Wednesday, June 12, 2013

တန်ဖိုးရှိသော ဘ၀...

Cloud Cuckoo Land shared အင်းလေးမီဒီယာ's photo.












by ဘာသာပြန်ပုံပြင်များ
Thursday, 13 June 2013 at 10:02

တစ်ခါတုန်းက နံမည်ကျော်ကြားတဲ့ စာပေဟောပြောသူတစ်ယောက်ဟာ သူစာပေ ဟောပြောနေစဉ်မှာ ဒေါ်လာ ၂၀ တန်ကို လက်ထဲမှာကိုင်မြှောက်ထားပြီး ပရိတ်သတ်တွေကို မေးလိုက်တယ်။

“ဒီ ဒေါ်လာ၂၀ တန်ကို လိုချင်တဲ့သူများရှိသလား၊” လို့ မေးလိုက်တော့ ပရိတ်သတ်တွေက လက်တွေထောင်ကြတယ်။ သူက ဆက်ပြီး “ ခင်ဗျားတို့ ထဲက တစ်ယောက်ကို ကျွန်တော် ဒီ ဒေါ်လာ၂၀ ကိုပေးမယ်၊ ဒါပေမယ့် မပေးခင် ကျွန်တော် ခုလိုလုပ်ချင်ပါတယ်။” လို့ ပြောပြီး ဒေါ်လာ၂၀တန်ကို လက်ထဲမှာ ချေပစ်လိုက်တယ်။”


“ဒီလိုဆိုရင်ရော လိုချင်တဲ့သူများရှိလား” လို့ သူက မေးလိုက်တော့ ပရိတ်သတ်တွေက လက်ကို ထောင်ကြပြန်တယ်။ ဒါနဲ့ သူက “ကောင်းပြီ၊ ဒီလိုဆိုရင်ရော” လို့ မေးပြီး ပိုက်ဆံကို မြေပြင်ပေါ်ချလိုက်ပြီးတော့ ဖိနပ်နဲ့ နင်းချေလိုက်ပြန်တယ်။ ပြီးတော့ သူက ညစ်ပတ် ကြေမွနေတဲ့ ပိုက်ဆံကိုတစ်ခါ ကိုင်မြှောက်ပြီးတော့ “အခု ဒီပိုက်ဆံကို လိုချင်တဲ့သူရှိသေးလား” လို့ မေးပြန်တော့ ပရိတ်သတ်တွေက လိုချင်ကြောင်း လက်ထောင်ပြနေတုန်းပါပဲ။


အဲဒီမှာ စာပေဟောပြောသူက “မိတ်ဆွေတို့  ကျွန်တော်တို့ ဟာ အခုဆိုရင် အလွန်တရာ တန်ဖိုးရှိတဲ့ သင်ခန်းစာကို ရရှိပြီးဖြစ်တယ်။ ကျွန်တော်က ဒီပိုက်ဆံကို ဘယ်လိုပဲ လုပ်လုပ် ခင်ဗျားတို့ က ဒီပိုက်ဆံကို လိုချင်နေတုန်းပါပဲ။ ဘာလို့ လဲဆိုတော့ ဒီပိုက်ဆံရဲ့ တန်ဖိုးက လျော့နည်းသွားခြင်းမရှိလို့ ပါပဲ။ ဒီပိုက်ဆံက ဒေါ်လာ ၂၀ တန်နေတုန်းပါပဲ။ ကျွန်တော်တို့ ဘ၀မှာလဲ၊ တွေ့ ကြုံလာတဲ့အခြေအနေတွေမှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်တွေကြောင့် အကြိမ်ကြိမ် ပစ်ချခံရတာတွေ၊ နင်းချေခံရတာတွေ၊ ပြီးတော့ အညစ်အကြေးတွေနဲ့ ပေကျံနေတာတွေစတဲ့ အခြေအနေမျိုးနဲ့  ကြုံတတ်တယ်။ အဲဒီလို အခြေအနေမျိုတွေ ကြောင့် ကျွန်တော်တို့ ဟာ ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတော့ဘူးလို့ ထင်မြင်တတ်ကြတယ် ဒါပေမယ့် ကျွန်တော်တို့ သိထားရမှာက ကျွန်တော်တို့ ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဘာပဲ ဖြစ်လာလာ ကျွန်တော်တို့ ရဲ့ တန်ဖို့ ဟာ လျော့ကျသွားခြင်းမရှိပါဘူးဆိုတာကိုပါပဲ။”

ညစ်ပေနေသည်ဖြစ်စေ၊ သန့် ရှင်းနေသည်ဖြစ်စေ၊ ကြေမွနေသည်ဖြစ်စေ၊ သပ်ရပ်နေသည်ဖြစ်စေ ကျွန်မတို့ ကို အမှန်တကယ် ချစ်မြတ်နိုးပြီး တန်ဖိုးထားတဲ့ သူတွေအတွက် ကျွန်မတို့ ဟာ တန်ဖိုးဖြတ်လို့ မရနိုင်တဲ့ သူတွေပဲဖြစ်တယ်။ ကျွန်မတို့ ဘ၀ရဲ့ တန်ဖိုးအစစ်အမှန်ဟာ ကျွန်မတို့ ရဲ့ လုပ်ရပ် သို့ မဟုတ် ကျွန်မတို့ ရဲ့ အသိအမြင်တွေ အပေါ်မှာ မူတည်နေတာမဟုတ်ပါဘူး။ ကျွန်မဟာ ဘယ်သူပါ ဆိုတဲ့အပေါ်မှာသာ တည်မှီနေခြင်းဖြစ်ပါတယ်။

အင်တာနက်ကဖတ်ရတဲ့ ပုံပြင်လေးကို ပြန်ဆိုထားတာပါ။ မူရင်း အင်္ဂလိပ်လိုလည်း ထည့်သွင်းပေးထားပါတယ်။

စနိုး


A well-known speaker started off his speech holding up a $20.00 bill. In the room of 200, he asked, "Who would like this $20 bill?" Hands started going up. He said, "I am going to give this $20 to one of you but first, let me do this."

He proceeded to crumple up the $20 dollar bill. He then asked, "Who still wants it...?" Still the hands were up in the air. "Well," he replied, "What if I do this?" And he dropped it on the ground and started to grind it into the floor with his shoe. He picked it up, now crumpled and dirty. "Now, who still wants it?" Still the hands went into the air.


"My friends, we have all learned a very valuable lesson. No matter what I did to the money, you still wanted it because it did not decrease in value. It was still worth $20. Many times in our lives, we are dropped, crumpled, and ground into the dirt by the decisions we make and the circumstances that come our way. We may feel as though we are worthless. But no matter what has happened or what will happen, you will never lose your value.


Dirty or clean, crumpled or finely creased, you are still priceless to those who DO LOVE you. The worth of our lives comes not in what we do or who we know, but by WHO WE ARE.

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...