Wednesday, June 29, 2011

ဘင်လာဒင်ကို ဘယ်လိုသတ်ခဲ့သလဲ ?

by Ye Thurein Min on Monday, May 2, 2011 at 9:29pm

မှောင်မိုက်နေတဲ့ညမှာ အမေရိကန် ရဟတ်ယာဉ်တွေဟာ နံရံမြင့်ကြီးတွေ ကာရံထားတဲ့နေရာတခုကို ချဉ်းကပ်ခဲ့ပါတယ်။ အကြောင်းကတော့ ကမ္ဘာ.အစိုးရွားဆုံး အကြမ်းဖက်ခေါင်းဆောင် ဘင်လာဒင်ကို ဖမ်းဖို့ (၀ါ) သတ်ဖို့ပါ။ ထိုသို့ချဉ်းကပ်ပြီး မိနစ် ၄၀ မပြည့်ခင်မှာပဲ ဘင်လာဒင်ဟာ အပေါင်းအပါ ၄ ဦးနဲ့အတူ သေဆုံးခဲ့ရပါတယ်။ 2001 စက်တင်ဘာ 11 အမေရိကန် ကုန်သွယ်ရေးအဆောက်အအုံ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လိုက်လံနိမ်နှင်းနေတဲ့ အယ်ကေးဒါးခေါင်းဆောင် ဘင်လာဒင်ကို သယ်ဆောင်လာနိင်ခဲ့ပါတယ်။


သမ္မတ အိုဘားမားက အိမ်ဖြူတော်မှ တနင်္ဂနွေညမှာ အောင်မြင်စွာ ၀င်ဆီးနိုင်ခဲ့ကြောင်း ပြောဆိုလိုက်ပါတယ်။ အစိုးရထိပ်တန်းအရာရှိများကလည်း ဘင်လာဒင်ပုန်းနေတယ်လို့ လွန်ခဲ့တဲ့ ၅ နှစ်ကတည်း ယူဆထားတဲ့နေရာကို ၀င်ရောက်တိုက်ခိုက်ပုံများကို ထပ်မံ ထုတ်ပြန်လိုက်ကြပါတယ်။
နေရာက အက်ဘော့တာဘက်ဒ် ( Abbottabad)မှာပါ။ ပါကစ္စတန်နိုင်ငံ မြို.တော် အစ္စလမ်မာဘတ် မြို.နဲ့ ၃၁ မိုင်အကွာမှာရှိပါတယ်။ တောင်ကုန်းတွေထူ ထပ်တဲ့နေရာတခုဖြစ်ပြီး လူတွေသိပ်မနေတဲ့နေရာတခုပါ။ နေထိုင်သူအများစုဟာ စစ်မှုထမ်းတွေသာဖြစ်ကြပါတယ်။
အမေရိကန် ရေတပ်မတော်သာ မပါဝင်ခဲ့ရင် ဒီမစ်ရှင်ဟာ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့လည်း ကာကွယ်ရေး ၀န်ကြီးဌာန အကြီးတန်းအရာရှိတွေက ဆိုပါတယ်။
နှစ်အတန်ကြာ ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် ဘင်လာဒင်ရဲ့ အက်ဘော့တာဘက်ဒ် (Abbottabad) နေရာကို နောက်ယောင်ခံနိုင်ခဲ့ကြတယ်။

နေရာက လမ်းကအလွန်ဆိုးပြီး သွားဖို့အလွန်ခက်တဲ့ သီးခြားနေရာတခုဖြစ်နေခဲ့တယ်။ နှစ်အနည်းငယ်အတွင်း နေထိုင်သူတွေ ပိုမိုများပြားလာပေမဲ့လည်း လမ်းကဆိုးနေဆဲပဲ။ လမ်းကရှည်လျှား ပြီး အလုံခြုံဆုံးနေရာလိုဖြစ်နေတယ်လို့ ပြောပြပါတယ်။

လှုပ်ရှားမှုကို သောင်္ကြာနေ့မှာ စတင်ဖို့ သမ္မတအိုဘားမားက အမိန့်ပေးခဲ့ပါတယ်။ ပထမတံတိုင်းက ၁၈ ပေမြင့်ပြီး ထိပ်မှာ သံဆူးကြိုးတွေတပ်ဆင်ထားပြီး လုံခြုံရေးဂိတ် ၂ခုနဲ့အတူ အတွင်းမှာလည်းအခြားတံတိုင်းတွေရှိသေးတယ် လို့ အမေရိကန် အကြီးတန်း အရာရှိတွေကပြောပါတယ်။ ပင်မအဆောက်အဦးက ၃ထပ်အဆောက်အဦး ဖြစ်ပြီး ခြံဝင်းအပြင်ဘက်ကို မျက်နှာမူထားတဲ့ ပြူတင်းပေါက် အနည်းငယ်သာတပ်ဆင်ထားတယ်။ တတိယထပ်ဟာ ၇ ပေရှိ သီးခြားနံရံတခုရှိနေတယ်။
လအနည်းငယ် ထောက်လှမ်းမှုတွေုလုပ်ပြီးနောက် သေခြာဆောက်လုပ်ထားတဲ့ ဒီလိုအဆောက်အဦးဟာ အဆင့်မြင့် အကြမ်းဖက်မှု အတွက်သာ ဖြစ်မယ်၊ သေချာတာကတော့ ဘင်လာဒင်ရဲ့နေရာပဲ ဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အရာရှိတွေ သတိထားမိတာက တယ်လီဖုန်းမရှိ အင်တာနက်လည်းမရှိဘူး၊ အခြားနေထိုင်သူတွေလိုပဲ အမှိုက်မီးရှို.တာ ၊ ဈေးဝယ်ထွက် တာလောက်ပဲ ရှိတယ်ဆိုတာပါပဲ။အမေရိကန်ဒေါ်လာ ၁ သန်းမကတန်လိမ့်မယ်လို့ခန့်မှန်းကြပါတယ်။
မစ်ရှင် နာမည်ကို (the U.S. operation a surgical raid) လို့ခေါ်ပြီး အဖွဲ.ငယ်အဖြစ်သာ ဖွဲ.စည်းပြီး ဆုံးရှုံးမှုနည်းပါးရန် စီမံခဲ့ပါတယ်။ စတင်ဝင်ရောက်တိုက်ခိုက်စဉ် ခုခံမှုနဲ့ ရင်ဆိုင်ခဲ့ရပြီး ဘင်လာဒင်ရဲ့လူ၃ဦးရဲ့ ပြစ်ခတ်မှုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။
အဆုံးမှာတော့  လူသားဒိုင်း အဖြစ်အသုံးပြုခံခဲ့ရတဲ့ အမျိုးသမီးတဦး အပါအ၀င် ခြံဝန်းထဲမှ တိုက်ခိုက်သူလေးဦးကို အသေပြစ်သတ်နိုင်ခဲ့တယ်။ ဘင်လာဒင်ကိုတော့ ဦးခေါင်းကို မှန်အောင်ပြစ်နိုင်ခဲ့တယ်။

ဝင်ရောက်တိုက်ခိုက်စဉ် ရဟတ်ယာဉ်တစီး စက်ချို.ယွင်းလို့ ပျက်စီးခဲ့တာလောက်ပဲရှိပြီး အိုဘားမားနဲ့ အကြီးတန်း အရာရှိတွေကတော့ ၄င်းတို့ဘက်မှ ထိခိုက်ဒဏ်ရာ ရမှုမရှိခဲ့ဘူးလို့ဆိုပါတယ်။
ဘင်လာဒင် ဟုတ်မဟုတ် သေချာအောင် နည်းလမ်းအတော်များများ အသုံးပြုစစ်ဆေးခဲ့ပြီး ထိုအထဲမှ မျက်နှာ အနေအထားကိုလည်း တိုက်ဆိုင် စစ်ဆေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအကြီးတန်း အရာရှိက ခန္ဓာကိုယ်နဲ့ မျက်နှာဟာ တိုက်ဆိုင် စစ်ဆေးနိုင်တဲ့ အနေအထားရရှိခဲ့တာကြောင့်ပါလို့ ဆိုပါတယ်။
ဘင်လာဒင်ရဲ့ ရုပ်အလောင်းကို ပင်လယ်ရေမျက်နှာပြင်အောက်မှာ အစ္စလာမ် ထုံစံအရ သင်္ဂြိလ်ပြီးပြီလို့ ပြောပါတယ်။

ဘင်လာဒင်ရှိနိုင်မည့်နေရာကို စုံစမ်းဖို့ 2011 အစပိုင်းမှာ စတင်ခဲ့ပြီး ဖေဖော်ဝါရီ လလယ်မှာ နေရာအတိအကျ အထောက်အထားတွေကို အတည်ပြုနိုင်ခဲ့ကြပါတယ်။
အစီအစဉ်တွေ တိုးမြှင့် လုပ်ဆောင်နိုင်ဖို့အတွက် အိုဘားမားကိုစောင့်နေခဲ့ရပါတယ်။ ဘာလို့လည်းဆိုတော့ အိုဘားမားက ၅နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ အစည်းအဝေးကို မတ်လလယ်မှ ဧပြီလကုန်ထိ တက်ရောက်နေခဲ့ရလို့ပါ။
အစည်းအဝေးက 28.04.2011 နေ့မှာပြီးခဲ့လို့ နောက်တနေ့ 29.04.2011 နေ့ကမှ မစ်ရှင်အတွက် အမိန့်ထုတ်နိုင်ခဲ့တယ်။

အဓိကသော့ချက်ကတော့ ဘင်လာဒင်ရဲ့ လူယုံတယောက်နဲ့ပါတ်သက်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က ထောက်လှမ်းရေးတွေဟာ ထိုလူယုံနဲ့သူ့ညီ နေရာကိုခြေရာခံနိုင်ခဲ့ပြီး 2010 သြဂုတ်လရောက်မှ အက်ဘော့တာဘက်ဒ် (Abbottabad) ဘင်လာဒင်ရဲ့နေရာကို ရှာဖွေနိုင်ခဲ့ပါတယ်။
အမေရိကန် အကြီးတန်းအရာရှိတယောက်က အဲ့ဒီ ညီအကို နေတဲ့ နေရာကိုတွေ.တော့ ကျွန်တော်တို့ တော်တော်ကို အံသြသွားတယ်၊ အရမ်းသီးခြားဖြစ်နေတဲ့ ခြံဝန်းကြီးပဲ။ ခြံဝန်းကြီးက မြေပြင်ကျယ်ကြီးမှာ
ဆောက်ထားပြီး အိမ်က ထိုဒေသကအရပ်သားတွေ နေအိမ်ထက် ၈ဆလောက် ကြီးတယ်ဗျာလို့ဆိုပါတယ်။
ထောက်လှမ်းရေးဆန်းစစ်မှုက ဒီလို တမင်ဒီဇိုင်းဆွဲထားဟာ အလွန်ထူဆန်းတဲ့လက်ခဏာရှိသူတဦးဦး နေဖို့ပဲဖြစ်နိုင်တယ်လို့ မှတ်ချက်ချခဲ့တယ်။ ကျွမ်းကျင်သူတွေရဲ့ ဘင်လာဒင်ရဲ့နေရာလို့ပဲ ယူဆမှုတွေနဲ့လည်းတထပ်တည်းဖြစ်နေခဲ့ပါတယ်။

လုံခြုံရေးကြောင့် မစ်ရှင် မစခင် ပါကစ်စတန်အပါအ၀င် ဘယ်နိုင်ငံကိုမှ အသိမပေးခဲ့ဘူး၊ အဖွဲ.ငယ်လေးနဲ့ပဲ လှုပ်ရှားခဲ့ပြီး အမေရိကန် အစိုးရပိုင်း အရာရှိတွေလောက်သာ ကြိုတင်သိရှိခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပါကစ်စတန် ထောက်လှမ်းရေး အကြီးတန်းအရာရှိကတော့ ပါကစ်စတန်ထောက်လှမ်းရေးတွေလည်း ထိုနေရာ တ၀ိုက်မှာ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ရုတ်တရက် ဖြေရှင်းဖို့ နည်းလမ်းမရှိ ဖြစ်နေသေးလို့ပါလို.ဆိုပါတယ်။
CNN, How U.S. forces killed Osama bin Laden ကို ပြန်ဆိုပါသည်။
ရဲသူရိန်မင်း
GMT 15:22
02.05.2011







· · Share

  • 50 of 127
    • Lay Con
      ဘယ်တော့မှ မဆုံးတဲ့ သူနိုင် ကိုယ်နိုင် အနိုင်ယူနေသမျှကာလပတ်လုံး ဒီစစ်ပွဲကြီးကတော့ ဘယ်တော့မှ ငြိမ်းချမ်းတော့မှာ မဟုတ်ဘာဘူး။ ဘင်လာဒင် တစ်ယောက်သေသွားပီးလို့ ကြေငြာလိုက်တဲ့အချိန်မှာ နောက်ထပ် ဘင်လာဒင် အသစ်တွေ ဘယ်လောက်ထိ မွေးထုတ်ပီးပီးလဲဆိုတာကို က...ိုယ့်ကိုယ်ကို တွေးပီး မေးကြည့်ကြပါတော့..အနိုင်ယူချင်တဲ့စိတ်တွေ မကုန်သေးသမျှတော့ အမြင်သစ်တွေ ထူးဆန်းတဲ့ အဖြစ်တွေ ဖြစ်ပေါ်လာဖို့ အဆင်သင့်ပဲလေ.. အဲဒီတော့ ဘာမှ မထူးဆန်းဘူးလို့ပဲ ပြောချင်ပါတယ်.. ဘင်လာဒင်က အမေ၇ိကားမှာ ရှိတဲ့ အမြင့်ဆုံးတိုက်ကြီးကို ဖြိုချခဲ့တုန်းက သူ့ရဲ့အပေါင်းအပေါ်များက ပျော်ရွင်နေတဲ့အချိန်မှာ အမေရိကားမှာတော့ ငိုသံ ရင်နာသံတွေနဲ့ ကျန်ရစ်ခဲ့ကြသလို.. အခုတော့ အမေရိကားတွေက အပျော်တွေနဲ့ ဆင်နွဲနေတဲ့အချိန်မှာ ဘင်လာဒင်ရဲ့ အပေါင်းအဖော်တွေက ဘယ် လောက်ထိ ကျေကွဲနေကြမလဲ တွေးကြည့်ရင်တော့ နိုင်သူပျော်တော့ ရူံးသူငိုကြ မှာပဲလေ.. အဲဒီတော့ ဒီလို အဖြစ်ဆုံးတွေ ရင်နာစရာတွေ ဆုံးရူံးမှုတွေအားလုံးရဲ့ တရားခံက ဘယ်သူလဲလို့ မေးရင် ဘယ်သူတွေ ဖြစ်နိုင်မလဲ.. ဘင်လာဒင်လား။ အမေရိကန်တွေလား၊... စိတ်ကြောင့်ဖြစ်ပေါ်နေတဲ့ စစ်ပွဲကတော့ စိတ်နဲ့ပဲ ဖြေဖျောက်ဖို့ ကြိုးစားခြင်းဖြင့် နားလည်မှု စစ်ပွဲအဖြစ်သို့ ပြောင်းလဲ နိုင်ပါစေ..See More
      May 3 at 8:31pm · · 2 peopleLoading...
    • Ko Zaw ဝမ်းမြောက်စရာ နေ့ရက် တစ်ရက်ပေါ့ . . . အမှတ်တရ နေ့ပါပဲ။
      May 3 at 9:57pm · · 2 peopleLoading...
    • Nwai Oo Lwin
      ကို Aung Ko ရေ ဘယ်ဘာသာကမျှ ပူလောင်မုန်းတီးရေးတရားကို ရှေးမရှုပါဘူး .. ခင်ဗျာလဲ ခင်ဗျားဘာသာကို သေချာလေ့လာရင် တွေ့မှာပါ .. ကျနော်လဲလေ့လာဖူးပါတယ် .. ဘယ်ဘုရားသခင်ကမှ လူသတ်ဖို့မမှာကြားခဲ့ပါဘူး ..

      တကယ်တမ်းဆို ဖန်ဆင်းခံတွေအချင်းချင်းဆုံးဖြတ်စရာ ဘာအ...ကြောင်းမှမရှိပါဘူး ကျနော်ပြောတာခင်ဗျာ သဘောပေါက်ချင်မှပေါက်မယ်

      နောက်ဆုံး ဘုရားသခင်ရှေ့ရောက်မှ အမှန်အမှားကိုသိရမှာပါ ..
      အဲသည့်တော့ ကိုယ့်စိတ်ထင်ရာ နဲ့ မီဒီယာ လွှမ်းမိုးမှုကြားထဲမှာ (ရဲရင့်ဖို့သွေးပေးတဲ့ စကားလုံးတွေ)ကြားထဲမှာ ဘုရားသခင်ရှေ့ရောက်ရင်ခင်ဗျား မျက်နှာမပျက်ရပါစေနဲ့ဗျာ ..

      "ဖန်ဆင်းခံတွေအချင်းချင်း တရားစီရင်ခြင်း ဆိုတာမရှိ"

      "ဖန်ဆင်းခံတွေအချင်းချင်း တရားစီရင်ခြင်း ဆိုတာမရှိ"
      See More
      May 3 at 10:27pm · · 1 personLoading...
    • Wise Guy ဗုဒ္ဓဘာသာမှာ ဖန်ဆင်းရှင်ရော၊ ဖန်ဆင်းခံရော မရှိပါခင်ဗျား။ ဗုဒ္ဓဘာသာ မဟုတ်ရင်တော့ ခွင့်လွှတ်နားလည်ပေးပါ Nwai Oo Lwin ခင်ဗျား . . . ။
      May 3 at 10:33pm · · 3 peopleLoading...
    • Nwai Oo Lwinး) ကျနော် မိရိုးဖလာ မဟုတ်ပါဘူး .. ဒါပေမယ့် အဲသည့်နားလည်မှုကို ရှင်းမပြတတ်ဘူးဗျ ..

      ဖန်ဆင်းရှိခဲ့ရင်တောင် ဗုဒ္ဓရဲ့ လွတ်မြောက်ရာလမ်းက သူ့ကို ဂရုစိုက်စရာမလိုတဲ့ လမ်းစဉ်တစ်ခုပါ

      ကျနော့်နားလည်မှုကိုရှင်းမပြတတ်တာခွင့်လွှတ်ပါ .. ဗျာ
      May 3 at 10:37pm ·
    • Wise Guy ကျနော်လည်း ဒီနေရာမှာ အကျယ်မပြောနိုင်ပါဘူး။ အင်တာနက်ထဲမှာပဲ ရှာပြီးလေ့လာပါလို့ တိုက်တွန်းပါရစေ . . .
      May 3 at 10:44pm ·
    • Nwai Oo Lwin ကျနော်က ၀ိဘဇ္ဖ၀ါဒီ ..ပါ
      May 3 at 10:47pm ·
    • Kyawsoe Lay မင်းတို အဖေ မို့လိုလား။ ဘင်လာဒင် သေတာ ဖင်ထဲမီးဝင်တာကျနေတာပဲ။သူဟာသူသေချင်သေမှာပေါ့
      May 3 at 10:52pm · · 1 personLoading...
    • Nwai Oo Lwin မြန်မာစကားကို မြန်မာလိုမပြောတတ်ပဲ ၀င်မပြောပါနဲ့ခင်ဗျာ .. မြန်မာတွေသက္ခာကျမှာစိုးလို့ ..
      May 3 at 10:56pm · · 3 peopleLoading...
    • Soe Tun man may came and man may go but i go on forever ha ha ha...........
      May 3 at 10:58pm ·
    • Freezone Myanmar ၀မ်းနည်းပါတယ်ဘင်လာဒင်.......မင်းကမင်းလူမျိုးနဲ့ တိုင်း ပြည်အတွက် သူရဲကောင်းတစ်ယောက်ဖြစ်ကောင်းဖြစ် မှာ ပါအဆုံးအစွန်ထိလူမျိုးရေးအတွက် တိုက်ပွဲဝင်သွားတာ ဂုဏ်ယူပါတယ်.....(ဒါပေမယ့်မင်း
      May 3 at 11:02pm · · 2 peopleLoading...
    • Freezone Myanmar က စွန်းရောက်သွား တော့ ပြုတ် ကျ သွားတာပါ
      May 3 at 11:03pm · · 1 personLoading...
    • Freezone Myanmar လူသားတစ်ယောက်နေဖြင့် ဝမ်းနည်းမိပေမယ့်  အများတွတ်တော့  ...........
      May 3 at 11:06pm · · 1 personLoading...
    • Wise Guy Kyawsoe Lay ဆိုတဲ့သူကို ဘယ်လိုနားလည်ရမှာလဲဗျာ . . .
      May 3 at 11:35pm · · 1 personLoading...
    • Wise Guy ကျနော် စပ်စုလိုက်မိတယ်။ သိချင်တဲ့သူများ သူ့ Profile ကို ၀င်ကြည့်လိုက်ပါ။ ဘယ်လိုလူဆိုတာ နားလည်ကြပါလိမ့်မယ် . . .
      May 3 at 11:37pm · · 2 peopleLoading...
    • Min NaingOo ကောင်းရာသုဂတိ လားပါစေ လို.ပဲ ဆုတောင်းပေးရမှာ ပေါ.
      May 4 at 12:32am ·
    • Ramanya Ravika
      အိုစမာ ဘင်လာဒင် သေတဲ့အခါ အစ္စလာမ်ထုံးစံနဲ့အညီ မြောက်အရေဗျပင်လယ်မှာ ရေချသဂြိုဟ်ခဲ့ပါတယ်။ အစ္စလာမ်ပညာရှင်အချို့က ငါးစာချရုံပဲ ရှိပြီး အစ္စလာမ်ဘာသာဝင်တစ်ယောက်ကို မဖွယ်မရာသဂြိုဟ်လိုက်ခြင်းပဲလို့ မှတ်ချက်ပေးပါတယ်။ အစ္စလာမ်ပညာရှင်အချို့ကတော့ ဒါဟာ လျေ...ာ်ကန်သင့်မြတ်ပါပေတယ်လို့ ထောက်ခံကြပါတယ်။ ကမ္ဘာ့အကြီးဆုံးအစ္စလာမ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားကတော့ အိုစမာ ကြွသွားလို့ ဝမ်းသာကြပါတယ်။ သူမရှိယင် အစ္စလာမ်ဘာသာအတွက် မျက်နှာပန်းပိုလှစေမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဒီလူတွေအားလုံးဟာ WTC ပြိုတုန်းက သေသွားတဲ့လူတွေကို သူတို့ထုံးတမ်းစဉ်လာအရ သဂြိုဟ်ခဲ့သေးလား ဘယ်သူမှ အလေးမထားခဲ့ကြပါဘူး။ အဲဒီတုန်းကဆို အမေရိကန်တွေက မဖွယ်မရာလုပ်နေပါတယ်လို့ ဆိုဆိုနေတဲ့ အီရတ်ရှီးယားမူစလင်တွေဟာ ဆက်ဒမ်သတ်မှာစိုးလို့ အီရန်မှာ ပုန်းနေရတဲ့အချိန်ပဲ ရှိသေးတယ်။ ဆက်ဒမ်ဟူစိန်လက်ကနေ ကယ်ပေးတဲ့ကျေးဇူးကို မထောက်ထားဘဲ အီရန်နဲ့ပေါင်းပြီး အမေရိကန်တပ်တွေကို ဝိုင်းသမပေးလိုက်သေးတယ်။ အိုဘားမားလက်ထက်မှာ ဒါလေးတွေကို ရိပ်မိလို့ လစ်ဗျားကိစ္စမှာလည်း အင်တိုက်အားတိုက် မပါတော့ဘူး။ ကုလသမဂ္ဂမှာလည်း ချင့်ချင့်ချိန်ချိန်ပဲ ပြောဆိုဆက်ဆံတယ်။ ကုလသမဂ္ဂကို အမေရိကန်က အလှူငွေအများဆုံး ထည့်ဝင်တဲ့နိုင်ငံပဲ။ အဲဒီအလှူငွေကို ဖြတ်တောက်လိုက်ယင် ဘာဖြစ်သွားမလဲ စဉ်းစားကြည့်ဦး။ ဗမာအစိုးရက အဖေခေါ်နေတဲ့ တရုတ်တို့ ရုရှားတို့က စတိသဘောလောက်ပဲ လှူနေတာပါ။ အခုလည်း ဒီလိုပဲ။ ဘယ်နေရာမှာ ဓားပြရှိလဲ သွားရောက်ပြီး လက်နက်တွေ ရောင်းတာပဲ။ ဒီနှစ်နိုင်ငံက အမေရိကန်ကနေ နျူကလီးယားနည်းပညာတွေကို ခိုးယူပြီး အကြမ်းဖက်နိုင်ငံတွေဆီ ခိုးရောင်းခဲ့တာပဲ မဟုတ်လား။ အမေရိကန်ကို အပြစ်ပြောယင် အမေရိကန်နေရာမှာ ဘယ်သူ ဝင်ချင်လဲ။ ဘယ်သူ တာဝန်ယူမလဲ။ ယုတ်စွအဆုံး ဘာသာခြားအလောင်းတစ်လောင်းကို ဘယ်နိုင်ငံက တလေးတစား သဂြိုဟ်ခဲ့လဲ။ ဒို့တတွေကို ဆန့်ကျင်ရကောင်းလားဆိုပြီး ခေါင်းဖြတ် ကြိုးချ ခဲနဲ့ ပစ်ပေါက်မှာပဲ မဟုတ်လား။ မည်သည့်ဘာသာတရားမဆို သွေးထွက်သံယိုမှုကို အားမပေးသင့်ဘူး။ သွေးထွက်သံယိုမှုကို အားပေးယင် အဲဒီဘာသာတရားကို ငြိမ်းချမ်းတဲ့ဘာသာတရားလို့ မခေါ်ဆိုသင့်ဘူး။ အိုစမာ ဘင်လာဒင်လို သွေးဆာနေတဲ့ အဖျက်သမားတစ်ယောက်ကို Islamic symbol ဖြစ်နေယင် အစ္စလမ်ဘာသာကပဲ နာမည်ပျက်ရဖို့ ရှိတယ်။See More
      May 4 at 1:22am · · 20 peopleLoading...
    • Myat Thu အများကောင်းမဲ့ လုပ်၇ပ်တခုပေါ့ ..တပူအေးသွားပီပေါ့ 
      May 4 at 10:15am · · 1 personAung Si Thu likes this.
    • Khayan Young ramanyaပြောတာမှန်တယ်.....ငြိမ်းချမ်းရေးအတွက်စစ်ပွဲတွေလိုတယ်.....
      May 4 at 11:03am ·
    • Ko Ko Gyi
      Osama unarmed when shot dead, says US AFP news @ http://www.malaysiakini.com/news/163175...........The United States revealed yesterday that Osama bin Laden was unarmed when US commandos shot him dead and said the Pakistani authorities had ...been kept in the dark because they might have tipped off the al-Qaeda leader.

      US officials, meanwhile, debated whether to scotch conspiracy theories by releasing a “gruesome” photo of the dead bin Laden, conscious that such an image would likely inflame strong passions in parts of the Muslim world.

      But officials did not clearly explain why bin Laden was shot dead and not captured, given that he was unarmed, fuelling speculation that the elite Navy SEAL team had been ordered not to take him alive.

      White House spokesperson Jay Carney said. “Bin Laden was then shot and killed. He was not armed.”

      “It is fair to say it is a gruesome photograph... it could be inflammatory,” Carney said. The United States says bin Laden received Muslim rites before his body was “eased” into the Arabian Sea on Monday so no one could turn his grave into a shrine. Muslim leaders have condemned the sea burial.

      SO THE ABOVE PHOTO OF Bin Ladin holding a gun is a FAKE or lie by US propaganda machine.
      See More
      May 4 at 12:40pm ·
    • Sept Thway ကွန်မင့် တွေလည်း အများကြီး .... ကိုယ်အမြင်လေးတွေကို ပြောကြတာတော့ ကောင်းပါတယ် .... ဘာသာရေးတွေ နားမလည်ပဲနဲ့ တော့ မဆွေးနွေး အပြစ်မပြောကြတာ ကောင်းပါတယ် လူပေါင်းများစွာ သေစေခဲ့တဲ့၊ သတ်ခဲ့တဲ့ သူတစ်ယောက်ရဲ့ ပြစ်ဒဏ်ဟာ ... ခုချိန်မှ ဖြစ်ရတာဟာ တကယ်တော့ အလွန်နောက်ကျလွန်းပါတယ် ..... နောက်ထပ် ဘင်လာဒင်ပေါင်း ဘယ်လောက် ရှိနေမလဲ ဆိုတာ မသိသေးပါဘူး ....
      May 4 at 2:44pm ·
    • Sept Thway တင်ပြပေးသည့်အတွက် ကျေးဇူးပါ .. share သွားပါတယ် ဗျ...
      May 4 at 2:50pm ·
    • Swe Zin Phyoe အိုဘားမားက ပဲတော်သလား၊ ဘင်လာဒင်ပဲ ကံကုန်နေ့စေ့ ဖြစ်သလား ဆိုတာတော့ စဉ်းစားစရာပေါ့
      May 4 at 4:01pm · · 2 peopleLoading...
    • Ko Ko Gyi
      BRAVO, US SEALS, Obama and CIA for the gruesome, INHUMANE, violent killing of Osama, and 4 others. You all are so brave that we should give SHIT medels for bravery.
      But officials did not clearly explain why bin Laden was shot dead and not ca...ptured, given that he was unarmed, fuelling speculation that the elite Navy SEAL team had been ordered ( BY MURDERER OBAMA) not to take him alive. White House spokesperson Jay Carney said. “Bin Laden was then shot and killed. He was not armed.”

      Now OBAMA is ranked the same as Osama. May be we changed the name of US President to Barak Osama. Ha Ha. Both of them are murderers. Same.US Killed 100,000 to 1 million of civilians in Iraq with the lame or WRONG excuse of WMD and Al Queda. Bush and B lier bluff to just invade the Iraq.
      See More
      May 4 at 4:09pm ·
    • Ko Ko Gyi US Shamelessly publish the FAKE pic with Bin Ladin holding Machine gun. Shameless USA.
      May 4 at 4:11pm ·
    • Ko Latt What is wrong with him ??? LOL I still can't believe the world still have that kind of people who still back Bin Ladin..
      May 4 at 4:22pm ·
    • Ko Ko Gyi
      I don't back Bin Ladin. But USA had killed more in Iraq and put the FAKE pic. Bin Ladin is wrong but Obama/Bush/Blair/CIA?US soldiers had also done wrong. I am asking to eliminate ROOT cause of terrosim, unrelentless support of Israel by US...A with money, ammunition, political and deplomatic protection. Ko Latt, KILLING Osama alone is nothing, dozens of Bin Ladin will terrorize the world WRONGLY if fail to reach peace agreement in Mid East.See More
      May 4 at 4:33pm ·
    • Ko Latt
      Killing Bin Ladin also cannot stop terrorism but Bin Ladin deserved to get punishment as of what he did to the world and spreading terrorism to Muslim world. I don't care about US or his allies, as I believe,the rest of the world hate terro...rism even Muslim themselves ... I can surely say that there will be wars and no peace agreement between them because of terrorism as it is never ending life cycle of revenge and vengeance... For world peace, that retaliations need to be totally stopped...See More
      May 4 at 4:44pm · · 2 peopleLoading...
    • Win Min Oo Osama နဲ့ Obama က s နဲ့ b ပဲ ကွာတာနော်...
      May 4 at 5:15pm · · 4 peopleLoading...
    • Jemmy Win well done united state.God bless America :D
      May 4 at 6:05pm · · 1 personNanAye MaThe' Gsix likes this.
    • Thandar Maung Maung osma binn lar dimm , u atwat tal sate ma kg par wu ,
      May 4 at 7:05pm ·
    • HooVii Har ma pu par na` lu tine tay ya mhar....
      tu myar dead dar ko pal pal nal nal pyaw htar...
      ko dead tok lal ghost ah fik na` comments ko pyaw pyaw g read kya dar pop!!hwee hwee:D
      ko har ko everytime dead nay dar ma myin pu...
      Ant aww dal Burma tway ko...
      Buddha ah sone ah ma shi p 1 sak mha ma lite nar 9 dar ko...
      May 4 at 8:27pm ·
    • Myo Tun Myint
      ‎@Sa Yar Ko Ko Gyi, I think the U.S government did not clearly explain how Bin Ladin was killed and not captured alive is i think they do not want the others to follow him and make sure that Bin Ladin is not very important like that, Accord...ing to the history, most of the rebel leaders are killed the government do not want to explain about their death clearly, like the case of Saw Ba U Gyi in Burma, D.N Aidit in Indonesia, Che Guvara in Bolivia, and so on..... may be that is why they did not explain clearly (i think).......One remark was that when the Chairman of the Communiist Party of Indonesia, D.N Aidit was captured and killed by the Indonesian special forces led by Gen. Sawo Eddhi, the General refused to show the body and explain how he was dead???? but said that Aidit was killed and it is 100% sure like that......See More
      May 4 at 8:41pm · · 2 peopleLoading...
    • Moe Lone Pyae Shan share ထားပါတယ်ခင်ဗျာ။
      http://www.m51a.com/mistake_detail.php?page=YmxvZw%3D%3D&&aid=OTI%3D
      May 4 at 8:51pm ·
    • Tin Aye အာဏာရှင်များ မြန်မြန် ကျဆုံးပါစေ
      May 4 at 9:54pm · · 1 personLoading...
    • Ko Naung Naung Latt ကံမ္မသကာပေါ့ဗျာ .. ဖြစ်ပြီတော့လည်း ပျက်ရမှာပေါ့ .. နှေးတာ မြန်တာပဲ ကွာမှာပါ .. ဒါက ဓမ္မပဲဥစ္စာ
      May 4 at 10:15pm ·
    • Zinlin Aung ခုတော့ဘင်လာဒင် ဘ၀ဆုံးသွားပြီဆိုတော့ ကောင်းပါတယ် မြန်မြန်ငရဲရောက်တာပေါ့............
      May 4 at 10:51pm · · 1 personLoading...
    • Aung Si Thu ‎"ဖန်ဆင်းခံတွေအချင်းချင်း တရားစီရင်ခြင်း ဆိုတာမရှိ" ဆိုတဲ့ စကား .. အပေါ်comment တခုမှာ တွေ့လိုက်ရပါတယ် ... . လုံးဝ မှားယွင်းနေပါတယ်
      May 4 at 11:50pm · · 1 personLoading...
    • Han Min Soe ဘယ်သူကမှ တရာစီရင်စရာမလိုဘူး ဥပမာ.... မီးကိုကိုင်ရင်ပူမယ် ဒါကို မီးကိုင်တဲ့ အတွက်ပူစေမပူစေ ဆိုးပြီး ဘယ်ကောင်မှ တရာစိရင်နေစရာမလိုဘူး
      ထို့အတူ အပြစ်တခုခုလုပ်ထားသူကိုလည်း ဘယ်သူကမှန်တယ်မမှန်ဘူးဆိုပြီး တရာစီရင်စရာမလိုဘူး.......... သူမှားရင်သူခံရမယ့် တရာစီရင်သူရှိရင်လည်း လဒ်ထိုးတယ်ဆိုတာရှိလားအုံးမှာပဲ.......
      အားယားနေလို့ လူတွေကိုဖန်းဆင်လိုက် အပြစ်ပေးးလိုက်လုပ်နေတယလဲ.............................
      May 5 at 9:12am ·
    • Nyi Thway ဘာတွေဝေဖန်နေကျတာလဲဟ..ဟိုကသေသွားပြီကို..။သူမကောင်းလို့သေတာသေစမ်းပါ့စေ..။ဘာလဲဝမ်းနည်းနေကျတာလား..
      May 5 at 12:46pm · · 1 personLoading...
    • Endless Dark share mal naw,,,,
      May 5 at 2:08pm ·
    • Nwai Oo Lwin ဟုတ်ကဲ့ဘာကြောင့်မှားတာလဲခင်ဗျာ .. ? ဘာ့ကြောင့်မှန်တာလဲခင်ဗျာ .. ?

      အဆွေ သင်ကြားခဲ့ဖတ်သားခဲ့တဲ့အကြောင်းအရာတွေမပါပဲဖြေဆိုပါ ..

      သဘာဝဆိုတာ ဘယ်တော့မှ မှန်တယ်မှားတယ်မပြောဘူး .. လို့သိထားပါတယ် ခင်ဗျာ ..
      May 5 at 2:38pm · · 1 personLoading...
    • Htar Hlaing ပုထုဇဉ်ပီပီ စိတ်ထဲမှာပေါ်တယ် ပြတ်ပြတ်သားသားရပ်တည်ပြောလိုက်မယ် ၀မ်းသာတယ်။ အိုဘားမား ကျန်းမာပါစေ။
      May 5 at 8:34pm · · 1 personLoading...
    • Lovefor Goldenland
      ဘာဘဲဖြစ်ဖြစ် အကြမ်းဖက်သမားတစ်ယောက်နိဂုံးချုပ်သွားတာ ဝမ်းသာစရာပါ။ အစ္စလာမ်ဘာသာဝင်လူကောင်းတွေအတွက်လဲ စိတ်ပေါ့ပါးသွားကြမယ်ထင်ပါတယ်။ မကောင်းမှုကို မကောင်းမှုလို့ပဲ မြင်တာကောင်းပါတယ်။ ဘာသာတရားနဲ့ရောထွေးမပြစ်ဖို့လို့ပါတယ်။ ဘာသာတစ်ရာတိုင်းမှာ ကောင်...းမွန်တဲ့ သင်ကြားဆုံးမမှုတွေ ကိုယ်စီရှိကြပါတယ်။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားကြရင်း ကိုယ်ယုံကြည်ရာ ကိုယ်လုပ်ကြတာသာ အကောင်းဆုံးဖြစ်ပါတယ်။ ဘင်လာဒင်ဟာ အကြမ်းဖက်ဝါဒီတစ်ဦး၊ ဘာသာရေးကိုအကြောင်းပြပြီး အကြမ်းဖက်မှုတွေ အများကြီးလုပ်ခဲ့သူဖြစ်တယ်။ ဒီလိုသေခြင်းမျိုးနဲ့ သေဖို့ထိုက်တန်တယ်။ US အနေနဲ့ ဘင်လာဒင်ကို လက်ရဖမ်းချင်တယ်ဆိုရင် ဖမ်းလို့ရမယ့်အခြေအနေမျိုးရှိတယ်။ ဒါပေ့မယ် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာတွေကို ရှောင်လွဲချင်တဲ့အတွက် တစ်ခါတည်းလက်စတုံးလိုက်တာဖြစ်ဟန်တူတယ်။ US က ကမ္ဘာနံပါတ်တစ်ခေါင်းဆောင်နေရာယူထားပြီး အဲဒါနေရာနဲ့ ထိုက်တန်အောင် လုပ်ပြနိုင်ပါတယ်။ အကြမ်းဖက်မှု နှိမ်နင်းဖို့ အတွက် စစ်မျက်နှာတွေအများကြီးဖွင့်ထားရတဲ့အတွက် ငွေကုန်ကြေးကျများပြီး သူတို့နိုင်ငံ စီးပွားရေးတောင်ကျပါတယ်။ ကိုယ့်အတွက်သာ ကိုယ်ကြည့်တတ်တဲ့ တရုတ်လို နိုင်ငံကတောင် ခြေရာဝင်တိုင်းလာတာ ခံရပါတယ်။ လစ်ဗျားအရေးမှာတောင် အဓီကဦးဆောင်သူနေရာ ယူဖို့နောက်တွန့်နေတာကလဲ နေရာတကာ ပါလေရာ မလုပ်ချင်တာကတစ်ကြောင်း၊ သူတို့နိုင်ငံသားတွေကို ပြန်ငဲ့နေရတာ တစ်ကြောင်းကြောင့်ဖြစ်ပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးကို အပြည့်အဝပေးထားနိုင်တာကတော့ အထင်ကြီးလေးစားစရာပါ။ ဖိနှိပ်အုပ်ချုပ်မှုမှန်သမျှ၊ အကြမ်းဖက်မှုမှန်သမျှကို လူအခွင့်အရေးမြတ်နိုးသူ ၊ငြိမ်းချမ်းရေး မြတ်နိုးသူများက ဝိုင်းဝန်းတိုက်ဖျက်ဖို့လိုပါတယ်။See More
      May 5 at 9:31pm · · 4 peopleLoading...
    • Kyawsoe Lay ဒိဇတ်လမ်းကအမေရီကန်ရဲထိပ်ပိုင်ခေါင်ဆောင်တွေရဲလျိုဝှတ်ချက်ပါဘဲလေ
      May 5 at 10:31pm ·
    • Aung Si Thu Love for Golden Land ပြောသလို ဘာသာတရားနဲ့ ရောထွေးမပစ်ဖို့လိုပါတယ်
      May 5 at 10:55pm · · 1 personNwai Oo Lwin likes this.
    • Ra Wai Htun ဘင်လာဒင်သေသွားတာတော့သိဘူး.. ဒီမှာရန်တော့ဖြစ်နေပြီ
      May 6 at 6:29pm · · 1 personHooVii Har likes this.
    • Peace Ful pls let me share......:)
      May 6 at 11:10pm ·
    • Ray Kyin Freedom of Speech...this is what they are doing.
      May 7 at 3:42am · · 1 personAung Si Thu likes this.
    • Thein Hnin ‎9/11 was a political ploy of bush, obama is just cashing in on that ploy for his re-election campaign. dont get excited my fellow countrymen.
      May 7 at 9:00am ·

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...