Monday, June 27, 2011

“လူထုအခြေပြု ဖွံ့ဖြိုးရေးအဖွဲ့အစည်းများအတွက် အခြေခံသဘောတရားများ”

by Sein Khat Soe on Tuesday, June 28, 2011 at 2:41am


ကျွန်တော်တို့နိုင်ငံတွင် အခြားအခြားသော ဖွဲ့ဖြိုးဆဲ၊ ဖွံ့ဖြိုးမှုနှေးကွေးဆဲ၊ ဆုတ်ယုတ်ဆဲနိုင်ငံများနည်းတူ “လူထုအခြေပြုအသင်းအဖွဲ့များ” ဟုခေါ်ဆိုသော အသင်းအဖွဲ့များ မရေမတွက်နိုင်လောက်အောင် ၁၀စုနှစ်တစ် ခုအတွင်းပေါ်ပေါက်ခဲ့သည်။ သို့သော် ထိုအသင်းအဖွဲ့များကို တိကျသေခြာသောနည်းများဖြင့် မည်သို့ဦးဆောင်ကြမည်။ မည်ကဲ့သို့ အကျိုးဖြစ်ထွန်းအောင်ပြု လုပ်မည်ဆိုသည်ကတော့ စိန်ခေါ်ချက်တစ်ခုလို၊ အိပ်မက်ဆိုးတစ်ခုလိုကို ဖြစ်နေသေးသည်။

တာဝန်ရှိဆိုင်းဘုတ်အောက်က လူများလည်း မထိရဲမကိုင်ရဲဖြစ်နေသလို၊ တာဝန်ခံလုပ်ကိုင်နေသော ဆိုင်းဘုတ် အောက်တွင်ရှိနေ ကြသော လူများမှာလည်း ကျွမ်းကျင်မှု၊ မိမိကိုယ်ကိုယ်ယုံကြည်မှုဆိုတာလည်း ပြင်ပနိုင်ငံတစ် ခုခုမှ နို့သက်ခံစို့နေရစဲအခြေအ နေတွင်သာရှိနေသေးသည်။ အမြန်ဖွံ့ဖြိုးလာစေချင်သလို။ တာဝန်ခံနိုင်သော မျိုး ဆက်များ များများပေါ်ထွန်းလာသင့်သည့် အချိန် ကောင်းဟု အားပေးတိုက်တွန်းချင်ပါသည်။

မိမိအသင်းအဖွဲ့၊ မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသော အသင်းအဖွဲ့ တစ်ခုခုကို အောက်ပါမေးခွန်းများကို မေး မြန်းထောက်ပြခြင်းဖြင့် သူတို့ ဘယ်လိုအခြေအနေရှိသည်ကို သင်ကိုယ်တိုင်သိနိုင်လောက်သည်ဟု ယူဆသ ဖြင့် ဝေငှလိုက်ပါသည်။ ရိုးရိုးသားသားအကွယ်မထောက်မေးမြန်းအဖြေထုတ်ကြည့်ကြစေချင်ပါသည်။

၁။ အသင့်အဖွဲ့၏ ခေါင်းဆောင်များသည် မည်သို့သောသူများနည်း။ ထိုသူများသည် မည်သည့်လူတန်းစားထဲက နည်း (နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး)။ မည်သည့်အကျိုးကို လိုလားသဖြင့် အသင်းအဖွဲ့ကို ဝင်ရောက်ဦး ဆောင်သနည်း။ ကျား၊ မ မခွဲခြား၊ လူမျိုးရေး ဘက်မလိုက်ဘဲလုပ်နိုင်မည့်သူ ဟုတ်ရဲ့လား။ တရားမျှတစွာ ဆောင်ရွက်သူဖြစ်ပါရဲ့လား။

၂။ မိမိအသင်းအဖွဲ့သည် ခေါင်းဆောင်ကို အဓိကထားသလား။ သာမန်အသင်းသားများဖြင့် အားကောင်းအောင် ဖွဲ့စည်းထားခြင်းဖြစ်သ လား။ အဆင့်ဆင့်တာဝန်ခံဖို့ပြင်ဆင်ထားပါသလား။

၃။ အသင်းအဖွဲ့ထဲတွင် ဆုံးဖြတ်ချက်များကို ဘယ်လိုချသလဲ။ ကော်မတီအဖွဲ့ကလုပ်သလား။ ဒါရိုက်တာ အဖွဲ့က လုပ်သလား။ ထို့အပြင် ဆုံးဖြတ်ချက်များသည် တရားမျှတမှုရှိမရှိ၊ အသင်းအဖွဲ့အတွက် အကျိုးရှိမရှိ။ မိမိအ သင်းအဖွဲ့၏ ရည်မှန်းချက်၊ ဦးတည်ချက်ကို ရောက်မရောက်ကို မည်သူများက စစ်ဆေးသနည်း၊ မည်ကဲ့သို့စစ် ဆေးသနည်း။ စစ်ဆေးသည့်အခါ ကြုံတွေ့ရသည် အခက်ခဲများက မည်သို့နည်း။

၎။ ယောင်္ကျား၊ မိန်းမ (အလိုအပ်ဆုံးသူ)၊ ဦးတည်အုပ်စုကို တစ်ကယ်ထိရောက်သလား။ အသင်းဖွဲ့ထဲမှာပါဝင် ပြီး အကျိုးကျေးဇူးအများဆုံးခံစားရသူများဟာ ဘယ်လိုလူမျိုးများလဲ(ယောင်္ကျား၊ မိန်းမ၊ ဘာသာရေးခေါင်း ဆောင်၊ ရပ်မိရပ်ဖ၊ အုပ်ချုပ်ရေးလူကြီး)။

၅။ အကောင်ထည်ဖော်ဆောင်ရာ ဒေသတွင်းမှ အစိုးရအဖွဲ့ဝင် အုပ်ချုပ်ရေး ဝန်ထမ်းများနှင့်ဆက်ဆံရေးမည် ကဲ့သို့ရှိသနည်း။ မည်သည့်နည်းဖြင့် ချဉ်းကပ်ရသနည်း။ ဖြတ်စား လာဘ်စားလုပ်တတ်ကြသလား။ မည်သူက တာဝန်ခံပြီးတွေ့ဆုံလေ့ရှိသနည်း။

၆။ အသင်းအဖွဲ့ဝင်ခေါင်းဆောင်များ၊ ဦးဆောင်လှုပ်ရှားသူများနှင့်အဖွဲ့ဝင် အသင်းသားများရဲ့ ထူးခြားတဲ့ အသိ တရား၊ ဥာဏ်ပညာ၊ အတတ်ပညာအရည်အချင်းများ မည်ကဲ့သို့ရှိသလဲ။ (ဥပမာ - အကောင်ထည်ဖော်နေသော စီမံကိန်း၊ ဦးတည်ချက်များအောင်မြင်ရေးအတွက် တစ်ဦးချင်းအလိုက် ယုံကြည်မှု၊ ရှင်းရှင်းလင်းလင်းသိမှု၊ တိတိ ပါဝင် ဆောင်ရွက်နိုင်မှု)

၇။ မိမိအသင်းအဖွဲ့ဟာ ကိုယ့်အားကိုယ်ကိုးအဖွဲ့လား။ ပြင်ပ အလှူငွေကိုအဓိကထား မျှော်လင့်နေရတဲ့အဖွဲ့ လား။ အသင်းအဖွဲ့ဝင်များဟာ လုပ်အားမှတပါး မည်သည့်ထည့်ဝင်မှုမျိုးမှ မရှိနိုင်ဘူးလား။ အခွင့်အရေးတစ်ခုခု နှင့် အပေးအယူလုပ်ထားရတဲ့ အဖွဲ့အစည်းမျိုးလား။

၈။ ဦးတည်အုပ်စု၊ လိုအပ်ချက်အရှိဆုံးလူများနှင့်ပတ်သတ်သော လိုအပ်ချက်များကို မိမိစီမံကိန်းလုပ်ရာ နေရာမှ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ အစိုးရအဖွဲ့ဝင်များနှင့် အပြန်အလှန်အမှီသဟဲပြုမှုရှိလား။ ထိုအခြေနေမျိုးများတွင် မိမိအသင်းအဖွဲ့ရဲ့ အခန်းကဏ္ဍမည်မျှအထိ ပေါက်ရောက်သလဲ။

၉။ မိမိအသင်းအဖွဲ့မှာ ရှိသော အသင်းသားအဖွဲ့ဝင်များရဲ့ တိုးနှုန်း၊ လျော့နှုန်း၊ အပတ်စဉ်၊ လစဉ် ပါဝင်ဆောင်ရွက် မှုနှုန်း ဘယ်လိုရှိသလဲ။ တိုးလျှင်ဖြစ်စေ၊ လျော့ကျသွားလျှင် ဖြစ်စေ။ ဘာအကြောင်း ကြောင်းလဲ။

၁၀။ ဦးတည်အုပ်စု၊ အသင်းအဖွဲ့ဝင်များကြား အပြန်အလှန်ယုံကြည်လေးစားမှု အခြေအနေမည်မျှအထိ ခိုင်မာ သလဲ။ အစိုးရအဖွဲ့အစည်းများရဲ့ ရှု့မြင်ပုံကဘယ်လိုအခြေအနေရှိသလဲ။ သီးခြားအဖွဲ့အစည်းတစ်ခု သို့မဟုတ် အစိုးရအာဏာပိုင်များမျှ အဖွဲ့အစည်းပေါ် ဖိနှိပ်မှုရှိသလား။ ဝင် ရောက် ပူးပေါင်းလိုသလား။ အတုယူ မူကွဲထပ် လုပ်ချင်တာမျိုးရှိသလား။ ရှိခဲ့လျှင် ဘာရည်ရွယ်ချက်ကြောင့်လဲ။ ဘယ်လိုတားဆီးမလဲ။ ဘယ်လိုပူးပေါင်းမလဲ။

အထက်ပါအချက် ၁၀ ချက်သည်။ အသင်းအဖွဲ့ပြုလုပ်နေသူများ အထူးသတိထားပြီး စဉ်ဆက်မပြတ်သုံးသပ်နေ ရမည့်အချက်များဖြစ်ပေသည်။ လူထုအခြေပြုအသင်းအဖွဲ့ ဆိုသည်နှင့်အညီ လူထုအကျိုးကို အခြေခံထားသော စည်းမျဉ်းစည်းကမ်းများဖြင့် လူထုကိုယ်တိုင်ပူးပေါင်းပါဝင်ခွင့်ရသော ဦးတည်ချက်များ၊ လှုပ်ရှားမှုများ၊ အလေ့အ ကျင့်များ တတ်နိုင်သမျှ များနိုင်သမျှ ပြုလုပ်ပေးရမည်ဖြစ်ပေးသည်။

အဓိကမှတ်သား၊ ခံယူထားရမည်မှာ လူမှုဖွံ့ဖြိုးရေးလုပ်ငန်းဆိုသည်မှာ ကျွဲး၊ နွားခိုးပေါ်သောအလုပ်မဟုတ်သလို၊ ထင်ပေါ်ချင်လို့ စင်ပေါ်တက်ကရသည့်အလုပ်မျိုးမဟုတ်ပေ။ အခြေခံကျရမည်ဖြစ်သလို ရိုးသားပွင့်လင်းရမည် လည်းဖြစ်ပေသည်။ မပွင့်လင်းနိုင်၊ လေပေါ်၊ မိုးပေါ်မှ မဆင်းနိုင်လျှင် လူထုဖွံ့ဖြိုးရေးမလုပ်တာ ပို၍ ကောင်းမည် ဖြစ်ပေသည်။

၎င်းအပြင် လူထုအခြေပြုအဖွဲ့အစည်း အစစ်အမှန်ဆိုလျှင် ဒီမိုကရေစီသဘောတရားကို အခြေပြု၍ဖွဲ့စည်းတည် ထောင်ရမည်သာဖြစ်သလို။ ဒီမိုကရေစီစနစ် အခြေခံစနစ်များကို အသုံးပြုရသော ပတ်ဝန်းကျင်ကောင်းတစ်ခု လည်းဖြစ်ရပေမည်။ ဦးဆောင်သူများအနေဖြင့်သော်လည်းကောင်း၊ နောက်လိုက်များအဖြစ်သော်လည်းကောင်း မည်သည့်အခြေအနေမျိုးဖြင့် မိမိပါဝင်ခွင့်ရနေခဲ့သည်ဖြစ်စေ မိမိပါဝင်ရှင်သန်ရာ အသင်းအဖွဲ့သည် ဒီမိုကရေစီစ နစ်ဖြင့်သာ ကျစ်ကျစ်လစ်လစ် ရှင်းရှင်းလင်းလင်းသွားနေသည်ဟု ခံစားရ၊ ယုံကြည်ရ၊ မြင်တွေ့ရခဲ့လျှင် မိမိလုပ် သည့် စီမံကိန်းသည် တစ်စုံတစ်ရာအခက်ခဲအမှားယွင်းကြောင့် မအောင်မြင်သည့်တိုင် အသင်းအဖွဲ့အခြေခံ ဆက်လက် ခိုင်မာနေမှာဖြစ်သလို။ မည်သည့်အချိန်တွင်မဆို အောင်မြင်သော စီမံကိန်းများထပ်လုပ်နိုင်မည် ဆို တာ ယုံကြည်မှတ်ယူထားစေချင်ပါသည်။

ဒီမိုကရေစီစနစ်ဆိုသည်နှင့် နိုင်ငံရေးဆိုတဲ့အပြုအမူများကို မျက်လုံးထဲ၊ စိတ်ထဲပေါ်လာလျှင်လည်း လူမှုရေး မ လုပ်သင့်ပေ။ အဘယ့်ကြောင့်ဆိုလျှင် မိမိကိုယ်တိုင်မရှင်းလင်းသော နောက်လိုက် သို့မဟုတ် ခေါင်းဆောင် တစ်ဦးသည် မည်ကဲ့သို့သောအသင်းအဖွဲ့မျိုးကိုမ၊ှ စီမံကိန်းမျိုးကိုမှ အောင်မြင်အောင်လုပ်နိုင်မည်မဟုတ်ပေ။

ထို့ပြင် မိမိတို့သည် လူထုအခြေပြုအဖွဲ့စည်းဖြစ်သည်နှင့်အညီ လူထုကိုအဓိကထားသော အခြေခံစည်းမျဉ်းများ၊ လူထုကိုယ် တိုင်ပါဝင်ပတ်သတ်ခွင့်ရနိုင်သော စီမံကိန်းလုပ်ရိုးလုပ်စဉ်များကို ချမှတ်အကောင်ထည်ဖော်နိုင်ရ မည်။ စဉ်ဆက်မပြတ်လုပ်နေရမည်ဖြစ်သလို။ မပျက်မကွက်လုပ်ကိုလုပ်နေရမည်လည်းဖြစ်သည်။

လူထုကိုအဓိကထားသော အခြေခံစည်းမျဉ်းတချို့မှာ အောက်ပါအတိုင်းဖြစ်သည်ဟု ထပ်လောင်းတင်ပြချင် ပါသည်။

၁။ အချုပ်အခြာ အာဏာသည် လူထုနှင့်အမြဲရှိသည်ကို လူထုကိုယ်တိုင်သိအောင်အားထုတ်ရမည်ဖြစ်သလို၊ မိ မိကိုယ်တိုင်လည်းလက်ခံ မှတ်ယူထားရမည်။ လွတ်လပ်စွာတွေးခေါ်ခြင်း၊ အကြံပြုခြင်း၊ ပူးပေါင်းပါ ဝင်ခြင်းများ သည် လူမျိုးအရွေးဘာသာမရွေးတွင် အခွင့်ရေးတူမျှစွာရှိသည်။ လူထုအခြေခံစည်းမျဉ်းများသည် ဘာသာရေး မစ်ရှင်များလိုမဟုတ်ရ၊ လူမျိုးရေး အသာစီးယူမှုများမဖြစ်စေရပေ။

၂။ လူထုအခြေပြုအဖွဲ့အစည်းများပီပီ ဖွံ့ဖြိုးရေးနှင့်ဆိုင်သော တာဝန်များ၊ အသင်းအဖွဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အချုပ် အခြာစည်းမျဉ်းများကို လူထုကိုယ်တိုင်ဦးဆောင်ဖော်ဆောင်နိုင်အောင် ထိန်းကျောင်းလမ်းညွန်ပေးနိုင်ရမည်။ ယုံကြည်အားကိုးရသော နည်းပညာများ၊ သတင်းအချက်အလက်များအား မိမိကိုယ်တိုင်အတွက်ရော၊ လူထုအ တွက်ပါ အစဉ်အမြဲဖြည့်တင်းပေးနေရမည်။ သို့မဟုတ် ရှာဖွေဖော်ထုတ်ပေးနေရမည်။

၃။ မိမိတို့သည် အစိုးရမှ လုပ်ရန်ပျက်ကွက်နေသော၊ လုပ်ရန်မဝံ့မရဲဖြစ်နေသော၊ လုပ်ရန် မေ့လျော့နေသော ဒီမို ကရေစီ အခြေပြု လူထုအတွက်လုပ်ငန်းစဉ်များကို ပြုလုပ်နေခြင်း၊ ကူညီဖော်ဆောင်နေခြင်းဖြစ်သဖြင့် လူထုအ ပေါ် မိမိကိုယ်တိုင်က သော်လည်းကောင်း၊ မိမိအဖွဲ့အစည်းကသော်လည်းကောင်း ဒုတိယအစိုးရဖြစ် မသွားရေးအမြဲသတိထား နေရမည်။ မိမိသည်၊ မိမိအဖွဲ့အစည်းသည် လူထုကို ထိန်းကျောင်းလမ်းညွှန်ပေးသူ သာဖြစ်နေရမည်။ အုပ်စီချယ်လှယ်ပြီး မိမိလုပ်လိုရာ လျောက်ခိုင်းနေတာ မဖြစ်စေရပေ။

၎။ ဖြစ်ပေါ်၊ သီးပွင့်လာသည့် မည်သည့်အကျိုးအမြတ်တိုင်းကိုမဆို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက် ၍ သော်လည်းကောင်း လူထုအတွက်သာဖြစ်ရမည်။ တစ်ချိန်ချိန်တွင် တာဝန်ခံမှု၊ စီမံဆောင်ရွက်မှုများသည် လူ ထုကိုယ်တိုင်လုံးလုံးလျားလျားဖြစ်သွားရမည်ဆိုသည့်အတိုင်း အမြဲထိုကဲ့သို့အကောင်ထည်ဖော်နိုင်အောင်ကျိုး စားအားထုတ်နေရမည်ဖြစ်သည်။

လူထုဖွံ့ဖြိုးရေးကို ကူညီလုပ်ကိုင်ပေးဖို့ဖွဲ့စည်းထားတဲ့၊ ဖွဲ့စည်းခဲ့တဲ့ အသင်းအဖွဲ့တစ်ခုဟာ လူထုနားမလည်၊ လိုက်မလုပ်နိုင်၊ လူထုယုံကြည်မှု၊ ကျွမ်းကျင်မှုနဲ့ ကင်းလွတ်နေသော စီမံကိန်းမျိုး၊ လုပ်ငန်းစဉ်မျိုးတွေသွားလုပ် နေတာလောက် ရှုးမိုက်တာမျိုးမရှိနိုင်သလို၊ လူထုအတွက်ခေါင်းစဉ်တပ်ပြီး လူထုမလိုက်နိုင်၊ လူထုကိုမလေး စားတဲ့အပြုအမူ အလုပ်အကိုင်တွေသွားလုပ်လျှင် လူထုရဲ့ငြင်းပယ်ခံရခြင်းကိုအနှေးအမြန်ရောက်သွားမှာဖြစ်သ လို၊ လူထုရဲ့အယုံကြည်မဲ့ခြင်းကိုလည်း မကြာမတင် ခံစားရမှာဖြစ်တယ်။

ကျွန်တော်တင်ပြခဲ့သည့် အချက်အလက်များတွင် ပြည့်စုံလုံလောက်ပြီဟုမဆိုနိုင်သေးသော်လည်း အခြေခံ ကျ သည် ဟုယုံကြည်ပါသည်။ အထူးသဖြင့် လူထုအခြေပြုအသင်းအဖွဲ့များ၊ အသင်းအဖွဲ့များသို့ပါဝင်လုပ်အား ပေး နေသူ၊ ပေးချင်နေသောသူများအတွက် တစ်စုံတစ်ရာ အမြင်ဖွင့်တံခါးခေါက်ခဲ့သည်ဆိုလျှင် ရေးရကျိုးနပ် သည် ဟု ခံယူသလို။ ဆက်လက်ရှာဖွေလေ့လာပြီး တင်ပြပေးနေဦးမည်ဟု ကတိပေးရင်း…….

ချစ်ခင်လေးစားစွာဖြင့်

စိမ်းခက်စိုး
(တနင်္လာနေ့) ဇွန်လ ၂၇၊ ၂၀၁၁
ည - ၁၁း ၀၈ နာရီ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...