ဦးမြင့် ပြောပြသည့် ရွာက တောက်တဲ့အကြောင်း ....
by ဒီမို ဖက်တီး on Friday, June 10, 2011 at 2:40am
ဥပမာတခုအဖြစ် ဖော်ပြရလျှင် -
လူငယ် ၂၁ ဦးက မြန်မာနိုင်ငံ
တောက်တဲ့ ကြောက်ရသည့်အပြင် ရွာတွင် အိမ်သာ မရှိပါ။ ရွာသားများက အခင်း ကြီးငယ်ကို
'တောထိုင်'၍သာ ဖြေရှင်းကြပါသည်။ညအခါတွင် တောထိုင်ရသည့် ကိစ္စမှာလည်း ပျော်ပိုက်စရာမဟုတ်ပါ။
မြွေပါးကင်းပါး မျှော့ပါးကျွတ်ပါး အကုန်တွား၍ လာနေကြပါသည်။ အပူပိုင်းခြောက်သွေ့ဇုန်သို့ ကျေးလက်စစ်တမ်း ကောက်ယူရန် ယခု ခရီးထွက်ခဲ့ကြပါသည်။ သင်က 'လုံးဝ အသုံးမကျ' ဟု မြင်သည့် စာတမ်းအတွက် ထိုသူများ လုပ်ဆောင်ချက်က ကူညီပေးခဲ့ကြပါသည်။ ၎င်းတို့အနက် ၁၄ ဦးမှာ မိန်းမပျိုများ ဖြစ်ပါသည်။ သူတို့ရောက်သည့် ရွာတွင် ည၌ လျှပ်စစ်မီး မရှိပါ။ ကိုယ့်လက်ကိုယ် မမြင်ရလောက်အောင် မှောင်မဲပါသည်။ မိန်းကလေးများနှင့် အဖော်များက ရွှံ့ကြမ်းခင်းတွင် အိပ်ကြရပါသည်။ သူတို့အားလုံး ပင်ပန်းနွမ်းနယ်နေကြပြီး၊ သူတို့အပေါ် သဲနေကြသည့် ခြင်များကိုပင် မမှုကြတော့ပါ။
သူတို့အားလုံး စိုးရိမ်နေကြသည်မှာ တပေမျှရှိမည့် တောက်တဲ့များဖြစ်ပြီး၊ သူတို့အိပ်နေရာသို့ မျက်နှာကျက်မှ၊ နံရံမှ ဆင်းလာတတ်ကြပါသည်။ ညတွင် ခြင်များကို စားသောက်ရန် ဆင်းလာခြင်းလည်း ဖြစ်နိုင်ပါသည်။ ကျေးရွာလူထုများ ကလည်း သူတို့ အကြောက်ပြေစေရန် ကြက်သွန်ကိုထား၍ အိပ်ပါက တောက်တဲ့မလာဟု အားပေးကြပါသည်။ မနက်တွင် မိန်းမပျိုလေးများ ကြောက်လန့်စရာ တောက်တဲ့က ကြက်သွန်ကို စားနေသည်ကို မြင်ခဲ့ကြရပါသည်။ ရွာသားများကတော့ ခပ်အေးအေးပင်။ သူတို့က ခပ်တည်တည်နှင့်ပင် မိန်းကလေးများကို ပြန်ပြောပြပါသည်။ ယခုတောက်တဲ့များသည် တပေမျှ ရှိသည်ဆိုစေကာမူ တောက်တဲ့ပေါက်စများ ဖြစ်ကြောင်း၊ ကမ္ဘာကြီး အကြောင်း ကောင်းစွာ မသိကြသေးကြောင်း ဆိုကြပါသည်။
တောက်တဲ့ကြောက်ရသည့်အပြင် ရွာတွင် အိမ်သာမရှိပါ။ ရွာသားများက အခင်းကြီးငယ်ကို 'တောထိုင်' ၍သာ ဖြေရှင်းကြပါသည်။ ညအခါတွင် တောထိုင်ရသည့် ကိစ္စမှာလည်း ပျော်ပိုက်စရာ မဟုတ်ပါ။ မြွေပါးကင်းပါး မျှော့ပါးကျွတ်ပါး အကုန်တွား၍ လာနေကြပါသည်။
လူငယ်များ ကြုံရသည့် ဤဒုက္ခများအပြင် ရွာတွင် လမ်းကောင်းကောင်း မရှိသလို၊ တောလမ်းကြမ်းသာ တိုးရပါသည်။ ဤတောလမ်းတွင် တခုတည်းသော အားကိုးအားထားရာယာဉ်မှာ လူငယ်အချို့ မောင်းနှင်သည့် 'ဝစ်သောက်' (without) ဆိုင်ကယ်တက္ကစီများ ဖြစ်ပါသည်။ ထိုဆိုင်ကယ်တက္ကစီ ဆရာများက မူးယစ်ဆေးတခုခု သုံး၍သော်လည်းကောင်း၊ ဂျိမ်းစ်ဘွန်းကို အားကျ၍သော်လည်းကောင်း မိုးပျံမလောက် မောင်းနှင်သည်ကို စီးနင်းလိုက်ပါခဲ့ကြရသည်။ မိမိတို့နိုင်ငံတွင် 'ဝစ်သောက်' ဆိုသည့် စကားလုံးမှာ နယ်စပ်ကိုဖြတ်၍ ခိုးသွင်းလာသည့် လိုင်စင်မဲ့ယာဉ်၊ အခွန်ပေးဆောင်ထားခြင်း မရှိသည့် ယာဉ်ကို ဆိုခြင်း ဖြစ်ပါသည်။ ၎င်းယာဉ်များကို ဈေးပေါပေါဖြင့် ဝယ်ယူရရှိနိုင်ပြီး၊ အချို့ တောလမ်းကြမ်းကဲ့သို့သော ကန့်သတ်နေရာများတွင် သုံးခွင့်ပြုထားခြင်း ဖြစ်ပါသည်။ ဤသို့ ယာဉ်ပြေးဆွဲရန်လည်း ဒေသခံအာဏာပိုင်များကို တစုံတရာကြေးများ ပေးထားကြရပါသေးသည်။ 'ဝစ်သောက်' ဆိုသည့် ဝေါဟာရမှာ ယာဉ်သာမက၊ ယာဉ်မောင်းသူအတွက်လည်း အကြုံးဝင်နေတတ်ပါသည်။ ဂျိမ်းစ်ဘွန်း ဇာတ်လိုက်က လူသတ်လိုင်စင် ရှိထားသလို၊ မိမိတို့ ဆိုင်ကယ်ဆရာများကလည်း ကိစ္စအရာအားလုံး လုပ်ဆောင်ခွင့်လိုင်စင် ရှိနေတတ်ကြပါသည်။ ဆိုလိုသည်မှာ မိမိတို့လူများ အချိန်မရွေး ဒုက္ခကြုံရနိုင်ပါသည်။
မကြာသေးမီက မိုးကြီးရွာချလိုက်သည်နှင့်အညီ ဒုက္ခဆပိုးတိုးရတော့သည်။ မိုးရေကြောင့် တောလမ်းကြမ်းမှာ ဗွက်ထခဲ့ရပြီး၊ ဆိုက်ကယ်ဘီးမှာ ရွှံ့ညွံထဲ တဝက်မျှ နစ်နေရပါတော့သည်။ ရေညင်ညင်သာသာ စီးဆင်းနေသည့် ချောင်း၊ စမ်းချောင်းငယ်များမှာလည်း ရေထိုးကျ၍ ရေပြည့်လျှံ၍ နေပါတော့သည်။ ကျေးရွာစစ်တမ်း ကောက်ယူသည့် အဖွဲ့ကို ဦးဆောင်သူ မိမိ မိတ်ဆွေက ပြောပြရာတွင်၊ ပြီးခဲ့သည့် အပတ်ကပင် သူက ဆိုင်ကယ်ဆရာကို တင်းတင်းဖက်၍၊ အသံကုန်အော်ဟစ် အကူအညီတောင်းပြီး၊ တောင်ကျချောင်းရေ ဆန်တက်၍ ပြန်ခဲ့ရပါသည်။ သူ့အသက် နောက်ဆုံး အချိန်ဟု ထင်ရမလောက် အခြေအနေ ကြုံခဲ့ရပါသည်။ မိမိတို့ မျှော်လင့်ထားသည့်အတိုင်း မတော်တဆ ထိခိုက်မှုအချို့လည်း ရှိခဲ့ပါသည်။ မိန်ကလေးငယ်တဦးမှာ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျ၍ သူ၏ ခမောက်လည်း ရိုက်မိသည့် ဒဏ်ကြောင့် တစစီ ကျေကွဲခဲ့ရပါသည်။ တယောက်မှာ ပြုတ်ကျ၍ စုတ်ပြဲဒဏ်ရာများ ရခဲ့ပါသည်။ အခြား မတော်တဆမှုတခုတွင် မိန်းကလေးတဦးက ရွှံ့ဗွက်ထူသည့် လမ်းပေါ်ပြုတ်ကျ၍ ဆိုင်ကယ်ပိနေခဲ့ပါသေးသည်။ ကံကောင်း၍သာ အပြင်းအထန်ဒဏ်ရာ မရခဲ့ကြခြင်း ဖြစ်ပါသည်။ သို့သော် မိမိတို့ လူငယ်များအဖို့ မည်မျှကြာကြာ ကံကောင်းနေဦးမည်နည်းဟု မေးစရာ ရှိပါသည်။
ဆရာ ခင်မောင်ညို (ဘောဂဗေဒ) ဘာသာပြန်သည်။
0 comments:
Post a Comment