Thursday, June 13, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၁၃-၆)

သစ်ထူးလွင်



Posted: 13 Jun 2013 07:21 AM PDT
၁၃.၆.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကြည့်မြင်တိုင် မြို့နယ်၊ ဆေးငြိမ်း ရပ်ကွက်၊ ကမ်းနားလမ်း သီရိမင်္ဂလာ ဈေးဟောင်း အပေါ်ဆုံးထပ်ရှိ၊ ရွှေဆင် KTV ဆိုင်တွင် အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှူးနှင့် အဖွဲ့မှသွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုဦး(ခ)ကိုခင်မောင်ဝင်း၊ ၂၇နှစ်၊ (ဘ)ဦးလှမြင့်၊ အကြော်ဆရာ၊ နတ်မောက်မြို့၊ မကွေးတိုင်း ဒေသကြီး နေသူသည် အဆိုပါဆိုင်၏ဘေး ရေချိုးခန်း၊ အိမ်သာလျှောက်လမ်း တွင်ပြင်ပ ဒဏ်ရာမရှိဘဲ ၀ဲလက်ချောင်းများ ကုတ်လျက်သေဆုံးနေ သည်ကိုတွေ့ရှိရပါသည်။

 ၎င်းမှာငယ်စဉ်ကတည်းက အတက်ရောဂါရှိသူ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး၊ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၃) ရေးဖွင့်၍ သေဆုံးရသည့် အကြောင်းရင်းအား စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။


Posted: 13 Jun 2013 07:16 AM PDT
၁၃.၆.၂၀၁၃ ရက်နေ့ ၁၀၄၅ အချိန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့၊ မင်္ဂလာတောင်ညွှန့် မြို့နယ်ရဲ တပ်ဖွဲ့မှူး ဦးစီး၍ နယ်ထိန်း တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ မင်္ဂလာ တောင်ညွှန့် မြို့နယ်၊ ယုဇနပလာဇာ ကားမှတ်တိုင် အနီး စောင့်ဆိုင်းနေစဉ် ရောက်ရှိလာသူ မန္တလေးတိုင်း ဒေသကြီး၊ ညောင်ဦးမြို့နေ အေးမောင်နှင့် ရှမ်းပြည်မြောက်ပိုင်း၊ သိန်းန္နီမြို့နေ မယေ့လုံ တို့နှစ်ဦးအား စစ်ဆေးရှာဖွေရာ အေးမောင် ကိုင်ဆောင်ထားသော မရမ်းရောင်လက်ဆွဲ အိတ်အတွင်းမှ အနက်ရောင်အိတ်အရှည် (၄)လုံးဖြင့်ထည့်ထားသော WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁၁၃၅၀) ပြား၊ အလေးချိန် (၁၁၃၅) ဂရမ်၊ တန်ဘိုး ၅၆၇၅၀၀၀၀ိ/- ကျပ်နှင့် မယေ့လုံ၏ လက်အတွင်း မှ
HUAWEI အမျိုးအစား လက်ကိုင်ဖုန်း (၁) လုံးအားရှာဖွေတွေ့ရှိ သဖြင့် အေးမောင်နှင့် မယေ့လုံတို့ နှစ်ဦးအား မင်္ဂလာတောင်ညွှန့်မြို့မရဲစခန်း မယ(ပ) ၁၇/၂၀၁၃၊ မူး/စိတ် ပုဒ်မ ၁၅/၁၉(က)/၂၁ ဖြင့် အရေး ယူထားရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ် ပြန်ထားပါသည်။


Posted: 13 Jun 2013 07:00 AM PDT
ကိုးကွယ်တဲ့ဘာသာကို မှတ်ပုံတင်ဖို့နဲ့ ဗုဒဘာသာဝင် အမျိုးသမီးတွေ ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်းကို ကန့်သတ်တဲ့ ဥပဒေမူကြမ်း ၂ခုကို တရားဝင်အတည်ပြုနိုင်ရေးအတွက် လွှတ်တော်ကို တင်ပြသွားမယ်လို့ ဇွန်လ ၁၃ရက်နေ့မှာ မျိုးစောင့်ဥပဒေဆိုင်ရာ အကြိုညှိနှိုင်းပွဲက ပြောဆိုလိုက်ပါတယ်။
ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 06:45 AM PDT
ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါး တစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီး တစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ်
သက်သော သဘောထား အမြင်ဖြစ်၍ ဦးနှောက်မုန်တိုင်း ဆင်နိုင်ရန် မူလ အာဘော်မပျက်၊ ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။

လွှတ်တော်နိုင်ငံရေး

နေပြည်တော်တွင် အသစ်ထွက်ပေါ်လာသော ပါလီမန်များမှာ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုများ အနေနှင့် ယခင်အစိုးရ အကန့်အသတ်နှင့် သာရှိသော ရည်မှန်းချက်ဖြစ်သည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ”ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေပြီဖြစ်ကြောင်း အခိုင်အမာဖော်ပြနေ သည်သို့ ရှိပါသည်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Jun 2013 06:22 AM PDT
အင်းစိန်ရွာမရှိ ကားသင်္ချိုင်းမှ ဝန်ထမ်းလေးဦးသည် စက်ရုံပိုင် မော်တော်ကားများမှ အလွိုင်းခွေများအား ခိုးထုတ်သည်ဟု စွပ်စွဲကာ ဇွန် ၁၁ ရက်က တိုင်ကြားခံရကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်း ရရှိသည်။ ခိုးမှုဖြင့် စွပ်စွဲခံရသူများမှာ အမှတ် (၃) သံမဏိစက်ရုံမှ စက်ရုံလုပ်သားများဖြစ်သော အသက် ၂၅ နှစ်အရွယ် ကိုကောင်းမြတ်စိုး၊ အသက် ၂၇ နှစ်အရွယ်ရှိ ကိုကြည်ငြိမ်းအောင်၊ အသက် ၂၃ နှစ်အရွယ်ရှိ ကိုစိုးလင်းအောနှင့် အသက် ၂၁ နှစ်အရွယ် ကိုကိုမောင်တို့ဖြစ်ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Jun 2013 06:13 AM PDT
ပြည်ပသို့ Normal Trade (ပင်လယ် ရေကြောင်း ကုန်သွယ်မှု)မှ ဆန်တင်ပို့မှုအား နှစ်လခန့်ယာယီ ရပ်ဆိုင်းထားပြီး ဖြစ်သော်လည်း တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ တင်ပို့ခြင်းကိုမူ ပုံမှန် ဆက်လက်လည် ပတ်လျှက်ရှိကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။ ၂ဝ၁၂ ခုနှစ်မှ စတင်ကာ အသစ်ပေါ် ပေါက်လာသည့် အဆိုပါဈေးကွက်၏ ဝယ်လိုအားသည် ဆက်လက်ကောင်းမွန် သော်လည်း တင်ပို့ရာတွင် မြန်မာဘက်မှ ကြိုတင်ခွန် ကောက်ခံတော့မည် ဖြစ်ခြင်းကြောင့် အခက်အခဲ ဖြစ်ပေါ်လာနိုင်ကြောင်း ဆန်ကုန်သည်များက ပြောကြားသည်။ ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 06:08 AM PDT
ရခိုင်ပြည်နယ်၊ မြောက်ဦး ရှေးဟောင်း သုတေသနဇုန်ရှိ သမိုင်းဝင် လေးမျက်နှာ ပုထိုးတော်ကြီးနှင့် ညီတော်စေတီ တို့တွင် သမီးရည်းစား စုံတွဲများ ချိန်းဆိုတွေ့မှု များပြားလာ၍ အရပ်ဖက် လုံခြုံရေးဝန်ထမ်း တဦး ခန့်ထားရကြောင်း သိရသည်။ “ဘုရား သိမ်တော်ဝင်းထဲမှာ မဖွယ်မရာ ချိန်းတွေ့မှုတွေ များလာလို့ ဇွန်လ ၁ ရက်နေ့က စပြီး လုံခြုံရေး အစောင့်တဦးကို မြို့ပေါ်က စေတနာရှင်တွေ စုပြီး ခန့်ထားပေးခဲ့တယ်။ မြောက်ဦး ရှေးဟောင်း သုတေသန ဦးစီးဌာနကလည်း အဲဒီဝန်ထမ်းကို အသိအမှတ် ပြုပေးခဲ့တယ်” ဟု မြောက်ဦးမြို့ခံ ကိုသီဟ က မဇ္ဈိမကို ပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 13 Jun 2013 04:39 AM PDT
မကွေးတိုင်း ပခုက္ကူမြို့မှာ ဆူပူမှုဖြစ်ပွားအောင် လှုံ့ဆော်သူတချို့ လုပ်ဆောင် ခဲ့ကြပေမယ့် မြို့ပေါ် တာဝန်ရှိသူတွေ အချိန်မှီ ၀ိုင်းထိန်း လိုက်နိုင်ခဲ့ပါတယ်။ ဒီနေ့မွန်းလွဲ ၁ နာရီလောက်က ဖြစ်ပွားခဲ့တာလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပခုက္ကူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးပိုက်ကိုက ပြောပါတယ်။
“ပခုက္ကူမြို့မြောက်ဖျား အမှတ် ၃ ရပ်ကွက်မှာ လူ ၄ ယောက်က ဆိုင်ကယ် ၄ စီးနဲ့ အော်သွားတယ်။ “မီးရှို့တယ်၊ ကျောင်းသောက်ရေ အိုးစင်မှာ အဆိပ်ခတ်သွားတယ်” ရုတ်တရက် မသိလိုက်ကြဘူး။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Jun 2013 04:30 AM PDT
ဝင်ငွေနည်းသူများကို အရစ်ကျ ရောင်းချရန် လှိုင်သာယာမြို့နယ်တွင် အကောင် အထည်ဖော်မည့် တန်ဖိုးသင့် အိမ်ရာများရှိ တိုက်ခန်း တစ်ခန်းလျှင် ကျပ်သိန်း ၁၀၀ ကျော်ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း မြို့ရွာနှင့်အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန အကြီးတန်းအရာရှိ တစ်ဦးက The Voice သို့ ပြောကြား သည်။  အဆိုပါ အိမ်ရာများတွင် အခန်း တစ်ခန်းချင်းအလိုက် ဆောက်လုပ်ရေး ပစ္စည်း စရိတ် များ ဈေးနှုန်း မြင့်မားခြင်း၊ သောက်သုံးရေ ရရှိရေးနှင့် လျှပ်စစ်မီး ရရှိရန်တို့ကို ဆောင်ရွက်ရခြင်း တို့ကြောင့် အခန်းဈေးနှုန်း ကျပ်သိန်း တစ်ရာကျော်နိုင်မည်ဖြစ်ကြောင်း၊ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 04:17 AM PDT
မရမ်းကုန်း တရားရုံးတွင် တရား ရင်ဆိုင်နေရသော ပြည်သူ့ဝန်ထမ်း ယောင်ဆောင်မှု၊ လိမ်လည်မှုတို့ဖြင့် စွပ်စွဲခံထားရသူ တစ်ဦး တရားသူကြီးက စစ်ဆေးအပြီးတွင် ဦးနှောက် သွေးကြောပေါက် သေဆုံးမှုတစ်ခု ဇွန် ၁၁ ရက်က ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ သေဆုံးသူမှာ အမှုရင်ဆိုင်ဆဲကာလ၌ အင်းစိန်ထောင်တွင် အချုပ်ကျ ခံထားနေရသည့် အသက် ၅၄ နှစ်အရွယ်ရှိ ဦးသန့်ဇင် (ခ) ဦးအောင်စိုးဖြစ်ပြီး မရမ်းကုန်းမြို့နယ် နေသူဖြစ်ကြောင်း ရဲဌာနက ဆိုသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 04:07 AM PDT
ရန်ကုန်တိုင်း ဒေသကြီးအတွင်း ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ မေလ ၃၁ ရက်အထိ လူသတ်မှု ၅၆ မှု၊ မုဒိမ်းမှု ၆၁မှု၊ ခိုးမှုမျိုးစုံ ၄၁၀ မှု ဖြစ်ပွားခဲ့ကြောင်း ၇.၆.၂၀၁၃ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖတ်ရှု လိုက်ရသဖြင့် ကျွန်တော့်အနေနှင့် များစွာ တုန်လှုပ်မိ ပါသည်။ မြန်မာနိုင်ငံ ကဲ့သို့ ဗုဒ္ဓဘာသာ ထွန်းကားသောနိုင်ငံ တစ်နိုင်ငံအတွက် ထိုပမာဏမှာ များလွန်းသည်ဟု ကျွန်တော်ယူဆပါသည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 04:01 AM PDT
ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်း ခရိုင် သုံးခွမြို့  နယ် လျှပ်စစ်ဦးစီး ဌာန အား ပထမဆုံး တရားဝင် ခွင့်ပြုမိန့် ရ ဆန္ဒပြပွဲကို လာမည့် ဇွန်လ ၁၈ ရက်နေ့ အင်္ဂါနေ့ တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်း ရရှိပါသည်။ သုံးခွမြို့  နယ် လျှပ်စစ်ဦးစီး ဌာနမှ လျှပ်စစ် ဒစ်ဂျစ်တယ် မီတာ များ ကို လမ်းမီး တိုင်များ တွင် လဲလှယ် တပ်ဆင် ပြီး သည့် အချိန် မှ စတင် ၍ လျှပ်စစ်သုံးစွဲ ခများ အဆမတန် ပေးဆောင် နေခြင်း ကို ကန့် ကွက် ဆန္ဒ ပြရန် ဖြစ်သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Jun 2013 03:29 AM PDT
အကြွေး ကျပ်ဆယ်သိန်း ပေးဆပ်ရန် ရှိသဖြင့် စိတ်ညစ်၍ အမျိုးသမီး ငယ်တစ်ဦး ဘုရင့်နောင် တံတားပေါ်မှ ရေထဲခုန်ချခဲ့ရာ ကယ်ဆယ်သူရှိ၍ အသက်မသေသော်လည်း သေကြောင်း ကြံစည်မှုဖြင့် အရေးယူ ခံရဖွယ်ရှိကြောင်း ရဲမှူး တစ်ဦးကပြောသည်။ “ဒါသေကြောင်း ကြံစည်မှုဆိုတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၉ အရ အရေးယူ ရမှာပေါ့။ ဒါပေမဲ့ ဒီအမှုက ကောင်မလေးက မသေတော့ သူ့ကိုအခုမှ စစ်နေတုန်းပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 03:26 AM PDT
ရန်ကုန်- ကမ္ဘော တစ်လွှားနိုင်ငံများ တွင် ကလေး အလုပ်သမားများကို အနိုင်အထက် ပြုကျင့်မှု အဆိုးရွား ဆုံးနိုင်ငံစာရင်း၌ မြန်မာနိုင်ငံက ထိပ်ဆုံးစာရင်းမှ ရပ်တည်နေဆဲ ဖြစ်ကြောင်း နိုင်ငံတကာအလုပ်သ မားအဖွဲ့အစည်း (ILO)၏ သုတေသန စာရင်းတွင် ဖော်ပြထားသည်။ ကလေးလုပ်သားများကို အနိုင်အထက်ပြုမှု အဆိုးရွားဆုံး နိုင်ငံများဖြစ်သော မြောက်ကိုရီးယား၊ ဆိုမာလီယာ၊ ဆူဒန်၊ ကွန်ဂို၊ ဇင်ဘာဘွေ၊ အာဖဂန်နစ္စတန်၊ ဘရွန် ဒီ၊ ပါကစ္စတန်နှင့် အီသီယိုပီးယားနိုင်ငံတို့၏ ထိပ်တွင် မြန်မာ နိုင်ငံက ရပ်တည်နေခြင်းဖြစ်သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- အေအက်ဖ်ပီ

Posted: 13 Jun 2013 03:20 AM PDT
အစ္စလာမ် ဘာသာအပေါ် အခြားဘာသာများက သံသယ ဖြစ်နေသည် ဆိုသည့် ၇၈၆ အဓိပ္ပာယ်မှာ ၂၁ ရာစုတွင် ကမ္ဘာကို အစ္စလာမ်ဘာသာ လွှမ်းမိုးရန် ဆိုသည့် အဓိပ္ပာယ် မဟုတ်ကြောင်း အစ္စလာမ် ဘာသာရေး ကျွမ်းကျင်သူများနှင့် မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် ကွန်ရက်ပေါင်းစု (Unity For Peace Networks) က မီဒီယာများကို ဖိတ်ကြားကာ တရားဝင် ထုတ်ပြန် ရှင်းလင်းသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 03:14 AM PDT
မြန်မာ တစ်နိုင်ငံလုံးရှိ ပြည်သူ့ ဆေးရုံများတွင် အသက်ငါးနှစ် အောက်ကလေးများကို အခမဲ့ဆေး ကုသမှုပေးရန် ညွှန်ကြား ထားကြောင်း နေပြည်တော် ကောင်စီ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်က ပြောသည်။ အဆိုပါဝန်ဆောင်မှုကို တစ်နိုင်ငံလုံးရှိ ၁၆ ခုတင်ဆံ့ ဆေးရုံမှစ၍ ပြည်သူ့ ဆေးရုံတိုင်းတွင် ဆောင်ရွက်ရန် ကျန်းမာရေး ၀န်ကြီးဌာနက မေလအတွင်း ကျင်းပခဲ့သည့်လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ပြောကြား ခဲ့ခြင်း ဖြစ်ကြောင်း ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Jun 2013 03:02 AM PDT
နိုင်ငံတော်အစိုးရနှင့် အ ကျိုးတူဆောင်ရွက်နေသော အပြည် ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း MAI ကို ကမ္ဘောဇကုမ္ပဏီအုပ်စုက ၁၀၀ရာခိုင်နှုန်း (တစ်ဦးတည်းပိုင်) ပိုင်ဆိုင်သွားပြီဖြစ်ကြောင်း MAI လေကြောင်းလိုင်းမှ ဒါရိုက်တာ ဦးညိုမြင့်ကပြောသည်။ “ပြီးခဲ့တဲ့လကမှ MIC (ရင်းနှီးမြှုပ်နှံမှုကော်မရှင်)က ခွင့်ပြုပေးလိုက်တာပါ”ဟု ဦးညိုမြင့်ကပြောသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

Posted: 13 Jun 2013 02:52 AM PDT
မလေးရှားနိုင်ငံတွင် အကြမ်းဖက်ခံ ရမှုကြောင့် မြန်မာ အလုပ်သမား အချို့ ပြန်လာရန် စိုင်းပြင်းလျက် ရှိနေချိန် ဇွန်လ ၁၂ ရက်နေ့က မြန်မာနိုင်ငံသို့ ပထမဆုံး ပြန်လည် ရောက်ရှိလာသော အလုပ်သမား နှစ်ဦးနှင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် တွေ့ဆုံ မေးမြန်းထား ပါသည်။ ၄င်းတို့ အလုပ်ရှင်၏ စီစဉ်ပေးမှုဖြင့် ပြန်လည် ရောက်ရှိလာခြင်း ဖြစ်ပြီး ကာယကံရှင်များ ဆန္ဒအရ အမည်နာမ ဖော်ပြနိုင်ခြင်း မရှိပါ။
အင်တာဗျူး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ညဘက်ကျ မြန်မာလုပ်သားတွေ အလှည့်ကျ ကင်းစောင့်ပြီး အိပ်ရတယ်။

Posted: 13 Jun 2013 02:46 AM PDT
ရှမ်းပြည်နယ် လားရှိုးမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် ပါဝင် ပတ်သက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၆၀ ဦး အနက် ၂၉ ဦးကို ဇွန်လ ၁၂ ရက်နေ့တွင် စတင်တရားစွဲဆိုခဲ့ပြီး ဇွန်လ ၁၃ ရက်နေ့တွင် တရားရုံးတင် စစ်ဆေးမည် ဖြစ်ကြောင်း လာရှိုးမြို့မှ ရှေ့နေတစ်ဦးက ပြောကြားသည်။ တရားစွဲဆိုခံထားရသူ ၂၉ ဦးသည် လားရှိုး ဒေသခံများဖြစ်ပြီး ၎င်းတို့ကို အမှတ် (၁) ရဲတပ်ဖွဲ့စခန်းနှင့် အမှတ် (၂) ရဲတပ်ဖွဲ့ စခန်းတို့က တရားစွဲဆိုထားခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့များထံမှ သိရှိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


လားရှိုး ပဋိပက္ခ

Posted: 13 Jun 2013 02:34 AM PDT
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရတနာပုံ ဆိုက်ဘာစီးတီး အတွင်းရှိ ဝန်ထမ်းပေါင်း ၉၀၀ ကျော် ရှိသော BTC (Brust Transmission Co.Ldt.) ကင်မရာ စက်ရုံမှ ဝန်ထမ်း ၇၀၀ ခန့်သည် လုပ်ခလစာ တိုးမြှင့်ရေး အပါအဝင် အချက် ကိုးချက်အတွက် ဇွန် ၃ ရက် ရက်နေ့မှ ဇွန် ၅ ရက်နေ့ အထိ သုံးရက်ဆက်တိုက် ဆန္ဒပြ တောင်းဆိုရာ ညှိနှိုင်းမှု မပြေလည်သဖြင့် ဝန်ထမ်း ၄၀၀ခန့် အလုပ်ထွက်သွားကြောင်း အဆိုပါ ဆန္ဒပြ လုပ်သားများထံမှ စုံစမ်းသိရှိရသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


BTC (Brust Transmission Co.Ldt.) ကင်မရာ စက်ရုံမှ ဝန်ထမ်းများ ဆန္ဒပြနေစဉ်


Posted: 13 Jun 2013 02:23 AM PDT
မိုင်းဆတ် လေယာဉ် မတော်တဆမှုမှ data recorder ကို တရုတ်သို့ပေးပို့ စစ်ဆေးမည် ဖြစ်ကြောင်း လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ်ဦးဝင်းဆွေထွန်း ကပြောသည်။

မေလ(၁၆)ရက်နေ့က မိုင်းဆတ် လေယာဉ်ကွင်းတွင် MA 60 လေယာဉ်၊ ပြေးလမ်းချော်ခဲ့ သော မတော်တဆမှုကို စစ်ဆေးမည်ဖြစ်သည်။

လာမည့် ရက်ပိုင်းအတွင်း ပေးပို့စစ်ဆေးမည် ဖြစ်ပြီး ထိုရလဒ်ထွက်ပေါ်လာမှသာ စစ်ဆေးချက်အဖြေကို ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်း သိရသည်။

 ဇွန်လဆန်းပိုင်းက ကော့သောင်း လေယာဉ်ကွင်းတွင် ဖြစ်ပွားခဲ့သော မတော်တဆမှုနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ စစ်ဆေး နေကြောင်းသိရသည်။

“လူကြောင့်လား၊ စက်ကြောင့်လား ဆိုတာတော့ စစ်ဆေးပြီးမှ ထုတ်ပြန်နိုင်မယ်”ဟု ဒုတိယညွှန်ကြားရေးမှူးချုပ်၏ ပြောကြားချက်အရ သတင်းရရှိသည်။

SkyNet TV Browser
Posted: 13 Jun 2013 02:13 AM PDT
ရန်ကုန် တစ်ဖက်ကမ်းရှိ ဒလမြို့သည် ရေလမ်းခရီးသာရှိပြီး မြို့ပြဆန်မှု အလျဉ်းမရှိသော မြို့။နွေရာသီတွင် ရေချိုရှားပါးမှု ပြဿနာနှင့်မို့ အလုပ် လုပ်ရင်း ကျော တစ် နေရာစာအတွက် စဉ်းစားသူတို့ ထည့်မ တွက်ခဲ့သည့်နယ်မြေ။ ယခုတော့ ထိုနယ်မြေတွင်မှ အိမ်ခြံမြေဈေးနှုန်းသည် လွန် ခဲ့သည့်၇ နှစ်ကထက် အဆတစ် ရာကျော် တစ်ရှိန်ထိုး ဆိုင်းမဆင့်ဗုံမဆင့် တက်သွားခဲ့သည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 13 Jun 2013 02:09 AM PDT
ဧရာဝတီမြစ် အနောက်ဘက် ကမ်းတွင် တည်ရှိသော မင်းလှခံတပ် နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ် ပွဲကို ဇွန် ၉ ရက်နံနက်တွင် ကွေ့ချောင်း ခံတပ် သို့ ရွှေ့ပြောင်း ပြုလုပ် ခဲ့ရကြောင်း ပွဲစီစဉ်သူ စာရေးဆရာ ကောင်းမြတ် (ခရာတော)က ပြောသည်။ ခံတပ်နှစ် ၁၅ဝ ပြည့် အထိမ်းအမှတ် ပွဲပြုလုပ်ရန် ဧရာဝတီမြစ် အနောက်ဘက်ကမ်း တွင်ရှိသော မင်းလှ ခံတပ်တွင် ပြုလုပ်နိုင်ရန် မြို့နယ် အုပ်ချုပ်ရေးမှူး ထံ တင် ပြတောင်းခံ ခဲ့သော်လည်း ခွင့်ပြုမိန့် မရသဖြင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Jun 2013 02:02 AM PDT
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် မြောက်ရပ်ကွက် မိုးတားကျောင်းတိုက်တွင် လာရောက် တည်းခိုနေသူ အမျိုးသမီး တစ်ဦးထံမှ ကျပ်သိန်း ၉၀ ခိုးယူသော ရဟန်းတစ်ပါးကို ဇွန်လ ၁၂ ရက်နေ့က ဖမ်းဆီး အရေးယူခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 13 Jun 2013 01:51 AM PDT
မော်လမြိုင်-ကော့သောင်း ခရီးစဉ် ပျံသန်းသည့် မြန်မာ့ လေကြောင်းပိုင် လေယာဉ် လမ်းချော်မှု ဖြစ်ပွားပြီး နှစ်ရက်အကြာတွင် ရန်ကုန်မှ စစ်တွေ မြို့သို့ ပျံသန်းမည့် Air Mandalay မှ Flight နံပါတ် (၆၁၁) လေယာဉ် အမျိုးအစား ATR 42 သည် ရန်ကုန် လေဆိပ်မှ ထွက်ခွာပြီး မိနစ်ပိုင်း အကြာ လေယာဉ်အတွင်း ဝါယာရှော့ခ် ဖြစ်ပွားမှုကြောင့် မြေပြင်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...