Friday, September 21, 2012
United Kingdom (UK) vs. United State of America (USA) ပညာရေးစနစ် ကွဲလွဲချက်
by LAS Group ပညာရေးအကြံပေးအဖွဲ့  on Friday, January 20, 2012 at 1:39am ·
LAS Group ပညာရေးအကြံပေးအဖွဲ့ကနှုတ်ခွန်းဆက်ပါရစေ။ ကျွန်တော်- ကျော်ဇေယျ ရဲ့ ဖြတ်
သန်းခဲ့ရတဲ့နှိင်ငံခြားပညာသင်အတွေ့ အကြုံများ ၊ Singapore Institute of Commence, SIC
ကျောင်းတွင် အလုပ်  လုပ်ရာမှရခဲ့သော အတွေ့ အကြုံများ ၊ အင်တာနက်ပေါ်မှ အချက်အလက်
များအပေါ် အခြေပြု၍ဒီအကြောင်းအရာလေးကို မြန်မာကျောင်းသားများကောင်းကျိုးကိုမျှော်ကိုး
ခွှင့်လွှတ်ပေးပါရန် ဦးစွာပထမပြောကြားလိုပါသည် ခင်ဗျာ။
United Kingdom (UK) vs. United State of America (USA) ပညာရေးစနစ် ကွဲလွဲချက်
  • တက္ကသိုလ် နှင့် ကောလိပ်များသည် အသိဥာဏ်ဖွံ့ဖြိုးမှု ကျောင်းဆောင်ကြီးများ ပညာအသီးအပွင့်များ
ဖြင့်လောကကို လင်းလက်စေမည့်ခေါင်းဆောင်များလူလားမြောက်အောင် မွေးထုတ်ပေးသည့် ကျောင်းတော်များ
အဖြစ် အသရေတင့်လျက်ရှိကြသည်။သို့ရာတွင်ပြဌာန်းထားသောသင်ရိုးòန်းတမ်းအရ အနံ့အရသာကွဲပြားသော
အသီးအပွင့်များ ထွက်ပေါ်လာသည်။သမုဒ္ဒရာရေမြေခြားသည့် အလျောက် အသီးတို့၏အရသာကွဲပြားကြသည်။
UK နှင့် USA နှစ်နိုင်ငံသည် Anglo-Saxon ယဉ်ကျေးမှုကိုမျှဝေ သက်ဆိုင်ကြသော်လည်း ပညာရေးစနစ်အသီး
သီး၏သဘောတရားများ အတွင်း၌သော်လည်းကောင်း ၊ ယဉ်ကျေးမှုတစ်ခုစီ၏သဘာဝများအတွင်း၌သော်လည်း
ကောင်း ကွဲပြားမှုများရှိနေကြသည်။
  • USA တွင်ကျောင်းသားတစ်ယောက်ကိုအစိုးရကျောင်း သို့မဟုတ် ပုဂ္ဂလိက လစ်ဘရယ်ဝိဇ္ဇ္ဇာကောလိပ်တစ်ခုခုတွင် ကျောင်းအပ်လိုက်ပြီဆိုလျှင် ထိုကျောင်းသားသည် ရည်မှန်းထားသောဘာသာရပ်နယ်ပယ် အပြင်မှအခြားဘာသာရပ်များ ကိုလေ့လာရမည်ဆိုသော သဘောပင်ဖြစ်သည်။ဝိဇ္ဇ္ဇာ ဖြစ်စေ သိပ္ပံဖြစ်စေ မည်သည့်ဘာသာရပ်နယ်ပယ်တွင်မဆို ကျောင်းသားတစ်ယောက်ကို စာပေသင်ယူမှု ရှုထောင့်စုံမှ ခြုံငုံမိအောင် တတ်သိနားလည်
သွားစေခြင်းကို အခြေခံထားသည်။သို့ဖြစ်ရာ USA ကျောင်းများတွင် သမိုင်းပညာရှင်ဖြစ်ရန်လေ့လာနေ သူများက အာကာသရူပဗေဒပညာ အတန်းများတက်ချင်လည်း တက်နေကြပါလိမ့်မည်။
  • UK က သူတို့၏အထူးပြုဘာသာစနစ်ကို ခေတ်ဦးကတည်းကစခဲ့သဖြင့် USA ၏စနစ်အပေါ် ပြုံးရယ်နေကြပါလိမ့်မည်။သူတို့ကျောင်းသားတွေ ဘွဲ့ကြိုတန်းစပြီဆိုသည်နှင့် သူတို့ရွေးချယ်ရာဘာသာရပ်နယ်ပယ်အတွင်း၌သာသင်ယူကြရသည်။Scottish University များတွင်မူအထူးပြုဘာသာပြင်ပမှ အကြောင်းအရာများကိုလေ့လာ ရန်တိုက်တွန်း အားပေးကြသည်။သို့သော်လက်တွေ့တွင်မူ ကျောင်းသားများအနေဖြင့် သူတို့ရွေးချယ်ရာဘာသာရပ်ကိုကျော် လွန်ပြီး သင်ယူမှုမရှိသလောက်ပင်ဖြစ်သည်။
  • ထိုသို့ ပုံသဏ္ဍန်ပိုင်းကွဲပြားမှု များကြောင့် အတန်းအသီးသီးတွင် အပြောင်းအလဲများ ဖြစ်လာကြသည်။
USA ကနက်နဲသောလေ့လာမှုထက် ကျယ်ဝန်းသောလေ့လာမှုကိုအားပေးသည်။UK ကကျယ်ဝန်းသောလေ့လာမှုထက်နက်နဲသောလေ့လာမှုကို အားပေးသည်။ယင်းစနစ်နှစ်ခုစလုံးသူ့ အားနည်းချက် ၊ အားသာချက်နှင့်သူရှိကြသည်။ UK ပညာရေးဝေဖန်သူများက မလိုအပ်သောသင်ယူမှု အတင်းအကြပ်ကိစ္စများကို ထောက်ပြကြပြီး UK တက္ကသိုလ်များဘက်မှ ကာကွယ်သူများက ကောလိပ် အတန်းများတွင် ဥာဏ်ထိုင်းနေကြပြီဟု စွပ်စွဲကြသည်များကိုချေပကြလိမ့်မည်။နှစ်နိုင်ငံလုံးရှိ တက္ကသိုလ် ၊ ကောလိပ်ကျောင်းလေး ၂ ကျောင်းတွင် တက်ရောက်ခဲ့ဘူးသူတို့၏ အတွေ့အကြုံအရပြောရလျှင် သင်ရိုးòန်းတမ်းသာမက UK နှင့် USA အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများအကြားတွင် သွင်ပြင် လက္ခဏာ ကိုယ်တိုင်ပင်ကွဲပြားနေပေသည်။
  • USA ကျောင်းများတွင် ကျောင်းသားများထံမှ အလုပ်ကိုနေ့စဉ်တောင်းဆိုလေ့ရှိသည်။ UK တက္ကသိုလ်တွင် ထိုသို့မဟုတ်ဘဲ အလုပ်ပေးစာတမ်းများအကြား ငြိမ်သက်သော စာသင်ချိန်များ တွင်သာ သီးခြားလုပ်ငန်းအပိုလုပ်ဆောင်ရန် ပြက္ခဒိန်ကာလအပိုင်းအခြားအရ ဖိတ်ကြားတတ်သည်။UK တက္ကသိုလ်၏နေ့စဉ်ဘဝမှာလူမှုဆက်ဆံရေးကို အသားပေးပြီး ပညာရေးနှင့် ပေါင်းသင်းဆက် ဆံရေး ကိုတွဲပေးလိုက်ခြင်းဖြစ်သည်။ယင်းကောလိပ်များတွင် သင်ယူမှု လုပ်ငန်းသဘောသည် ပို၍အာရုံစူးစိုက်ရာဖြစ်ပြီး USA ကျောင်းသားများက UK ကျောင်းသားများထက်ပို၍ သိသာထင်ရှား စွာလေ့လာမှုတွင် စိတ်အားထက်သန်ကြသည်။
  • ယင်းကွာခြားမှုကို မိမိအမြင်အရသုံးသပ်မိခြင်းဖြစ်ပြီး နိဂုံးချုပ်အနေဖြင့် USA ကောလိပ်များသည်အပြင်ပန်းအရလူမှုဆက်ဆံရေးအသားပေးသည်ဟုမှတ်ထင်ရသော်လည်းအသိပညာဖွံ့ဖြိုးရန် အားထည့်ကာလှုံ့ဆော်ပေးသည်ဟုဆိုချင်ပါသည်။ UK တက္ကသိုလ်တွင်မူစာသင်ခန်းပြင် ပရှိ စားသောက်ဆိုင် ၊ ကလပ်များတွင်လူမှုဆက်ဆံရေး နယ်ပယ်ကိုသာ ကျယ်ဝန်းလာစေကြောင်းေ တွ့ ရသဖြင့် သင်ကြိုက်ရာ ရွေးချယ်နိုင်ပါသည်။
လိုအပ်သော အကြံဥာဏ်များကို မေးမြန်းလိုပါရင် အောက်ပါအတိုင်း ဆက်သွယ်နိုင်ပါသည်ခင်ဗျာ။
LAS Group – International Education Consultants, Mandalay Head Office
No. 6, 33th Street, Bet: 67th & 68th Street, Chan Aye Thar Zan, Mandalay, Myanmar.
Mobile:   (+95) 9910 53125, 9731 64372, 9431 46107
Skype:    las.group
E-mail: joe@lasgroups.com or learned.advisory.services@gmail.com
Web:   www.lasgroups.com
0 comments:
Post a Comment
စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ
Followers
Total Pageviews
အမှာပါးစရာများရှိနေရင်
Pop up my Cbox
Blog Archive
အက်ဒမင်
အခြားကဏ္ဍများကို လေ့လာရန်
ရှာဖွေလေ တွေ့ရှိလေ
စာပေမြတ်နိုးသူများ
free counters
Related Posts Plugin for WordPress, Blogger...