Thursday, June 20, 2013

သစ်ထူးလွင် သတင်းစုစည်းမှု (၂၀-၆)

သစ်ထူးလွင်



Posted: 20 Jun 2013 06:56 AM PDT
အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းမှာ ဇွန်လ ၁၃ ရက်က လုပ်တဲ့ အရှေ့ အာရှနဲ့ လက်တင် အမေရိက ဖိုရမ်မှာ ထိုင်း ဒုတိယ ဝန်ကြီးချုပ်၊ နိုင်ငံခြားရေး ဝန်ကြီး နဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတို့ သီးခြား ဆွေးနွေးခဲ့ ကြပါတယ်။ ဆွေးနွေးပွဲမှာ ထိုင်း ဝန်ကြီး ဆူရာပေါင်း က ဇင်းမယ် တိရစ္ဆာန်ရုံမှာ ပြဖို့ မြန်မာ ဆင်ဖြူတော်ကို ၆ လ ငှားရမ်းဖို့ မြန်မာ ဝန်ကြီး ဦး ဝဏ္ဏမောင်လွင် ကို ကမ်းလှမ်း ခဲ့ပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Jun 2013 06:46 AM PDT
အခုရက်ပိုင်း လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ ပီအာရ် လို့ခေါ်တဲ့ အချိုးကျ ကိုယ်စားပြုမှု စနစ် ကျင့်သုံးဖို့နဲ့ ပတ်သက်ပြီး သတင်းတွေ တခုပြီး တခု ဆက်တိုက် ထွက်ပေါ်လာပါတယ်။ ဒီ သတင်းတွေ ဆက်စပ် သုံးသပ်လိုက်ရင် ဗိုလ်ချုပ်ဟောင်းတွေဟာ လာမယ့် ရွေးကောက်ပွဲမှာ သမားရိုးကျစနစ်နဲ့ အနိုင်ရဖွယ်လမ်း မမြင်နိုင်တာကြောင့် ပီအာရ်စနစ်ကို အသုံးပြုတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကြံစည်လာတယ်ဆိုတာ ဘွားခနဲ ပေါ်ပေါက်လာပါတယ်။ သူတို့ ဘယ်လိုကြံစည်သလဲ၊ ပီအာရ်စနစ် ကျင့်သုံးရင် ဘာဖြစ်လာနိုင်မလဲ ဆိုတာ ခုတပတ် ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။ ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ





Posted: 20 Jun 2013 06:44 AM PDT
ထိုင်းနိုင်ငံမှာ အဖမ်းခံထားရပြီး မြန်မာနိုင်ငံကလို့ ဆိုနေတဲ့ မွတ်ဆလင် ၂ဝဝဝ ကျော်ကို မြန်မာ နိုင်ငံသား ဟုတ်မဟုတ် စိစစ်ဖို့အတွက် မြန်မာ အစိုးရဘက်က လုပ်ဆောင် သွားမယ်လို့ ဘန်ကောက်ရှိ မြန်မာ သံအမတ်ကြီးက ပြောပါတယ်။ အခု အဖမ်းခံ ထားရသူ တွေဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းက ရခိုင်ပြည်နယ်မှာ ပဋိပက္ခ ဖြစ်ပွားပြီး နောက်ပိုင်းကာလတွေမှာ ထိုင်းနိုင်ငံကို လှေစီးပြီး ရောက်လာတဲ့ သူတွေ ဖြစ်ပါတယ်။---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ထိုင်းမှာ အဖမ်းခံထားရသူ တခိျု့

Posted: 20 Jun 2013 06:42 AM PDT
ဇွန်လ (၂၀)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 06:40 AM PDT
ဇွန်လ (၂၀)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 06:29 AM PDT
ဇွန်လ (၂၀)ရက်နေ့ ထုတ် မဇ္ဈိမ နေ့စဉ်ထုတ် သတင်းစာ

သတင်း စာဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 06:28 AM PDT
ဇွန်လ (၂၀) ရက်နေ့ ထုတ် အားကစား မြင်ကွင်း ဂျာနယ် အတွဲ ၂၊ အမှတ် ၂၄
ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 05:40 AM PDT
ရခိုင်ပြည်နယ် စစ်တွေမြို့မှာ လူဦးရေစာရင်း ကောက်ယူရေးစီမံချက် (ဆွဲတင်စစ်) အကောင်အထည်ဖော်တုန်းက ဖြစ်ခဲ့တဲ့ အဓိကရုဏ်းနဲ့ ပတ်သက်ဆက်နွယ်သူတွေအပေါ် စွဲဆိုတဲ့အမှုကို ဒီကနေ့ ရုံးထုတ်ရာမှာ တရားလိုအဖြစ် စွဲဆိုသူ မလာရောက်တဲ့အတွက် မစစ်ဆေးဖြစ်ဘဲ တရားခွင်ရပ်နားခဲ့ပါတယ်။ ပြည်ထောင်စုအစိုးရအစီအစဉ်နဲ့ ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူဦးရေစာရင်းကောက်ယူတဲ့ (ဆွဲတင်စစ်) အစီအစဉ် စစချင်းမှာပဲ  ပြဿနာဖြစ်ပြီး ရုံးတင်တရားစွဲခံရတာပါ။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 05:31 AM PDT
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် လိပ်ပုတ်ကျေးရွာအနီးတွင် ကမ္ဘာကျော် Heineken ဘီယာစက်ရုံ တည်ဆောက်မည်ဟု သတင်း ထွက်ပေါ်လာခြင်းကြောင့် ယခုနှစ်အတွင်း ယင်းကျေးရွာအနီးရှိ လယ်မြေ များမှာ အဆ ၂၀ ကျော်ခန့် ဈေးမြင့်လာကြောင်း ယင်းဒေသခံများထံမှ စုံစမ်း သိရှိရသည်။ ယခင်က လယ်တစ်ဧက ဈေးနှုန်း ကျပ်သိန်း ၅၀ အောက်သာ ရှိရာမှ တစ်နှစ် အတွင်း ကျပ်သိန်း ၁၀၀၀ ကျော်ထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 05:28 AM PDT
လူ့အခွင့်အရေး ချိုးဖောက် မှုတွေကြောင့် ကမ္ဘာ့အလယ်မှာ တချိန်က အထီး ကျန်ဖြစ်ခဲ့ရတဲ့ မြန်မာနိုင်ငံက ကျောင်းတွေမှာ လူ့အခွင့်အရေး အကြောင်း ထည့်သွင်းသင်ကြား ပေးတော့မယ်လို့ သိရပါတယ်။

အစိုးရ လူ့အခွင့်အရေး ကော်မရှင် ဥက္ကဌ ဦးဝင်းမရက မူလတန်းကျောင်း သင်ရိုးညွှန်း တမ်းတွေမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာစာတမ်းကို ထည့်သွင်းပြဌာန်းဖို့ ပညာရေး ဝန်ကြီးဌာနနဲ့ ညှိနိုင်းပြီး ပြီဖြစ်ကြောင်း မနေ့ကပြောဆို ပါတယ်။

ပထမဆုံးအကြိမ် အဖြစ် မြန်မာဘာသာပြန်ဆိုထားတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကြေညာ စာတမ်းဖြန့်ချိပွဲကို မနေ့ကကျင်းပခဲ့ရာမှာ သူက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

အဲဒီ မြန်မာ ဘာသာပြန်စာတမ်း စောင်ရေ ၃ သောင်းကို အစိုးရဌာနတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စာသင်ကျောင်းတွေကို ဝေငှမယ်လို့လည်း သိရပါတယ်။

RFA Burmese


Posted: 20 Jun 2013 05:25 AM PDT
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဘာသာခြား ယောက်ျားတစ်ဦး အနေနဲ့ မြန်မာ ဗုဒ္ဓဘာသာ အမျိုးသမီးတစ်ဦးကို လက်ထပ်လိုချင်ရင် ဗုဒ္ဓဘာသာဝင် အဖြစ် ပြောင်းလဲရမယ်လို့ အခုရက်ပိုင်း အတွင်း သံဃာတချို့က မိန့်ကြားနေကြ တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောဆို လိုက်ပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Jun 2013 05:20 AM PDT
ဗြိတိန်နိုင်ငံ လန်ဒန်မြို့ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်တို့အဖွဲ့ဟာ မနေ့က ဇွန်လ ၁၉ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့် Amnesty International အဖွဲက တာဝန်ရှိ သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီတွေ့ဆုံပွဲမှာ မြန်မာနိုင်ငံ အကျဉ်းထောင် အသီးသီးနဲ ရဲဘက်စခန်းတွေက အခြေအနေတွေ ဆွေးနွေးခဲ့တယ်လို့ ကိုမင်းကိုနိုင်က ပြောပါတယ်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 04:45 AM PDT
တောင်ကိုရီး ယားအစိုးရက မြန်မာ-တောင် ကိုရီးယား ချစ်ကြည်ရေး တံတား တစ်စင်းကို ရန်ကုန်မြစ်ဖြတ်တည် ဆောက်ပေးရန် သဘောတူလိုက် ပြီဖြစ်သည်။ ထိုချစ်ကြည်ရေး တံတားက တောင်ကိုရီးယား၏ ပုံရိပ်အား မြန်မာပြည်သူ များအတွင်း မြှင့် တင်ပေး နိုင်လိမ့်မည်ဟု တောင် ကိုရီးယား အစိုးရက ယုံကြည်နေ ကြောင်း ယွန်ဟပ်သတင်း ကရေး သားလိုက်သည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Jun 2013 04:31 AM PDT
ရန်ကုန်မှာ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က နိုင်ငံခြားသူတဦး တိုက်ခိုက်ခံရပြီး လက်သည်ကို မမိသေးသရွေ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့မှာ လုပ်ကိုင်နေတဲ့သူတွေကို တဦးတည်း အပြင်ထွက်သွားလာရင် သတိထားဖို့ ရုံးတွင်း သတိပေးချက်ထုတ်ထားပါတယ်။ ဇွန် ၁၃ ရက်နေ့ညပိုင်းက ဒဂုံမြို့နယ် အလံပြဘုရားလမ်း ပလက်ဖောင်းပေါ်မှာ ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ် (WFP) က နိုင်ငံခြားသူတဦး တဦးတည်း လမ်းလျှောက်နေစဉ်မှာ ဓားနဲ့ ထိုးခံရပြီးနောက် ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Jun 2013 04:27 AM PDT
မြန်မာ၊ ထိုင်း ၊ လာအို သုံးနိုင်ငံတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ရွှေတြိဂံဒေသ တာချီလိတ်မြို့ ပါလျှံနှင့် တောကော့ ရပ်ကွက်ကြား စိန်ပန်းနီနီ အအေးဆိုင်တွင် ဇွန်လ ၁၈ ရက်နေ့ ည ၇ နာရီ မိနစ် ၂၀ခန့်က အအေးဆိုင် ထိုင်နေသူ လေးဦး အနက် နှစ်ဦး သေနတ်ပစ်ခံရ၍ တစ်ဦး သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့နယ် ရဲစခန်း စခန်းမှူးရဲအုပ် တင်ဌေးက ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 04:24 AM PDT
မိတ္ထီလာပဋိပက္ခအတွင်း မီးလောင်ပျက်စီးသွားတဲ့ ရပ်ကွက် ၂ ခုအနက် ရပ်ကွက် ၁ ခုမှာ လူနေတိုက်ခန်းတွေ ပြန်လည်တည်ဆောက်ဖို့ ပြင်ဆင်နေပါတယ်။ မိတ္ထီလာပဋိပက္ခအတွင်း လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့တဲ့ ချမ်းအေးသာယာရပ်ကွက်မှာ တိုက်ခန်းတွေ ပြန်ဆောက်မယ်လို့ မိတ္ထီလာမြို့နယ်စည်ပင်သာယာရေးကော်မတီရဲ့ အကြံပေးတဦးလည်းဖြစ် မြို့မိမြို့ဖတဦးလည်းဖြစ်တဲ့ ဦးဝင်းက ပြောပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

မိတ္ထီလာတွင် အကြမ်းဖက်မီးရှို့မှုဖြစ်ပွားစဉ်က

Posted: 20 Jun 2013 04:10 AM PDT
နေပြည်တော် ဇေယျာသီရိမြို့နယ် အပိုင်းထဲက ကျေးရွာ မူလတန်း ကျောင်းက ၅ နှစ်ကနေ ၈ နှစ်အရွယ်အကြား မူလတန်း ကျောင်းသူနဲ့ ကျောင်းသား ၇ ဦး မနေ့က အစာ အဆိပ်သင့်တဲ့ အတွက် ပျဉ်းမနားဆေးရုံကို တက်နေရပြီး သက်သာစပြုပြီလို့ နယ်မြေခံ သတင်းထောက် တဦးက ပြောပြပါတယ်။ ဇွန်လ ၁၉ ရက်နေ့ နေလယ် ၁၂ နာရီခွဲက နေပြည်တော် ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအုပ်စု ၀ဲကြီးကျေးရွာမှာ မူလတန်းကျောင်းကို မျက်နှာစိမ်း အမျိုးသမီးတဦး ကျောင်းဝင်းတွင်းမှာ ရေခဲချောင်း ၀င်ရောင်း ခဲ့ကြောင်းနဲ့ မျက်နှာစိမ်း လည်းဖြစ်၊ ကျောင်းမှာလည်း ရောင်းချခွင့် ပိတ်ထားတဲ့ အတွက် ----
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ





Posted: 20 Jun 2013 04:04 AM PDT
မုံရွာမြို့ပေါ်ရှိ ငွေကြေးဖြင့် လဲလှယ်၍ ကစားရသော အကြွေစေ့ ဂိမ်းဆိုင်များမှာ ဥပဒေ လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက် လျှောက် ထားခြင်း မရှိဘဲ ဖွင့်လှစ်ထားသည့်အတွက် ပိတ်သိမ်းရန် သက်ဆိုင်ရာက ညွှန်ကြားထားကြောင်း မုံရွာမြို့နယ်မှ အရာရှိတစ်ဦးက ပြောကြားသည်။ ငွေကြေးဖြင့် အကြွေစေ့ လဲလှယ်၍ လောင်းကစားသူများ တစ်ရက် တခြားများ ပြားလာပြီး ယင်းဂိမ်းဆိုင်များမှာ ခွင့်ပြုချက်ရယူထားခြင်း မရှိကြောင်း၊  ----

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 03:58 AM PDT
ဘင်္ဂလာဒေ့ခ်ျနိုင်ငံတွင် ဇွန်လ ၁၉ ရက် တစ်နေ့တည်းတွင် မိုးကြိုး ပစ်ခတ်မှုကြောင့် လူ ၁၃ ဦးသေဆုံးသွားခဲ့သည်။ သေဆုံးသူမှာ ၁၃ ဦး ရှိပြီး ဒဏ်ရာ ရသူမှာ ၁၀ ဦးရှိကြောင်း” ဘင်္ဂလာဒေခ်ျ့ သတင်းစာများတွင် ဖေါ်ပြသည်။ ဒက္ကားမြို့ ဗြိတိသျှ သံရုံးအနီး ပစ်ခတ်သော မိုးကြိုးကြောင့် ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


Posted: 20 Jun 2013 03:53 AM PDT
ထိုင်းနိုင်ငံတောင်ပိုင်း တာ့ခ်ခရိုင် မဲဆောက်မြို့နယ်ထဲမှာ အရွယ်မရောက်သူ အမျိုးသမီးငယ်  ၃ ဦးကို ပြည့်တန်ဆာအဖြစ် ရောင်းစားတဲ့ မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲဘက်က ဖမ်းဆီးရမိခဲ့ပါတယ်။ အသက် ၁၈ နှစ်မပြည့်သူ မိန်းကလေးတွေကို လူမှောင်ခိုကုန်ကူးခဲ့တဲ့ တရားခံ ၃ ဦးကို မဲဆောက်ရဲစခန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ၀င်ရောက်ဖမ်းဆီးပြီး အမျိုးသမီး ၃ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဇွန် ၁၈ ရက်နေ့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 20 Jun 2013 03:43 AM PDT
ရန်ကုန် ၊ဇွန် ၂၀

MRTV-4 ရုပ်သံ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်အဖြစ် ရွေးချယ်ခံခဲ့ရသော သရုပ်ဆောင် မေဇွန်ကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် အနောက်ပိုင်း ခရိုင် တရားရုံးက လူသတ်မှု ၊နာကျင်စေမှုများ ကျူးလွန်ခဲ့သည့် အတွက် ထောင်ဒဏ် ၉နှစ် နှင့် ၄ လ ကျခံစေရန် အမိန့် ချမှတ်လိုက်ကြောင်း အဆိုပါ တရားခွင်သို့ ရောက်ရှိနေသူ The Voice သတင်းထောက်က သတင်းပေးပို့သည်။

The Voice Weekly


Posted: 20 Jun 2013 03:40 AM PDT
အမိုးပေါ်တွင် ခရီးသည်တင်သည့် ဟိုင်းလပ်ယာဉ်များကို ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီနှင့် မထသ (ဗဟို) တို့ ပူးပေါင်း၍ ဖမ်းဆီးရာ ဟိုင်းလပ်ယာဉ် ၂၉၆ စီးကို ဇွန်လအတွင်း ဖမ်းဆီး အရေးယူထားကြောင်း မ.ထ.သ (ဗဟို) မှ စုံစမ်း သိရှိရသည်။ ဟိုင်းလပ်ယာဉ် ၂၉၆ စီးကို ဇွန်လ ၁၁ ရက်၊ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်နှင့် ၁၇ ရက်နေ့တို့တွင် စီမံချက်ဖြင့် ခရေပင်လမ်းခွဲ မှတ်တိုင်တွင် ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း မထသ(ဗဟို)မှ စည်းကမ်းထိန်းသိမ်းရေး ဌာနခွဲမှူး ဦးကာကျော်က The Voice သို့ ပြောကြားသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 03:34 AM PDT
ရန်ကုန်တိုင်းအတွင်း ဇွန်လ ၁၇ ရက် တစ်ရက်တည်း အတွင်း အမျိုးသမီးနှစ်ဦး အဆိပ်သောက် သေဆုံး မှုနှင့် ဆွဲကြိုးချ သေဆုံးမှု နှစ်ခုတို့ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ အဆိပ်သောက် သက်သေမှုမှာ လှိုင်သာယာမြို့နယ်တွင် ဇွန် ၁၇ ရက်၊ ည ၁၁ နာရီကျော် အချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး၊ ကြိုးဆွဲ ချသေဆုံးမှုမှာ တောင်ဒဂုံမြို့နယ်တွင် ယင်း ည ၉ နာရီခွဲအချိန်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မှုခင်း မှတ်တမ်းအရ သိရသည်။ ---

သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 20 Jun 2013 03:30 AM PDT
ဆိုင်ကယ်တိုက်မှု အများဆုံးပါဝင်သည့် ယာဉ်မတော်တဆမှုများကြောင့် မန္တလေးခရိုင်အတွင်း တစ်ရက်လျှင် လူသုံးဦး အသက်ဆုံးရှုံးနေရကြောင်း မန္တလေးခရိုင် ယာဉ်ထိန်းရဲတပ်ဖွဲ့ရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ယင်းယာဉ်ထိန်းရဲအရာရှိက ''ဆိုင်ကယ် တိုက်မှုကြောင့် အသက်ဆုံးရှုံးတာ ပိုများတယ်။ မေလတစ်လထဲမှာပဲ မန္တလေးခရိုင်အတွင်း စုစုပေါင်း ၈၂ ဦးသေဆုံးခဲ့ရတယ်'' ဟု မဇ္ဈိမသို့ ပြောသည်။ ---
သတင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 19 Jun 2013 03:50 PM PDT
ကိုယ်ပိုင် ကျောင်း လက်မှတ်မ ရှိသော ပုဂ္ဂလိက ဘော်ဒါကျောင်း တစ်ခုသည် ကျောင်း သား၊ ကျောင်းသူများအား အချိန်ပြည့် စာသင်ခြင်း၊ စာမေးပွဲ စစ်ဆေးခြင်းတို့ ပြုလုပ်ခဲ့ပြီး ကျောင်းပြောင်း လက် မှတ်ထုတ်မ ပေးနိုင်ခြင်းကြောင့် လှိုင်သာယာ ရဲစခန်းတွင် အရေးယူ ခံနေရပြီ ဖြစ်သည်။ လှိုင်သာယာမြို့နယ်၊ န၀ဒေးအိမ်ရာရှိ ပုဂ္ဂလိကဘော်ဒါ ဆောင်တစ်ခု၌ ယခင်ပညာသင် နှစ်တွင် ဆဋ္ဌမတန်း၊ သတ္တမတန်း၊ အဋ္ဌမတန်း၊ န၀မတန်း ပညာသင်ယူသော ကျောင်းသား၊ ကျောင်းသူများသည် ယခု ပညာသင်နှစ်တွင် ၎င်းဘော်ဒါကျောင်း၌ ဆက်လက် ပညာသင်ယူလိုခြင်း မရှိတော့သဖြင့် ကျောင်းထွက်လက်မှတ် ထုတ်ပေးရန် တောင်းဆိုခဲ့ရာ ထုတ်ပေးနိုင်ခြင်း မရှိသဖြင့် ---

ဆောင်းပါး အပြည့်အစုံ ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ) 7Day News Journal

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...