Wednesday, June 29, 2011

မျက်စိ(သို့ )သိသင့်မည်ထင်သော မျက်လုံးအကြောင်းသိကောင်းစရာ

လူသားများအားလုံး မိမိတို့မျက်စိထိန်းသိမ်းကြရန်နှင့် မိမိတို့အရှက်အင်္ဂါများကို ထိန်းသိမ်းကြရန် အလွန်အရေးကြီးသည်။မိမိတို့ ထိန်းသိမ်းသင့်သည်များကို ထိန်းသိမ်းခြင်းသည် လူသားများအဖို့
အစင်ကြယ်ဆုံးဖြစ်သည်။ထို့အပြင် မိမိတို့မျက်စိများကို နိမ့်ချထားရန်နှင့် မိမိတို့၏ အရှက်အင်္ဂါတို့
ကိုထိန်းသိမ်းကြရန် ပေါ်လွင်နေတတ်သော အလှတရားအချို့မှ လွှဲပြီး ကျန်အလှပတို့မပေါ်ကြရန်
အမျိုးသမီးများတွင်သာမကပဲ အမျိုးသားများလည်း သိထားသင့်ပေသည်။


အရှက်သည် ဘာသာပေါင်းစုံလူသားများအားလုံးရဲ့ သာသနာအတွက် အရောင်ထွန်းလင်း တောက်ပစေမည့် အရာဖြစ်သည်။
မျက်စိများ သစ္စာဖောက်မှု့ကြောင့် လွှဲမှားစွာ အတုယူသုံးစွဲမှု့များ စိတ်နှလုံးတွင် ပုံးလျှိုးကွယ်လျှိုး ရှိနေသည်ကို အားလုံးသတိမေ့နေကြပေမဲ့ ကမ္ဘာပေါ်တွင် အရှက်တရားကြောင့် ဖြစ်ပေါ်လာသော
ကောင်းကျိုးဆိုးကျိုးများ အထင်အရှား ပေါ်လွင်နေသည်။လူသားမှန်သမျှအားလုံးသည် မိမိတို့မျက်လွှာကို ထိန်းသိမ်းကြန်ရန် အလွန်ပင်အရေးပါလှသဖြင့် မမြင်အပ်သည်များကို မြင်လျှင် စိတ်သောကရောက်စရာများဖြစ်နေတတ်သည်။ မျက်လုံးဆိုသည်မှာ ကြည့်သင့်သည့်အရာ၊ မကြည့်သင့်သည်အရာကို ခွဲခြားသိမြင်နိုင်ရန်အတွက် ဘုရားသခင်(ဖန်းဆင်းရှင်)က ပေးထားသော ကြောင့် မရိုးမသား မကြည့်ရန် အလွန်အရေးကြီးသည်။

အရာတစ်ခုကို မျက်လုံးဖြင့်ကြည့်မည်ဆိုပါက တစ်ကြိမ်ထက်မပိုစေမကြည့်မိပါစေနှင့်။ပထမတစ်ကြိမ်ကား
သင့်အတွက် လုံလောက်ပြီဖြစ်ရ်ျ ဒုတိယအကြိမ်ကား ယင်းသို့မဟုတ်တော့ပေ။
ဒုတိယအကြိမ်ကြည့်မိသောအခါ လူတန်ဖိုးယုတ်ညံ့စေသော အရာအဖြစ်စေရာ စိတ်နှလုံးအတွက် အတိ
ဒုက္ခရောက်စရာဖြစ်သွားပေလိမ့်မည်။လမ်းမှာထိုင်ခြင်းကို ရှောင်ရှားသင့်ပေသည်။ လမ်းဆိုသည်မှာ ကျွန်တော်တို့ လူစုရာအရပ်ဖြစ်ပြီး စကားပြောကြသည့်နေရာဖြစ်စေသောကြောင့် ယင်းကို မရှောင်ရှားနိုင်မည်ကို စိုးရိမ်ရပါသည်။ လမ်းပေါ်တွင် စုရပ်အနေဖြင့်ပြုလုပ်လိုပါက လမ်း၏တာဝန်ကိုတော့ ကျေပွန်သင့်သည်။ လမ်းရဲ့တာဝန်များမှာ မျက်လွှာများကို ထိန်းသိမ်းခြင်း၊ ဆူးညောင့်ခလုတ်ဖယ်ရှားခြင်း၊ နှုတ်ခွန်းဆက်သမိတ်ဖွဲ့ခြင်း၊ ကောင်းမှု့ကောင်းရာညွှန်ကြားခြင်းနှင့် မကောင်းသောအရာများကို တားမြစ်ခြင်းတို့ပင်ဖြစ်ပေသည်။အမျိုးသားတစ်ယောက်သည် အမျိုးသမီးတစ်ယောက်အား တရားမဝင်ကြည့်ခြင်းမှ ရှောင်ကျဉ်ရ်ျ မိမိမျက်စိအားလွှဲဖယ်ခဲ့သော် ထိုအမျိုးသား၏နှလုံးသားသည် စစ်မှန်သော ယောကျာ်းကောင်းတစ်ယောက် အဖြစ်နှင့်အေးချမ်းစွာ တစ်ဘဝလုံးနေနိုင်မည်ဖြစ်သည်။

လူတစ်ဦးသည် မကောင်းမှု့ကို မကြည့်ဘဲနေသော် သူ၏နှလုံးသားတွင် ချိုမြိန်သည့်အရသာ ဖြစ်သောစစ်မှန်သော လူသားရဲ့ မျက်စိစွမ်းအင်တိုးပွားပေလိမ့်မည်။
မျက်စိကို ထိန်းသိမ်းနိုင်ရန် အကောင်းဆုံးနည်းလမ်းမှာ လူသားတိုင်း လပ်ထက်နိုင်သော အရွှယ်၊အချိန်အခါရော်သော် လပ်ထက် ထိမ်းမြားသင့်ပေသည်။ ယင်းသည် မျက်လွှာနှင့် တစ်ကိုယ်ရေ
အစိတ်အပိုင်းကို ထိန်းသိမ်းရန် အကူညီဖြစ်သောကြောင့် ဖြစ်သည်။လူသားတိုင်း သိထားသင့်သော
အရာကား မကောင်းသော အကျင့်ဆိုးမှန်လျှင် အသေးဖွဲ့ ဖြစ်စေ ရှောင်ကြဉ်ကြ။ ယင်းမကောင်းသော
အကျင့်သည် စုပြုံပြီး တချိန်ချိန်တွင် သင့်အား ဖျက်ဆီးပစ်လိုက်နိုင်သော အကျင့်ဖြစ်ပေသည်။
သူတောင်စင်ကြီးတစ်ပါးသည် လူတစ်ယောက် ကွယ်လွန်သောအခါ ကြွမြန်းလာပြီးနောက် ဝိဥာဉ်
နုတ်ခံရသောအခါ မျက်စိသည် ဝိဥာဉ်နောက် လိုက်ပါသွား မိန့်တော်မူခဲ့သည်။ ဝိဥာဉ်အားကောင်းလျှင်
ကောင်းသလောက် မျက်စိစူးရှမှု့အတိုင်း အတာပိုသည်ဟု အချို့ပညာရှင်တို့က ဆိုကြသည်။

သိပ္ပံသဘောအရမူ လူတစ်ဦးနှင့်တစ်ဦး လက်ဗွေမတူသကဲ့သို့ မျက်စိဖွဲ့စည်းပုံလည်း မတူပေ။
ထို့အပြင် လူတစ်ဦး၏ စိတ်အခြေနေ အပေါ်မူတည်ပြီးတော့ မျက်စိ၌ရှိသော အရေးကြောင်းများ
ကွဲပြားသည်။ ထိုမျက်စိအရေးကြောင်းများကွဲပြားသည်ကို အဏုကြည့်မှန်ပြောင်းဖြင့်ခွဲ ခြားနိုင်သည်။
မို့လ်ဇ်(MOLZ)ဟူသော GARMAN သိပ္ပံပညာရှင်က သူ၏တွေ့ရှိချက်ပညာရပ်တစ်ခုဖြစ်သော
IRIDOLOGYပညာရပ်ကို ပထမဆုံး လေ့လာတင်ပြခဲ့သော သိပ္ပံပညာရှင်ဖြစ်သည်။ မို့လ်ဇ်မွေးထား
သော ဇီးကွက်လေးတစ်ကောင်သည် တနေ့တွင် ခြေထောက်ကျိုးသွား၏ များမကြာမီတွင် ယင်း
ဇီးကွက်လေး၏ မျက်ဝန်းပေါ်၌ အရောင်ပြောင်းလွယ်သော အစင်းကြောင်းလေးပေါ်နေသည်ကို
သတိပြုမိသည်။ဇီးကွက်လေးရဲ့ ခြေထောက်ဒဏ်ရာ ဆေးကုသပြီး ပျောက်ကင်းသောအခါ မျက်စိအတွင်းမှ ယင်းအဆင်းကြောင်းလေးလည်း ပျောက်ကွယ်သွားပြီး ပင်ကိုမျက်စိပြန်ဖြစ်လာ
ကြောင်းတွေ့ရသည်။

ထိုအချိန်မှစပြီး သိပ္ပံပညာရှင်မို့လ်ဇ်အတွက် လေ့လာစရာများစွာပေါ်လာတော့သည်။ ထိုပညာရှင်ရဲ့ တွေ့ရှိချက်များအရ မျက်စိအပေါ်ယံလွှာတွင် လူခန္ဒာကိုတစ်ခုလုံး၏ ပုံရိပ်များရှိသည်ဆို၏ လူနှင့် တိရိစ္ဆာန်တို့၏ ဦးနှောက်တွင် ခန္ဒာတစ်ခုလုံးနှင့်ဆိုင်သော နေရာများစွာရှိပြီး ယင်းနေရာများ၏
ပုံရိပ်သည် အာရုံကြောများမှတဆင့် မျက်လုံးတွင်ပုံရိပ်ပေါ်ပေါက်သည်ဟု ယူဆကြသည်။
ခန္ဒာအစိတ်အပိုင်းတစ်ခု၌ တစ်စုံတစ်ရာချွတ်ယွင်းမှု့ပေါ်ပေါက်လာသည့် အကြောင်းကို ကျွန်တော်တို့
ရောဂါတစ်စုံတစ်ခုကြောင့် ဆရာဝန်သွားပြလျှင် ဆရာဝန်မှ မျက်လုံးကို သေသေချာချာကြည့်ရှု့စစ်
ဆေးမှု့ခံရဖူးသူတိုင်းသိကြမည်ဖြစ်ပေသည်။

(Encyelopedia of Nautral Heading Medical Editor,1998)
လူတွင်မျက်လုံးသည် အပြာနှင့်အညိုဟူသော အခြေခံအရောင် နှစ်မျိုးသာရှိသည်။ အခြားအရောင်များ
သည်ပုံမှန်များမဟုတ်ကြပေ။ဥပမာ အစိမ်းရောင်မျက်လုံးရှိသူကို တွေ့ရသည်ဆိုပါစို့။ ယင်းမျက်လုံး
ကို အသေချာကြည့်လျှင် မူလက အပြာရောင်အခံတွင် ပုံမှန်မဟုတ်သော အဝါရောင်အမှုံကလေးများ စုပုံနေပြီး စိမ်းနေခြင်းဖြစ်ကြောင်း တွေ့နိုင်သည်။
သို့ဆိုလျှင် အဆိုပါအစိမ်းရောင် မျက်စိရှင်သည် ကျောက်ကပ် သို့မဟုတ် သဲခြေအိတ်တွင် တခုခု
ဖြစ်နေသည်ဟု ဆိုနိုင်သည်။ မျက်ကြည်လွှာကို မှန်ဘီလူးဖြင့်ကြည့်ပြီးသော်လည်းကောင်း၊ အထူး
ကင်မရာဖြင့် ဓါတ်ပုံရိုက်ပြီးသော်လည်းကောင်း၊ ပုံကြီးချဲ့လေ့လာနိုင်သည်။ ယင်းသို့လေ့လာခြင်းဖြင့်
ခန္ဒာ၌ ဖြစ်ပေါ်နေသော ရောဂါများကိုသိနိုင်သည်။

(Encylopedia Of Complomentary Medical Derling Kindersley,1997)
မျက်စိတွင် အလွှာလေးလွှာရှိသည်။ ခြေထောက်တွက် ဒဏ်ရာရထားပြီး ကုသမှု့မရှိလျှင် ခြေထောက်ပုံပြထားသော မျက်စိအလွှာတွင် ထူးခြားသော အမှတ်သားတစ်ခု ပေါ်လာမည်ဖြစ်သည်။
ဒါဏ်ရာရဲ့ အခြေအနေဆိုးလျှင် ဆိုးသလောက် အမှတ်အသားပေါ်လာမည်ဖြစ်သည်။ သို့သော်
ထိုသို့အမှတ်အသားပေါ်ပေါက်မှု့သည် မျက်သား၏ တစ်ရူးများ ၌ တစ်စုံတစ်ရာ ဖြစ်ပေါ်နေရာ ပေါ်
ပေါက်သောအမှတ်အသား မဖြစ်စေရန်အရေးကြီးသည်။ လူခန္ဒာ၏ သွေးလှည့်ပတ်မှု့တွင် တစ်စုံ တစ်ရာပြသနာဖြစ်ပေါ်လာပါက ပေါ်ပေါက်လာသော မျက်ဝန်း၏ အနားတွင် အဖြူရောင် စက်ဝန်းပေါ်
ပေါက်လာသည်။ ယင်းကို သံငံကြော(Sodium Ring)ဟုခေါ်ပါသည်။သံငံကြောများ၌ တစ်စုံတစ်ရာ ပေါ်ပေါက်နေလျှင် လည်ပင်းကြောပြင် (Lymphatic Ring) နှင့် အာရုံကြော(Nerve Ring)တို့တွင်
ပြသနာတစ်စုံတစ်ရာ ရှိနေပါက အာရုံကြော ခန္ဒာကိုယ်၌ အဆိပ်ဖြစ်စေသော နေရာရှိနေပါက
အူမအဆိပ်တတ်စေသော(Toxic Colon)ပေါ်ပေါက်တတ်သည်။

(Bush Flower Heading,White Ian,1999)
လူ့မျက်လုံးသည် လူ့အတွင်းခန္ဒာကိုယ်၏ ပြတင်းပေါက်ဖြစ်သည်။ လူတစ်ဦး၏ ခံစားချက်များ၊
အတွေးအမြင်များကို ဖြန့်ချီသော လိုလားမှု့၊မလိုလားမှု့၊နှစ်လိုမှု့၊မနှစ်လိုမှု့ စိတ်နှလုံးကောင်းရှိ
မှု့၊ရက်စက်ကြမ်းကြုတ်မှု့၊ချစ်ခင်ကြင်နာမှု့၊ မုန့်တီးရွှံရှာမှု့၊အစုစုကို မျက်လုံးကို ကြည့်ခြင်းဖြင့်
ဖတ်ရှု့နိုင်သည်။
မျက်လုံးကပြောသော စကားများအားသိနိုင်သည်။ လူတစ်ဦး၏ ဒေါသသည် သူ၏ နှလုံးသား
အတွင်းမှ မီးကျည်ခဲတစ်ခဲဖြစ်သည်။ယင်းမီးခဲ၏ ရဲတောက်သော အရောင်ကို ထိုသူ၏ မျက်လုံးမှ တဆင့် တွေ့မြင်နိုင်သည်။ မျက်စိသည် ဝိဥာဉ် နှင့်လည်းကောင်း နှလုံးသားနှင့်လည်းကောင်း
ဆက်သွယ်နေသဖြင့် မျက်လုံးဖြင့်ပြုသော မကောင်းမှု့သည် ဝိဥာဉ် အပေါ်၌လည်းကောင်း နှလုံးသားပေါ်၌လည်းကောင်း တိုက်ရိုက်အကျိုးသက်ရောက်သည်။

မျက်စိဖြင့် စိတ်အာရုံများကို စေစားစေနိုင်သည်။ မျက်စိဖြင့် တစ်စုံတစ်ခုကို ဖမ်းစားနိုင်သည်။
မျက်စိဖြင့် ကျက်စားနိုင်သည်။လူတစ်ဦး ဒေါသထွက်သောအခါ မျက်စိအတွင်းမှ လှိုင်းတစ်မျိုးထုတ်
လွတ်သည်။မနာလိုသည့်အခါတွင်လည်း နောက်ထက် လှိုင်းတစ်မျိုးထုတ်လွတ်သည်။
အချို့သော သူတို့တွင် ထုတ်လွတ်သော လျှပ်စစ်လှိုင်းများသည် မိမိ၏ ညီနောင်သားချင်းများ
အပေါ် ထိခိုက်မှု့ရှိနိုင်သည်။
မျက်စိ၏ စူးရှမှု့သည် အမှန်ရှိ၏။ ထို့ကြောင့်မိမိ မျက်စိကြောင့် အခြားသူများ ဒုက္ခမဖြစ်သင့်ပေ။
အမြင်ပိုင်းနဲ့မဆုံးဖြတ်ရန်ဆိုလို ခြင်းဖြစ်ပေသည်။ မျက်လွှာမထိန်းသိမ်းနိုင်မှု့သည် စိတ်အလိုမပြည့်
မှု့(Hysteria)ဟုခေါ်သော စိတ်ကျရောဂါဖြစ်စေသည်။
တဏှာအနီးအပါးကို မချီးကပ်ကြပါနှင့်။ယင်းသည် ရှက်ဖွယ်ကောင်းသော မကောင်းမှု့ဖြစ်ပြီး
အခြားသော မကောင်းမှု့များပြုရန် ဆိုးရွှားသော လမ်းစပင်ဖြစ်ပေသည်။ယနေ့ခေတ်အခါသမယတွင်
ကျွန်တော်တို့လူငယ်များကြားဝယ် ထိုမကောင်းမှု့များရေပန်းစားနေကြသည်။ထိုနေရာများဝယ် ကျင်လည်နေကြသည်မှာ ဝမ်းနည်းစရာကောင်းလှပါသည်။ လူငယ်ဆိုသည်မှာ တနေ့နေ့ တစ်ချိန်ချိန် တွင် နိုင်ငံခေါင်းဆောင်ဖြစ်မည့်သူ ဖြစ်သည်။

Cloud Cuckoo Land

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...