Monday, June 20, 2011

ဝိရောဓိ အတွေးစဉ်

by Mg Ogga on Monday, June 20, 2011 at 6:06pm
 
ပြကွက်(၁)
မနေ့က MRTV- 4 တွင် အစီအစဉ်တစ်ခု ကြည့်လိုက်ရသည် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း အကြောင်း ပြသနေသည်။ သင်တန်းသား သင်တန်းသူ ကလေးတွေ ကို တစ်ယောက်ပြီးတစ်ယောက် အင်တာဗျူးသည်။ ဘာတွေ ဗျူးလဲဆိုတော့ ဘုရားဂုဏ်တော်၊တရားဂုဏ်တော်၊သံဃာဂုဏ်တော်တွေ၊ ဖွားဘက်တော် ၇ ပါး သစ္စာ မဂ္ဂင် စတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ သိသင့်သိထိုက်တဲ့ အချက်တွေ ကို သင်တန်းသူ လေးတွေ က ပြန်ဖြေနေတာကို တွေမိသည်။ သင်တန်းသူလေးတွေ ပြန်ဖြေတဲ့  ပုံစံက လက်လေးပိုက် ခေါင်းလေးငုံ့ပြီး MRTV- 4 က အင်တာဗျူးတဲ့ သူကို သူ့ကျောင်းက ဆရာမကို စာပြန်ရွတ်သလို တလစက် ထောက်ထောက်နဲ့ ရွတ်သွား နေသည်။ ထိုသင်တန်းကို ကျွန်တော် မချီးကျူးမိပါ။


ပြကွက် (က)
ရွာလေးတစ်ရွာက သစ်တစ်ပင်အောက်မှာ လူငယ်လေးတစ်ယောက် ကလေး ၁၅ ယောက်လောက် နဲ့ ၀ိုင်းဖွဲ့နေသည်။ ထိုလူငယ်ကလေးက စေတနာဝန်ထမ်းအဖြစ် ဒီရွာလေးမှာ နွေရာသီ စာသင်ပေးနေသူ ဖြစ်သည်။ အခုလည်း စာသင်နေပေမဲ့ အဝေးကကြည့် စကားဝိုင်းဖွဲ့ပြောနေသည်ဟုပင်ထင်ရသည်။ သို့သော် သူစာသင် နေသည်။ သူသင်တာက ကျောက်သင်ပုန်းမပါ မြေဖြူမပါ ကြိမ်လုံးမပါ။ ကလေးတွေလည်း စာအုပ်မပါ ခဲတံမပါ ဘောပင် မပါ။ စာသင်နေတယ်လို့ လုံးဝမထင်ရ တ၀ါးတဟားဟား စကားတွေ ပြောနေကြသည်။
လူငယ်လေးက “ညီလေးတို့ ဗုဒ္ဓဘုရားရှင်ကို ဘယ်အပင် အောက် မှာ ပွင့်တာလဲ သိလား” လို့ မေးလိုက်တော့ ကလေး ၃ ယောက် လောက် က ဗောဓိပင်လို့ ပြန်ဖြေလိုက် တယ် ဒီတော့ လူငယ်လေးက “အေး ဗောဓိပင် ကို တို့ ရွာထဲ အဖွဲ့ဖွဲ့ ပြီး လိုက်ရှာရအောင် အရင်တွေ့တဲ့အဖွဲကို မုန့် ကျွေးမယ”် လို့ ပြောလိုက်တာနဲ့ တပြိုင်နက် သုတ်ကနဲ ပြေးကာ ဗောဓိပင်ကို လိုက်ရှာကြသည်။ ဗောဓိပင်ကို အားလုံး ပြိုင်တူတွေ့ကြသည် ထိုညောင်ဗောဓိပင် အောက်ထိုင်ကာ လူငယ်လေးက “မင်းတို့ ဘုရားရဲ့ ဖြစ်စဉ်တော်အကြောင်း သိချင်လားလို့” မေးလိုက်သည်။ ကလေးတွေ အားလုံး သိချင်ပါတယ် ပြောပြပါဟု တောင်းဆိုကြသည်။ လူငယ်လေးက ဗုဒ္ဓဖြစ်တော်စဉ်ကို ပုံပြောသလို ပြောပြသွားသည်။ ပြဌာန်းစာအုပ်မပါ ကျောက်သင်ပုန်းမပါ မှတ်စုမမှတ် မကျက်ရလို့ စည်းကမ်းတောင်ထုတ်ထားသေးသည်။ ဗုဒ္ဓဖြစ်တော်ကို ကလေးတွေ တသက်လုံး မမေ့တော့ သဘောပေါက်နားလည်သွားကြပြီ။ ကျွန်တော် လူငယ်လေးအား လက်ဆွဲ နှုတ်ဆက်လိုက် ပြီး ခင်ဗျား သိပ်တော်တာပဲလိုပြောချလိုက်သည်။

ပြကွက် (၂)
ကျွန်တော်အဖွဲ့တစ်ဖွဲ့ရဲ့ အစည်းအဝေးမှာ ခရီးဝေးတစ်နေရာကို ထွက်ဖို့ဆွေးနွေးကြသည် ကျွန်တော်တို့တွေ အတွက် အပန်းဖြေခရီးတစ်ခုဖြစ်သလို ကလေးတွေ ကိုပါ တစ်ခါထဲ ဖျော်ဖြေပေးဖို့ ဆွေးနွေးကြသည်။ ကျွန်တော်တို့ကို ဦးဆောင်ခေါ်မဲ့ အဖွဲ့ဝင်တစ်ဦးက အစ်ကိုတို့ကို ဟိုရောက်တာနဲ့ စိတ်ချမ်းသာစေရမယ် ကလေးတွေက လာတဲ့ သူတွေမုန်သမျှကို ခေါင်းလေးငုံ လက်အုပ်လေးချီပြီးထွက်ကြိုသတဲ့ နှုတ်ဆက်ကြ သတဲ့။ ကျွန်တော် စိတ်မချမ်းသာခဲ့ပါ။
ပြကွက် (ခ)
မန္တလေးရှိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းကြီးတစ်ကျောင်း အထက်တန်းအထိရှိသည် ကလေးပေါင်း ၇၀၀၀ ကျော်ကျောင်းတက် နေကြသည်။ ကျောင်းစရိတ် ဘာကြေးညာကြေး လုံးဝ မရှိ။ မိဘမဲ့ ကလေးများ ရဲ့ နားခိုရာ အေးရိပ်သာ တိုင်းရင်းသား လူမျိုးများ အခမဲ့ စာသင်ကြားရာ။ ထိုကျောင်းမှ ကလေးများသည် လူကို ကြောက်သည့် မရှိ ခေါင်းကို မငုံ ခေါင်းကို မော့ထားသည် မျက်လုံးများတွင် တောက်ပနေသည် မျက်နှာက ကိုယ့်ကိုကိုယ် ယုံကြည်ချက် အပြည့် ဆုးံဖြတ်ချက်ခိုင်မာသော မေးရိုးအစုံ အပေါ်ကားတက်သွားအောင် ကျွန်တော့်ကို ပြုံးပြလိုက်သည်။ ကျွန်တော့်ကို လိုက်ပို့သော ဆရာမ ပုပုသေးသေးလေးကို ကျေးဇူးတင် စကားပြောပြီး ဆရာတော်ကို ဦးတင်ရှိခိုးလိုက်သည်။ စိတ်ချမ်းသာလိုက်တာ။

ပြကွက် (၃)
ပရဟိတ အဖွဲ့တစ်ဖွဲ့က မိဘမဲ့ကျောင်းတစ်ကျောင်းကို အလှူတစ်ခုလုပ်လေရဲ့ လုပ်တဲ့ သူက လူငယ်လေး တွေ ကျွန်တော်တို့အရွယ်တွေပေါ့။ ခေါင်းဆောင်တို့ထင်ရတဲ့ သူက ကလေးတွေကို နေပူထဲ ကစားခိုင်းသည် လာလှူသော လူငယ်များတွင် ဖိနပ်များပါသော်လည်း ကလေးများတွင်မပါလှ ကလေးတွေက နေပူထဲ မကစားချင် မဆော့ချင် သို့သော် အလှူရှင်အလိုကျ  ဆော့ရသည် ကစားရသည် မကစားရင် မဆော့ရင် နေရိပ်ထဲများသွာနေမိရင် ဘုန်ကြီးဆူလို့လိုက်လိမ့်မယ် ဆရာမဆူလို့ရိုက်လိမ့်မယ်။ ထိုအလှူသာဓုမခေါ်မိပါ။

ပြကွက် (ဂ)
လူငယ်အဖွဲ့တစ်ခု အလှူပြုကြလေသည်။ မပြုခင် အလှူပြုမဲ့ နေရာကို ကြိုတင် လေ့လာသည် ဘာတွေလိုအပ်လည်းကြည့်သည် ဘာတွေ စိစဉ်ရမလဲ စဉ်းစားသည်။ ဟိုရောက်ရင် ဆွဲထားတဲ့ အစီအစဉ်တိုင်း မလုပ်ခင် ကျောင်းထိုင်ဆရာတော်နဲ့ တာဝန်ခံ ကို လုပ်မဲ့ အစီအစဉ်တွေ ပြောပြသည်။ သွားမဲ့ရပ်ရွာ ကျောင်းကန်း နဲ့ မဆီလျော်တဲ့ အ၀တ်အစားတွေ တောက်တောက် ပြောင်ပြောင် မ၀တ်မစားကြ ကလေးတွေ နဲ့ အတူနေသည် ကလေးတွေလို နေသည်။ ကလေးတွေ အလိုမတူပဲ ဘာမှမလုပ်ခိုင်း ကလေးတွေ စိတ်ဆန္ဒကို အမြဲ အကဲခက်သည်။ ကလေးတွေ ပျော်ကြသည်။ ထိုအလှူအား သာဓု အားရပါးရ ခေါ်မိလိုက်သည် သာဓု သာဓု သာဓု….

ပြကွက် (၄)
ရန်ကုန်တိုင်းနှင့် အခြားတိုင်းဒေသကြီးတစ်ခုကြား ဘ/က ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်း တစ်ခုကို ကျွန်တော်တို့တွေ အဖွဲ့တစ်ခုနဲ့ ပူးပေါင်းပြီးရောက်ခဲ့ပြန်တယ် ကျွန်တော်တို့ရောက်တဲ့ အချိန်ဟာ ၈နာရီ ကလေးတွေကို အလံတိုင် ရှိရာကွင်းပြင်ကျယ်ထဲ ညီညီညာညာ တန်းဆီကာ သစ္စာအဓိဌာန်တွေ ရွတ်ပြီး နိုင်ငံတော် သီချင်းဆိုတယ် နောက် ကျွန်တော်တို့ထဲမှ တစ်ယောက်က နှုတ်ဆက်စကားပြောရတယ်။ ကလေးတွေ လိမ္မာလိုက်တာ သိတတ်လိုက်တာ၊ ဆရာတော်ကတော်လိုက်တာလို့ကျွန်တော့် အဖွဲ့သားတွေ ပြောဆိုကြသည်။ နောက် ၁၀နာရီ လောက်တွင် စီပွားရေးကုမ္မဏီတစ်ခုက အလှူရှင်တွေလာကြသည် ကလေးတွေ ရှေးနည်းတူ အလံတိုင်ကွင်းထဲ တန်းစီရသည် သစ္စာအဓိဌာန်ဆိုရသည် နိုင်ငံတော်သီချင်း ဆိုရသည် အလေးပြုရသည် နေပူလှသည် သို့သော် ရဲရဲတောက် ကလေးများမှာ မမှု အလှူရှင်၏ နှုတ်ဆက်စကား မိတ်ဆက်စကားကို နားထောင်ရသည် အခေါက်ပေါင်းများစွာ အလွတ်ရသော ဆရာတော်၏ သြ၀ါဒကို နားထောင်ရသည်။ ညနေ ၃ နာရီလောက်တွင် နောက်ထပ် အလှူရှင်များရောက်လာပြန်သည် ကလေးတွေ အလံတိုင်ကွင်းထဲ သွားဖို့ ပြင်နေကြတယ် ကျွန်တော် သက်ပြင်း တစ်ချက် ချလိုက်မိတယ်။

ပြကွက် (ဃ)
သင်တန်းတစ်ခု ပြုလုပ်နေသည်။ သင်တန်း ဟန်က လွတ်လပ်သည် သင်တန်းသားရွာသား အားလုံး စနစ်တကျ ညီညီညာညာ မဟုတ် မြေကြီးပေါ်ထိုင်သူထိုင် ၀မ်းလျားမှောက်သူမှောက် ဒူးထောင်ပေါင်ကားထိုင်သူထိုင် နေကြသည်။ သို့သော် သူတို့ကို သင်တန်းပို့ချနေသော လူငယ်စိုက်ပျိုးရေးပညာရှင်လေးကို လေးစားကြသည် ရိုသေကြသည်။ အခုသူ့ သင်ခန်းစာကို သေချာ နားထောင်နေကြသည်။ သင်တန်းချိန်အတွင်း ထိုစိုက်ပျိုးရေး သင်တန်းနှင့် ရွာအတွက်အကူအညီများကို ပေးနေသော အလှူရှင် မျက်ဖြူတိုင်းသားတစ်ယောက် ရောက်ရှိလာလေသည်။ ဘယ်သူမှ ပန်းကုံးမစွပ် တိုက်ပုံမ၀တ် အားလုံး ပုံမုန်အခြေအနေ အနီုမျက်နှာဖြူလာလို့ ဘာမှမပြောင်းလဲသွား မျက်နှာဖြူမမြင်ဖူးသည် ရွာရှိ ကလေးများနဲ့ ကာလ သမီးတစ်သိုက် သာ စုရုံးရုံးရှိသည်။ ထိုမျက်နှာဖြူ မေးချင်တာမေးပြန်သွားသည်။ ကျွန်တော့် ပြုံးမိသည် ထိုအပြုံးကား ဂုဏ်ယူသည့် အပြုံး။

ပြကွက် (၅)
သူသည် မြန်မာသည်လွတ်မြောက်ရေး တရားမျှတရေး ဒီမိုကရေစီရေးတို့အတွက်တိုက်ပွဲဝင်သူ တစ်ယောက် ဖြစ်သည်။ သူဘ၀တစ်ခုလုံး သူယုံကြည်သော နိုင်ငံရေးခံယူချက်ဖြင့် နေသူလို့ သူကိုယ့်သူ ကြွေးကြော် တတ်သည်။ လွတ်မြောက်ရေး ငြိမ်းချမ်းရေး တရားမျှတရေး ဒီမိုကရေစီအရေး ဘာရေး ညာရေး ဖြင့် သူခဏခဏ ပြောတတ်သည်။ ထိုသို့ ရဲ့ရင်ပြီ်းအာကျယ်သော သူနှုတ်ကြောင့် သူ တောရတွေ မှာ သတင်းသုံးရလေ့ ရှိသည်။ တောရက ပြန်လာရင် သူသည် ရဲရင့်သထက် ရဲရင့်လာသည် အသံကျယ်သထက် ကျယ်လာတတ်သည်။ သူတွင် မိသားစုရှိသည်။ သားသမီးရှိသည်။ဇင်္နိးမယားရှိသည်။ သူတောရ ဆောက်တည်ချိန်တွင် အိမ်ထောင်တာဝန်ကို သူဇနီးက တာဝန်ယူရသည်။ သူတောရက ပြန်ထွက်လာရင် လည်း အိမ်ထောင်တာဝန် ကို သူဇနီးသာ ယူရသည်။ သူအား အလုပ်လုပ်ရန် ပြောသောအခါ ဒီမိုကရေစီရမှ လုပ်မည်ဟုပြောသည်။ သူက အိမ်ထောင်ဦးစီး အိမ်ဦးနတ်ဟုဆိုကာ သူဇနှီးသားသမီး များကို ရိုက်နှက် တတ်သည်။ သူကိုကျွန်တော် ဦးမညွတ်မိပါ။

မြင်ကွင်း (င)
ပြဿနာတစ်ခုကို လူတစ်စု အချေအလှည်ဆွေးနွေးနေကြသည်။ ထိုလူစုတွင် ကျေးရွာသူကြီး၊ရပ်မိရပ်ဖများ၊ ကာလသားခေါင်းများ၊ကာသသမီးခေါင်းများ၊ရွာမူလတန်းကျောင်းက ကျောင်းအုပ်ဆရာကြီး နဲ့ကျောင်းဆရာမ လေး၊ ဆွေးနွေနေတာက ရွာမှာ ရေကာတာဆောက်မလား မူလတန်းကျောင်း ကို တိုးချဲ့ မလား ဆိုတဲ့ ကိစ္စ ဖြစ်သည်။ နှစ်ခုစလုံး ရွာအတွက်လိုအပ်သည်။ သို့သော် နှစ်ခုစလုံးမလုပ်နိုင် နောက်ဆုံး အဖြေတစ်ခုရသည် ရေကာတာ အရင်ဆောက်မည် နောက်မှ တဖြေးဖြေးကျောင်းကို ချဲ့မယ် အခုကျောင်းသာတွေနဲ့ မဆန့်ရင်  ဘုန်းကြီးကျောင်းမှာ တန်းခွဲသင်မည်။ ဒီဆုံးဖြတ်ချက်ကို ကျေးရွာသူကျေးရွာသားတွေ အားလုံးရဲ့ သဘောဆန္ဒ အရ ဆုံးဖြတ်ကြသည် ဖြစ်သင့်လို့ ဆုံးဖြတ်ကြသည်။ သူကြီးက အာဏာရှိလို့ သူသဘောလုပ်တာမဟုတ်၊ ကျောင်းဆရာတွေလည်း ပညာတတ်လို့ သူသဘောလုပ်တာမဟုတ်။ အားလုံးသဘောဖြစ်သည်.။ အားလုံးဆန္ဒ ဖြစ်သည်။ ဒီရွာသားတွေ အားလုံး ဒီမိုကရေစီကို နားမလည် မသိကြ။ ကျွန်တော် သူတို့ကို ဦးညွတ် လိုက်မိသည်။

မြင်ကွင်း (၆)
သင်တန်းကျောင်းတစ်ခုမှ သင်တန်းသားများ စုဝေးနေကြသည်။ သူတို့ပြောသည် စကားများတွင် ပေါ်လစီ အင်စတီကျုရှင်း လစ်ဂျစ်တစီ အီကိုနောမစ် စသည် ကျွန်တော် သိပ်နားမလည်သော စကားများ ကို တစ်ခါပြော ၃လုံးလောက် ညပ်ပြော တတ်သည်။ သူတို့သည် ရွှံ့မပေရဲ ချွေးမထွက်ရဲ နေမလောင်ရဲ ကြပေ။သို့သော် ထိုသူတို့သည် ထိုင်းသို့သွားရာ ရဲရင့်၏ ဟောင်ကောင်မှာ တိုက်ပွဲဝင်ရဲသည်။ စင်ကာပှုမှာ အရေးဆိုရဲ သည်။ ပြည်သူအတွက် တိုင်းပြည်အတွက် ဘွဲ့ပေါင်းများစွာ သင်တန်းပေါင်းများစွာကို သူတို့သည် ရဲရဲဝံ၀ံ စွန့်စွန့်စားစား တီဂျီဖြင့်လည်းကောင်း အဲအေ့ရှား ဖြင့်လည်း ကောင်း သွားရောက်ရဲသော တကယ် ရဲရဲထောက်များဖြစ်ကြသည်။ ထိုသူတို့နဲ့ ဘာမှမပြောဖြစ်ခဲ့ပါ။

မြင်ကွင်း (စ)
မြန်မာပြည်အထက်ပိုင်း စစ်ကိုင်းတိုင်း အထက် မြို့နယ်တစ်ခုရဲ့ ရွာလေးတစ်ရွာမှာ ရွာသားများကို ကချင်းအဘိုးကြီးတစ်ယောက် အထွက်တိုး စေတဲ့ SRI စိုက်နည်းကို သင်ကြားပေးနေသည်။ ဒီသင်တန်းကို တောင်သူလယ်ကွင်းကျောင်းဟုခေါ်တယ်။ ကျောင်းဆိုပေမဲ့ အဆောက်အအုံမရှိ စာရေးခုံမရှိ လယ်ကွင်းကျောင်း ဆို တဲ့ အတိုင်း လယ်ကွင်းဟာ သူတို့ သင်တန်းပို့ချရာ လေ့ကျင်ကွင်းကြီး ဖြစ်သည်။ ကချင်အဘိုးကြီးသည် ခရစ်ယာန်ဘာသာဝင် ရွာသူရွာသားများကား ဗုဒ္ဓဘာသာများဖြစ်ကြသည်။ ဒေသမှာ အလုပ်ဖြစ်တဲ့ နည်းပညာတွေကို စေတနာပါပါဖြန့်ဝေနေသည်။ ဘာသာရေးဆွယ်တာ မရှိ နိုင်ငံရေးဆွယ်တာမရှိ။ တောင်သူလယ်ကွင်းကျောင်းဆင်းပြီး ရင် သူတို့ဒီနီးစပ်ရာ တခြားရွာတွေဆီ ဆက်ပြီး သင်တန်းဆက်ဖွင့်ပါမည်။ ဒီသင်တန်းအတွက် စကောလားရှစ်မရှိ လစာပေးစရာမလို ဒေသဖွံဖြိုးဖို့ ဒေသတိုးတတ်ဖို့သာဖြစ်သည်။ ကချင်းအဖိုးကြီးနှင့် သူ၏ သင်တန်းသားများနဲ့အတူ ခေါင်စုပ်ပြီး စကားတွေ ဖောင်ဖွဲ့အောင် ပြောဖြစ်လိုက်သည်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...