Saturday, June 18, 2011

တချပ်မှောက်

by Youn Myat Thwe on Saturday, June 18, 2011 at 3:20pm

လက်တွေ့ ကျတဲသဘောတရားလေးတခု၊အမှန်တရားလေးတခု မို့လို့မပြောလိုက်ရရင် ရင်ထဲမှာကလိကလိဖြစ်နေ လို့သာပြောရမှာပါ။
တကယ်တော့ ဒီအမြင်ဟာ မကြုံဘူးတဲ့သူတွေ မယုံဘူးဆိုတဲ့သူတွေအတွက် ကန့်ကွက်စရာတော်တော်ဖြစ်နိုင်ပါတယ်။
တကယ်လို့အဲလိုမြင်ကြရင်လည်း မထောက်မညှာဝေဖန်ကြပါလို့ ဖိတ်ခေါ်လိုက်ကြောင်းပါ။


ရန်သူဆိုတာ ဘာလဲ။
ကျွန်တော်နားလည်တာကတော့ ကိုယ့်ကိုဒုက္ခပေးမယ့်သူပေါ့ဗျာ။ဒါကရှင်းပါတယ်။
အဲဒါဆိုရင်လူပိန်းတွေးလေးနဲ့ပဲတွေးကြည့်ရအောင်(ဘာလို့အဲလိုတွေးရတာလဲဆိုတော့ကျွန်တော်လည်းအဲဒီ
လောက်ပဲတွေးတတ်လို့ပါ)။ ကောင်းပြီ
ကျွန်တော်ကရန်ကုန်မှာနေတယ်ဗျာ။ကျွန်တော်မှာ ရန်သူ ၃ ယောက်
ရှိတယ်ဆိုပါတော့။ ရန်ကုန်မှာတယောက်။ပဲခူးမှာတယောက်။
မန္တလေးမှာတယောက်။ဘယ်ရန်သူဟာကျွန်တော့်ကိုလိုက်ချောင်းပြီးဒုက္ခပေးနိုင်ဖို့်အလွယ်ဆုံးလည်းဆိုတဲ့အဖြေ
ကိုကျွန်တော်ပြောပြစရာမလိုဘူးနော်။ ရှင်းရှင်းလေးပဲ။ အနီးဆုံးကလူပေါ့ဗျာ။
ကဲဗျာ နဲနဲထပ်ရွှေ့လာမယ်နော်။
ရန်ကုန်တမြို့ထဲကရန်သူတွေပဲစဉ်းစားဦးဗျာ။ဟိုဖက်မြို့နယ်ကရန်သူ။ကိုယ့်မြို့နယ်ကရန်သူ။ကိုယ့်ရပ်ကွက်ထဲက
ရန်သူ။ကိုယ့်နဲ့တလမ်းထဲနေတဲ့ရန်သူ။ကိုယ့်နဲ့ဟိုဖက်တိုက်ဒီဖက်တိုက်။ဟိုဖက်ခန်းဒီဖက်ခမ်း၊
ကိုယ့်နဲ့ တအိမ်ထဲ၊ ကိုယ့်နဲ့တရုံးထဲ။ကိုယ်နဲ့တဌာနထဲ။ကိုယ်နဲ့နောက်ဆုံး
တခန်းထဲ တအိပ်ယာထဲဗျာ။ အဲဒီတော့ပြောချင်တာက
ကိုယ်နဲ့နီးလေလေ အဲဒီရန်သူဟာ အစွမ်းထက်လေလေပါပဲ။အစွမ်းထက်တယ်လို့ ပဲပြောပြော၊ အဲလိုမပြောချင်
ဘူးလား။ နောက်တမျိုးသုံးမယ်ဗျာ။ကိုယ့်ကိုဒုက္ခပေးနိုင်ဖို့အခွင့်အရေးအများဆုံးရထားတဲ့သူ။
အဲဒါကြောင့် လောကကြီးမှာ ကိုယ့်နဲ့ အနီးဆုံးလူ အနီးစပ်ဆုံးလူ
အရင်းနှီးဆုံးလူ တွေဟာ ကိုယ့်ရဲရန်သူဖြစ်နေခဲ့ရင်
သို့မဟုတ် ဖြစ်လာခဲ့ရင်အဲဒီရန်သူမျိုးဟာကြောက်စရာအကောင်းဆုံးရန်သူတွေဖြစ်သွားတတ်ပါတယ်။
အရင်းနှီးဆုံးလူဟာကိုယ့်အားနဲ့ချက်နဲ့ကိုယ့်ရဲ့ချွတ်ယွင်းချက်ကိုအသိဆုံးဖြစ်နေလို့ပါပဲ။
ကိုယ့်ကိုအချိန်မရွေးနောက်ကျောကိုဒါးနဲ့ထိုးနိုင်တဲ့အခွင့်အရေးကိုရထားလို့ပါပဲ။
တချိုန်တုန်းက ကျွန်တော်တို့ တိုင်းပြည်မှာ
နိုင်ငံခြားကိုထွက်ဖို့ဆိုတာဟာအလွန်ခက်ခဲကြတယ်။
ထွက်မယ့်လူတွေဟာလည်းဘယ်လိုကြုံလေ့ရှိလည်းဆိုတော့ ကိုယ်သွား မယ့်
လေယာဉ်ခရီးစဉ်နဲ့ရက် ကိုသိရင်တယောက်ယောက်ကanonymously(ကိုယ်ဘယ်သူဘယ်ဝါဆိုတာကိုပြောပြစရာမလိုဘူး။သတင်း
ပေးရုံသက်သက်ပဲဗျာ)ဖုန်းနဲပဲဖြစ်ဖြစ် အချိန်ကြိုရလို
့စာတိုက်ကနေပဲဖြစ်ဖြစ် နံမယ်က ဦးဘယ်သူ ဒေါ်ဘယ်သူ ဘယ်နေ့မှာ (ဘယ်
ခရီးစဉ်နဲ့) ပြည်ပကိုထွက်ပါလိမ့်မယ်လို သူ့ဆီမှာ မူးယစ်ဆေး ဒါမှာမဟုတ်
တရားဝင်ခွင့်ပြုတဲ့
ပမာဏထက်ပိုတဲ့အမေရိကန်ဒေါ်လာကိုဖွက်ပြီးယူဆောင်သွားပါတယ်။တာဝန်သိပြည်သူတယောက်အနေနဲ့သတင်း
ပေးတာပါလို့တချက်ကလိထားလိုက်တာနဲ့တင်ဌာနဆိုင်ရာအရာရှိတွေကသတင်းပေးတဲ့သူဘယ်သူဆိုတာကို
မစုံစမ်းပါဘူး။သိပ်အလုပ်လုပ်ပါတယ်။ အဲဒီခရီးသည်ဟာ အဲဒီနေ့လေဆိပ်မှာ
လက်မှတ် နဲ့ပတ်စပို့တ်ကိုပြလိုက်တာနဲ့
အထဲခန လိုက်ခဲ့ပါမေးစရာနဲနဲရှိလို့ဆိုပြီးတော့ တကိုယ်လုံး အိပ်တွေ
ဖိနပ်တွေခါးပတ် တွေအားလုံးကိုချွတ်ခိုင်းပြီး
ိုရုပ်ပျက်ဆင်းပျက်ချွေးပြန်အောင်ရှာကြပါတယ်။နောက်ဆုံးအားလုံးကင်းရှင်းမှသာလေယာဉ်ပေါ်တက်
ခွင့်ရပါတယ်။
အခုထိလည်း အဲဒီလိုမျိုးတွေရှိနိုင်ပါတယ်။ အဲဒီတော့လူတော်တော်များများကပြည်ပကိုထွက်တော့မယ်ဆိုရင်
ကိုယ့်မိသားစုဝင်ကလွဲရင်အလွန်ခင်တဲ့ညတိုင်းလဖက်ရည်ဆိုင်တူတူထိုင်နေကြသူငယ်ချင်းတွေကိုတောင်သူသွားမယ်
ဆိုတာသိတယ်။ ဒါပေမယ့် ဘယ်နေ့ ဘယ်
ခရီးစဉ်ဆိုတာကိုအတိအကျမပြောရဲလောက်အောင်ဖြစ်လာကြရပါတယ်။
အိမ်နီးချင်းရပ်ကွက်ထဲကလူကိုဆိုရင်တော့ ပြည်ပထွက်မှာကို
နီးပြီဆိုတာလောက်ကိုတောင် မပြောရဲကြပါဘူး။ အဲဒီတော့
သူတို့ကိုလည်းအပစ်တင်လို့မဖြစ်ပါဘူး။သတ္တ၀ါမှန်သမျှဟာကိုယ့်အန္တရာယ်ကိုကာကွယ်မှာကတော့
သဘာဝမို့လိုပါ။
အခုပြောတဲ့ သာဓကကိုတော်တော်များများတွေ့ဖူးကြုံဖူးကြပါလိမ့်မယ်။
အဲဒီတော့ဟာ ပြန်စဉ်းစားကြည့်ရင် သူခင်တဲ့လူသူယုံကြည်တဲ့သူ
သူအကြောင်းကြားထားတဲ့လူ သူ့အကြောင်းသိတဲ့လူဟာ သူကိုဒုက္ခပေးချင်တယ်ဆိုရင်
မနာလိုစိတ်နဲ့ သစ္စာမဲ့မယ် ဆိုရင် အဲဒီသူတွေဟာ အန္တရာယ်အကြီးဆုံးလူ နဲ့
စွမ်းအားအထက်ဆုံးရန်သူတွေဖြစ်
်ပါတယ်။အဲဒီသဘောတရားတခုကိုအရင်တုန်းက ဖတ်ဘူးတဲ့ဘာသာပြန်ဝတ္ထု The Count of Monte
Cristo (မွန်တီခရစ်စတိုမြိုးစားကြီး) ဆိုတဲ့ပြင်သစ်စာရေးဆရာကြီး Alexandre
Dumas père (1802-1870)
ရေးတဲ့ဝတ္ထုမှာအချစ်ဆုံးသူငယ်ချင်းကကိုယ့်ချစ်သူကိုလိုချင်တာရယ်သူ့ရာထူးတည်မြဲဖို့ရယ်အတွက်တချက်ခုတ်၂ချက်
်ပြတ်သူငယ်ချင်းကိုသစ္စာမဲ့ခဲ့တာကိုဇာတ်အိမ်ဖွဲ့ထားခဲ့ပါတယ်။ဂန္တု၀င်ပါ။နက်ပေါ်ကနေလည်းဒေါင်းလုပ်လုပ်ပြီးဖတ်လို့ရပါလိမ့်မယ်။
်အဲဒီသဘောတရားဟာတကယ့်လောကကြီးထဲမှာလည်းရှိပါတယ်။
တိရစ္ဆာန်ဟာ မကောင်းမကြံတတ်ပါဘူး။ သဘာဝအရသူ့ကို်ယ်သူကိုယ်သာကာကွယ်ပါတယ်။အစာကိုသတ်ဖြတ်စားသောက်ရပါတယ်။
လူဆိုတဲ့ သတ္တ၀ါကသာကိုယ့်အကျိုးအတွက်ပဲဖြစ်ဖြစ်။ကိုယ့်အကျိုးမရှိသော်လည်းမနာလိုစိတ်နဲ့မျက်မုန်းကျိုးရုံမျှနဲ့
လည်းဒုက္ခပေးတတ်ပါတယ်။
ဒါဟာလည်း လက်မခံလို့ မရတဲ့ လက်တွေ့အမှန်တရားပါ။
နောက်တခုကလည်း လူ့သဘာဝတခုက တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေတဲ
့ရှင်ဘုရင်တပါးဟာ သူ့ နန်းတော်နားမှာ ထိုင်ပြီးတောင်းရမ်းနေတဲ
့သူဖုန်းစားတယောက် ရဲ့ခွက်ထဲမှာတနေ့ကိုအသပြာဘယ်လောက်ရနေတယ်ဆိုတာကို
ဘယ်တော့မှစိတ်မ၀င်စားပါဘူး။ သူစိတ်ဝင်စားတာက သူလိုပဲ ဘုရင်လုပ်နေကြတဲ
့တိုင်းတပါးက မင်းများ ဘာတွေ
လုပ်နေတယ်၊ဘယ်လိုသယံဇာတွေနဲတူးဖေါ်ထုတ်လုပ်ပြီးလန်းနေတယ်။ဘယ်လိုလက်နက်ကောင်းတွေကိုဘယ်လို
တိုးတက်တဲ့ နိုင်ငံကြီး တွေဆီက၀ယ်ယူရရှိနေတယ်၊အဲဒီလက်နက်တွေနဲ
့သူ့တိုင်းပြည်ကိုပဲလာစစ်ပြုမလား။
ဒါမှမဟုတ်သယံဇာပေါကြွယ်ဝတဲ့တခြားဘယ်နိုင်ငံလေးတွေကိုဝင်သိမ်းဖိုကြံစည်ပြင်ဆင်နေမလဲဆိုတဲ့ဟာမျိုးကိုပဲ
စိတ်ဝင်စားမှာပါ။
အဲသည်လိုဆိုရင်အဲသည်နိုင်ငံလေးတွေကိုဝင်သိမ်းရင်သူတို့ဘာရမလဲ။အဲဒါဆိုရင်ငါဦးအောင်တက်သိမ်းရရင်
ကောင်းမလား စတာတွေကိုပဲတွေ့းပါတယ်။
(ကျွန်တော်ဘုရင်မလုပ်ဘူးပါ။ထင်တာပြောတာပါ။)
အဲသည်လိုပဲနန်းတော်ရှေကသူဖုန်းစားကလည်းသူကျောမှီပြီးတောင်းနေတဲ့ဘုရင့်နန်းတော်ကြီးကိုတနေ့နေလို့တခါ
တောင်လှဲ့ကြည့်မိချင်မှကြည့်ဖြစ်မှာပါ။သူ့အတွက်အရေးကြီးတာက သူ နဲ့မလှမ်းမကမ်းမှာထိုင်တောင်းနေတဲ့
သူဖုန်းစား တွေ ဘယ်လိုတောင်းနေလဲ။ ဘယ်လောက်ဝင်နေလဲ။ ဒီကောင်တွေသာဒီနားမရှိရင်ဒီနားလာသမျှ
လူတွေက ငါ့တယောက်တည်းကိုပဲအသပြာတွေစွန့်ကြဲကြမှာ။
အဲဒါဆိုရင်ဒီကောင်တွေဒီနားလာတောင်းလို့မရအောင်
(စည်ပင်လူကြီးနဲ့ပေါင်းပြီး)ဘယ်လိုရိုက်ထုတ်ရမှာလဲဆိုတာမျိုးကိုပဲတွေးကြပါတယ်။(ကျွန်တော်သူတောင်းစား
မလုပ်ဖူးဘူးနော်။ထင်တာပြောတာ။ကွန်မင့်လာမှာကြောက်လို့)။ ဆိုလိုတာကတော့ဒီနေရာမှာပြောရရင်….

Rival လို့ခေါ်တဲ့ ပြိုင်ဖက် ။
စီးပွားပြိုင်ဖက်။ရည်းစားပြိုင်ဖက်။စင်ပြိုင်ဖက်၊လင်ပြိုင်ဖက်၊ယှဉ်ပြိုင်ဖက်။အားလုံးဟာ Rival ပါပဲ။
အဲဒီ Rival ဆိုတဲ့ ပြိုင်ဖက်ဆိုတာကိုအမြဲအဓိက ထားပြီးသတိထားရမယ်လို
့ဆိုချင်ပါတယ်။
လူ့ဘ၀ကိုတကယ်တမ်းစဉ်းစားကြည့်ရင်ကျွန်တော်တိုအားလုံးဟာဘ၀ပန်းတိုင်လို
့ခေါ်တဲ့  ဘေးမှာ ချောက်ကမ္ဘားကြီးရှိနေတဲ့ တောင်ကုန်းကြီး
တခုကိုတက်နေကြရတဲ့သူတွေလိုပါပဲ။ ကူညီလက်တွဲခေါ်သွားမယ့် လူတွေရှိမယ်။
ဘေးချင်းယှဉ်လာရင် မတော်တဆ တမင်္ဂလာ (accidentally on purpose)
လိုလိုတွန်းချမယ့်လူတွေရှိသလို၊ုဗြောင်ကျကျတွန်းချမယ့်လူတွေလည်း
ဒုနဲ့ဒေးပါ။သတိထားကြည့်ရင်အများကြီးတွေ့ပါလိမ့်မယ်။အဲ ကနဦးက ပြောထား လို
့မတော်တဆ တမင်္ဂလာ တွန်းချမယ့်လူက ပိုကြောက်
စရာကောင်းတယ်ဆိုတာကိုတော့သိထားပြီးဖြစ်နေလောက်ပါပြီ။
အောက်တန်းစာရေးလေးတယောက်ဟာ ဟိုထိပ်ကမန်နေးဂျင်းဒါရိုက်တာကြီးကိုယှဉ်ဖို့
ဂျောက်ချဖို့ မတွေးတတ်ပါဘူး။သူတွေးမှာကသူ့လိုအောက်တန်းစာရေးရာထူးတူတဲ
့လူကို အမြဲတမ်းကြည့်နေမှာပဲ။ရာထူး
မတိမ်းမယိမ်း အတူတူချင်းမို့စားတူသွားတူသောက်အတူတူဖြစ်ချင်ဖြစ်မယ်၊တကယ်လို့ဌာနမှာအထက်တန်းစာရေး
လစ်လပ်တနေရာပေါ်လာခဲ့တဲ့အချိန်မှာစိတ်တွေဟာဘယ်လိုပြောင်းလဲမယ်လို့ထင်ပါသလဲ။၂ယောက်စလုံးဟာ
အဲဒီရာထူးကိုလိုချင်မှာတော့ဧကန်မလွဲပါပဲ။အဲဒီမှာစိတ်ထားဖြောင့်မတ်တဲ့သူက
ထိုက်တဲ့သူရစေလို့ သဘောထားပေမယ့်
ကောက်ကျစ်တဲ့သူကတော့ဒီကောင်အဲဒါကိုမရပဲငါပိုသေချာအောင်ဒီကောင်ကိုဘယ်လိုတွန်းချခဲ့ရမလဲဆိုတာက
ိုစတွေးနေပါပြီ
ဆိုတာပါပဲ။အဲဒီလိုပဲမန်နေးဂျင်းဒါရိုက်တာကြီးကလည်းသူ့လိုတခြားအဆင့်တူတွေထဲကနေ

ဒု-၀န်ကြီးနေရာကို လုဖို့ ဘယ်သူ့ ကိုဘယ်လိုကပ်ပြီးဘယ်သူ့ကိုဘယ်လိုဆော်ရမလဲဆိုတာကိုစဉ်းစားနေမှာဖြစ်
်ပါတယ်။

ကဲဗျာ။ ဘေးတော့တွေ့ပြီ။ ဆေးကကောဘယ်မှာလဲ။ဘ၀မှာအဲလိုမျိုးတွေကိုဘယ်လိုကြိုတင်ကာကွယ်မလဲလို့မေးမလား။
ဆေးနည်း ကိုအလကားပေးလိုက်ပါမယ်။ အမျိုးသားအများစု ကိုတော့
ဥပမာလေးတခုပေးလိုက်မယ်။ မသိတဲ့သူကို
သိတဲ့လူက သင်ပေးလိုက်ဗျာ။ တချပ်မှောက် (ရှိုး) ဖဲကစားနည်းမှာ ဖဲ ငါးချပ်ဝေတာကို တစ်ချပ်ကိုပွဲဆုံးတဲ့ 
final challenge မရောက်မချင်း စိမ်မခေါ်မချင်းမှောက်ထားရတယ်မို့လား။
အေးအဲဒီလိုပဲ ဘယ်သူနဲ့ပေါင်းပေါင်း
ခင်ဗျားတို့ရဲ့အားနည်းချက်သော်လည်းကောင်းအားသာချက်ကိုသော်လည်းကောင်းမှောက်ဖဲတချပ်လိုမှောက်
သာထားပေတော့။ဝှက်ဖဲတချပ်သာလုပ်ထားပေတော့။
ကိုယ်ဘယ်လောက်ညံ့တယ်ဆိုတာကိုအဆုံးအထိမသိစေနဲ့ ။အားလုံးကိုဖုန်းထားရမယ်လို
့တော့မဆိုလိုပါဘူး။
ဥာဏ်သတိ နဲ့ယှဉ်ပြီးချင့်ချိန်ပေါ့ဗျာ။ဘယ်သူ့ကိုဘယ်လောက်အထိအသိပေးသင့်တယ်ဆိုတာ။
ကိုယ်ဘယ်လောက်အထိအားနဲချက်ရှိတယ်ဆိုတာကိုဘယ်သူ့ကိုမှာဂိတ်ဆုံးမိုင်ကုန်ပေးမသိနဲ့ ။
ကိုယ်ဘယ်လောက် တတ်တယ်ဆိုတာ။ ဘာတွေတတ်တယ်ဆိုတာကိုလည်းအားလုံးပေးမသိနဲ့ အဲဒါပဲ။ ရေမကူးတတ်တာကိုလည်းအလကားနေလျှောက်မပြောနဲ
့။မုန်းတဲ့လူကရေစပ်မှာတွန်းချနိုင်တယ်။
ရေနစ်မှာစိုးရတဲ့အချိန်ကျမှအော်ပေတော့။သော့တူဝိဇ္ဖာပညာတတ်တာမျိုး။လက်မှတ်တုထိုးတတ်တာမျိုးကိုလည်း
ဘယ်တော့မှမကြွားလေနဲ့။သူများအခန်းဖေါက်ခံရရင်ကိုယ့်ကိုထင်တတ်တယ်။နက္ခတ်နဲ့ယှဉ်ပြီးမှ
ရတနာမိုးရွာ အောင်လုပ်နိုင်တဲ့ဆရာကြီးဘာဖြစ်သွားလည်းဆိုတာဖတ်ဖူးကြမှာပါ။
ကောင်းပီ အဲဒီမှောက်ဖဲကို ဘယ်သူတွေကိုမှောက်ထားရမလဲလို့မေးဦးမလား။ အရင်းအတိုင်းအားလုံးပေးလိုက်မယ်။
အားလုံးကိုသုံးရမယ်။ ကိုးကွယ်တဲ့ဘုန်းကြီးတောင် အလကားနေအာမချောင်နဲ့။
ပြောကြည့်ပါလား။ ခင်ဗျားတို့ဘယ်လောက်ချမ်းသာလဲဆိုတာ။ တနေ့ကျရင်
ဒကာရေ။ဘုန်းကြီးဟိုမှာသိမ်ဆောက်နေတာ အမိုးက
တို့လို့ နဲ့ ဝင်း ထရံ အုပ်တံတိုင်းကတန်းလန်းဖြစ်နေလို
့ကြည့်မကောင်းလို့ပါ။သိပ်မလိုတော့ပါဘူး။ (သိန်း)၇၀ - ၈၀
လောက်ဆိုရင်ပြီးပါတယ်။ ဒကာကြီးလည်းဘယ်၍ဘယ်မျှရှိနေတာ ၀င်နေတာပဲ ဆိုရင်
ရွှေခွက်ကလေးနဲ့ ရေစက်သာချပေးလိုက်ပေတော့။ ကိုယ့်ဟာကိုယ် လှုချင်သလောက်
လှုနိုင်သလောက်လှုရတာလောက် လည်းမဖြူစင် တော့ဘူး။
အောင့်သက်သက်နဲ့မကောင်းတတ်လို့လှူတာမျိုးဖြစ်သွားတော့မယ်။ရှင်းပါလိမ့်မယ်။
သြော် မေးချင်သေးလား မိဘရောလို့။ ပါတယ်ဗျာ။ လွန်တယ်ဗျာလို့ ဆိုဦးမလား။
“ဆက်ဖတ်ပါဗျ” လို့သာပြောပါရစေ။
တဦးတည်းသောသား၊သမီးအတွက်မဆိုလိုဘူး။မောင်နှမများတဲ့သူများးသတိထားဖို့။ကိုယ်မှာလည်း
ကိုယ့်အိမ်ထောင်နဲ့်သားသမီးနဲ့ ဆိုရင်။ လင်မယားနှစ်ယောက် သီတင်းကျွတ်လေး
တန်ဆောင်တိုင်လေးမှာ
မိဘတွေသွားကန်တော့။စကားစမြည်လေးထိုင်ပြော။သူတို့က၀မ်းသာချင်လိုကိုယ့်အချေအနေလေးမေး။
သားတို့သမီးတို့အဆင်ပြေကြရဲ့လား။စုမိဆောင်းမိရှိကြရဲ့လားလို့။ကိုယ်ကလည်းမိဘဆိုတော့
မညာချင်
ဝမ်းသာစေချင်လို့ ပြေတယ်အမေရေ။ အခုသားတို့လက်ထဲမှာ သုံးလေးရာ လောက် စုမိနေပြီလို့ ပြောကြည့်လိုက်။ ကျန်တဲ့မောင်နှမတွေက သူတို့ဟာ
သူတို့ပြေလည်နေကြရင်တော့အကြောင်းမဟုတ်ဘူး။မဟုတ်လို့ ကတော့
နောက်တပါတ်လောက်အတွင်းမှာ မပြေလည်တဲ့  အဖြစ်နိုင်ဆုံးကတော့ကိုယ့်ထက်အငယ်
ညီငယ်ညီမငယ်ပေါ့ဗျာ။
မပြေလည်လို့ ပါအကိုရာ။ အမေက မနေ့ကသွားကန်တော့လို့ မေးတာနဲ့ ရင်ဖွင့်လိုက်မိတယ် အကိုရာ။ အဲဒါနဲ့အမေကသတင်းပေးလိုက်တာ။
နင်တို့ အကိုအတော်အဆင်ပြေနေတယ်ဆိုလို့။ကျွန်တော်လည်းဘာမှမလုပ်တတ်တော
့အဲဒါအကိုရာ
တက္ကစီလေးတစင်းလောက်အောက်ဈေးလေးနဲဝယ်ပြီ့းထောင်ပေးထားပါအကိုရာ။အုံနာခလည်းမှန်မှန်ပေးပါ့မယ်။
ကျွန်တော်ရိုရိုသေသေကိုင်ပါ့မယ်ဆိုရင်အမေ့ကောင်းမှုသားအလှုနတ်လူသာဓုခေါ်စေသော်ဝ်ပဲ။
တူလေးတူမလေးတွေမျက်နှာကလည်းရှိသမို့လားဗျာ။လုပ်ပေးလိုက်ပါ။ ပြီးရင် တပါတ်လောက်တော့ ညဖက်မှာ ဧည့်ခမ်းကဆက်တီဆိုဖာမှာ အိပ်ဖို့သာပြင်ထား။

ကဲကုန်ပြီ။ခင်ဗျားတို့ကို ကျွန်တော်မှာရှိတဲ
့ဖဲငါးချပ်စလုံးကိုလှန်ပြလိုက်ပြီ။
အဲဒါ ကျွန်တော်တို့ရဲဘ၀ခရီးကိုလျှောက်တဲ့အခါမှာတကယ်ကိုသတိထားရမယ့်ဟာတွေပါ။မယုံရင်စမ်းကြည့်။
ခံရတော့လည်းကုသိုလ်ယူလိုက်ပေါ့။ကိုယ့်အကျိုးစီပွားကိုယ်ကာကွယ်ဖို့ကိုယ့်ချမ်းသာစည်းစိမ်ကိုအမှန်အတိုင်း
အတိအကျမပြောတာဟာ ကျွန်တော့်အမြင်တော့ မုသာဝါဒထိုက်မယ်တော့မထင်ပါဘူး။
တတ်သိတဲ့လူတွေမေးပေါ့။ ကိုးကွယ်တဲ့ဆရာတော်တွေမေးကြည့်ပေါ့။

မုသားမပါလင်္ကာမချောဆိုတာရှိပါတယ်။ဒါပေမယ့်ကိုယ်မပြောချင်တဲ
့ဟာကိုသူများကလာစပ်စုရင်ကိုယ့်ထမင်း ကိုယ်စားပြီး လိမ်မနေပါနဲ့ ။
“တခြားဟာမေးပါဗျာ”လို့သာတခွန်းထဲပြောလိုက်ပါ။ အင်္ဂလိပ်တွေ လည်း အဲလိုပဲ
“Ask Me Another” လို့ပြောတတ်ကြပါတယ်။သူတို့မဖြေချင်ဘူးဆိုရင်ယဉ်ယဉ်ကျေးကျေးပြောတဲ့ပုံစံလေးပါ။
အသုံးဝင်ပါတယ်။

ကျင်းတွေ ချိုင့်တွေ စည်ပင်ကအဖုံးအချိန်မီလာမဖုန်းထားလို
့လူတရပ်လောက်နက့်တဲ့မြောင်းပေါက် ကြီးတွေ
ချောက်ကမ်းပါး အနက်ကြီးတွေ။ မြေမြုပ်ဗုံးတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်တော်တို့ ရဲ
့ဘ၀လမ်းတွေကိုလျှောက်လှမ်း
တဲ့အခါမှာဘယ်လိုရှောင်တိမ်းရမယ်။ဘယ်လို့ကာကွယ်ရမယ်ဆိုတဲ့နည်းလမ်းလေးတခုကိုနှစ်သစ်ကူး
လက်ဆောင်ပေးလိုက်တာပါပဲ။
ကွန်မင့်တွေကိုတော့ခပ်လန့်လန့်ပါ။မတတ်နိုင်ဘူးလေ။ကိုယ့် အလုပ်ကိုယ်လုပ်ကြတာပဲ။
စေတနာမှန်ဖို့သာအဓိကလို့ ခံယူထား ပါတယ်။
သည်လိုဆိုရင် ဒီလိုကာကွယ်ဖို့ ဆိုရင် တယောက်နဲ့တယောက် သံသယတွေနဲ
့နေကြမှာလားဆိုတာတော့
မမေးပါနဲ့ဗျာ။ ဒါတော့ကိုယ့်ဖါသာကိုယ်သာကျုတ်ကျဲ့လိပေတော့။
ကျွန်တော်လည်းသူများကိုသာသိတာလေး
ပြောတာ ကိုယ်လည်းသဘောကောင်းအားနာပြီးသိသိကြီးနဲ့ ခံတဲ့ဟာတွေလည်း ခံလိုက်တာပါပဲ။

“နှစ်သစ်ကူးမှာ အကြံကောင်း ဥာဏ်ကောင်းတွေရပြီး ကံကောင်းကြပါစေ”

လေးစားလျက်။
မောင်လူအေး
၂၀၁၀ ခုနှစ်။ ဇန်န၀ါရီလ ၁ ရက်၊
နံနက် ၄:၂၀ နာရီ။

(ကိုယ်တိုင်ရေးဒဿန၊ ပျောက်ဆုံး၍ပြန်လည်တင်ပြပါသည်)
 အွန်လိုင်းပြတိုက်မှ ပါပါးဦးထူးဆန်း၏ ပို့စ် တခုကို အလွန်ကြိုက်မိသောကြောင့် ပြန်တင်မိပါသည်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...