Sunday, June 26, 2011

ကျွန်တော့် ရောဂါ (ကျနော့်သူငယ်ချင်းရဲ့ရော ဂါနဲ့ တူသူများရှိမလားလို့ ..................)

by MoMo Aung on Sunday, June 26, 2011 at 8:27pm
ကွန်ပြူတာရှေ့မှာ ထိုင်မိလို့အားအားယားယားလေးများဖြစ်နေရင် ဒီလက်က မောဇီလာပဲ သွားသွားနှိပ်မိနေလို့ပါ  ။ ပီးရင် ဘာရယ်မသိဘူး ကီးဘုတ်ပေါ်လက်တင်စဉ်းစားလိုက်ရင် ဂျီမေးလ် ပဲ ဖွင့် မိပြန်ရော…..လက်ကပဲ အကျင့်ပါနေလို့ လားမသိ ctrl+ t လေးနှိပ်လိုက်ပီး www.facebook.com ဆိုရိုက်မိပြန်ရော….လူ့စိတ်များပြောပါတယ်……


လောဘ ကလည်း ကြီးတတ်တော့ ဂျီမေးလ် ထဲမှာ ဘယ်သူတွေများရောက်နေကြလဲလို့……ကိုယ့်ကိုကိုယ် ဂျီးပုန်း အဖြစ်ခံပီး….Invisible နဲ့ ကြည့်ကြည့်နေရတာကလဲ အမော……ကွန်နရှင်များမကောင်းလို့ ဂျီမေးလ်မှာ ချက် မပေါ်ရင် အတော်ကို တင်းတာ…..ပေါ်နေသမျှလူတွေကို ချက်ချင် ၍ တော့မဟုတ် ပါ  အဲလို သူများက ကိုယ့်  ကိုမ မြင်ရပဲ ကိုက မြင်နေရခြင်းသည် လည်း အရသာ တမျိုး ခံ စားလို့ ကောင်းသလိုပဲ…J ပီးတော့လည်း ဖေ့ဘွတ်ထဲ မှာ သူများသားပျိုသမီးပျိုပုံ လေးတွေကို မှိုချိုး မျှစ်ချိုး ကန်စွန်းရွက်ချိုး လိုက်ပီး ကွန်မန့် ပေးထားသဖြင့် ကိုယ့် ကို ပြန်ကလော်တုပ် ထားသည့် ကွန်မန့် မေးလ်များကို ပြုံးစိစိ ဖြင့် ပြန်ဖတ်ရသည်မှာ လည်း ကော်ဖီ ချိုခါး အရသာ လေးနဲ့ ပင် တူသလိုလို…….

ကိုယ့်ရဲ့ဖေ့ဘွတ်ခ်လေးဖွင့်ကြည့်ချိန် တွင်  ကိုယ် Home page မှာ friend requests လုပ်လာသည့် သူများထဲတွင်  (ပွင့်ပွင့်လင်းပဲပြောတတ်ပါသည်) male ဆို လျှင် ချက်ချင်းကွန်ဖန်း မလုပ်ပါ  ဇီးဒိုးဆိုတာMale (ယောက်ျားလေးအများစုသည် မိန်ကလေးများကိုသာ requests လုပ်ပါသည် ) မှန်းသိလျက်နဲ့ သူကိုယ်တိုင် ကျွန်တော့်ကို လာ invite လုပ်ထားသဖြင့် သူ့ရဲ့ ပရိုဖိုင်ကိုသွား ရောက်ကြည့်ရှုပီး  သူက ဘယ်သူ့ ရဲ့ Mutual  friend  လဲ သူ့ရဲ့ Comment quality ကို တချက်လိုက်စစ်ဆေးကြည့် ပါသည် …..အာပေတူးလား အူကြောင်ကျား ကြောင်စိန်  ယောင်စိန် လား ဆိုသည်များကိုလည်း သေချာ စစ်ဆေးပီး ပေမယ့်လည်း လက်မခံသေးပါ …….ဒီအတိုင်းထားလိုက်ပါသည်….

တခါတခါ ပို၍ အကျင့် မကောင်းပါ သူ့Friends list ထဲ ကကောင်မလေးများကိုပင် စိတ်ကြိုက်ရွှေးပီး Add as friend လုပ်ခဲ့ လိုက်ပါသည် ။ ကျွန်တော်ကိုယ်တိုင်လဲ Male ဆိုလျှင် ကျွန်တော့်၏ ချစ်ကိုကြီး ချစ်ညီလေးများမှ လွဲ၍ မည်သူကိုမှ Requests  မလုပ်ခဲ့ ပါ  ။  ကျွန်တော်.ကို Female ဆိုသူများ လာ Requests လျင်တော့ မျက်လုံးက ဇီးကွက်လောက်ဖြစ်လာပါသည် ……

ကျန်တာကြောင့် မဟုတ်ပါ….ကျွန်တော့်ကို လာ Requests လုပ်သော ကောင်မလေးကို သနားသောကြောင့်ဖြစ်ပါသည် …….ကျွန်တော်က သူတို့ တင်လိုက်သော ပုံလှလှလေး တွေပေါ်တွင် သူတို့ ပြောစေချင်သော ကွန်မန့်များကိုမပေးပဲ  ကွန်ပြူတာ ဗိုင်းရပ်စ် တကောင်အလား လိုက်၍ ဖောက်စား နေတတ်သောကြောင့် ဖြစ်ပါသည် ။  နစ်နာသွားပါစေတော့ သိက္ခာကျသွားပါစေတော့ ဟူ၍တော့ ဆန္ဒမရှိပါ ။ တခါတခါ ဘယ်သူ့ မှ ကွန်မန့် မပေးထားသော ပုံ တွင် အကြောင်းမရှိ အကြောင်းရှာကာ အပြစ်လိုက်ရှာ ကာ ရန်စ ထားခဲ့ ရသည်မှာ လည်း ပျားအုံကိုဒုတ်နဲ့ ထိုးကာ ပုဆိုးခြုံ ထဲမှ ချောင်းကြည့် နေရသလို ခံစားမှုတမျိုးကို ရှာကြံ ၍ ခံစားတတ်  ၏ ။ ထိုသို့ ပြုမှ ပင်လျှင် ကျွန်တော်သည် လည်း  မနက်စာ ကော နေ့လည် စာကော ညစာ ကော စားလို့ ၀င် ပီး ည ဆိုလျှင်လည်း အိပ်လို့ ကောင်းသည် ဟု ထင်နေမိပါသည် .။
အဲဒီလိုနဲ့  mark zuckerberg ရဲ့ မူးယစ်ဆေး တမျိုးကို တရားဝင်သုံးစွဲမိနေကြပါသည် ။

 ဇီးဒိုး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...