Sunday, June 19, 2011

သနားစရာ ယောက်ျားသားများ ဘဝ

by Myo Tha Htet on Monday, December 6, 2010 at 7:33pm
(ကျွန်တော် ရေးတာ မဟုတ်ပါ၊ သူငယ်ချင်းတယောက်ရဲ့ forward မှ ဖြစ်ပါတယ်၊ ကြယ်စင် နာမည်နဲ့ ရေးထားပါတယ်။ သူပြောထားသလိုဆို ယောက်ျားလေးတွေရဲ့ ဘ၀ခမျာ သနားစရာ ဖြစ်နေလို့ ``သနားစရာ ယောက်ျားသားများ ဘ၀`` လို့ နာမည် ပြင်လိုက် ပါတယ်၊ ကြယ်စင် ခွင့်လွှတ်ပါစေသောဝ်)

အော်... ယောက်ျား... ယောက်ျား...

ဖော်ဖော်ရွေရွေများ ဆက်ဆံမိရင် ပြောပါလိမ့်မယ်... ' သူ့ကို ကြိတ်ကြိုက်နေတာ '... လို့

အဲလိုမှ မလုပ်ပြန်ရင်လဲ ... ' အဲဒီ မိန်းမက ဘာမှ မဟုတ်ပါဘူးကွာ ' ... တဲ့


သပ်သပ်ရပ်ရပ်များ ၀တ်စားမိရင် ပြောပါလိမ့်မယ် ... ' သူ့ရုပ်နဲ့ ပဲများနေတာ ' ... လို့

အဲလိုမှ မ၀တ်ပြန်ရင်လဲ ' တိုက်ဂေါ ' တဲ့

သူကိုများ ပြန်ငြင်းခုံမိရင် ပြောပါလိမ့်မယ် ...' စွာတေးမ '... လို့

ငြိမ်နေပြန်တော့လဲ ... ' ငတုံးမလေးပါကွာ... ငါလှိမ့်ချင်သလို လှိမ့်လို့ရပါတယ် ' ... တဲ့

သူထက်များ ပိုတော်နေရင် ပြောပါလိမ့်မယ်... ' ငဖျံမ '... လို့

သူကများ ပိုတော်နေရင်တော့လဲ... ' အရည်အချင်းကြောင့် '... တဲ့

သူ့ကိုများ မကြိုက်ဘူးဆိုရင် ... " လက်ဖက်ရည်ဆိုင်မှာ ရေနွေးအိုးတအိုးနဲ့ တနေ့လုံးထိုင်ပြီး... ဒီစော်က ဘာကြီးပါကွာ... ညာကြီးပါကွာ... ဘယ်တုန်းက ငါနဲ့ ဘယ်လို... ဘာဖြစ်ခဲ့တယ်... ညာဖြစ်ခဲ့တယ်... အခုမှ အထာတွေ ပိုနေတာပါကွာ... စတဲ့ စတဲ့... အတင်းတွေ ပြောလာပါလိမ့်မယ်

သူ့ကို ကြိုက်မိပြန်တော့လဲ... သင့်ကို အနိုင်ကျင့်နည်း ပေါင်းစုံနဲ့ တရားဝင် အနိုင်ကျင့်လာ ပါလိမ့်မယ်....

ချစ်နေတဲ့ အမူအရာများ ပြမိရင် ပြောပါလိမ့်မယ်... ' ငါက ပိုင်ပါတယ်ကွာ ဆိုပြီး နောက်ကွယ်မှာ လျှောက်ဖော အုံးမယ်...

အဲလို အမူအရာ မပြပြန်တော့လဲ... ' မင်းက တကယ်မချစ်လို့ နောက်တစ်ယောက် ရှာတာ ' ... တဲ့

အခက်အခဲရှိလို့ တိုင်ပင်မိရင် ပြောပါလိမ့်မယ်... ' ပစိပစပ် '... လို့

မတိုင်ပင်ဘဲ နေပြန်တော့လဲ... ' သူ့ကို မယုံကြည်လို့ '... တဲ့

သူ့ကိုများ အော်ငေါက်မိရင် ပြောပါလိမ့်မယ်... ' ယောက်ျားကို လွှမ်းမိုးမယ့် မိန်းမ ' ... လို့

သူကများ အော်ငေါက်ရင်တော့ ' ဆုံးမတာ '... တဲ့

ပေးထားတဲ့ ကတိ ဖျက်မိရင် ပြောပါလိမ့်မယ်... ' ကတိမတည်တဲ့ မိန်းမ '... လို့

သူဘက်က ဖျက်ရင်တော့ ...' မလွဲမရှောင်သာလို့ပါ ' ... တဲ့

မိန်းကလေး...  shopping သွားမိရင် ပြောပါလိမ့်မယ်... ' ပိုက်ဆံဖြုန်းတဲ့မိန်းမ... လို့

သူ ပိုကာ ဆွဲတာကျတော့ ... ' အပျင်းပြေပါ '... တဲ့

သင် စာမေးပွဲအောင်ရင် ပြောပါလိမ့်မယ်...' သူအားပေးတတ်လို့ပါ '... လို့

သူအောင်ရင်တော့... ' အရည်အသွေးကြောင့် ' ... တဲ့

သူ့ကိုများ မတော်တဆ နာကျင်စေမိရင် ပြောပါလိမ့်မယ်... ' အကြင်နာတရားမဲ့တဲ့လူ ' ... လို့

သူ့ကြောင့်များ သင်ခိုက်မိရင်တော့... ' အထိမခံ ရွှေပန်းကန် ' ... တဲ့

သူနဲ့ အတူတူ အပြင်သွားလို့ သူပိုက်ဆံ ရှင်းရမယ်ဆိုရင်... ၀လာမှာ စိုးလို့ နည်းနည်းပဲ စားတဲ့...

ကိုယ့်ဘာသာ ရှင်းမယ်ဆိုရင်တော့ အစားဆိုတာ ကောင်းကောင်း စားရတယ်တဲ့

ယောက်ျားတွေ အကြိုက် ဆယ်ခါလိုက်လဲ မလိုက်တစ်ခါ ရှိခဲ့ပါမူ... သွားပုတ်လေလွင့်... လျှောက်ပြော တတ်၏ (blog တွေလည်း လျှောက်ရေး တတ်၏) တဲ့...

ရည်းစားသက်တမ်း ကြာလာလို့ သူတို့ အသစ်ကလေး ရှာချင်ပြီဆိုရင်... မင်းကို ချစ်တာ မဟုတ်ခဲ့ပါဘူး... ခဏ သာယာမိတာပါတဲ့... (ဗလောင်းဗလဲကို ကောင်းကောင်း ပြောတတ်ပါသေးတယ်)

ဒီစာကို ယောက်ျားတွေဆီ ပို့ပေးမိရင် ပြောပါလိမ့်မယ်... ' မဟုတ်မဟတ်တွေ' ... လို့

မပို့ပြန်ရင်လည်း... ' အတ္တသမားတွေ ' ... တဲ့

ယောက်ျား မကောင်းကြောင်း ရေးထားတာ မဟုတ်ဘူးနော်၊ သူငယ်ချင်းတို့ကို ချစ်လွန်းလို့ ယောကျာ်းတွေရဲ့ မကောင်းတဲ့ အကျင့်ကို ရေးထားတာနော်၊ ဒါပေမဲ့ ယောက်ျားတိုင်းတော့ မဟုတ်ဘူးနော်၊ သက်ဆိုင်သူများ ရှိခဲ့ရင် လွတ်လပ်စွာ သဘောထား ကွဲလွဲ နိုင်ပါတယ် နော်။

မှတ်ချက်။           ။ရန်ဖြစ်ချင်လို့ မဟုတ်ပါ။ မိန်းကလေးတွေရဲ့ သနားစရာဘ၀ကို အသိပေးခြင်းသာ ဖြစ်ပါသည်။ 

(လောကကြီးကတရားပါတယ်... မတရားတာက လူတွေပါ... ကိုယ့်ကိုယ်ကိုယ်ကော တရားရဲ့လားဆိုတာ ပြန်ဆန်းစစ်ကြ အုံးနော်...) 

 *** စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကို ပျက်စီးစေနိုင်တယ်။ စကားအခွန်း တစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစု ပျိုးထောင် နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။***
  
ကြယ်စင်
#avg_ls_inline_popup{position: absolute;z-index: 9999;padding: 0px 0px;margin-left: 0px;margin-top: 0px;overflow: hidden;word-wrap: break-word;color: black;font-size: 10px;text-align: left;line-height: 130%;}

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...