ယဉ်ကျေးသောငှက်နှစ်ကောင်နှင့်ကျွန်တော်၏အတွေး
Author: lubo601 |
5:36 AM |
No မှတ်ချက် |
.ဘာရယ်မဟုတ်ဘူးဒီနေ့ပျင်း ပျင်းရှိတာနဲ့စာအုပ်လေးတစ်အုပ်ဖ တ်နေတာ....
အဲဒီစာအုပ်ထဲက "ညီညွတ်ကြဟေ့၊စည်းလုံးညီညွတ်မှု ဟာ အလွန်ကြီးမားတဲ့ခွန်အားပဲဟေ့။
သူတစ်ပါးပြောတာကိုနားယောင်ပြီး မ စည်းလုံးကြ၊မညီညွတ်ကြရင် ကိုယ်ပဲနစ်နာတယ်။
ဘေးကပြောတဲ့သူတစ်ပါးမနာဘူး။ "
"ဒီစာလေးကိုဖက်မိတော့. .စိတ်ဝင်စားသွားတယ်.နောက်ဆက်ဖတ်ကြည့်တယ်.. ..ဖတ်ပြီးတော့စဉ်းစားမိတယ်. .ငါတို့ လူမျိုးတွေများအချင်းချင်းစည်း လုံးကြရင်ဘယ်လောက်ကောင်းလိုက်မလဲလို့..ကျွန်တော်တို့ နိုင်ငံမှာ..စစ်တပ်လဲစစ်တပ်မ လို့..ငြိမ်းချမ်းရေးအဖွဲ့လဲငြိမ်းချမ်းရေးအဖွဲ့မလို့..တောထဲက လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့ ကလဲတမျိုး....ကြားထဲကသူတို့တွေတိုက်နေခိုက်နေ တာနဲ့ပဲ..ကျွန်တော်တို့မြန်မာပြည်သူတွေဘယ်လောက်များ..သေကြေနေပြီလဲ..ဘယ်လောက်များမိဘမဲ့တွေဖြစ်နေပြီလဲ ..ဘယ်လောက်များဘ၀ပျက်နေကြပြီလဲ..အများကြီးပါ.. .
နောက်တော့ခံစားမိတာက..စည်းလုံးမှုသာရှိရင်..ပြည်သူတွေဘယ်လောက်များ အေးချမ်းလိုက်မလဲပေါ့ . အရင်ကနယ်တွေကို သွားရင်.ကားခလဲေ ပး ရသေးတယ်..လမ်းမှာသူပုန်စခန်းကို..ဆက်ကြေးလဲပေးရတ ယ်..အခန့်မသင့်လို့ကားပေါ်မှာမိန်းကလေးချောချောပါလာရင်..ဆွဲသွားသေးတယ် .နောက်ပြီးကားကိုသေနတ်နဲ့ပစ်တာတို့.ရထားမိုင်းခွဲတာတို့.လူများတဲ့ နေရာမှာဗုံးထောင်တာတို့ ..ဒဂုံစန်တာဗုံးကွဲတုန်းကအဖြစ် မျိုတွေ..ဒီလိုအဖြစ်မျိုး..မြန် မာပြည်မှာ
မရှိစေချင်တော့ဘူး............. ကျွန်တော်တို့နိုင်ငံကလူမျိုးတွေအားလုံးစည်းလုံးညီညွတ်နေရင်..
ဆိုတဲ့အတွေး......
............................
အောက်မှာပုံပြင်လေးကိုဖတ်ကြည့်ေ နာ်..
မြန်မာတို့စကားပြော၌တိုတိုနှင့် ထိမိသောစကားကိုပြောဆိုလေ့ရှိကြ၏ ။စကားပြောဖော်ပြောဖက်၏
စိတ်အာရုံတွင်ကွင်းခနဲထင်းခနဲဖြ စ်စေရန်စကားပုံများကိုထည့်သွင်း ပြောတက်ကျသည်။
"ဘုတ် ကျီး ရိုသေ၊ကျီး ဘုတ် ရိုသေ"
တစ်ဦးနှင့်တစ်ဦးဆက်ဆံပေါင်းသင်းပြောဆိုရာတွင်အပြန်အလှန်လေးစားရိုသေမှုရှိခြင်းအတွက်
ဤစကားပုံကိုအသုံးပြုကြ၏။ အချို့စကားပုံများသည်စကားပုံသာရှိပြီး..စကားပုံ..ပုံပြင်မရှိချေ။
အချို့မှာသော်စကားပုံစတင်ဖြစ်ပေါ်လာသည့်ပုံပြင်များရှိသည်။အောက် ပါ.ကျွန်တော်ပြောမည့်
ပုံပြင်မှာစကားပုံရှိသောပုံပြင် များထဲကတခုဖြစ်ပေသည်။
"ရှေးအခါကဟိမ၀န္တာတော၏ အစွန်အဖျားတောကြီးအတွင်း၌ တိရိစ္ဆာန်စုံလင်စွာနေထိုင်ကြလေသ ည်။
ထိုအထဲတွင်အတောင်အားကိုလျှက် ပျံသန်းသွားလာသောငှက်များ.ပါရှိ ၏။ဦးချိုကိုအားကိုးသော
ခြေလေးချောင်းသတ္တ၀ါ၊ခွန်အားဗလကိုအားကိုးသောခြေလေးချောင်းသတ္တ၀ါ၊ အားကိုးမရှိသောခြေလေး
ချောင်းသတ္တ၀ါနှင့်တွားတွားသတ္တ၀ါ များပါရှိပေသည်။
ထိုအမျိုးမျိုးသောသတ္တ၀ါများသည် မျိုးတူချင်းလည်းမသင့်မြတ်၊မျိုးကွဲချင်းလဲမတည့်ကြပေ။အချင်းချင်း
ရန်စောင်ကြ၊ဝှေ့ကြ၊ ခတ်ကြ၊ကိုက်ခဲကြနှင့်ရန်ဖြစ်သံများပွက်ပွက်ညံနေသည်။
ထိုတောထဲ၌ဇီးကွက်များလည်းမှီတင်းနေထိုင်ကြ၏။ထိုဇီးကွက်များကိုအုပ်ချုပ်သူမှာ ပညာရှိရွှေဇီးကွက်
ဖြစ်လေသည်။
ရွှေဇီးကွက်ကြီးသည်နေ့အခါသစ်ခေါင်းအောင်းလေ့ရှိသည်။ပူအိုက်သောရာ သီများတွင်ကား၊သစ်ခေါင်း
တွင်းသို့မ၀င်၊။အရွက်ထူထပ်သောသစ်ကိုင်းများကြား၌ငြိမ်သက်စွာနေသ ည်။ထိုသို့နေစဉ်တွင်..သူသည်
အိပ်ပျော်သည့်အခါအိပ်ပျော်သည်။အိပ်၍မပျော်သည့်အခါများလည်းရှိပေ သည်။
ရွှေဇီးကွက်ကြီးအိပ်မပျော်ချိန်တွင် ဒရယ်အချင်းချင်း၊သမင်အချင်းချင်း၊ပြောင်အချင်းချင်း.ခတ်ဝှေ့နြေ က
သည်ကိုမြင်ရ၏။ထိုနည်းအတူပင်ကျား သစ်အချင်းချင်းအသေအကြေကိုက်ခဲနေ သည်ကိုမြင်ရပြန်၏။
ရွှေဇီးကွက်ကြီးစိတ်မချမ်းသာပေ.. သို့အတွက်ရွှေဇီးကွက်ကြီးသည်.ငယ် သားများအား..........
" "ညီညွတ်ကြဟေ့၊စည်းလုံးညီညွတ်မှု ဟာ အလွန်ကြီးမားတဲ့ခွန်အားပဲဟေ့။
သူတစ်ပါးပြောတာကိုနားယောင်ပြီးမ စည်းလုံးကြ၊မညီညွတ်ကြရင် ကိုယ်ပဲနစ်နာတယ်။
ဘေးကပြောတဲ့သူတစ်ပါးမနာဘူး။ " "
ဟုဆုံးမလေ့ရှိသည်။
တစ်နေ့သောအခါတွင်ရွှေဇီးကွက်ကြီး ရှိသောသစ်ပင်အောက်၌၀ံပလွေတစ်အုပ်နှင့်အခြားဝံပလွေတစ်အုပ်သည်
အစာလုရင်းရန်ဖြစ်ကျလေသည်။တစ်ဖက် ကထွက်ပြေးလျှင်လည်းရန်ပွဲသည်ပြီးစီးမည်။ယခုသော်
သွေးသံရဲရဲဖြင့်မလျှော့တမ်းကို က်ခဲနေသောအခါရွှေဇီးကွက်ကြီးသည်မ နေသာတော့ပေ။ ။
"မိတ်ဆွေတို့...မိတ်ဆွေတို့"
ဝံပုလွေတွေသည်အကိုက်ရပ်ပြီးမော့ ကြည့်ကြသည်။
"မိတ်ဆွေတို့ဟာမျိုးတူဝံပုလွေတွေပါဗျာ။ဟိုဘက်ကတောမှာကျီးနဲ့ဘုတ်၊ မျိုးမတူပေမယ့်သင့်မြတ်ကြတယ်။
ဒါကြောင့်မိတ်ဆွေတို့သွားပြီးလေ့ လာသင့်တယ်။အချင်းချင်းလဲသင့်မြ တ်ဖို့ကောင်းတယ်။
"ဘုတ်နဲ့ကျီးဟုတ်လား"
ဝံပုလွေတစ်ကောင်ကလျှာတန်းလန်းဖြ င့်မောပန်းနေရာကမေး၏။
"ဟုတ်ပါတယ်၊ ဘုတ်ငှက်နဲ့ကျီးငှက်ပါ"
'"မဖြစ်နိုင်ဘူး၊လိမ်တာ"
အခြားဝံပုလွေကြီးတစ်ကောင်ကပယ်ချ သည်။
"ဟုတ်,မဟုတ်အဲဒီတောကိုသွားပြီးေ ချာင်းမြောင်းကြည့်ကျပေါ့ဗျာ၊ကိုယ်တွေ့ကြုံတဲအခါမှယုံမှာပါ၊"
ဝံပုလွေတွေဒေါသလဲပြေ၊ရွှေဇီးကွက် ကြီး၏စကားကိုလဲကြားရသဖြင့်ဆက်လ က်၍မကိုက်ခဲတော့ပဲ
ထွက်ခွာသွားကြလေ၏။
ရွှေဇီးကွက်ကြီးကျေနပ်စွာကျန်ခဲ့ ၏။ထို့နောက် စွန်ရဲရန်၊သိမ်းငှက်ရန်မှလုံခြုံသောနေရာများသို့ပျံဝဲခဲ့သည်။
အချင်းချင်းကိုက်ခဲနေသောမျောက်များ၊အုပ်ဖွဲ့ပြီးဝှေ့နေသောစိုင် များ၊မပြီးနိုင်မစီးနိုင်
နှုတ်သီးဖြင့်ဆိတ်၊အတောင်ဖြင့်ရိုက်နေသော ငှက်များကိုတရားဟောတော့သည်။
“မျိုးမတူတဲ့ဘုတ်နဲ့ကျီးတို့ချစ်ချစ်ခင်ခင်အတူနေကြပါလျှက်နဲ့မျိုးတူတဲ့ခင်ဗျားတို့အချင်းချင်း
သတ်ပုတ်နေကြတာမကောင်းပါဘူး”
ရွှေဇီးကွက်ကြီးစကားကိုမယုံကြည်သူများပြားလှ၏။
“မဖြစ်နိုင်တာတွေ လာမပြောနဲ့”
“ဖြစ်နိုင်မဖြစ်နိုင်သိချင်ရင်ဟိုဘက်တောစပ်ကိုသွားပြီးလေ့လာကြေ ပတော့”
ရွှေဇီးကွက်ကြီးပြောဖန်များသောအခါသားကောင်တချို့၊ငှက်တချို့တို့ သည်။တောစပ်သို့
တိတ်တဆိတ်လာသည်။ချောင်းမြောင်ြး ကည့်ကြသည်။ရွှေဇီးကွက်ကြီး၏စကားက မှန်ကန်သည်။
ချုံပုတ်ကြီးတခုပေါ်တွင်.ကျီးနှင့်ဘုတ်ကိုအတူယှဉ်တွဲလျှက်မြင်ကြ ရ၏။
သူတို့တွေချောင်းမြောင်းကြည့်နေ ဆဲ၌ကျီး၏အသံကိုကြားရ၏။
“အဆွေဘုတ်၊ခင်ဗျားရဲ့အမွေးအတောင်ကမြတ်စွာဘုရားနဲ့တပည့်သံဃာတော် တို့ရဲ့
သင်္ဃန်းတော်အရောင်နဲ့တူတဲ့အတွက်ခ င်ဗျားဟာမြင့်မြတ်ပါပေတယ်။”
ထိုအခါဘုတ်ကပြန်ပြော၏။
“အဆွေကျီးရယ်၊ကျုပ်ကိုသာပြောပြီးခင်ဗျားကကောဘာထူးသေးတုံး၊မြင်ြ မတ်တာပါပဲ၊
ဘာကြောင့်တုံးဆိုတော့ခင်ဗျားရဲ့ အမွေးအတောင်များကလဲမြတ်စွာဘုရား နဲ့တပည့်သား
သံဃာတော်တွေသုံးဆောင်တဲ့သပိတ်အေ ရာင်နဲ့တူနေတာကိုး”
ထိုသို့အချီအချပြောနေသံကိုကြာြး ကရသောသားငှက်တို့သည်တအံတသြဖြင့် တိတ်ဆိတ်စွာ
ထွက်ခွာလာခဲ့ကြသည်။သူတို့သည်ထို့ နေ့မှစတင်ပြီးအချင်းချင်းခိုက်ရန်ဖြစ်ပွားမှုကို
ရှောင်ရှားလျှက် ချစ်ခင်ညီညွတ်စွာနေထိုင်ကြလေသည် ။
တိရိစ္ဆာန်ဖြစ်တဲ့ဘုတ်နဲ့ကျီးတော င်သင့်မြတ်စွာနေကြသေးတာပဲ.နော်. .ကျွန်တော်တို့မြန်မာနိုင်ငံကလူ မျိုး
တွေဘာကြောင့်အချင်းချင်းမသင့်မြ တ်ကြတာလဲစည်းလုံးမှုမရှိရတာလဲ.. ထိုင်းနိုင်ငံမှာအများကြီးတွေ့ရ တယ်..
ကိုယ့်လူမျိုးအချင်းချင်းကိုပြန်ကြောက်နေရတဲ့သူတွေအများကြီးပဲ. .တကယ်ပြောတာနောက်မှ..
ထိုင်းနိုင်က.ဇာတ်တူသားစားတဲ့အေ ကြာင်းရေးပြအုံးမယ်..ကျွန်တော်ေ လ့လာထားသမျှပေါ့..
အခုတော့ဒီလောက်နဲ့ပဲ..နားအုံးမည်။
ဒေါင်းမင်း
- ပြန်လည်မျှဝေပါ
- Facebookသို့
- Twitterသို့
- Google+သို့
- Stumbleသို့
- Diggသို့
0 comments:
Post a Comment