Saturday, June 1, 2013

"နားလည်ယုံကြည်မှု (TRUST)"


-အမျိးသားရင်ကြားစေ့ရေး (national reconciliation)ကို မြန်မာ့နိုင်ငံရေးသမားများ အစဉ်အဆက်ပြောဆိုခဲ့ကြဖူးတာပဲ…။ ခုလည်းပြောနေဆဲ၊ ကြိုးစားနေကြဆဲ..

-အဲ… ဒီရင်ကြားစေ့ရေးဆိုတာကို နားလည်လိုက်ကြတာက စစ်တပ်နဲ့ ပြည်သူ၊ ဗမာနဲ့ တိုင်းရင်းသားကြားက အကြိတ်အခဲတွေမျှပဲ…

-တကယ်တော့ မြန်မာပြည်လို လူမျိုးစုံ၊ ဘာသာတရားအစုံရှိတဲ့ တိုင်းပြည်အတွက် ရင်ကြားစေ့ရေးဆိုတာ ဘာသာဝင်တွေကြားမှာပါအရေးကြီးတယ်ဆိုတာကို သိခဲ့ကြပုံမရ။ အထူးသဖြင့် နိုင်ငံရေးသမားတွေပေါ့..။



-"နားလည်ယုံကြည်မှု (TRUST)" ဆိုတာကို လူတစ်ဦးတစ်ယောက်နဲ့  (ဥပမာ-ဒေါ်စု) ပြီးနိုင်မယ်၊ စံနစ်တစ်ခုနဲ့ ပြီးနိုင်မယ် (ဥပမာ-ဖက်ဒရယ်) ထင်ခဲ့ကြတာပဲ..

- လူမှုအရင်းအနှီး (social capital) တစ်ခုဖြစ်တဲ့ ဒီ "နားလည်ယုံကြည်မှု (TRUST)" ဆိုတာ တစ်ဦးချင်းစီရဲ့ သိမြင်နားလည်မှု (perception) မှာ၊ ဓလေ့ထုံးတမ်းတွေရဲ့ ယဉ်ကျေးမှုဆိုင်ရာသွန်သင်ချက်တွေရဲ့ လွှမ်းမိုးမှာ အခြေတည်နေတယ်ဆိုတာ သိခဲ့ကြရင်ကောင်းမှာပဲ….ဘာဖြစ်လို့ လဲဆိုတော့ "နားလည်ယုံကြည်မှု (TRUST)" ဆိုတာ ပုဂ္ဂလိကတစ်ဦးချင်းစီရဲ့ သိမြင်မှု (perception) ကပြဋ္ဋာန်းတတ်တာကြောင့်ပဲ..

-တဖက်လူက ယုံကြည်ဖို့ ကိုယ့်ဖက်က စပြီး အနစ်နာခံပြနိုင်ဖို့ လည်းလိုတယ်…အာမခံကတိပေးရဲဖို့ လိုတယ်။ပေးထားတဲ့ကတိ ကို ဖေါက်ဖျက်ရင်တော့ "နားလည်ယုံကြည်မှု (TRUST)" ကိုတည်ဆောက်ဖို့ ဆိုတာ နေပြည်တော်မျှော်တိုင်းဝေး သွားတတ်တာ မြေကြီးလက်ခတ်မလွဲ…(ဥပမာ-ဗမာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်).။ ကိုယ့်လူသူ့ ဘက်သားလုပ်နေရင်တော့ ပိုဆိုးရော…(ဥပမာ-ပြည်တွင်းနေတွေနဲ့ ဘင်္ဂလီ)

- ၂ ဦး ၂ ဖက် ကြားက ဆက်သွယ်ရေး (communication) ကိုဝင်နှောင့်မယ့် ပယောဂတွေလည်း ကြိုတင်ကာကွယ်ကြရတာပဲ…။ Communication Breakdown အဆက်အသွယ်ပြတ်တောက်ခြင်း၊ ဖြတ်တောက်ခြင်း ဆိုတာ အားလုံးသော ပဋ္ဋိပက္ခတွေ conflicts ရဲ့ အစပြုမီးပွားလေးဖြစ်နေတတ်တာပဲလေ…။

-ဆက်သွယ်မှုတော့ရှိပြီး မလိုအပ်တဲ့ စကားတွေမထွက်ကြဖို့ ကလည်း ၂ ဘက်စလုံးက စောင့်စည်းမှသာ "နားလည်ယုံကြည်မှု (TRUST)" ဆီ တဆင့်ချင်းသွားတဲ့လမ်းက ဖြောင့်ဖြူးတာကိုး..။ အထူးသဖြင့် ခေါင်းဆောင်ဆိုသူများရဲ့ ဝစီကံ စောင့်ထိန်းမှုက ဟန်မကျရင် ဗုံးခွဲသလိုဖြစ်သွားတတ်တယ်..။

-ကနေ့ အိုင်တီခေတ်မှာ လူမှုရေးကွန်ယက်တွေက မလိုအပ်တဲ့ စကားတွေ အများဆုံးပွင့်ထွက်တဲ့ နေရာပဲလေ…။ ဒါတွေကို အဆင်အခြင်မဲ့ယုံပြီးပုံလိုက်တာနဲ့ ပဲ "နားလည်ယုံကြည်မှု (TRUST)" ကို တည်ဆောက်ဖို့ ခက်ခဲတော့တာပဲ..။ တကယ့်မီဒီယာ ကြီးတွေက သမာဓိရှိရှိနဲ့ ဖွတာက အလုံးစုံပျက်သုဉ်းရေး ကို ဦးတည်စေတတ်တယ်ဆိုတာကို သတိရှိကြဖို့ ကောင်းပြီ။

-အစိုးရနဲ့ ပြည်သူကြား၊ စစ်တပ်နဲ့ အရပ်ဘက်ကြား၊ အစိုးရနဲ့ အတိုက်အခံကြား၊ ပါတီတွေအချင်းချင်းကြား၊ နိုင်ငံသားအချင်းချင်းကြား၊ ဘာသာဝင်အချင်းချင်းတွေကြား၊ ဗမာနဲ့ တိုင်းရင်းသားတွေကြား - "နားလည်ယုံကြည်မှု (TRUST)"ဆိုတာကို တည်ဆောက်လိုတယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ဖို့ က စသင့်ပြီလို့ ထင်တာပဲ..။

-ဘာသာရေးသွန်သင်ချက်တွေကို ရဲရဲ ၀ံ့ ဝံ့ဆန်းစစ်၊ ခေါင်းဆောင်ဆိုသူတွေကို မညှာမတာဝေဖန်၊ ကိုးကွယ်ရာဆရာတော်၊ဘာသာရေးခေါင်းဆောင်တွေ ဟောသမျှပြောသမျှကို ကိုယ်ပိုင်အမြင်နဲ့ စိစစ်ကြည့်ဖို့ ကနေ စရမယ်လို့ ထင်တာပဲ..။ အမြင်မတူလို့ မညှိနိုင်ပဲရန်ဖြစ်ကြမယ်ဆိုရင်လည်း ကြိုးဝိုင်းထဲမှာ စည်းနဲ့ ကမ်းနဲ့ ထိုးပေါ့..(Rule of Law)။
နို့ မဟုတ်ရင်တော့…သယံဇာတပေါသမျှ အမွေလုဖို့ ရန်ဖြစ်နေကြတာနဲ့ ပဲ ပြည်တည်လိုက်ရမယ်မထင်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...