Friday, June 17, 2011

အပုဆုံးလူသား ဂင်းနစ်စံချိန်တင်နိုင်တဲ့ ဖိလစ်ပိုင်သား

Thursday, 16 June 2011 00:00
ဖိလစ်ပိုင်နိုင်ငံမှ ဆင်းရဲသား ပန်းပဲဆရာ တစ်ဦး၏ အရပ် ၆ဝ စင်တီမီတာရှိ သားဖြစ်သူသည် ၄င်း၏ အသက် ၁၈ နှစ်ပြည့် မွေးနေ့တွင် ကမ္ဘာ့ အပုဆုံး လူသား အဖြစ် ကြေညာပွဲကို ၄င်း၏ ဇာတိမြို့တွင် ကျင်းပ ပေးခံခဲ့ရ ကြောင်း သိရသည်။
ထိုကမ္ဘာ့အပုဆုံးလူသား၏ အမည်မှာ ဂျွန်ရေးဘာလာဝင်ဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းရှိ ၄င်း၏ ကျေးရွာတွင် မိဘများ၊ ရွာသားများ၊ တာဝန်ရှိသူများ၊ ဒေသခံနာမည် ကျော်များ ရှေ့မှောက်တွင် ၄င်း ၏ စံချိန်ကို အပ်နှင်းခံခဲ့ရပြီး ထိုပွဲတွင် ဝက်ကင်များ၊ ပင်လယ်စာ၊ ကိတ်မုန့်၊ ပူပေါင်းနှင့် ငွေသား လက် ဆောင်များရရှိပြီး စားသောက်ပွဲပါ ကျင်းပခဲ့သည်။

အဆိုပါပွဲတွင် ဘာလာဝင်သည် ၆ဝ စင်တီမီတာသာရှိကြောင်း ပွဲတက်လာသူ ရွာသား ၁ဝဝ ခန့်နှင့် သတင်းစာဆရာများက တိုင်းတာခဲ့ကြသည်။ ဂင်းနစ် ကမ္ဘာ့စံချိန်ကိုယ်စားလှယ် ဒရစ်ဂ်ဂလင်ဒေး က လည်း ကမ္ဘာ၌ အရွယ်ရောက်သူများတွင် အပုဆုံးလူသားအဖြစ် အသိအမှတ်ပြုလက်မှတ်ကို ဘောင် ကွပ်ပြီး ချီးမြှင့်ရာ လက်ခံသူဘာလာဝင်သည် အရပ်ပုလွန်းသဖြင့် ၄င်း၏နားရွက်နှင့် လက်မှတ် ဘောင် သည် ထိလုနီးပါးဖြစ်နေခဲ့ကြောင်း သိရသည်။
၎င်း၏ဖခင်က သားဖြစ်သူ ပြောသည့် ဒေသသုံးစကားကို စကားပြန်လုပ်ပေးခဲ့ပြီး တစ်မဟုတ်ချင်း နာမည်ကြီးသွားသည့် သားဖြစ်သူအတွက် မိခင်ကလည်း ဝမ်းသာမျက်ရည်များ ကျခဲ့ ကြကြောင်း သိရသည်။
ယခင်က ကမ္ဘာ့အပုဆုံးလူသားအဖြစ် အသိအမှတ်ပြုခံခဲ့ရသူမှာ နီပေါမှ အရပ် ၆၇ စင်တီမီတာရှိ လူပုလေးဖြစ်သည်။ ဘာလာဝင်သည် ဂင်းနစ် စံချိန်ဝင်သော်လည်း ထိုစံချိန်ကြောင့် ဆုငွေရရှိမည် မဟုတ်ပေ။
သို့သော် ၄င်း၏စံချိန်ကြောင့် ကျော်ကြားမှုက သူ့အတွက်ပေးကမ်းထောက်ပံ့သူများ၊ ဆေးဘက် ဆိုင်ရာ ကူညီထောက်ပံ့မှု များရလာလိမ့်မည်ဟု ဂင်းနစ် ကမ္ဘာ့စံချိန် ကိုယ်စားလှယ်က ပြောကြားခဲ့သည်။ ဘာလာဝင်၏ မောင်နှမများသည် သာမန်လူများအတိုင်း ဖွံ့ဖြိုးမှု ရှိကြပြီး ၄င်းကသာ ၂ လသား အရွယ်မှစ၍ ဖွံ့ဖြိုးမှုရပ်သွားခြင်း ဖြစ်သည်။
http://www.yoyarlay.com/international-news/international-news/asia/8463-2011-06-15-07-43-25 မှ ကူးယူဖေါ်ပြပါသည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...