သတင်းတစ်ပုဒ်၊ စာတစ်ပုဒ်ကို ဖတ်ကြမယ်။ ဖတ်တတ်ရဲ့လားလို့မေးရင်စိတ်ဆိုးကြမယ်ထင်တယ်။ တစ်ကယ်တမ်းတော့ ဒီသတင်းတစ်ပုဒ် စာတစ်ပုဒ်ကနေ
ကိုယ့်ရဲ့စိတ်၊ ကိုယ့်ရဲ့အမြင်ကို ပြောင်းလဲစေနိုင်စွမ်းရှိတာ နားလည်ရင် စာတစ်ပုဒ်ဟာ ပေါ့ပေါ့တန်တန် သဘောထားလို့မ၇မှန်းယေဘုယျသဘောတူကြမယ်ထင်တယ်။
အခုခေတ်မှာ သတင်းတွေ သိပ်များတယ်။ အခု မြန်မာလို ပွင့်လင်းစမှာ လူတွေဟာ
သတင်းရေလျှံမှု(Information flood) နဲ့ တွေ့နေရတယ်။ ဘယ်ဟာကိုယုံရမှာလဲ
စသဖြင့်ေ၇ှာ့ခ်တွေရကြတယ်။ ဒီမှာတင် စစ်ဆေးမှုပြုဖို့ ဇကာတပ်ဖို့လိုလာပါတယ်။
ဒီဇကာတပ်ခြင်းအမှုကိုမိတ်ဆက်ပေးချင်ပါတယ်။
တစ်ကယ်တော့ သတင်း၊ သတင်းဆောင်းပါး၊ ဆောင်းပါး၊ အက်ဆေး စတာတွေဟာ
အများအားဖြင့် အိုင်ဒီယာတွေကို စီထားတာပဲဖြစ်တယ်။ စာပေသဘောတရားအရ
သရုပ်ဖော်၊ ကျိုးကြောင်းပြ ဖြစ်စဉ်ပြလို့အမျိုးအစားကွဲကြပေမယ့် စာတစ်ပုဒ်မှာ အရေးအကြီးဆုံးပွိုင့်နေရာတွေရှိပါတယ်။ ဒီပွိုင့်နေရာတွေမှာကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျ ခေါ် သတင်းစကားကို ထည့်ထားပေးခြင်းအားဖြင့် စာဖတ်သူစိတ်ထဲ ကိုယ်တွေးစေချင်သလို တွေးမိသွားအောင်လုပ်တာဖြစ်ပါတယ်။
စာတစ်ပုဒ်မှာအရေးအကြီးဆုံးက ခေါင်းစဉ်နဲ့ အမြင်သာဆုံးနေရာတွေပဲဖြစ်ပါတယ်။ ပုံပါရင်ပုံပေါ့။ ပုံတစ်ပုံဟာ စာလုံးတွေထက် များစွာ အဓိပ္ပါယ်သက်ရောက်နိုင်စေတယ်မလား။
နောက်ဒုတိယအရေးအကြီးဆံးက ခေါင်းစဉ်ပေါ့။ သူကအမြင်သာဆုံး။
အထိရောက်ဆုံးကိုး။ သတင်းတစ်ပုဒ်၊ စာတစ်ပုဒ်လုံးရဲ့
အသက်လို့တောင်ပြောလို့ရတယ်။ ဒီကနေ စာဖတ်သူရဲ့စိတ်ကို
လွှမ်းမိုးသွားနိုင်တယ်။ ဥပမာ ပြရရင် "ရခိုင်ဒေသမှ
မွတ်ဆလင်များကိုမျိုးတုန်းသတ်ဖြတ်မှု"
စတဲ့ခေါင်းစဉ်မျိုးပေါ့။ မွတ်ဆလင်တစ်ဦးဖတ်လိုက်ရင် ချက်ခြင်း
ရခိုင်တွေကိုမုန်းတီးစိတ် မဖတ်ရသေးခင် ဝင်သွားစေနိုင်တာပေါ့။
ဒီလိုမျိုးအရေးကြီးပါတယ်။
နောက်ဒုတိယအရေးအကြီးဆုံးက
နိဂုံးတွေပါ။ နိဂုံးတွေမှာ ကိုယ်ပြောချင်တာကို ထည့်ပြောသွားတာ။
ဥပမာအားဖြင့် "စစ်အစိုးရလက်ချက်ကြောင့် တိုင်းပြည်နစ်နာခဲ့ရသည်မှာမှန်သော်လဲ ယခုအခါ ဒေါ်စုကဲ့သို့သောလူများနှင့်လက်တွဲကာ တိုင်းပြည်ကိုတည်ငြိမ်အောင်ကြိုးစားနေရချိန်တွင် ဦးသိန်းစိန်အစိုးရအားဝန်းရံသင့်ပေသည်"
ဆိုတဲ့ပုံစံမျိုးပေါ့။ နိဂုံးမရောက်ခင်မှာ ဦးသိန်းစိန် ကောင်းတာတွေ၊
ဦးသိန်းစိန် ဆိုးတာတွေ စတာတွေကို တစ်ချက်ခြင်း အမှန်အတိုင်းဖော်ပြလာပြီး
နောက်ဆုံးမှာ ဦးသိန်းစိန်ကို ထောက်ခံသင့်တယ်ဆိုတဲ့ သတင်းစကားကို စာဖတ်သူ
ယုံသွားအောင် တစ်ကြောင်းတည်းနဲ့ပစ်ထည့်လိုက်တာပေါ့။ ဒီစာကြောင်းဟာ တစ်ပုဒ်လုံးရဲ့အသက်ပဲ။ စာဖတ်တဲ့သူအတွေးကို သူတွေးစေချင်သလို ဖြစ်သွားအောင်ပစ်ထည့်လိုက်တဲ့ပစ်ချက်။ ဦိးသိန်းစိန်ကိစ္စကိုအခုရေးပေးထားတာက
ဥပမာအနေနဲ့သာပြထားတာပါ။ ကျန် နိုင်ငံတကာသတင်းတွေမှာလဲ အဲ့လိုပါပဲ။ ဥပမာ
ငယ်ပါကိုညှစ်လို့ သေဆုံးရတဲ့အမှုမှာဆိုရင် နောက်ဆုံးမှာ ပြစ်မှုကျူးလွန်သူဟာ
အိမ်ထောင်နစ်ဆက် ရှိသူဖြစ်သည် ဆိုတာလေး ထည့်ပေးလိုက်တယ်။
အဲ့လိုထည့်ပေးလိုက်တော့ စာဖတ်သူက ပြစ်မှုကျူးလွန်သူဟာ အလိုလိုနေရင်း
တဏှာရာဂကြီးမားသူလို အတွေးပေါ်သွားစေတာပေါ့။ ဒီလို စာကြောင်းတွေ ဟာ
ပွိုင့်တွေပါတဲ့စာကြောင်းတွေပါ။ ဒါတွေကို တူးဖော်တတ်ရင် ဒီစာရေးသူဘာပြောချင်နေလဲ ဆိုတာကို ဖမ်းဆုပ်နိုင်သွားတတ်ပါတယ်။
တတိယအရေးအကြီးဆုံးကတော့ စာပိုဒ်တွေရဲ့ အစ နိဒန်းရဲ့ပထမဆုံးစာကြောင်းပိုင်းတွေပါ။ အဲ့လိုနေရာတွေဟာ ဒီစာထဲမှာ ဘာတွေရေးတော့မယ်ဆိုတာကို စတင်ဖော်ပြတဲ့နေရာတွေဖြစ်တတ်တယ်။ အဲ့လိုနေရာတွေဟာ စာဖတ်သူတွေအရင်မြင်တတ်တဲ့နေရာတွေမို့လို့
Key Information တွေပါလာတတ်ပါတယ်။ နောက် ထပ်တူအရေးကြီးတဲ့စာတွေကတော့
စာပိုဒ်တွေရဲ့ နောက်ဆုံးစာကြောင်းတွေပါပဲ။ တစ်ခါက ဗိုလ်ချုပ်အောင်ဆန်းကို
အာဏာ၇ှင်ဖြစ်စေမယ်ဆိုတဲ့ ဆောင်းပါးမယ်ဆိုရင် စာပိုဒ်တွေထဲမှာ
စာဖတ်သူဦးနှောက်အလုပ်ပေးစရာ facts တွေလောက်သာထည့်ထားပြီး
ဦနောက်ပင်ပန်းသွားချိန်လောက် စာပိုဒ်အဆုံးသတ်ကျမှ
ဗိုလ်ချုပ်အောင်ဆန်းမကောင်းတာတွေ ကိုတစ်လုံးချင်းထည့်ရေးပါတယ်။ စာပိုဒ် ဆယ့်ငါးပိုဒ်ဆိုရင် စာဖတ်သူဟာ ဆယ့်ငါးကြိမ်တိတိဒါတွေကိုဖတ်လိုက်ရပါတယ်။ ဆယ့်ငါးကြိမ်လောက်ထိတွေ့လိုက်ရပါတယ်။ ဒီလိုဟာတွေကလဲ စာဖတ်သူရဲ့ အတွေးဖြစ်စဉ် (Thinking Process) ကိုလွှမ်းမိုးနိုင်ပါတယ်။
နောက် သီးခြားအိုင်ဒီယာက စာတစ်ပုဒ်မှာ အသက်ဖြစ်တဲ့ စကားလုံး(Key Words)
တွေပါ။ ဥပမာ နိုင်ငံရေးလှုံ့ဆော်စာတွေဆိုရင် "လူထု၊
သွေးစည်း၊အောင်ပွဲ၊တော်လှန်ေ၇း၊
ရဲရဲတောက်" စတာတွေ ဒင်းကြမ်းတွေ့ရတတ်ပါတယ်။ ဒီလိုစကားလုံးတွေနောက်ကို
လိုက်သွားပြန်ရင်လဲ မူလ Theme ကိုမဖမ်းနိုင်တော့ဘဲ စာရေးသူတွေးစေချင်သလို
လိုက်တွေးပြန်တော့တာပါပဲ။ ဒီလိုဟာတွေကို အနုပညာ ပတ်တဲ့ နိုင်ငံရေး၊
လော်ဘီဆောင်းပါးတွေမှာတွေ့ရတတ်ပါတယ်။ ဥပမာ ဒေါက်တာမတင်ဝင်း ရဲ တစ်ချို့သောဆောင်းပါးတွေလိုပေါ့။
ဒါကြောင့် စာတစ်ပုဒ်ကိုဖတ်မယ်ဆိုရင် ခေါင်းစဉ်ကိုအရင်ကြည့်သင့်ပါတယ်။
နောက် နိဂုံးကိုအရင်ကြည့်ပြီး စာတစ်ပိုဒ်ချင်းရဲ့ ပထမဆုံးနဲ့ နောက်ဆုံးကို
ကြည့်ကြည့်ပါ။ ဒီမှာတင် ဒီလူရဲ့အာဘော်ဘာလဲဆိုတာကို ဖမ်းဆုပ်လို့ရပါပြီ။
ဒီလိုနည်းနဲ့ အလှည့်စားမခံရအောင်ကာကွယ်လို့ရပါတယ်။ နောက် အဓိကအသက်စကားလုံးတွေရဲ့ Direction က ဘယ်လမ်းကိုညွှန်ပြနေသလဲဆိုတာကို မင်နီ၊ ခဲတံလိုဟာနဲ့ဖြစ်ဖြစ်ဝိုင်းထားလိုက်ပါ။
ဒါဆို ဒီစာရေးသူရဲ့ အာဘော်ဟာ ဘယ်လိုမြုပ်ထားထား
ဘွားဘွားကြီးပေါ်လာရတော့တာပါပဲ။ ဒီလိုနည်းကို သတင်းတွေ ဥပမာ
ဘီဘီစီသတင်းတွေမှာ သူ့နိုင်ငံအတွက်ဘယ်လိုပါးပါးလေး ကာသွားတယ်ဆိုတာ တွေမှာ သင်ယူလို့ရပါတယ်။ စာအဆိပ်သင့်ခြင်းဘေးရန်က ကင်းကွာကြပါစေ။
ဒါဟာ ကျနော့်ကိုယ်ပိုင် အယူအဆများမဟုတ်ပါ။ တက္ကသိုလ်တွေမှာ သုံးတဲ့
ပညာရပ်ဆိုင်ရာစာဖတ်နည်းခေါ် Academic Reading အခြေခံအနည်းငယ်ပဲဖြစ်ပါတယ်။
0 comments:
Post a Comment