ဗိုလ်ချုပ်ဒေါသထွက်သောနေ့
မြန်မာ့လွပ်လပ်ရေးတပ်မတော် (BIA) အားဖျက်သိမ်းပြီးမြန်မ့ကာကွယ်ေ ရးတပ်မတော် (BDA) ကိုပြောင်းလဲဖွဲ့စည်းခဲ့သည့် ၁၉၄၂ ခုနှစ်ကဖြစ်သည်။တပ်အင်အားသုံးေ ထာင်ကျော်ရှိသောမြန်မာ့လွပ်လပ်ေ ရးတပ်မတော်အား ဂျပန်အာဏာပိုင်တို့ကလက်တစ်ဆုပ် စာခန့်ရှိသော မြန်မာ့လွပ်လပ်ရေးတပ်မတော်ကြို ပန်လည်ဖွဲ့စည်းပေးပြီး မြန်မာ့ကာကွယ်ရေးတပ်မတော်ကိုဦး စီးရန် ဗိုလ်ချုပ်အောင်ဆန်းအားဗိုလ်မှုး ကြီး (ကာနယ်) အဆင့်သို့လျှော့ချလိုက်သည့်အချိ န်မှစပြီး အရာရှိ၊အရာခံ၊အကြပ်၊တပ်သားအားလုံး စိတ်ထိခိုက်ကာစိတ်ဓာတ်ကျနေကြသည် ။
သေဖော်သေဖက်ရောင်းရင်းရဲဖော်အချ င်းချင်း ရုတ်တရက်ကွဲကွာခဲ့ရခြင်း၊ ဖက်ဆစ်ဂျပန်တပ်များ၏အခါအခွင့် သင့်တိုင်းစော်ကားခံရဖြင်း တို့ကြောင့်ရဲဘော်ရဲဘက်များစိတ် ဓာတ်ကျဆင်းနေခြင်းလဲပါဝင်သည်။
ပျဉ်းမနားစခန်းတွင်ပြောင်းရွှေ့ စုစည်းရောက်ရှိနေသော ဘီဒီအေတပ်ရင်းသုံးရင်းသည်အမြဲ တမ်းစစ်တပ်အနေဖြင့်နေရသော်လည်း
စစ်ဝတ်စုံ (ယူနီဖောင်း) များညံ့ဖျင်းခြင်းနှင့်ပြည့်ြ ပည့်စုံစုံမရှိခြင်းက ချွတ်ယွင်းချက်တစ်ခုဖြစ်နေလေသည် ။ရဲဘော်အားလုံးကပင်မြန်မာ့
ကာကွယ်ရေးတပ်မတော်အတွင်းဂုဏ်သိ က္ခာနှင့်ထိုက်သင့်သော စစ်ဝတ်စုံရာထူးတံဆပ်များကို မျှော်လင့်တောင့်တနေကြသည်။
စစ်ဌာနချုပ်မှလည်းစစ်ဝတ်စုံများ ရရှိရေးအတွက် အစွမ်းကုန်ကြိုးစားလျှက်ရှိသည်။ ပျဉ်းမနားဘီဒီအေတပ်ရင်းမှရဲဘော် သုံးကျိပ်ဝင်
ဗိုလ်တာရာသည် တပ်ရင်းမှုးဗိုလ်တေယျ၏တာဝန်ပေးချ က်အရလူသူလက်နက်စာရင်းများမှားယွ င်းနေသည့် ကိစ္စနှင့်ပတ်သက်ပြီး စစ်ဌာနချုပ်ရှိစစ်ဆေးရေးချုပ်၏ ရုံးအုပ်နှင့်တွေ့ရန် အရာခံဗိုလ်ဗဟန်နှင့်အတူမြင်းကို ယ်စီစီးလျှက် စစ်ဌာနချုပ်သို့ရောက်လာကြသည်။
သူတို့ရောက်ရှိလာသောအချိန်သည်ရုံးဆင်းနေချိန်ဖြစ်ပြီး အချို့သောတာဝန်ခံအရာရှိများ ရုံးဆင်းသွားကြသည်။စာရေးများ၊ရုံးစောင့်တာဝန်ခံရဲဘော်များနှင့် ကင်းမှုးများသာ လှုပ်လှုပ်ရှားရှားဖြစ်နေကြသည်။သူ တို့တွေ့လိုသော ရုံးအုပ်မှာအပြင်ခဏထွက်သွားသြ ဖင့်ပြန်အလာကိုစောင့်ရင်း ဗိုလ်ချုပ်ထိုင်ရာရုံးခန်းသို့ လျှောက်ကြည့်ရာဗိုလ်ချုပ်ကိုမေ တွ့သဖြင့် ရုံးဆင်းသွားပြီဟုထင်ကာဗိုလ်ချု ပ်၏ရုံးခန်းနှင့်ကပ်လျှက်ရှိသော ကိုယ်ရံတော် ဗိုလ်ကြီး၏အခန်းထဲဝင်ပြီးထိုင်ေ စာင့်နေကြသည်။
ရုံးဆင်းချိန်ကျမှပင်ပစ္စည်း (စစ်ဝတ်စုံ)သေတ္တာအပြည့်တင်ထားေ သာ ထရပ်ကားကြီးများရောက်လာသဖြင့် စစ်ဌာနချုပ်ရဲဘော်များ၏အကူအညြီ ဖင့်ကားပေါ်မှပစ္စည်းများကိုသယ်ချ နေကြသည်။နာရီဝက်ခန့်
အကြာဗိုလ်ချုပ်သည်ရုံးခန်းအတွင်းသို့ဘယ်အချိန်က ၀င်ရောက်ပြီးအလုပ်လုပ်နေသည်ကို မသိလိုက်သောသူတို့နှစ်ယောက်က ဗိုလ်ချုပ်ကိုလှမ်းမြင်လိုက်သည် ။
ဗိုလ်ချုပ်သည်ဘယ်ကိုမှမကြည့်ဘဲ စားပွဲပေါ်တွင် စာရွက်တွေတထွေကြီးခင်းကာ စာကုန်းရေးနေသည်ကိုတွေ့လိုက်ြ ကသည်။ဗိုလ်ချုပ်အောင်ဆန်း၏အ၀တ် အစားမှာ ဗိုလ်ချုပ်နှင့်ထိုက်သင့်သောစစ် ၀တ်စုံမဟုတ်ပေ။ အစိမ်းရင့်ရောင်ရှပ်လက်တိုကို ၀တ်ဆင်ကာ မြင်းစီးဘောင်းဘီရှည်နှင့်စစ်ဖိ နပ်တစ်ရံကိုစီးထားပြီး ခါးတွင်ဂျပန်ခါးပတ်ပြားကြီးကို ပတ်ထားသည်။
စားပွဲထောင့်တစ်နေရာတွင်မြန်မာ့ လွပ်လပ်ရေးတပ်မတော်ခေတ်တစ်လျှော က်လုံးဆောင်းလာသည့် ဂျပန်အရာရှိများ
ဆောင်းလေ့ရှိသည့် စစ်ဦးထုပ်တစ်လုံးကိုတွေ့ရသည်။ အခန်းထောင့်တွင်ဂျပန်ဓားရှည်တစ် လက်ကိုထောင်ထားသည်။ ဗိုလ်ချုပ်၏
ဆံပင်မှာဆီနှင့် ကင်းဝေးနေပြီးဖြီး လိမ်းခြင်းမပြုသဖြင့် ဖရိုဖရဲဖြစ်နေ၏။ဗိုလ်ချုပ်၏စစ် ၀တ်စုံမှာလည်းရာသီဥတုဓာတ်ကြောင့်  အဖြူရောင်
ရောနှောကာဟောင်းနွမ်းနေလေပြီ။ ဗိုလ်ချုပ်က စိတ်ပါလက်ပါ စာရေးနေသဖြင့်သူတို့နှစ်ဦးလည်း အနှောက်အယှက်မပေးလိုသဖြင့်
ပြောလက်စ စကားကိုဆက်မပြောတော့ပေ။
သို့သော် အပြင်တွင်ပစ္စည်းသေတ္တာများသယ်ချေ နသော ရုံးတာဝန်ခံ၊ပစ္စည်းထိန်းဌာနအရာ ရှိများ၊အကြပ်တပ်သားများ
သည် စည်းလွတ်ဝါးလွတ်ပြောချင်ရာစကား များကိုကျယ်ကျယ်လောင်လောင်ပြောေ နကြသည်။ သူတို့လူစုသည်ဗိုလ်ချုပ်ရုံြး ပန်တက်
ပြီးသူ့အခန်းအတွင်းအလုပ်လုပ်ေ နသည်ကိုလုံးဝသိပုံမရပေ။သတိပြုမိ ပုံလဲမရပေ။
"ဒီလောက်ကြမ်းတဲ့အ၀တ်တွေဝတ်ရတာေ ကျာယားလိုက်ပါဘီကွာ။အိမ်မှာတုန်းကတစ်ခါမှတောင်စိတ်မကူးခဲ့တဲ့
ယူနီဖောင်းတွေ ၊ လက်တောင်မသုတ်ခဲ့တဲ့အ၀တ်ကြမ်းေ တွကွာ"
ရဲဘော်တစ်ယောက်ကကျယ်ကျယ်လောင်ေ လာင်နှင့်ရယ်မောကာပြောလိုက်သည်။ ဗိုလ်ချုပ်သည်စာရေးနေရာမှရုတ် တရက် ရပ်လိုက်ပြီးမျက်တောင်မခတ်တမ်း တစ်ဖက်ခန်းမှစစ်ဝတ်စုံအကြောင်းေ ပြာဆိုနေကြသည်ကိုနားစိုက်ထောင်ေ နသည်။
" ချီးမှပဲ တို့မျှော်လင့်ခဲ့သလိုစမတ်ကျကျ မဟုတ်ဘဲ လူရယ်စရာအ၀တ်ကြမ်း ၊ ဖျင်ကြမ်းကြီးတွေနဲ့လာတိုးနေပြီ ။
ကောင်းတယ်ကွာ သိပ်ကောင်း ။ ကူလီဝတ်တဲ့အ၀တ်မျိုးတွေကွ" တစ်ယောက်က၀င်ပြီးပြောလိုက်သည်။
ဗိုလ်ချုပ်မျက်နှာသည် ရုတ်တရက်တင်းမာခက်ထန်သွားလေသည်။ မျက်လုံးနှစ်လုံး ကလည်းအရောင်တွေဝင်းဝင်းတောက်ဒေါ သထွက်နေသည်။
"ဟေ့ကောင်တွေ အခုထုတ်ပေးတဲ့စစ်ဝတ်စုံဝတ်ပြီြး မို့ထဲသွားရင် ဂျပန်တပ်ကခိုင်းတဲ့ ဟေးတိုးတပ်သားတွေထင်ပြီး ဂျပန်
တပ်ကတန်းခိုင်းမှာသေချာတယ်။မင်း တို့သာကြည့်ပြောပြပေတော့။ဘယ်လို အ၀တ်အစားတွေမှန်းမသိပါဘူးကွာ။
တစ်ဖက်ခန်းမှအသံများကလဲ မလျှော့တမ်းဟာသစွက်ကာပြက်လုံးထု
ဗိုလ်ချုပ်သည်တွေဝေပြီးမျက်လုံး စုံမှိတ်ကာစဉ်းစားနေသည်။ဒေါသြ ဖစ်နေရာမှ ဗြုန်းခနဲလှမ်းပြီး
"ဟေ့တာရာ.....ဟိုဘက်ကစကားပြောေ နတဲ့အကောင်တွေအားလုံးငါ့ဆီအမြန် ဆုံးခေါ်ခဲ့စမ်း၊သွားစမ်း။မြန်ြ မန်ကွ" အော်ငေါက်
ကာဗိုလ်တာရာအားလှမ်းပြီးအမိန့်ေ ပးသည်။ပါးစပ်သရမ်းနေကြသောရဲဘော် များသည် သူတို့ခေါင်းမီးလောင်တော့မည့်အေ ခြအနေကို
လုံးဝမရိပ်မိဘဲစစ်ဝတ်စုံများ၏ အခြေအနေကိုဝေဖန်ရင်းပြက်လုံးထု တ်နေကြသည်။
ဗိုလ်တာရာလဲတစ်ချိုးထဲသွားရောက် ကာ အခန်းတွင်းသေတ္တာကြီးများကိုဖွင့်ကာဝတ်စုံများကို ကိုင်တွယ်ပြီး စာရင်းယူနေကြသည့်ဗိုလ်၊အကြပ်တပ် သား အားလုံးကိုဗိုလ်ချုပ်၏ အမိန့်အရ ဗိုလ်ချုပ်၏အခန်းထဲသို့တစုတစ်ရုံးတည်းခေါ်ခဲ့ရသည်။ ဗိုလ်တာရာလည်းစစ်ထုံးစံအတိုင်း ဗိုလ်ချုပ်ကိုအလေးပြုကာ အမိန့်အတိုင်းခေါ်ဆောင်လာပြီဖြစ် ကြောင်းသတင်းပို့ကာ အလေးပြုနေစဉ်ပင်
"မင်းတို့ဘာကောင်တွေတုန်းကွ ၊ ဟေ့ငါမေးနေတာမကြားဘူးလား"
စူးစူးဝါးဝါးမေးမြန်းလိုက်သည်။ ဗိုလ်ချုပ်၏အသံသည် စစ်ဌာနချုပ်တစ်ခုလုံးလွှမ်းမိုး သွားသည်။
သူတို့သည်ကြောင်နေကြပြီးမှင်သက် မိသူများပမာ တစ်စုံတစ်ရာကိုမပြောဝံ့ကြပေ။သတိ အနေ ဖြင့်ငြိမ်သက်စွာရပ်နေကြသည်။
"ပြောကြစမ်း၊မင်းတို့ဘာကောင်တွေ တုန်း။ငါမေးနေတာမင်းတို့မကြားဘူးလား။ခုတင်က မင်းတို့ရယ်လားမောလားနဲ့ပြောနြေ က
တာတွေလေ" ဗိုလ်ချုပ်သည်နောက်တစ်ကြိမ်စူး စူးဝါးဝါးအော်ဟစ်ကာမေးလိုက်ပြန် သည်။အမေးခံရသူအားလုံးမှာ မျက်နှာသေလေးတွေ
နှင့်အနည်းငယ်တုန်လှုပ်နေကြသည်။
"ကျွန်တော်တို့စစ်ဝတ်စုံတွေညံ့ တာနဲ့ဝေဖန်မိပါတယ်ဗိုလ်ချုပ်" ဗိုလ်ချုပ်ကိုဗိုလ်အဆင့်ရှိသူ တစ်ဦးကအရဲစွန့်ပြီးဖြေကြားလို က်သည်။
"ဘာကွ။စစ်ဝတ်စုံတွေညံ့တယ် ကြမ်းတယ်။လက်တောင်မသုတ်ချင်ဘူး ဟုတ်လား ငါအကုန်ကြားတယ်မင်းတို့ဝေဖန်ေ နတာတွေ"
ဗိုလ်ချုပ်သည်ကျယ်လောင်စွာပြော လိုက်ပြီး ကုလားထိုင်မှဗြုန်းခနဲထလိုက်ပြီးတန်းစီထားသူများရှေ့သို့ တက်လာရင်း......
"မင်းတို့ငါအုပ်ချုပ်နေတဲ့ထပ်ထဲ ကအခုထွက်၊အလကားကောင်တွေ မင်းတို့ကိုငါနဲနဲမှအထင်မကြီးေ တာ့ဘူး၊နွားတွေ တို့ရဲဘော်တွေ
ယိုးဒယားကဒီအထိရန်သူတွေကို ရင်ဆိုင်တိုက်ခိုက်လာရတာ မှတ်မှတ်ရရဘယ်စစ်ဝတ်စုံတွေဝတ်ြ ပီးတိုက်ပွဲဝင်ခဲ့ကြသလဲ ဟင်
ပြောစမ်း" စိတ်ပါလက်ပါလက်သီးလက်မောင်းတန်း ပြီးမေးလိုက်သည်။
"မင်းတို့ကအခုမှယူနီဖောင်းလေး ဘာလေးစစ်ဝတ်စုံလေးနဲ့ကြီးကြီးကျ ယ်ကျယ်လုပ်လို့ကွာ။ဟေ့တိုင်ြး ပည်နဲ့လူထုအတွက်ဆိုရင်
စစ်ဝတ်စုံမရှိလို့ခါးတောင်းကြို က်ပြီးပဲတိုက်ရတော့ရောဘာဖြစ်လဲ။ စစ်တိုက်နိုင်ဖို့သာအဓိကကွအခုေ တာ့မင်းတို့ကကြီးကြီးကျယ်ကျယ်
စကားတွေပြောလို့"
ဗိုလ်ချုပ်က ခဏရပ်ပြီးဆက်ပြောပြန်သည်။
"အခုတော့တိုက်ပွဲမှကျဆုံးခဲ့တဲ့ ရဲဘော်ရဲဘက်အချင်းချင်းတောင် မင်းတို့ပြောပုံသဘောထားတွေက သစ္စာဖောက်နေတဲ့
အကောင်တွေ၊မင်းတို့ကို ငါ့တပ်ထဲကထုတ်ပစ်မယ်၊ထုတ်ရမယ်" ကြိမ်းဝါးလိုက်ပြန်သည်။
ဗိုလ်ချုပ်သည်
"ဘာလဲကွမင်းတို့က ဂျပန်တွေကားစီးပြီးအ၀တ်ကောင်းေ တွဝတ်နေတာကိုအားကျလို့လား။အေး မင်းတို့မှတ်
ထား။ငါတို့တပ်မတော်ဟာပြည်သူလူထု ရဲ့သားသမီးတွေဆိုတာကြည့်လိုက် စမ်း။တို့ပြည်သူလူထုတွေဟာစစ်ဘေး ဒဏ်သင့်ပြီး တစ်ဖက်
က ငပုတွေကတွေ့ကရာဆွဲယူ အနိုင်ကျင့်ချင်တိုင်း အနိုင်ကျင့်ခံနေရတဲ့ဘ၀မှာ မင်းတို့လိုအကောင်တွေက ဇိမ်ခံချင်ကြတယ်။
ကားသစ် ကြီးတွေစီးချင်ကြတယ်။ဒုက္ခရောက်ေ နတဲ့ ပြည်သူလူထုထက်အခွင့်အရေးပိုလို ချင်ကြတယ်။လူထုက၀တ်စရာ အင်္ကျီ ပုဆိုးမရှိတဲ့အချိန် မှာ မင်းတို့လိုအလိုက်ကန်းဆိုးမသိတဲ့ အကောင်မိုက်တွေက စစ်ဝတ်စုံအကောင်းတွေဝတ်ချင်ြ ကတယ် မှတ်ထားအခုလိုစိတ်မျိုး အမြင် မျိုးတွေရှိနေသမျှငါမျှော်မှန်း ထားတဲ့ ပြည်သူ့တပ်မတော်နဲ့တော့ဝေးပါသေး တယ်ကွာ။ သိပ်ရှက်စရာကောင်းတယ်။မင်းတိြု့ ပည်သူလူထု အတွက်စစ်တိုက်နေတယ်ဆိုတာ အလကားပဲ လုံးဝအဓိပါယ်မရှိတော့ဘူး"
ပြောလိုက် ဟောက်လိုက် ကြိမ်းလိုက်ပြန်သည်။
"မင်းတို့နားလည်လား။စဉ်းစားမိလား မင်းတို့ ကိုယ်မင်းတို့ ဗိုလ်တွေ စစ်သားတွေ ရဲဘော်တွေဆိုပြီးတစ်ကယ်စစ်တိုက် ရတဲ့အခါမှာ
စစ်ပညာကောင်းကောင်းတက်နေပြီလား။ ဘာတစ်ခုမှမတတ်သေးဘူး။ကိုယ့်ကို ယ်ကိုယ် အထင်ကြီးပြီးဘ၀င်မြင့်နေတဲ့ကော င်စားတွေ။
မင်းတို့ဒီလိုပြည်သူလူထုနဲ့ ကြပ်ကြပ်သွေးခွဲတဲ့စိတ်တွေထာြး က။ငပုတွေက မင်းတို့ကိုဆော်ဖို့အသင့်ရှိေ နတယ်ဆိုတာမင်းတို့မြင်ရဲ့လား။
ခွေးကောင်တွေ ဘာမှအသုံးမကျတဲ့မင်းတို့ကို ငါ့တပ်ထဲကထုတ်ရမယ်"
ဆက်လက်ပြီးဒေါနဲ့မောနဲ့ကြိမ်းလိုက်ပြန်သည်။
"မှားပါပြီဗိုလ်ချုပ်၊နောင်တရပါ ပြီဗိုလ်ချုပ်" အရာရှိနှစ်ဦးက ကတုန်ကယင်ဖြစ်တာငိုယိုသံမျာြး ဖင့်တောင်းပန်တိုးလျှိုလိုက်ကြ
သည်။"
" ငါဘယ်လိုဝတ်ထားလဲ။ကြည့်ကြစမ်း။ မင်းတို့နဲ့ဘာခြားလို့လဲ။မင်းတို့က ကြီးကြီးကျယ်ကျယ်လုပ်လို့ကွာ"။ ဗိုလ်ချုပ်သည်
သူ၏ဟောင်းနွမ်းနေသောဝတ်စုံကို လက်ဖြင့်ပုတ်ပြီးပြလိုက်သည်။
"ကျွန်တော်တို့မှားပါပြီဗိုလ်ချုပ်။တောင်းပန်ပါတယ်။ကျွန်တော်တို့အမှားကိုဝန်ချတောင်းပန်ပါရစေ။ " မျက်ရည်ဖြိုင်ဖြိုင်ကျ
လျှက်အသနားခံလိုက်ကြပြန်သည်။ဗို လ်ချုပ်သည်သိမ်းကြုံးပြီးဒေါသထွ က်နေသော မျက်လုံးအစုံဖြင့်တောင်းပန်နေသူ များကို
ဝင့်ကြည့်လိုက်ပြီး
"မှတ်ထား၊ငါ့တပ်ထဲမှာ အခွင့်အရေးယူချင်တဲ့အကောင်တစ်ေ ကာင်မှမရှိရဘူး၊မပါစေရဘူး။လူထု ငတ်ရင်အားလုံးငတ်မယ်
လူထုဆင်းရဲရင်တို့ရဲဘော်အားလုံး ဆင်းရဲမယ်။ ငါလဲဆင်းရဲရမယ်။ငါတို့တွေတည်ထော င်ခဲ့တဲ့တပ်မတော်ကြီးဟာ ဒီဝါဒနဲ့ချီတက်ဖို့
အရေးကြီးတယ်။ အခုတော့မင်းတို့ကောင်တွေကွာ။ငါ လိုက်ပြီးကန်လိုက်ရရင်ကွာ။"
ကြိမ်းဝါးလိုက်ပြန်သည်။
သူ့ရှေ့တွင်ရပ်နေကြသူများမှာ သူပြုသမျှ သူပေးသမျှအပြစ်ဒဏ်ကိုခံယူကြမည့် ရဲဘော်များ
ဖြစ်နေကြသည်။အခိုက်အတန့်အတွင်း အပြောမှား၊အဆိုမှားခဲ့ရာ ယခုအခါ ဗိုလ်ချုပ်၏ဆုံးမသြ၀ါဒများကြော င့်အမြင်မှန်ရခဲ့သည်။
"သွားကြစမ်း၊မြန်မြန်ထွက်သွား၊ အကောင်ရှုပ်တွေ ကြာကြာနေရင်မင်းတို့ကိုငါ ဆော်ထည့်မိလိမ့်မယ်။"
ဗိုလ်ချုပ်က ကြိမ်းဝါးကာရုံးခန်းအတွင်းမှ နှင်ထုတ်ပစ်လိုက်သည်။ပါးစပ်သရမ်းမိသူများလည်းအရေးတကြီးဗိုလ်ချု ပ်ကို အလေး
ပြုကာ သုတ်သီးသုတ်ပြာနှင့် ကြောက်ကြောက်ရွံ့ရွံ့မျက်နှာငယ် လေးများဖြင့် ထွက်ခွာသွားကြလေတော့သတည်း...။
မူရင်းဆောင်းပါးရှင် - တက္ကသိုလ်ခင်မောင်ဇော်
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်တစ်ပိုင်းတစ်စ စာအုပ်မှ
ကို thweni ( Facebook ) ဆီမှ ထပ်မံ ကူးယူဖော်ပြပါသည် ။
မသိသေးတဲ့ တစ်ချို့ အကြောင်းအရာတွေ သိခွင့်ရလို့ ကျေးဇူးပါအကို..
ReplyDelete