်းဆိုနေကြသည်။ သို့သော်လည်း ယနေ့ကာလတွင် အီဂျစ်နိုင်ငံနှင့် မတူညီသည့်အချက်မှာ အခွင့်အရေး ကင်းမဲ့နေကြသည့် သာမန်ပြည်သူ လူများစုကြီး၏ အမြင်တွင် စစ်တပ်နှင့် ပါတီ/ ခေါင်းဆောင်များ အကြား စည်းနှောင်ထားမှု ဝိသေသ လက္ခဏာက ခိုင်ခိုင်မြဲမြဲ ရှိနေသေးသည်။

ဆီးရီးယားအစိုးရကို လူနည်းစု တိုင်းရင်းသားအုပ်စုက ဦးဆောင်နေပြီး၊ ပြီးခဲ့သည့် ဆယ်စုနှစ်များတွင် အားပြိုင်
 နေကြသည့် တိုင်းရင်းသားလူမျိုး ဝိသေသလက္ခဏာများကို လျှော့ချရောထွေးစေရန် ရည်ရွယ် ကြိုးပမ်း
 ဆောင်ရွက်ခဲ့သည့်အချက်ကို အသိအမှတ်ပြုထားသည့် အချိန်၌၊ ယခုဆန္ဒပြပွဲများကို အာဆဒ် ခေါင်းဆောင်သည့် အစိုးရအတွင်းရှိ ခေါင်းမာဂိုဏ်းအုပ်စုများက ကိုင်တွယ်ကြပုံကိုလည်း ကောင်းစွာ နားလည်၍ ရနိုင်ပါသေးသည်။ မည်သို့ပင်ဆိုစေ လူဦးရေပျံ့နှံ့တည်ရှိမှု အနေအထားကို ကြည့်ပါက အာဆဒ်အစိုးရ၏ ရေရှည်တည်ရှိနေသည့် မခိုင်မြဲ အားပျော့ထိခိုက်လွယ်မှုကို မြင်သာနေပြီး၊ နောက်ဆုံး ကျဆုံးရမည့်အရေးကိုလည်း မြင်နေရသည်။ 

သို့ဆိုလျှင် မြန်မာနိုင်ငံ၏ အခြေအနေ ကရော မည်သို့ရှိပါမည်နည်း။ မကြာသေးခင် လများအထိ မြန်မာနိုင်ငံတွင် လည်း လစ်ဗျားနိုင်ငံကဲ့သို့ပင် နိုင်ငံရေးပါတီများ ကင်းမဲ့နေသည့် နိုင်ငံဖြစ်သည်။ ၁၉၉၂ ခုနှစ်မှ ယခုကာလတိုင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြိုင်ဘက်မရှိ အာဏာကို ချုပ်ကိုင်ထားခဲ့သည်။ သို့သော်လည်း ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ တွင် ရွေးကောက်ပွဲ ကျင်းပခဲ့ခြင်းနှင့် စစ်တပ်က ကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဦးဆောင်သည့် အစိုးရပေါ်ပေါက်လာခြင်းတော့ ထူးခြားသည့် တိုးတက်မှုအဖြစ် ရှိနေသည်။ ၎င်းပါတီက ရွေးကောက်ပွဲတွင် အမတ်နေရာ ၇၆ % ကျော် အနိုင်ရရှိထားခဲ့သည်ဟု ကြွေးကြော်နေသည်။ ၎င်းအပြင် စစ်တပ်ကလည်း အမတ်နေရာ ၂၅ % ကို အလိုအလျောက် ရယူပိုင်ခွင့် ရှိထားသေးသည်။
unrest-2
အီဂျစ် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများ Cairo မြို့ရှိ Tahrir ရင်ပြင်တွင် စုရုံးနေကြသည်ကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တွေ့ရှိရစဉ်။ (ဓာတ်ပုံ - AFP)
ထို့အပြင် ယခုတိုင် တပ်မတော်က ဗမာလူမျိုးတို့၏ ဝိသေသလက္ခဏာကို စွဲစွဲမြဲမြဲ ထိန်းသိမ်းထားဆဲ ဖြစ်သည်။ သို့သော် မြန်မာနိုင်ငံတွင် တိုင်းရင်းသား လူမျိုးစုများက နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့် ရှိနေကြသည်။  လွတ်လပ်ရေး ရပြီးချိန်မှစ၍ မိမိတို့ကိုယ် မိမိတို့ တိုင်းရင်းသား လူမျိုးစုများဟု ဖော်ပြထားသည့် သူပုန်အုပ်စုများက ဗဟိုအစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်၍ အခွင့်အရေး တောင်းဆိုနေခဲ့ကြပြီး၊ ခေတ်သစ် မြန်မာနိုင်ငံအတွင်းသို့ ၎င်းအုပ်စုများကို
 သေချာစွာ သိမ်းသွင်းပူးပေါင်း စေနိုင်ခဲ့ခြင်း မရှိသေးပါ။ သမိုင်းအရ သူတို့ဆက်ခံနေထိုင်ကြသည့် နယ်မြေများကို ပိုင်ဆိုင်အုပ်ချုပ်ခွင့်ကိုလည်း တောင်းဆိုနေကြပါသည်။

တရားကိုယ်သဘောအရ ပါလာသည့် ကွဲပြားခြားနားမှုများ

ဤသို့ တွေ့ရှိသည့် အချက်အလက်များကြောင့် များမကြာခင် လများတွင် မြန်မာနိုင်ငံ၌ မလွဲမရှောင်သာ အပြောင်းအလဲများ အတွက် လူထုအုံကြွမှုများ ဖြစ်ပေါ်လာမည်ဟု ဆန္ဒမစောသင့်သေးပါ။ မြန်မာလူထုများက သူတို့ဖိနပ်များကို အစိုးရအရာရှိများထံ ပစ်လွှတ်ရန် ချိန်ရွယ်ပြင်ဆင်နေကြသလို၊ မြန်မာနိုင်ငံနှင့် အခြား အာရပ် နိုင်ငံများ ဖြစ်ရပ်တခုချင်းစီကို နှိုင်းယှဉ်ကြည့်ပါကလည်း စစ်တပ်၊ ပါတီနှင့် အခြား ဝိသေသလက္ခဏာများတွင် တူညီချက်အချို့ ရှိနေသည်ကို တွေ့ကြရမည်ဖြစ်သည်။ သို့သော်လည်း အရေးပါသည့် ကဏ္ဍ ၃ ခုနှင့် ကျန်ဆက်ဆံရေး ကိစ္စများ နှိုင်းယှဉ်ကြည့်ပါက အာရပ်ကမ္ဘာမှ နွေဦးကို မြန်မာပြည် နွေဥတုအဖြစ် ပြောင်းလဲပစ်နိုင်မည်၊ မနိုင်မည် ဆိုသည်မှာ အကြီးအကျယ် သံသယဖြစ်စရာ ရှိနေပါသေးသည်။  

မြန်မာနိုင်ငံနှင့် အာရပ်နွေဦး ကြုံခဲ့သည့် နိုင်ငံများအကြား အဓိကကျသည့် ကွာခြားချက်မှာ ဘာသာကိုးကွယ် ယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် သမိုင်းပင် ဖြစ်သည်။ ၎င်းအချက် ၃-ခုက မြန်မာနှင့် အရပ်ကမ္ဘာအကြား အကြီးအကျယ်
 ခြားနားနေကြပြီး၊ အာရပ်နိုင်ငံများ အချင်းချင်းယှဉ်ကြည့်ပါကမူ တသားတည်းနီးပါး တူညီသည်ကို တွေ့ကြရမည်
 ဖြစ်သည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာများက လူထုဆန္ဒပြပွဲများ အရှေ့မှ ဦး ဆောင်ခဲ့ကြသည်ကို တွေ့ခဲ့ရသည်။ သံဃာဟူသည့် ဘာသာရေးအဖွဲ့အစည်းတရပ်က အစိုးရက ဗုဒ္ဓဘာသာ အပေါ် ဖွင့်ဆို ထားသည့် အခန်းကဏ္ဍရှိ ယဉ်ကျေးမှုနှင့် လူမှုအသိုက်အဝန်းဆိုသည်ကို ဆန့်ကျင်၍ ရပ်တည်ခဲ့ကြသည်ကို မြင်ရပါလိမ့် မည်။ မြန်မာနိုင်ငံရှိ ၉ဝ% သော လူထုများက ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ယနေ့အချိန်တွင် မြန်မာနိုင်ငံရှိ သံဃာများ မှာ အာဏာပိုင်များ၏ တစိုက်မတ်မတ် စောင့်ကြည့်မှုအောက်တွင်
 နေထိုင်နေကြရဆဲ ဖြစ်ပြီး၊ နိုင်ငံ၏ လူမှုရေး-နိုင်ငံရေး နယ်ပယ်များတွင် နောက်ထပ်စိန်ခေါ် ရင်ဆိုင်မှုများ မဖြစ်ပေါ်လာအောင်လည်း တားဆီးပိတ်ဆို့ထားကြသည်။ 

မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်နှင့်အညီ၊ အာရပ်ကမ္ဘာ နိုင်ငံများတွင်လည်း အစ္စလာမ်မစ် ပြဋ္ဌာန်းချက်များက သူတို့ လူထုများ၏ ဘဝများကို ယဉ်ကျေးမှု၊ နိုင်ငံရေး ဇာပန်းများအဖြစ် ထင်ရှားစွာ ယက်ဖောက် ဆက်စပ်နေကြသည်။ ဘာသာရေး ကိစ္စများက နိုင်ငံတော်များ၏ အခြားစိုးမိုးနေသည့် ကိန်းရှင်များနှင့် ဆက်နွယ်နေကြရာ၊ မတူကွဲပြားသည့် လူထုများ၌ လှုပ်ရှားမှုများနှင့် အမူအကျင့်များလည်း မတူကွဲပြားစွာ ပေါ်ထွက်လာဖွယ် ရှိပါသည်။

ထို့အပြင် အာရပ်နိုင်ငံများ နွေဦး၌ တွေ့ရသည်မှာ အစိုးရနှင့် စစ်တပ်များအကြား၌ သေချာတည်ရှိနေသည့်၊ တခါတရံ မသဲမကွဲ ဝေဝါးတည်ရှိနေသည့်၊ ဆက်စပ်ပြီး နယ်ပယ်တခုအပေါ် တခုထပ်နေသေးသည့် ဆက်ဆံရေးမျိုးကိုလည်း
 တွေ့ရှိရသည်။ မြန်မာနိုင်ငံတွင် ဤသို့ အရပ်ဖက် အစိုးရ-စစ်တပ် ဆက်ဆံရေး အခြေအနေမျိုးက ပေါ်ပေါက် အခြေတည်စ အခြေအနေသာ ရှိသေးသည်။ အကယ်၍ လမ်းမှန်အတိုင်း ဖြစ်ပေါ်လာပါက ဤသို့ဆက်ဆံရေးကိစ္စမှာ ပို၍ လှုပ်ရှားနိုင်ဖွယ် အခြေအနေကိုလည်း ပေါ်ပေါက်စေမည် ဖြစ်သလို၊ အကျပ်အတည်း ကာလအတွင်း၌ပင် စစ်တပ်၏ အပြိုင်အဆိုင် သဘောထားများကို လှုပ်ရှားခွင့်ပြုမည့် အနေအထားလည်း ပေါ်ပေါက်လာစေမည်ဖြစ်သည်။

ဒစ်ဂျစ်တယ် တော်လှန်ရေး

အာရပ်နွေဦးကို ကြုံခဲ့ကြသည့် နိုင်ငံများနှင့် မြန်မာနိုင်ငံအကြား တူညီမှုများနှင့် မတူကွဲပြားမှုများကို ထည့်သွင်း စဉ်းစားမည် ဆိုလျှင်၊ အရေးပါသည့် အစိတ်အပိုင်းဖြစ်သည့် အတိုက်အခံ အင်အားစု၏ မဟာဗျူဟာကို အကျဉ်းသဘော ထည့်သွင်း တွက်ချက်ခြင်း မရှိပါက ပြည့်စုံနိုင်လိမ့်မည် မဟုတ်ပေ။ ထည့်သွင်းစဉ်းစားရမည့် အချက်မှာ လူထုအများအကြား ဆက်သွယ်ရေးစနစ်ပင် ဖြစ်သည်။ ကိုင်ရိုတွင် မွေးစကလေးကပင် ဖေ့စ်ဘုတ် Facebook နှင့် မျက်နှာသစ် ဘဝတွင်း ချင်းနင်းဝင်ရောက်လာနေသည့် အချိန်တွင် အစိုးရကို ဖြုတ်ချပေးသည့် အဓိကအခန်းကဏ္ဍ၌ အင်တာနက်နှင့် တယ်လီဖုန်း၊ လူမှုရေး ကွန်ရက်များ ဆက်စပ်ပတ်သက်နေကြမည်မှာ သံသယရှိစရာ မလိုပေ။ အောက်ဖော်ပြပါ ကိန်းဂဏန်းများသည် မြန်မာနိုင်ငံရှိ လူဦးရေနှင့် အာရပ်နွေဦး ကြုံခဲ့ရသည့် နိုင်ငံ ၅ ခု အကြား အကျဉ်းရုံး နှိုင်းယှဉ်ဖော်ပြထားခြင်း ဖြစ်ပါသည်။ 

အင်တာနက် အသုံးပြုသည့် နိုင်ငံများ အီဂျစ် လစ်ဗျား ဆီးရီးယား တူနီးရှား ယီမင် မြန်မာ
အင်တာနက် အသုံးပြုသူများ ၂၅% ၅.၅% ၂ဝ% ၃၃% ၁ဝ% ၂%
အင်တာနက် ပင်မဌာန (Internet hosts) ၁၈၇,ဝဝဝ ၁၂,ဝဝဝ ၈,ဝဝဝ ၅ဝဝ ၂၅ဝ ၁၇ဝ
မိုဘိုင်းဖုံး အသုံးပြုသူ ၆၇% ၇၅% ၄၃% ၉၂% ၃၄% ၉.၅%
ပင်ရင်း။ CIA Factbook.

ရာခိုင်နှုန်းများသည် စုစုပေါင်းလူဦးရေအပေါ် အခြေခံတွက်ချက်ထားသည့် ရာခိုင်နှုန်းများဖြစ်ပြီး၊ အကြမ်းဖျဉ်း ခန့်မှန်းချက်များ ဖြစ်ပါသည်။

မည်သည့်နည်းနာဖြင့် ယှဉ်ယှဉ်၊ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး အခြေခံအဆောက်အအုံက အာရပ်နွေဦး ကြုံခဲ့သည့်
 နိုင်ငံအများထက် နောက်ကျကျန်ရစ်နေသည်ကို မြင်သာသည်။ ဤအချက်ကြောင့် မြန်မာလူထုအနေဖြင့် မြောက်ပိုင်း အာဖရိက နိုင်ငံများ၊ အရှေ့အလယ်ပိုင်းဒေသရှိ ပြည်သူများထက် ပို၍ တင်းကျပ်သည့် လူမှုရေးဝန်းကျင် ကြုံတွေ့နေရသည်ကိုလည်း ထောက်ပြနေသကဲ့သို့ ရှိသည်။

တူနီးရှားနိုင်ငံတွင် (သည် အီကော်နောမစ် The Economist
ခွဲထွက်ရေးဝါဒနှင့် ညီညွတ်ရေး၊ လူနည်းစု
 နှင့်
လူများစု၊ အစွန်အဖျားနှင့် ပင်မရေစီး၊
တစိတ်တပိုင်းနှင့် တစုံလုံးဆိုင်ရာ ကိစ္စ ..
စသဖြင့် အာရပ်ကမ္ဘာ လူမှုအဖွဲ့အစည်းနှင့်
 နိုင်ငံရေး မျက်နှာပြင်၏ အောက်ခြေတွင် ယခုဆန့်ကျင်ဖက်တရားများက ရှိနေဆဲ
 ဖြစ်သည်။ ပက်ထရစ် ဆီးလ် (Patrick Seale)
မဂ္ဂဇင်း၏ တွက်ချက်မှုပုံစံ မိုဒယ်တွင် ထည့်သွင်း
ဖော်ပြထားခြင်း မရှိသည့်) အပြန်အလှန်ဆက်သွယ်မှု အဆင့်မြင့်မားနေသောကြောင့်၊ တူနီးရှား ပြည်သူများအဖို့ သပိတ်အောင်ပွဲခံရန် အလျင်နှင့် အလားအလာကောင်း ရှိသည်ကို ဖော်ပြနေသည်။ အခြား ဆက်စပ်နေသည့် အချက်အလက်များ သိမ်းကျုံး အနေအထားမှာမူ ဆီးရီးယားနှင့် ယီမင်က နိမ့်နေရာ၊ အတိုက်အခံများ
 နောက်ဆုံး အောင်ပွဲခံရန် ခက်ခဲနေသည့် အနေအထားကိုလည်း ပြညွှန်းနေသည်။

လူသားချင်း စာနာမှု စစ်ပွဲ

မကြာသေးမီက လစ်ဗျားနိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများကို ကြည့်လျှင် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုကို ထည့်သွင်း၍ တွက်ချက်ရမည်ပင် ဖြစ်သည်။ ၎င်းကဲ့သို့ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်အတွက် ဥပဒေကျိုးကြောင်းများက
 ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာနေသော်လည်း၊ မိမိတို့ မျှော်လင့်ထားသည့်နှင့် ဆန့်ကျင်ကွဲလွဲစွာပင် စစ်အေးတိုက်ပွဲ ပြီးသည့်နောက်ပိုင်း၊ စတင်ခဲ့သည့် လက်တွေ့အကောင်အထည်ဖော်ခဲ့သည့် လူသားချင်းစာနာမှုအရ ဝင်ရောက်တိုက်ခိုက်သည့် စစ်ပွဲများက မှန်းချက်နှင့် နှမ်းထွက်မကိုက်၊ အနှုတ်ရလဒ်ကိုချည်း ဖော်ပြနေခဲ့သည်။ 

၁၉၉ဝ ခုနှစ်များတွင် အောင်မြင်သည့် ဝင်ရောက်စွက်ဖက်မှုများဟူ၍ လက်ချိုးရေတွက် ရလောက်အောင် ရှိပြီး၊
 ဘော့ဇနီးယား၊ ကိုဆိုဗိုတွင် နေတိုးတပ်ဖွဲ့များ၏ စွက်ဖက်မှု၊ အရှေ့တီမောတွင် သြစတြေးလျနိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှု၊ ဟေတီတွင် အမေရိကန်၏ စွက်ဖက်မှု၊ ဆီရာလီယွန်းတွင် ဗြိတိန်နိုင်ငံ၏ ဝင်ရောက် စွက်ဖက်မှုများမျှသာ
 ပြောစရာ ရှိသည်။ ဤသို့ ဝင်ရောက် စွက်ဖက်မှုတိုင်းတွင် အရေးကြီးသည့် အချက်မှာ ဒေသခံ အရေးပါသည့် အင်အားစုများ ပါဝင်စေရေးဖြစ်ပြီး၊ ယခုတိုင် လစ်ဗျားအရေးတွင်လည်း အကြုံးဝင်နေသေးသည်။

ဒေသဆိုင်ရာ သြဇာရှိသည့် အင်အားစုများ ပါဝင်ဖြည့်ဆည်း ဆောင်ရွက်စေသည့်တိုင်၊ ဘင်ဂါဇီ သူပုန်တို့၏ ခံတပ်ကို လွတ်မြောက်စေပြီးသည့်တိုင်၊ ဂဒါဖီ၏ ဆိုးသွမ်းကြမ်းတမ်းသည့် စစ်တပ်များလက်ဝယ် သွေးချောင်းစီးရမည့် အနေအထားကိုသာ အသွင်ပြောင်း ဖန်တီးပေးခဲ့ခြင်း ဖြစ်သည်ဟု အချို့သော အင်အားစုများက ဆန့်ကျင်တုံ့ပြန်မှုများ
 တွေ့နေရဆဲ ဖြစ်သည်။ အလားတူပင် ဘင်ဂါဇီကို နောက်ထပ် ဆာဗရီနီကာ Srebrenica အဖြစ် အဖြစ်ခံ၍ မဖြစ်သေးပေ။ အကယ်၍ ဤနေရာတွင် သင်ခန်းစာထုတ်ယူရန် ကိစ္စတခု ရှိသည်ဆိုပါက၊ ၎င်းမှာ ထင်သာ
 မြင်သာသည့် နေရာတခုတွင် နယ်မြေတခုကို စိုးမိုးရယူထားရေးပင် ဖြစ်ပါလိမ့်မည်။

နောက်ဆုံးအနေဖြင့် လစ်ဗျားနိုင်ငံ၏ အချိန်ဇယားက နေတိုးတပ်ဖွဲ့များ မျှော်မှန်းထားသည်ထက် မည်မျှပင်
 နောက်ကျ၍ နေသည်ဆိုစေ၊ အောက်ခြေ မြေပြင်အနေအထားက မူလက နားလည်သိရှိထားကြသည်ထက် ပို၍ ရှုပ်ထွေးပွေလီပါသည်။ မူလ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ချထားသည့် ဘောင်ထက် ကျော်လွန်၍ အစိုးရဖြုတ်ချရေးအထိ ဦးတည်နေကြသည်လည်း ဖြစ်ပေါ်၍နေသည်။ သို့အတွက်ကြောင့် ကုလသမဂ္ဂ စနစ်ဘောင်အတွင်းမှ နောက်ထပ် ဝင်ရောက်စွက်ဖက်ရေး စစ်ပွဲတခု ပြုဖို့ဆိုလျှင် (နိုင်ငံများအဖို့) စိတ်အားထက်သန်မှုများ တွေ့ရှိရဖို့ ခက်ခဲပါသည်။ ခပ်ကင်းကင်းနေလိုကြသည့် အနေအထားသာ များလိမ့်မည် ဖြစ်ပါသည်။

ယခုအချိန်တွင် အမေရိကန် ပြည်ထောင်စုက စစ်ပွဲ ၂ ခုတွင် ပါဝင်ပတ်သက်နေရသည်။ တတိယစစ်ပွဲတခုနှင့်
 နောက်ထပ် စစ်ပွဲကုန်ကျစရိတ်များ ကျခံရန်ဆိုသည်မှာ ပြည်တွင်းတွင်ရော၊ ပြည်ပတွင်ပါ နိုင်ငံရေးအရ မဖြစ်နိုင်သည့်အခြေအနေတွင် ရှိနေသည်။ တကိုယ်တော်ကြဲရန် ဆိုသည်မှာလည်း မဖြစ်နိုင်သလောက် ရှိသည်။ အကြမ်းဖက်သမား အိုစမာ ဘင်လာဒင်ကို ဝင်ရောက်စီးနင်း လုပ်ကြံသည့်ကိစ္စကတော့ ကုန်ကျစရိတ်နှင့် ထိရောက်ကာမိသည်ဟု ဆိုနိုင်ပြီး၊ အမေရိကန်၏ လုံခြုံရေးအတွက်နှင့် နိုင်ငံရေးအတွက်လည်း အရေးပါသည့်ကိစ္စ
 ဖြစ်နေသည်။ မြန်မာပြည်အရေးမှာမူ ဤသို့စဉ်းစားဖွယ် အကြောင်း မရှိလှပါ။

တူနီးရှားမှသည် နေပြည်တော်သို့

သို့ဆိုလျှင် အာရပ်ကမ္ဘာမှ လူထုမကျေနပ်မှု
ခေတ်သစ် နိုင်ငံတော် စတင်ပေါ်ပေါက်
လာချိန်၊ လွတ်လပ်ရေး ရပြီးချိန် ကတည်းမှ
 နေ၍ အပြောင်း အလဲ လေပြေညင်းက တိုက်ခတ်
နေခဲ့သည်။ အာရပ်နိုင်ငံများနှင့် အတူ ဤလေပြေက ပြင်းထန် အားကောင်း လာသည့် အချိန် ရှိသလို၊ နိုင်ငံအစိုးရ၏ အကျင့်ပျက်
 ခြစားမှု၊ နိုင်ငံတော်က ကျူးလွန်နေသည့် ရာဇဝတ်သားဆန်ဆန် အမှုများကြောင့် အဖိနှိပ်ခံနေရသည့် လူထု၏ မကျေနပ်မှုများနှင့်
 ဒေါသများ လည်း ရှိနေကြသည်။
မီးပွားများက
 ဝေးကွာလှမ်းသည့် မြန်မာနိုင်ငံသို့ ကူးစက်လာရန် မဖြစ်နိုင်ပြီလော။ ဘယ်လိုမှ ဖြစ်ဖွယ်မရှိဟု ငြင်းချက်ထုတ်၍ မရနိုင်ပါ။ ဒေတာ အချက်အလက်များအပေါ် လေ့လာ သုံးသပ်ချက် အရ လူထုအုံကြွမှုများနှင့် ရှောင်ရှားဘေးကင်းစွာ
 နေနိုင်ဖွယ် မမြင်မိပါ။ ခေတ်သစ်နိုင်ငံတော် စတင်ပေါ်ပေါက် လာချိန်၊ လွတ်လပ်ရေးရပြီးချိန် ကတည်းမှနေ၍ အပြောင်းအလဲ လေပြေညင်းက တိုက်ခတ်နေခဲ့သည်။

အာရပ်နိုင်ငံများနှင့်အတူ ဤလေပြေက ပြင်းထန်အားကောင်း လာသည့် အချိန် ရှိသလို၊ နိုင်ငံအစိုးရ၏ အကျင့်ပျက် ခြစားမှု၊
 နိုင်ငံတော်က ကျူးလွန်နေသည့် ရာဇဝတ်သား ဆန်ဆန် အမှုများကြောင့် အဖိနှိပ်ခံနေရသည့် လူထု၏ မကျေနပ်မှုများနှင့် ဒေါသများလည်း ရှိနေကြသည်။

သို့သော်လည်း မြန်မာ့နိုင်ငံရေး နယ်ပယ်တွင်မူ ရေတိုအနာဂတ်ကာလ၌ သိသာထင်ရှားသည့် အပြောင်းအလဲများ
 ဖြစ်ပေါ်ရန် တားဆီးနေသည့် ကြီးလေးသော အရာကိစ္စများလည်း ရှိနေသေးသည်။ စစ်တပ်က တလျှောက်လုံး အမျိုးသားလုံခြုံရေး အကျပ်အတည်းတွင် အဓိကနေရာယူထားပြီး၊ ၎င်းတို့၏ စိုးရိမ်သံသယစိတ်က ကဲနေဆဲ ဖြစ်သည်။

ထို့အပြင် စစ်တပ်နှင့် အစိုးရအကြား နီးကပ်စွာ ဆက်စပ်တည်ရှိနေပြန်သည်။ ထို့အပြင် မြန်မာနိုင်ငံက လူမျိုးရေး ဝိသေသ အစွဲကြီးလွန်းသည့် နိုင်ငံတခုလည်း ဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံက အပြန်အလှန် ဆက်သွယ်မှု
 မြှင့်တင်နိုင်ရန် အတွက်ဆိုလျှင် အခြေခံ အဆောက်အဦ လုပ်ငန်းများတွင် နှောင့်နှေးနောက်ကျကျန်နေဆဲ ဖြစ်သည်။ ဤအချက်များ အားလုံးနှင့် မြန်မာနိုင်ငံ၏ ထူးခြားသီးသန့်ဖြစ်သော သမိုင်းရေး၊ ဘာသာရေး၊ ယဉ်ကျေးမှု နောက်ခံ အကြောင်းများနှင့်လည်း ဆက်စပ်နေပြန်သည်။ [သည် အီကော နောမစ် The Economist မဂ္ဂဇင်းက တွက်ချက်တိုင်းတာခဲ့သည့် အာရပ်ကမ္ဘာအတွက် ချည်းကပ်တိုင်းတာမှုများတွင် ဤအချက်များကိုတော့ လျစ်လျူရှုထားသည်ကို တွေ့ရသည်။]

နောက်ဆုံးအနေဖြင့် မြန်မာနိုင်ငံတွင် သူပုန်ထမှုများ ဆက်လက် ဖြစ်ပေါ်နေသေးသည်၊ မြန်မာနိုင်ငံ၌ အပြောင်းအလဲများ မလွဲမသေ ဖြစ်ပေါ်လာရ ခြိမ့်မည်ကို အသိအမှတ် ပြုထားသည်နှင့် တချိန်တည်းတွင် အာရပ်ကမ္ဘာရှိ သဲကန္တရာများတွင် ရှာဖွေမတွေ့ရှိခဲ့ရသေးသည့် လမ်းပြမြေပုံမျိုး မြန်မာနိုင်ငံတွင် ရှာဖွေတွေ့ရှိနိုင်မည်လော... စောကြောနေမိပါသေးသည်။
 
(Joseph Ball  ရေးသားသည့် Winds of change targeting Burma? ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။)
http://www.mizzimaburmese.com/edop/songpa/7838-2011-06-29-06-06-12.html မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...