စာကို ဆုံးအောင်ဖတ်ပြီး မေးခွန်းလေးဖြေပါ
မွတ်စလင် ကောင်မလေးတစ်ယောက်ရှိတယ် ၊ အရမ်းလှလို့ သူ့ပတ်ဝန်းကျင်မှာ ကွမ်းတောင်ကိုင်ပေါ့ ၊
သူ့အဖေမွတ်စလင် နဲ့ သူ့ အမေ မွတ်စလင်ကမွေးတဲ့ မွတ်စလင်မလေးပါ ၊
အဲဒီမွတ်စလင်မလေးနဲ့ ဖူးစာဆုံတဲ့ ကောင်လေးက မွတ်စလင်မဟုတ်ပါဘူး ၊
မွတ်စလင်တွေ ဘက်က ကြည့်ရင် ဘာသာခြားပေါ့ ၊
ဒါပေမယ့် အဲဒီကွမ်းတောင်ကိုင် မွတ်စလင်မလေးနဲ့ ဘာသာခြား ကံထူးရှင်ကောင်လေးတို့ကို မွတ်စလင်မလေးရဲ့ အဖေ နဲ့ အမေက သဘောတူကြတယ် ၊
မွတ်စလင်ဆွေမျိုးတွေက ဖူးစာရှင်ကောင်လေးကို မွတ်စလင် ဘာသာထဲ ဝင်စေချင်ကြပေမယ့် အဲဒီကောင်လေးက သူ့ မူရင်း ဘာသာကို မစွန့်လွှတ်နိုင်ဘူး လို့ပြောတယ် ၊
ကောင်မလေးကို ချစ်ပေမယ့် မွတ်စလင်တော့ မလုပ်လိုပါ ၊ အဲသလို ကောင်မလေးကိုလည်း တစ်သက်လုံး မွတ်စလင်အဖြစ်ကနေ အခြားဘာသာဝင်ဖြစ်အောင် မဆွဲဆောင် မတိုက်တွန်းပါလို့ ကတိတွေပေးတယ် ၊
မွတ်စလင်ဆွေမျိုးတွေ အထဲမှာ သဘောမတူတဲ့သူတွေရှိပေမယ့် ကောင်မလေးရဲ့ အဖေနဲ့ အမေတို့က သဘောတူတာမို့ ကောင်မလေးနဲ့ ကောင်လေးနဲ့ ပေါင်းဖက်ကြရတယ် ၊
ပလီဆရာ ရှေ့မှာ မွတ်စလင် ထုံးတမ်းအတိုင်း မင်္ဂလာဆောင်တာ မဟုတ်ပဲ ဒေသ ထုံးစံ အတိုင်းပဲ မင်္ဂလာဆောင်ဖြစ်တယ် ၊
ဘာသာခြားကောင်လေးက မွတ်စလင် ကောင်မလေးကို အရမ်းချစ်သလို မွတ်စလင်ကောင်မလေးက ဘာသာခြားကောင်လေးကို အရမ်းချစ်တာတဲ့ ၊
ဘာသာခြားကောင်လေးက အိမ်မှာ ဘုရားစင်ထားတယ် ၊ မွတ်စလင် ကောင်မလေးက အဲဒီဘုရားစင် မှာ ထိုးဖို့ ဈေးက ပန်းဝယ်လာပေးတယ် ၊
ဘာသာခြားကောင်လေးက မွတ်စလင်ကောင်မလေးရဲ့ ဘာသာရေး ကိစ္စတွေကို ဝိုင်းလုပ်ပေးတယ် ၊
သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးဟာ အရမ်းသာယာတဲ့ အိမ်ထောင်ရေးတစ်ခုပေါ့ ၊
ဒါနဲ့သူတို့ ကလေးတွေရလာတယ် ၊ သမီးလေးတွေ အရင်မွေးတယ် ၊ နောက်ဆုံး အငယ်ဆုံးတစ်ယောက် ကတော့ သားလေးပေါ့ ၊
မိဘနေရာရောက်သွားပြီဖြစ်တဲ့ မွတ်စလင်ကောင်မလေးနဲ့ ဘာသာခြားကောင်လေးတို့က သူတို့သားသမီးတွေရဲ့ ဘာသာရေး ယုံကြည်ကိုးကွယ်မှုကို ဝင်ရောက်မချုပ်ချယ်ကြဘူး ၊ ဘာသာနှစ်ခုစလုံးကို ရှင်းပြပြီး နှစ်သက်ရာဘာသာကို ရွေးချယ်စေတယ် ၊ သမီးတွေက အဖေလုပ်သူရဲ့ ဘာသာကို လက်ခံကြတယ် ၊ အငယ်ဆုံးကောင်လေးကတော့ အမေကိုချစ်လို့တဲ့ မွတ်စလင်အဖြစ်ကိုပဲရွေးချယ်လိုက်တယ် ၊
ဒီလိုနဲ့ နှစ်တွေကြာလာတယ် ၊
အဖေအမေနေရာရောက်သွားတဲ့ မွတ်စလင်ကောင်မလေး နဲ့ ဘာသာခြားကောင်လေးတို့ အသက်တွေကြီးလာကြပြီ ၊ သူတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတုန်းပဲ ၊
သူတို့နှစ်ယောက်ရဲ့ ကြားမှာ ဘာသာမတူဆိုတာကြီးက သူတို့ကို ဘာမှ မဖြစ်စေပါဘူး ၊
အဖေဘာသာခြားဖက်ကိုလိုက်သွားတဲ့ သမီးတွေလည်း ပျှော်ပျှော်ရွှင်ရွှင်ပဲ ၊
အမေ့ကိုချစ်လို့ မွတ်စလင်လုပ်သွားတဲ့ အငယ်ဆုံးကောင်လေးကလည်း လူလတ်ပိုင်းကိုတောင် ရောက်နေပြီလေ ၊ သူက မွတ်စလင်သာဆိုတာ အနုပညာကိုပိုစိတ်ဝင်စားတယ် ၊
အဲဒီ အငယ်ဆုံးမွတ်စလင်လေးက ခုဆို နာမည်ကြီး အနုပညာသမား ပန်းချီဆရာ အန်နီမေးရှင်း ဆရာကြီး တစ်ဆူ ဖြစ်နေပြီလေ ၊
ဇာတ်လမ်းက ဒီမှာပြီးပါတယ် ၊
မေးခွန်းလေးတွေ စပါမယ် ၊
မေးခွန်း ၁ ၊
ဒီဇာတ်လမ်းလေးဟာ ဆော်ဒီ အီရန်တို့လို ရှာရီယာ ဥပဒေ ပြဌာန်းထားတဲ့ နိုင်ငံက ဇာတ်လမ်း ဖြစ်နိုင်ပါသလား
မေးခွန်း ၂ ၊
တကယ်လို့ ဆော်ဒီ အီရန်မှာ ဆိုရင် ဘာသာခြားကောင်လေးနဲ့ ချစ်ကြိုက်မိတဲ့ ဇာတ်လမ်းထဲက မွတ်စလင်ကောင်မလေးဟာ အပြစ်ရှိသလား ၊ မွတ်စလင်ဘာသာရေးအရ ဘယ်လို အပြစ်ဒဏ် ခံရနိုင်ပါသလဲ ၊
မေးခွန်း ၃ ၊
တကယ်လို့ အဲဒီဇာတ်လမ်းလေးဟာ မွတ်စလင်နိုင်ငံ မဟုတ်ပဲ မွတ်စလင်တွေ အများစုရှိတဲ့ ဒေသမှာ ဆိုရင် ဒီလိုပဲ အေးအေးချမ်းချမ်းဖြစ်နိုင်ပါသလား ၊ ဇာတ်လမ်းရဲ့ ဘယ်နေရာမှာ ဘယ်လို အချိုးအကွေ့တွေ ဖြစ်သွားနိုင်ပါသလဲ ၊
ကျနော်တို့ ကော်မန့်တွေကို ယဉ်ယဉ်ကျေးကျေးနဲ့ ဝိုင်းဆွေးနွေးကြတာပေါ့ခင်ဗျာ
အပေါ်ကပြောခဲ့တဲ့ ဇာတ်လမ်းကတော့ တကယ့် ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ၊
— with Sa Maung and 17 others. သူ့အဖေမွတ်စလင် နဲ့ သူ့ အမေ မွတ်စလင်ကမွေးတဲ့ မွတ်စလင်မလေးပါ ၊

၁မဖြစ်နိုင်ပါ၂ရှိပါတယ်၃မဖြစ်နိုင်ပါဘူး
ReplyDelete