Sunday, June 26, 2011

ကောင်လေးတစ်ယောက်ရဲ့ ရာဇဝင်

by Han Thit Nyeim on Sunday, June 26, 2011 at 10:45pm
 ရာဇဝင်တွေထဲမှာ စကားလုံးတွေ အများကြီးမရှိဘူး။ ဇာတ်ကောင်တွေ အများကြီးမပါဘူး။ ခံယူချက်တွေ အများကြီး ရောထွေးမနေပါဘူး။


တခါတုန်းက ကောင်လေးတစ်ယောက်ရှိတယ်။ သူ့လမ်း သူလျှောက်တယ်။ သူယုံကြည်ရာ သူလုပ်တယ်။ သူ့အနာဂတ်ကို သူ့ဘာသာ ပုံဖော်တယ်။ ဒီလိုနဲ့ ကောင်လေးတစ်ယောက် ရှိပါတယ်။

လူဆိုတဲ့ လူတွေ ဖန်တီးထားတဲ့ ရာဇဝင်တွေ၊ သမိုင်းတွေ၊ စာမျက်နှာတွေထဲမှာ သူ့အတွက် နေရာရှိချင်မှ ရှိလိမ့်မယ်။ ရှိချင်လည်း ရှိပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်.. သူ့ရဲ့သမိုင်းထဲမှာ သူဟာ အဓိက ဇာတ်ဆောင်ပါ။ သူ့ရဲ့ ရာဇဝင်ထဲမှာတော့ သူဟာ သူရဲကောင်းဖြစ်ပါတယ်။

သမိုင်းတွေ၊ စကားကြီး စကားကျယ်တွေဟစ်ပြီးမှ အလုပ်လုပ်ကြောင်း သက်သေပြနေဖို့ မလိုပါဘူး။ အဓိကက လုပ်နေဖို့ပဲ လိုပါတယ်။ ကိုယ်လုပ်တာ သူများတွေ သိဖို့ထက် ကိုယ်လုပ်တာ ကိုယ်ကျေနပ်နေဖို့ကလည်း အရေးကြီးပါတယ်။

ရာဇဝင်တွေထဲမှာ စကားလုံးတွေ အများကြီးမရှိပါဘူး။ စကားလုံးတချို့သာ ရာဇဝင် တွင်ပါလိမ့်မယ်။

မေတ္တာဖြင့်
ဟန်သစ်ငြိမ်

...........................................................................

စာအုပ် E Book ကို ဒီနေရာတွင် ဒေါင်းလုပ်ယူပါရန် >>>

http://www.mediafire.com/file/wiupwfscqduxh3o/History%20of%20a%20boy.pdf

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...