Thursday, June 23, 2011

"Facebook ၏ တန်ဖိုး ဒေါ်လာ ၁၀၀ဘီလျံထိ မြင့်တက်လာဖွယ်ရှိ "


ကမ္ဘာကျော် Social Networking ၀က်ဘ်ဆိုက်ဖြစ်သော Facebook၏ တန်ဖိုးသည် လာမည့်နွေဦးပေါက်တွင် ဒေါ်လာ (၁၀၀)ဘီလျံကျော်ထိ မြင့်တက်လာဖွယ်ရှိကြောင်း ဈေးကွက်လေ့လာရေး ကုမ္ပဏီတစ်ခုက ဟောကိန်းထုတ်လိုက်သည်။ ကုမ္ပဏီတစ်ခုအဖြစ် ထူထောင်လိုက်သော Facebookသည် (၂၀၁၁)ခုနှစ်တွင် ဒေါ်လာ(၂)ဘီလျံမျှ ဝင်ငွေရရှိမည်ဟု ယမန်နှစ်က ခန့်မှန်းဖော်ပြထားသည်။ အချက် အလက် မှတ်တမ်းများစွာကို အခြေခံပြီးနောက် ကယ်လီဖိုးနီးယား အခြေစိုက်ကုမ္ပဏီ Facebook လာမည့်နှစ်  အတွင်း ဒေါ်လာ (၁၀၀)ဘီလျံထိ တန်ဖိုးရှိလာမည်ဟု Wall Streetဂျာနယ် က ဖော်ပြလိုက်သည်။


Facebook၏ မကြာသေးမီ ဘဏ္ဍာရေး အခြေအနေကို လေ့လာပြီးနောက် ဂျာနယ်က ယခုကဲ့သို့ ဟောကိန်းထုတ်လိုက်ခြင်းဖြစ်ပြီး Amazonနှင့် Cisco ADု့ကို ကျော်လွန်ကာ ကမ္ဘာပေါ်တွင် အကြီးဆုံး နည်းပညာ ကုမ္ပဏီအဖြစ် Facebookက ရပ်တည်နိုင်မည်ဟုလည်း ဖော်ပြသွားသည်။ မာ့ခ်ဇူကာဘာ့ဂ်သည် Facebookကို လွန်ခဲ့သည့် (၇)နှစ်ကမှ တည်ထောင်ခဲ့သော်လည်း ကမ္ဘာ့လူဦးရေ သန်း(၆၀၀)ကျော်ကို ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ခြင်းက Facebook၏ အောင်မြင်မှုကို တွန်းတင်ပေးခဲ့သည်။ ကြော်ငြာဝင်ငွေသည် Facebookအတွက် အဓိက အမြတ်အစွန်း ရရှိစေသော ရင်းမြစ်ကြီး ဖြစ်လာပြီး ယခုနှစ်တွင် ဒေါ်လာ (၄.၀၅)သန်းမျှ ရရှိမည်ဟု ခန့်မှန်းထားသည်။ (၂၀၁၀)ပြည့်နှစ်က ဒေါ်လာ (၁.၈၆)သန်းသာ ရရှိခဲ့သော်လည်း တစ်နှစ်အတွင်း သိသိသာသာ ထပ်မံတိုးပွားလာဦးမည်ဟု Wall Streetက ဟောကိန်းထုတ်ထားသည်။
ထို့အပြင် Facebook၏ ကိုယ်ပိုင် ငွေချေစနစ်ဖြစ်သော Facebook Creditsကြောင့်လည်း လာရောက်ချိတ်ဆက်ထားသော နည်းပညာ ကုမ္ပဏီများထံမှ Facebook၏ ပံ့ပိုးမှုဖြင့် ရရှိသော ၀င်ငွေအနက် (၃၀)ရာခိုင်နှုန်းကို ရရှိရာ ၀င်ငွေပိုမို တိုးပွားလာမည်ဖြစ်သည်။ Wedbush နည်းပညာ လုံခြုံရေးဌာနမှ လူးကာနာကမူ ယခုကဲ့သို့ အကောင်းမြင်မှတ်ချက်များပေးရန် စောလွန်းသေးကြောင်း သတိပေးခဲ့သည်။ ကြော်ငြာကဏ္ဍနှင့် ပတ်သက်၍ သဘောထား ကွဲလွဲမှုများ ဖြစ်လာနိုင်ခြင်းသည် Facebookအတွက် အနာဂတ် စိန်ခေါ်မှု ဖြစ်လာနိုင်ကြောင်း ၎င်းက Wall Streetဂျာနယ်ကို ဖတ်ရှုပြီးနောက် သုံးသပ်ခဲ့သည်။ Facebookသည် ပြိုင်ဖက်နည်းပညာ ကုမ္ပဏီများထက် ကြော်ငြာဝန်ဆောင်ခကို လျှော့ချပေးထားဆဲ ဖြစ်သော်လည်း မကြာသေးမီက (၄၀)ရာခိုင်နှုန်း တိုးမြှင့်ခဲ့သည်။ ထို့အပြင် Googleကဲ့သို့ ပြိုင်ဖက်ကုမ္ပဏီများက Androidကဲ့သို့ ကာလရှည်ကြာ တွင်ကျယ်နေမည့် Operating Systemများ၊ အခြားတီထွင်မှုများနှင့် ကြော်ငြာဈေးကွက်ကို ချုပ်ကိုင်ချဲ့ထွင်ရန် ကြိုးပမ်းလာခြင်းကလည်း Facebookအတွက် အကြပ်အတည်း ဖြစ်လာနိုင်စေကြောင်း ကာနာက ပြောကြားသွားသည်။

Source: DailyMail

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...