Tuesday, June 18, 2013

မြိတ်ကျွန်းစုအတွင်း စိုက်ပျိုးလျက်ရှိသည့် ပင်လယ်ရေမှော်များမှာ အပင်အနာ ကျခြင်းကြောင့် ရှားပါးလာ


Cloud Cuckoo Land shared Myanmar Online News's photo.
ပင်လယ်ရေမှော် လုပ်ငန်းခွင် တစ်နေရာအား တွေ့ရစဉ်
Wednesday, June 19, 2013

မြိတ်ကျွန်းစုအတွင်း စိုက်ပျိုးလျက်ရှိသည့် ပင်လယ်ရေမှော်များမှာ အပင်အနာ ကျခြင်းကြောင့် ပင်လယ်ရေမှော်ပင် အမျိုးများ ရှားပါးလာနေပြီဖြစ်ကြောင်း သိရသည်။ ပင်လယ်ရေမှော်ပင်များကို မြိတ်ကျွန်းစု အတွင်းရှိ ရေငန်တက်သည့် ကျွန်းများအနီးတွင် စိုက်ပျိုးလျက်ရှိပြီး ပွင့်လင်းရာသီများတွင် လုပ်ကိုင်ရသည့် လုပ်ငန်းအမျိုးအစား တစ်ခုဖြစ်ကြောင်း သိရသည်။ ပင်လယ်ပြင်အတွင်း ကြိုးတန်းများနှင့် တွဲချည်ကာ စိုက်ပျိုးရပြီး ရေငန်တက်သည့် ကျွန်းတန်းများ၊ အော်ပိုက်များအတွင်း စိုက်ပျိုးကာ ဒုံးကျွန်းတန်း တစ်လျှောက်တွင် စိုက်ပျိုးလျက် ရှိသည်။

"ရေမှော်ပင်တွေ အနာကျနေတာ အခုဆိုရင် နှစ်နှစ်ကျော်နေပြီ။ ရေမှော်စိုက်သူ အတော်များများကတော့ စိုက်ပျိုးမှု ရပ်လိုက်ပါပြီ။ အပင်အနာကျပြီး ရေမှော်ပင်တွေက အဖြူရောင် ဖြစ်သွားတယ်။ နေလှန်းလို့လည်း အချိန်က မတက်တော့သလို အပင်ပြန်မျိုးပွားလို့လည်း မရတော့ဘူး။ ရေမှော်ပင်က လုံးဝသေသွားတော့ ဘယ်လိုမှ စိုက်လို့လည်း မရတော့ဘူး။ ဒီလိုနဲ့ပဲ ရေမှော်အမျိုးတွေ ရှားပါးသွားပြီး စိုက်တဲ့သူတွေ နားကုန်တာပါ" ဟု ဒုံးကျွန်းအနီးတွင် ရေမှော်သွားရောက် စိုက်ပျိုးခဲ့သူ တစ်ဦးက ပြောကြားသည်။
ကိုရီးယား ကုမ္ပဏီတစ်ခုမှ ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားပြီး မြိတ်ကျွန်းစု အတွင်းရှိရေမှော်စိုက်သည့် ဒေသခံများကို နည်းပညာနှင့် စိုက်ပျိုးရေး အသုံးဆောင်များကို ပံ့ပိုးပေးထားကာ ရေမှော်အခြောက်များကို ပြန်လည်ဝယ်ယူလျက်ရှိ . . .

ပင်လယ်ရေမှော် (Cottonii) များမှာ မြန်မာ့မျိုးရင်းများ မဟုတ်ဘဲ ဂျပန်နိုင်ငံမှ ယူဆောင်လာကာ လာရောက်စိုက်ပျိုးခဲ့ပြီး မြန်မာ့ရေပြင်တွင် စိုက်ပျိုးရန် သင့်တော်သည့်အတွက် လွန်ခဲ့သော ခြောက်နှစ်ခန့်မှ စီးပွားဖြစ် စိုက်ပျိုးလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုရီးယား ကုမ္ပဏီတစ်ခုမှ ဒေါ်လာသန်းချီ ရင်းနှီးမြှုပ်နှံထားပြီး မြိတ်ကျွန်းစု အတွင်းရှိ ရေမှော်စိုက်သည့် ဒေသခံများကို နည်းပညာနှင့် စိုက်ပျိုးရေး အသုံးအဆောင်များကို ပံ့ပိုးပေးထားကာ ထွက်ရှိလာသည့် ရေမှော်အခြောက်များကို ပြန်လည်ဝယ်ယူလျက်ရှိကြောင်း သိရသည်။ စီးပွားဖြစ် စိုက်ပျိုးပြီးနောက် ပို့ကုန်အမယ်သစ် ဖြစ်လာသော ရေမှော်များကို ဒေသခံများကြား စိုက်ပျိုးမှု များပြားခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများ ပေါ်ထွက်ခဲ့ကြောင်း သိရသည်။

"ပင်လယ်ရေမှော် စိုက်တာက ရေအောက်ကြမ်းခင်းထဲကို သစ်လုံးတွေရိုက်ထည့်ပြီး အပေါ်မှာ ကြိုးတန်းတွေ ဖောင်ဖွဲ့စိုက်တာပါ။ ရေမှော်မျိုးတွေကို ကြိုးတန်းမှာချည်ပြီး ရက် ၄၀ လောက်ကြာရင် ရေမှော်တွေကိုခူးပြီး နေလှမ်းအခြောက်ခံပြီး ရောင်းရတာပါ။ ပင်လယ်ထဲမှာ မယ်တော်လက်သည်းငါးတွေ ၀င်စားသွားတာတို့၊ အခုဖြစ်နေတဲ့ အနာကျတာတို့၊ တခြားသဘာဝ ဘေးတွေကြောင့် ဆုံးရှုံးမှုတွေ အမြဲကြုံနေရပါတယ်။ တွက်ချက်မှုအရ စီးပွားဖြစ်နိုင်ပေမယ့် တကယ်တမ်း လုပ်ကြည့်ရင် စီးပွားမဖြစ်တဲ့အတွက် စိုက်ပျိုးသူတွေ တဖြည်းဖြည်း နည်းသွားတာ ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အောင်မြင်နေပေမယ့် မြိတ်ကျွန်းစု အတွင်းမှာတော့ အခုနကပြောတဲ့ အားနည်းချက်တွေ ရှိနေပါတယ်" ဟု မြိတ်ကျွန်းစုအတွင်းမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

နှစ်စဉ် စက်တင်ဘာလမှ မေလ အစပိုင်းလောက်အထိ ပင်လယ်ရေမှော်များကို စိုက်ပျိုးကြပြီး မိုးတွင်းကာလများတွင် ရေမှော်မျိုးများ ထိန်းကြကြောင်း သိရသည်။

EMG

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...