Thursday, September 13, 2012

NCGUB


by Bo K Nyein on Thursday, September 13, 2012 at 8:01am 

                                                                    အပိုင်း (၁)

VOA မြန်မာအပိုင်းအစီအစဉ် နဲ့ အဝေးရောက်အစိုးရ အဖွဲ့ NCGUB ၀န်ကြီးချုပ် ဦးစိန်ဝင်းတို့ ရဲ့ တွေဆုံးမေးမြန်းမှု Interview ကို ဖတ်မိပြီး စိတ်မကောင်းဖြစ်မိတာတကြောင်း ၊ ပြည်တွင်း ပြည်ပ က လူငယ် လေးတွေ သင်္ခန်းစာ ရစေချင်တဲ့ စေတနာ နဲ့ ဒီဆောင်းပါးကို ကောက်ရေးဖြစ်တာပါ။
အမှန် က တော့ ဒေါက်တာ စိန်ဝင်းရော ၊ NCGUB ဟာ နိုင်ငံရေး မျက်ကန်းတွေ ပါ။ သနားစရာ ကောင်းတာ က အကန်းကမှ ၊ ဟိုစမ်းဒီစမ်းနဲ့ အကန်းမှန်း (သိ) သေးတယ်။ NCGUB က ဒီကနေ့ အထိ အကန်းမှန်း ရိပ်မိသေးပုံ မပေါ်ပါ။
တနည်းအားဖြင့် သက်သက်သာသာ ပြန်စဉ်းစား ရင်လည်း ၊ ဒေါက်တာ စိန်ဝင်းကိုယ်နှိုက်က သားကောင်ဖြစ်ခံရတာပါ လို့ပြောလို့ ရပြန်တယ်။


တကယ်တော့ ..နှောင်းရိပ်တွေကို ပြန်တွေးကြည့် ရင် ၊ အ၀ိုင်းထဲ လေးထောင့် စွပ် နေကြသလို ၊ ဒေါက်တာ စိန်ဝင်းကို သူမထမ်းနိုင်တဲ့ ၀န် ကို အတင်းထမ်း ခိုင်းသလိုဖြစ်ခဲ့ရတာပါ။

ပထမ ဦးဆုံးအနေနဲ့ ဒေါက်တာစိန်ဝင်း ရဲ့ ရိုးသားမှု ကို မှတ်တမ်းတင်ရပါမယ်။

မြန်မာတွေ ရဲ့ အားနဲချက် နောက်တခု က ရှေ့ က ဒေါက်တာ ပါလာရင် မျက်စိမှိတ် အထင်ကြီးပြီး လက်ခံ လိုက်ချင်ကြတယ်။ အလုပ် ၊ တာဝန် ရဲ့ ရည်မှန်းချက်နဲ့ (အရည်အချင်း) အံဝင် ရဲ့လား (ကိုက်) ရယ်လား ဆိုတာကို မစဉ်းစားမိကြ။

နိုင်ငံရေး ရဲ့နောက်ကွယ် မှာ (အာဏါ) ဆိုတာ ပါလာတဲ့ အတွက် (ရိုးသား) တယ်ဆိုတာ တစ်ခု ထဲနဲ့ (မလုံလောက်) တော့။

အာဏါ နိုင်ငံရေးမှာ ထိပ်ပိုင်းရောက်လာရင် အားလုံး ဟာ (၁၂) ကြိုးတွေ ချည်းပဲ ၊ အာလုံး လိုလိုဟာ ဂျင်အပေါ်က (ထုံး) တွေ။ မွှတ်အောင် (လည်) ကြတယ်။

ကြိုက်ရင် ကြိုက် ၊ မကြိုက်ရင်နေ ၊ ဒါ (reality) ပဲ။

ဗိုလ်ချုပ်အောင်ဆန်း ဟာ ချက်ဆိုရင် နားရွက်ကမီးတောက် အောင် (လျှင်) တာပဲ
ဗိုလ်ချုပ် သမီးကိုလည်း (အ) တယ် မထင်လိုက်ပါနဲ့

ဗိုလ်ချုပ် နဲ့ ဗိုလ်ချုပ် သမီးတို့ ၊ တခြားသူတွေကို အနိုင်ယူနိုင်တာ ၊ (လျှင်) ပေမဲ့ ( Honest ) ဖြစ်ကြတယ်။
လာပြီး (လူလည်) လုပ်ကြမယ်တော့ (မကြံ) ကြနဲ့ (ဂျောင်း) ပဲ။

ဒီလို ပြတ်သားတာ ကလည်း (Character) ပဲ။ ဒါ (မွေးရာပါ) ပဲ။ ဒါ (leadership) ပဲ။ ဒါကို (သင်) လို့ မရ (ဖန်တီး) ယူလို့ (မရ) ပါ။

နောက်မို့ ဆိုလည်း လူတိုင်း လွပ်လပ်ရေးဖခင် ၊ ဒီမိုကရေစီ ခေါင်းဆောင် ကြီးတွေ ဖြစ်ကုန်ကြမှာပေါ့

နိုင်ငံရေးမှာ (Street smart ) မဖြစ်ပဲ ရှင်သန်ရခက်သလို ( Book smart) မဖြစ်ပဲ တိုးတက်ရခက်ပါတယ်

ဗိုလ်ချုပ်အောင်ဆန်းဟာ နှစ်ခု လုံးမှာ ချွန်တယ်။ တော်တယ်။ သူများထက် ကွက်ကျော် မြင်တယ်။

ဒေါ်စု က ( Book smart) နဲ့ (စ) ရပေမဲ့ (adapt) လုပ်တတ်သွားတယ်။ ဗိုလ်ချုပ်သန်းရွှေ နဲ့ နိုင်ငံရေး နဘန်းလုံးရင်း (တတ်)  ခဲ့ရသည်မို့ ဗိုလ်ချုပ် သန်းရွှေ (ကျေးဇူး) တွေလို့လည်းပြောလို့ရမလား မသိတော့ပါ။

ဒေါက်တာ စိန်ဝင်း က ( Book smart) သက်သက်။ အနှစ် ၂၀ ကျော်လာလည်း (adapt) မလုပ်နိုင်။ ဘာကို လုပ်ရမှန်း ပင် (မသိ) ရှာ။

နိုင်ငံရေးမှာ အရေးအကြီးဆုံ တခု က (Adaptation) ပဲ။

ဒေါက်တာစိန်ဝင်း ကို (ရိုးတာ) ရယ် ၊ ဒေါ်စု (အကို) ဖြစ်တာရယ် ၊ အရှေ့မှာ (ဒေါက်တာ) ဘွဲ့ ရှိတာနဲ့ ၀ိုင်း (မ) တင်လိုက်ကြတာ လို့ ထင်မိတယ်။

နိုင်ငံရေး သမား (မဖြစ်နိုင်) တဲ့ ကျောင်းဆရာ ကို (နိုင်ငံရေး ခေါင်းဆောင်) အတင်း လုပ်ခိုင်းကြတော့
မြွေပါလည်း ဆုံး ၊ သား လည်း ဆုံး ဇာတ် ကြုံကြရတာပဲ

တိုင်းပြည် လည်း (နစ်နာ) ၊ ဒေါက်တာစိန်ဝင်း ခမြာ လည်း (နံမည်ပျက်) ၊ ရာဇ၀င် တရားခံ လာဖြစ်ရရှာတယ်။
ဒါကြောင့် ဒေါက်တာစိန်ဝင်း သည်လည်း (သားကောင်) လို့ ဆိုခဲ့ရတာပါ။

တိုင်းပြည် နစ်နာ တယ်ဆိုတာက ၊ နိုင်ငံရေး နားလည်ရင် တကယ် နစ်နာ ခဲ့တာပါ။

နစ်နာ တယ်ဆိုရာမှာ NCGUB နဲ့ ဒေါက်တာစိန်ဝင်း ကြောင့် (အခွင့်အရေး) တွေ အများကြီး ဆုံးရှုးံ ခဲ့ရတယ်။
They squandered a lot of Opportunities လို့ပြောလို့ရပါတယ်။


(စ) ကတည်းက ဦးတည်ချက် မှားခဲ့ကြတယ်။

ဒေါက်တာစိန်းဝင်း အမေရိကန် ရောက်စ မှာ ထောက်ခံမှု က ဒေါ်စု ကိုယ်စား ဆိုပြီး လျှမ်းလျှမ်းတောက်။
မျှော်လင့်ချက်ကလည်း အထွဋ်အထိပ်
ဒီ နိုင်ငံရေး (ဒီရေ) (အရှိန်) ကို (အား) ယူပြီး (နိုင်ငံရေး) တည်ဆောက်ရမှာ။
အဓိက က အတိုက်ခံ အင်အားစု အားလုံး ကို ဆွဲခေါ် ၊ Organization တည်ဆောက်။
ဒီကမှ နိုင်ငံရေး (အရှိန်) မြင့်သထက် မြင့်တက် လာပြီး အောင်မြင်မှုတွေရ
ဒီ (အောင်မြင်မှု) တွေကို လှေခါးထောင်ပြီး (နောက်တဆင့်) ကိုတက်
ဒီအောင်မြင်မှု ကြောင့် လူတွေက (အား) ရှိလာပြီး လူငယ် ၊ လူတော်တွေပါဝင်လာ ၊
ဒီလို မျိုးဆက် တစ်ခုပြီး တစ်ခု (စုဝေး) လာကြပြီး နောက်ဆုံး ကမ္ဘာနဲ့ တ၀ှမ်း (အား) ရှိတဲ့ (အင်အား) ကြီး ဖြစ်လာတဲ့ အခါ
ဒို့ခေါင်းဆောင် ကို (လွှတ်) ၊ ဒို့ခေါင်းဆော် ကို (မထိ) နဲ့ (မီးပွင့်သွားမယ်) လို့ အော်နိုင်တဲ့ အထိ ဖြစ်လာစရာရှိတာပေါ့
ဒါ စိတ်ကူးယဉ်တာမဟုတ် ၊ တောင်အာဖရိကမှာ ၊ တကယ် လက်တွေ့ အကောင် အတည်ဖေါ်ခဲ့ ကြတာ။

Mandela က (Moral Authority) အနေနဲ့ အသားရောင်ခွဲခြားတဲ့ Apartheid စနစ်ကို ရင်ကော့ပြီး ရင်ဆိုင်တယ်။
ယုံကြည်မှု နဲ့ အနှစ် (၂၀) ကျော် ထောင်ထဲမှာ ဒုက္ခခံခဲ့ရတယ်။
အပြင်မှာ Oliver Tombo ဟာ ANC African National Congress ကို မင်ဒယ်လား ကိုယ်စား ဦးဆောင်ခဲ့တယ်။
ANC ဟာ လက်နက်ကိုင် တော်လှန်ရေး ကို လက်ခံတဲ့ အတွက် ၊ အိမ်နီးနားချင်း နိုင်ငံတွေမှာ လက်နက်ကိုင် သင်တန်းတွေဖွင့် ၊ ပြည်တွင်းပြန်ပို့။ အားဖြည့်။
အာဖရိက နိုင်ငံတွေရဲ့ ထောက်ခံမှု ကိုရအောင် ယူ ၊ အာဖရိကန်ခေါင်းဆောင်တွေနဲ့ တွေ့
အရည်အချင်း ရှိတဲ့ လူငယ်တွေကို မြေထောင်မြှောက်ပေး ၊ နိုင်ငံခြားကို ပညာသင်လွှပ်
အစ (၁၀) နှစ်မှ တိုက်ပွဲ အလံကိုထောင်ရင်း အောင်ခြေ grass roots ကို စည်းရုံးပြီး အဖွဲ့အစည်း organization ကိုထူထောင်ခဲ့ရတယ်။
လူထုထောက်ခံမှု ကြီးထွားလား ၊ အောက်ခြေမှာ အောင်မြင်မှု ကြီးထွားလာမှ Global Support ရအောင်လုပ်။ မိမိတို့ ရဲ့တိုက်ပွဲကို သိအောင်လုပ်။
ကမ္ဘာက သိလာတော့ Mandela ရဲ့ စွန့်လွှတ်မှု ၊ သတ္တိကို ကမ္ဘာက (သိ) ၊ ကမ္ဘာကျော် သွားပြီး ကမ္ဘာက အလေးပြု ဦးညွှတ်လာရတယ်။
တောင်အာဖရိက က လူဖြူအစိုးရ ကို Sanction လုပ်တော့လည်း ANC က ပေါ်လစီ (policy) နဲ့တိုက်တာ ၊ မဟာဗျူဟာ (Strategy) နဲ့ တိုက်တာ။
တိုက်နိုင်လောက်အောင်လည်း ၊ policy ၊ Strategy ရေးနိုင်တဲ့ လူတော်တွေရှိတယ် ။ ပညာတတ်တွေ ရှိတယ်။ အောက်ခြေစည်းရုံးရေး သမားတွေရှိတယ်။ ကျစ်လစ်ခိုင်မာတဲ့ အဖွဲ့စည်း ရှိတယ်။
Oliver Tombo ဟာ နိုင်ငံရေးသမား ၊ နိုင်ငံရေး နားလည်တဲ့ နိုင်ငံရး ခေါင်းဆောင်
ဒါကြောင့် နိုင်ငံရေး ဆိုတာ အောက်ခြေကို စည်းရုံး ၊ လူတွေကို ဆွဲခေါ် ပြီး တိုင်းပြည် အတွက် လှူမှန်နေရာမှန် ခိုင်းစား ၊ ပေါ်စီချ ပြီး ၊ (မူ) နဲ့ (Strategy) နဲ့တိုက်ကြတာ။

Oliver Tombo ဟာ အနှစ် (၂၀) ကျော် မင်ဒယ်လား ထောင်ထဲမှာ ရက်ကော့ခံ နေရတဲ့ (အချိန်) တွေမှာ မင်ဒယ်လား အပြန်ကို ထိုင်စောင့် နေတာမဟုတ်ဖူး။
နိုင်ငံရေးမှာ ဘာလုပ်ရမယ် ဆိုတာ ကို (သိ) ပြီး သူတို့ (အသိ) နဲ့  ပါတီဦးဆောင်မှု အောက်မှာ (ဦးဆောင်) သွားကြတာပဲ။
ဒီလို (သိ) ဖို့ရာ (လူ) တွေအကြောင်း (သိ) ရပါမယ်။ (လူ) တွေအကြောင်း (သိ) ဖို့ Street Smart ဖြစ်ရပါမယ်။
(ဦးဆောင်) နိုင်ဖို့ရာ (နိုင်ငံရေး) နားလည်ရပါမယ်။
မင်ဒယ်လား လွပ်လာတော့ ရေကန်အသင့် ၊ ကြာအသင့် ။
မင်းဒယ်လား လွပ်လာတော့ ဆွီဒင် မှာ ကင်ဆာနဲ့ ဆေးရုံတက်နေတဲ့ သူ့ရဲဘော်ကြီး Oliver ကြီးကို ဗြောင် သွားတွေ့ရှာတယ်။
ကျေးဇူးတင်ကြောင်း ပြောကြမှာပေါ့

NCGUB ကရော

NCGUB က ပထမ (၅) နှစ် နဲ့ (၁၀) နှစ်ကြား မှာ အဝေးရောက် အစိုးရ ဆိုတဲ့ (ဂုဏ်) မြောက်အောင် (အစိုးရ) ဆိုတာကို (စွဲလမ်း) ပြီး ….
ပါလက်စတိုင်းတွေ မှားခဲ့တဲ့ အမှား အတိုင်း ကုလသမဂ္ဂ (UN) မှာ နှစ်စဉ်နှစ်တိုင်း UN general Assembly အထွေထွေ အစည်းအဝေး ခေါ်တဲ့အချိန်မှာ (န၀တ) (နအဖ) အစိုးရ သည် (တရားဝင်) အစိုးရမဟုတ် ၊ မိမိတို့ NCGUB အစိုးရ သာလျှင် တရားဝင် အစိုးရ ပါဆိုပြီး (Legitimacy) (တရားဝင်မှု) အတွက် အချိန်ဖြုန်းခဲ့ကြတယ်။
ဝိုင်းကူကြတဲ့ သူတွေက NGO တွေ။ NGO ဆိုတာက Activists တွေ။ သူတို့ နားလည်တာက Lobby ။ နိုင်ငံရေးသမားတွေကို Lobby လုပ်ရတဲ့ အလုပ်။

NCGUB ကို သတ်လိုက်တာ က ၁၉၉၀ ရွေးကောက်ပွဲ ကရလိုက်တဲ့ NLD ရဲ့ Mandate ပဲ ထင်မိတယ်။
အမှန်က ၁၉၉၀ ရဲ့ အောင်မြင်မှု က ဒေါ်စုကို ပြည်သူက ယုံတာနဲ့ ၊ ဦးကြည်မောင် ရဲ့ organizational skill ကြောင့်ပဲ။ တကယ့် Mandate က ဒေါ်စု

စိန်နားကပ် အရောင်ကြောင့် ပါးပြောင်နေရတယ် ဆိုတာကို NCGUB က မသိကြရှာဖူး။ ငါတို့ ပြည်သူတွေရဲ့ Mandate ရတယ်ဆိုပြီး (အမတ်) ဖြစ်မှ (၀န်ကြီး) ဖြစ်စေ ဆိုပြီး (ဘောင်ခပ်) လိုက်ကြတယ်။
ဒါဟာ တကယ်ဆိုတော့ ဦးနေ၀င်း ရဲ့ (မဆလ) စိတ်ဓါတ်
(ငါ) တို့ပဲ (၀ိုင်း) စား ကြမယ်ဆိုတဲ့ (စိတ်ဓါတ်)

ဦးနေ၀င်း မဆလက စစ်ဗိုလ် တွေအတွက် ၊ ဒီမှာက (အမတ်) တွေ အတွက်

အမှန်က (လူတန်းစား) ခွဲလိုက်တာပဲ။

ပဒေသရာဇ် တွေက (မင်းမျိုး) မှ ၊  ကွန်မြူနစ်တွေက (ပစ္စည်းမဲ့) မှ ၊ ဦးနေ၀င်း က (စစ်သား) မှ ဆိုပြီး (လူတန်းစား) ခွဲလိုက်တော့ ကျန်တဲ့သူတွေအားလုံး (အပြင်) ရောက်သွားကြတယ်။

(လူတန်းစား) ခွဲ လိုက်တာနဲ့ Selection ခွဲ လိုက်တာနဲ့ (us) and (them) ဖြစ်သွားပြီး (ပြည်သူ) နဲ့ ဝေးသွားတော့တာပဲ

(အားလုံး) ပါရမယ် ဆိုတဲ့ (နိုင်ငံရေး) တည်ဆောက်မှုနဲ့ ဝေးသွား တာနဲ့ (လူတော်) တွေနဲ့ ဝေးသွားတတ်တယ်။

အကြံပေး ဘရုတ(စ်) (Brutus)

ဗမာအများစု ရဲ့ အားနဲချက်က အသေးစိတ် (detail minded) မဖြစ်ကြတာနဲ့ organized စနစ်မကျ ကြဖူး။
ဒီတော့ စနစ်ရှိတဲ့ သူ ကို အားကိုးကြရတာပေါ့။ အားကိုးတာ အပြစ်မရှိပါဖူး။ အောက်ကို နိုင်အောင် ကိုင်နိုင်ရင် ပြဿနာမရှိ။ (သတိ) မရှိရင် တော့ ငါးးပါးမှောက်တတ်တယ်။

ဝန်ကြီးချုပ် က တေမိမင်းသားလုပ် ၊ ပြောတာဆိုတာ ၊ ရေးတာချွပ်တာ ၊ ဦးဆောင်တာ အားလုံး အကြံပေးပဲ လုပ်နေရတော့ မကြာဖူး ၀န်ကြီးချုပ် ခမြာ လက်အုပ်ထဲက ရေဖြစ်မလာဖူးလား။
ဒီတော့မှ အကြံပေး ဆရာ ကြီးက အဆက်သွယ်တွေ (မ)သွားပြီး ၊ တိုင်းရင်းသား အရေးဆိုပြီး တစင်ခွဲ ထောင်တော့ ၀န်ကြီးချုပ် ကြီးခမြာ ရင်ကြိုး ရသည်ပေါ့။
ခမြာ ဘယ်လောက် သနားစရာကောင်း သလဲ ဆိုတာ ဓါးတန်းလန်း နဲ့ နောက်ကျော အထိုးခံ ရတာတောင် ပြုံးရုံ ကလွဲပြီး ဘာမှမလုပ်တတ်။
ဝန်ကြီးတွေက လည်း မဟောသဓါ ဇာတ်တော်ကြီးထဲက ရွှေတံဆိပ် ရပြီး ဘ၀င်လေခပ်သွားတဲ့ ပုသင်ညို လို Mandate တံဆိပ်ကြီး ဆွဲပြီး ဖင်လိန်ကကြတာကလွဲ လို့ ဘာမှ မလုပ်တတ်ကြ။

မိုးတွင်းမှ အော်ကြတဲ့ ဖါးပြုတ်ကြီးတွေလိုပဲ ၊ conference တွေတက် ၊ ဒေါ်စုအတွက် တံဆိပ်တွေ လိုက်ယူ ၊ အုံးအွမ် အုံးအွမ် ဆိုပြီး ဘာမှ သုံးလို့ မရကြ။ စာမှ မဖတ်ကြတော့ ဘယ် က Capacity တက်လာမှာလဲ။

(မှတ်ချက်။ ကြားသိရသလောက် ဒေါ်စု ကိုယ်စား လက္ခံယူထားတဲ့ ဘွဲ့တဆိပ် တွေ ဘယ်လောက်ရှိတယ် ၊ ဘယ်သူ့စီမှာ ဆိုတာ စာရင်းမရှိ လို့ဆိုတယ်။ တခါက လူတစ်ယောက် လက္ခံရုံ မက ငွေတွေပါ ဘုံးသွားပြီး ဒေါ်စု လွပ်လာရင်ပေးပါမယ်လို့ ပြောပြီး ခုတော့ဘယ်ရောက်သွားပြီ (မသိ)။ ဒါကြောင့် တံဆိပ်တစ်ခု ခေါင်းဖြူ (မ)သွားတာ သိမည်မဟုတ်တာ မဆန်းလှပါဖူး။ စနစ်မရှိ ဗရန်းဗတာ လို့ ခံ့မှန်းရတာပဲ)

စကားချပ် အနေနဲ့ အကြံပေးမင်းတိုင်ပင်အမတ်ကြီး ရဲ့ အကိုကတော့ လေးစားစရာကောင်းပါတယ်။ တောထဲမှာ သေနပ်ကိုင် တိုက်လာတော့ street smart ဖြစ် သလို ၊ နိုင်ငံရေး သိပ္ပံနဲ့ ပါရဘွဲ့ ရထားတော့ book smart လည်းဖြစ်တယ်။ နိုင်ငံရေးဗျူဟာ political strategy လည်း ကျွမ်းတယ်။ အကြီးက strategy နဲ့ plan ကိုနားလည်တယ်။ အငယ်က အဖြူတွေ အကြိုက် ကို သိတယ်။ NCGUB က ဗမာမင်းသား တွေ ကို ရှမ်း ဗျတ်ဝိဗျတ္တ ညီနောင် (ကိုင်) ထားတာ လှုပ်တောင် မလှုပ်နိုင်ဖူး။

ကြုံတုန်းလေး

နိုင်ငံရေး ဆိုတာ လျှင်သူစားတာ မဆန်းပါဖူး။ ကြုံတုန်း အများ မသိ ကြတဲ့ ရာဇ၀င် ဇာတ်ကြောင်းလေးကို ဖေါက်သည်ချ ပါရစေ။ အင်္ဂလိပ်စီက လွပ်လပ်ရေးရမယ် မှန်းသိလာကြတော့ ဖဆပလ ခေါင်းဆောင်တွေ က ဘယ်စနစ် သွားမလဲ ဆိုပြီး စမ်းတ၀ါးဝါး နဲ့ ဗမာ မင်းဆက် ကိုလိုက်ရှာ ကြသေးတယ်။
ဗိုလ်ချုပ်တို့ Atlee နဲ့ ဆွေးနွေးနေတဲ့ အချိန် မှာ အင်္ဂလိပ်တွေ စီ သံကြိုးဝင်လာတယ်။
ဗိုလ်ချုပ် တို့ဟာ ရှမ်းတွေကို ကိုယ်စားမပြုဖူးတဲ့။ ဖဆပလ က ချက်ချင်း ရှမ်းပြည် ဦးထွန်းအေး တို့လို ရှမ်းမျိုးချစ်တွေနဲ့ ရှမ်းပြည် (တောင်ကြီး) မှာ ဖဆပလ ကိုထောက်ခံတဲ့ လူထုဆန္ဒ ပြပွဲတွေ လုပ်ပြပြီး အင်္ဂလိပ်တွေကို တုန့်ပြန်ခဲ့ရတယ်။
အဲဒီ ကြေးနန်းကိုပို့တာက အကြံပေး ရဲ့ ခမည်းတော် ကြီး နဲ့ နောက်တစ်ယောက်။
နိုင်ငံရေး ရုတ်ရုတ်သဲသဲ အချိန်မှာ ဘာမဆို ဖြစ်နိုင်တယ်။ အင်္ဂလိပ် တွေက လည်း ခြေထိုး ၊ ပဒေသရာဇ် ဆိုတာကလည်း ကိုယ်ကျိုးပဲ ကြည့်ကြတာပေါ့။ ဗမာ နဲ့ မပေါင်းပဲ ၊ ထိုင်း တွေနဲ့ ပေါင်းချင်တဲ့ သူတွေကလည်း ရှိနေပြန်။ ပင်လုံ ရောက်တော့ ဖဆပလ ခေါင်းဆောင်တွေက ရော့ (အင့်) ဆိုပြီး ထိုးကြွေးလိုက်တော့ ခမည်းတော်ကြီး ခမြာ ..နောင်တော်တို့ရဲ့ ..ညီတော်ဆို့ရဲ့ ဆိုပြီး .. ကျန်တဲ့ ပဒေသရာဇ် တွေကို ..ကိုယ့် အကျိုးအတွက် .. ဖဆပလ ကိုယ်စား လိုက်စည်းရုံး..ပေးရတဲ့ ဘ၀ရောက်သွားတယ်။ အင်္ဂလိပ်တွေကို သံကြိုး ပို့လို့ စိတ်ဆိုးလို့ မရဖူး။ သူ့ ဂွင် သူထွင်တာ။ အမဲသားထုံး ကြီး ပါးစပ်ထဲ ထည့်လိုက်တော့ မအော်နိုင်တော့ဖူးပေါ့။ အဲဒါ နိုင်ငံရေးပဲ။ street smart မဖြစ်ပဲ ၊ ရိုးရိုးအအ အပြင် ထုံထုံထိုင်းထိုင်း ဆိုရင် လူတိုင်း ခေါင်းပေါ်တက်ပြီး မစင်ယို ကြတော့မှာပေါ့။

ပြိုကွဲပြီး ..ပြိုကျလာကြပြီ …..

ထိုင်းနယ်စပ်မှာ ၈၈၈၈ အပြီး နယ်စပ်ရောက်လာတဲ့ ကျောင်းသားလူငယ်လေးတွေဟာ စစ်အာဏါ ရှင်ကို အသက်ပေးတိုက်မယ် ဆိုပြီး ကျောင်းသားတပ်မတော်ကြီးကို ထောင်ခဲ့ကြတယ်။
ဗိုလ်ချုပ်နေ၀င်း က အတိုက်အခံ မရှိရအောင် အပီကိုင်တာ။ ဘယ်နိုင်ငံရေး ပါတီမှ မရှိစေရ။ မဆလ ဆိုတာက လည်း စစ်သား နဲ့ ကွန်မြူနစ် လက်နက်ချ မီးဂျိုးမောင်းပျက် တွေနဲ့ ခေတ်အလိုက် အခွင့်အရေး သမားတွေ။ မဆလ က တပါတီ အာဏါရှင်စနစ်။
၈၈၈၈ လူငယ်တွေဆိုတာ ဗိုလ်ချုပ်နေ၀င်း အာဏါသိမ်း အပြီး မှ မွေးကြတဲ့ လူငယ်တွေ။ မဆလ ရဲ့ သားကောင်တွေ။ ဒီတော့ ဘယ်သူမှ အဖွဲ့အစည်း နဲ့မလုပ်တတ် ကြ။ တော်လှန်ရေး ဆိုတာ လက်ထဲသေနပ် ကိုင်တာတခုထဲမဟုတ်။ Logistic တွေပါလာပြီ။ (ငွေ) ရှိမှ သေနပ်ဝယ်နိုင်မယ်။ အားလုံးကို ထမင်းကျွေးရဦးမယ်။ ခေါင်းဆောင်မှု အရေအချင်းတွေလိုလာပြီ။ စည်းရုံးရေးအားတွေ ပါလာပြီ။
နိုင်ငံရေး ၊ တော်လှန်ရေး ဆိုတာနဲ့ ၊ (အာဏါ) ဆိုတာ ကပ်ပါလာတာပဲ။ တိုင်းရင်သားနယ်မြေမှာ ၊ တိုင်းရင်းသားတွေ နဲ့ တဲ့အောင်ပေါင်းရမယ်။
ဒီကြားတယ် ဗမာမုန်းတဲ့ သူတွေလည်း ရှိရဲ့။ ဒီလို အခက်အခဲ တွေကြားမှာ ရှင်သန်ဖို့ဆိုတာ တောင် အနိုင်နိုင် ၊ ဦးဆောင်ဖို့ ဆိုတာက မလွယ်။

ဗမာဆိုတာ ကလည်း (၂) ယောက်ရှိရင် (၃) ဖွဲ့ထောင်ချင်တာ။ လူတိုင်း ဥက္ကဋ္ဌ လုပ်ချင်ကြတာ။ မင်းသားကြီး မလုပ်ရရင် ပတ်မကြီး ထိုးဖေါက်ချင်တဲ့ လူကမရှား။

ဖတီး အဖိုးကြီးကလည်း တမင်းကျွေးမယ် ၊ သေနပ်ပေးမယ် ၊ ဒါပေမဲ့ နယ်မြေတော့ လာမထိနဲ့ ……
ဒီလို ဘရုတ်ဘရက် အခြေအနေ မှာ နို့နံ့ မစင်သေးတဲ့ ရိုးသားတဲ့ လူငယ်လေးတွေ ရှင်သန်ဖို့ဆိုတာ .. အခက်သား။

အမှန်က မိုးသီးက Charisma ရှိတယ်။ အာဘောင်အာရင်း သန်သန် နဲ့ တရားဟော ရတာကို လျှာတွေ့ တယ်။

အသေးစိပ် မနိုင်ဖူး။ တကယ် Organization ကို မထောင်တတ်ဖူး။

ဒေါက်တာ နိုင်အောင် က အသေးစိပ် နိုင်တယ်။ Operation နိုင်တယ်။

မြန်မာနိုင်ငံထဲ မှာ အဖွဲ့အစည်း နဲ့ လုပ်ခဲ့ဖူးရင် .. factional politics ကိုသာ အတွေ့အကြုံ ရှိခဲ့ကြရင် .. တမျိုးဖြစ်မလား..မသိဖူး…
ရင်ကွဲ စရာ အကောင်းဆုံးက Institutional Loyalty ဆိုတာကို နားမလည်ကြဖူး။ ဒါ မြန်မာနိုင်ငံသား တွေရဲ့ Political culture ပဲ။
Institutional Loyalty ကိုနားမလည်ကြတော့ ..
(ကွဲ) တာနဲ့ (ခွာ) ဖို့ စဉ်းစားကြတာပဲ။ နေရာပျောက်တာနဲ့ ထ (ပျံ) ဖို့စဉ်းစား ကြတာပဲ။
(ကျ) ရာနေရာက ပြန်ထူထောင် ပေးမယ်မရှိဖူး။

Winners never quit and quitters never win ဆိုတဲ့ စကားရှိတယ်။

ခေါင်းဆောင်တွေ ရှောင် ထွက်သွားကြတော့ တကယ် ယုံပြီး နောက်ကလိုက်ကြရတဲ့ (နောက်လိုက်) တွေ ကမ္ဘာပျက်တာပေါ့။
ကမ္ဘာမီးလောင် ၊ သားကောင်ချနင်း ဆိုတဲ့ သဘော လာဆောင်တာပဲ။ ဥက္ကဌတွေ အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်မိတယ်။

ပြန် (စု) နိုင်တဲ့ အခွင့်အရေး

NCGUB က ခေါင်းဆောင်ကြီးသာ နိုင်ငံရေး..နားလည်ရင် တကမ္ဘာလုံး လွင့်ထွက်လာတဲ့ လူငယ်တွေကို စည်းရုံးပြီး ပြန်စု လိုက်ရင် (အင်အား) ကြီးတစ်ခု ဖြစ်လာမှာ

ဗမာ Oliver Tambo သာဆိုရင် စိတ်ဓါတ်တက်ကြွ နေတဲ့ လူငယ်လေးတွေကို စုစည်းပြီး အင်အားထောင် ၊ လူတော်လေးတွေ ရွေးပြီး နောင်တချိန်တွက် ပြုစုပေးလိုအပ်တဲ့ အကူအညီ ပေးခဲ့ရင် ။ ဖရိုဖရဲ မဖြစ်ဖူးလို့ မျှော်လင့်စရာ အကြောင်း ရှိတာပေါ့

အို .. လုပ်နိုင်တာတွေ …တဖုံကြီး …..

လူငယ်လေးတွေအထဲက လူတော်လေးတွေ ကိုသာရွေးပြီး နောင်တချိန် ဆိုတဲ့ (အသိ) နဲ့သာ ဦးဆောင်ပေးခဲ့ရင် (ကူ) မဲ့သူတွေ နဲမှာ မဟုတ်။

နံမည်တော့မေ့သွားပြီ။ စိတ်အားကကြွနေတဲ့ ၊ လူတော် ရှေ့နေမ ကလေးကို ANC ခေါင်းဆောင်တွေက အရှေ့ဂျာမဏီ (GDR) ကို စစ်ဖက်ဆိုင်ရာ ပညာအတွက် ပညာသင်လွှတ်ချင်တယ်။
တော်လှန်ရေး လူငယ်က စစ်ပဲတိုက်ချင်တယ်။ လူကြီးတွေက ဟဲ့ခလေးမ ..တော်လှန်ရေးဆိုတာ စစ်တိုက်တာ တစ်ခုထဲမဟုတ်ဖူး ဆိုပြီး ဆူပြီး (သွား) ဆိုပြီး ဂျာမဏီကို ကန်ထုတ်လိုက်တယ်။
မင်ဒယ်လား လွပ်လာပြီး အမဲတွေ အောင်ပွဲခံကြတဲ့ အချိန်ကြတာ့ ၊ တချိန်က သူငယ်မ က ကာကွယ်ရေး ၀န်ကြးဌါန မှာ လူကြီးဖြစ်လာတယ်။ ဒုဝန်ကြီးထင်တယ်။

အမှန် NCGUB သာ ANC ကခေါင်းဆောင်တွေလို နိုင်ငံရေး နားလည်ပြီး Capacity (ဥါဏ်) ရှိခဲ့ရင် ၊ ယ္ခုအချိန် မှာ ဒေါ်စုအနားမှာ အလုံးနဲ့ အရင်းနဲ့ အနှစ် (၂၀) ပြင်ဆင် ထင်ထားတဲ့ ၊ ၈၈ ကလူငယ်တွေ ယနေ့ လူလတ်ပိုင်း ၄၀ ၊ ၅၀ ၀န်းကျင် ခေါင်းဆောင်တွေ ၀န်းရံလို့ …. အုံးအုံးကြွက်ကြွက် ဖြစ်နေလောက်ပြီပေါ့။

မနက်ဖန် ဦးသိန်းစိန် အစိုးရက ဒေါ်စု နဲ့ NLD တို့ကို ဖိတ်ခေါ်ပြီး (ညွန့်ပေါင်း) အစိုးရ ဖွဲ့ရအောင်လို့ ဖိတ်ခေါ်ရင် သက်ကြားရွယ်အို ကြီးတွေက လွဲလို့ ဖြတ်ဖြတ်လပ်လပ် လူငယ်လူတော် ဘယ်နှစ်ယောက် အဆင်သင့်ဖြစ်တာရှိ သလဲ။

ဒေါ်စု ထွက်လာမှ အားလုံး (စ) လုံးရေ (စ) ခဲ့ရတယ် မဟုတ်လား။

(အတွင်း)မှာ လုပ်ပိုင်ခွင့် မရှိဖူး ဆိုတော့ ထားပါတော့
(အပြင်) မှာ လုပ်ချင်သလောက် ၊ ဥဏ်စွမ်း ရှိသမျှ လုပ်နိုင်တဲ့ နယ်မြေမှာ
ဘာမှ မလုပ်ခဲ့ကြတာ ၊ ရင်နာစရာ မကောင်ဖူးလား။ အနှစ် (၂၀) နစ်နာခဲ့တာ ၊ အချိန်တွေ (ဖြုန်း) ခဲ့ကြတာ မဟုတ်ဖူးလား။
ဒါ .. (ရ) နိုင်တဲ့ …. (ဖြစ်) သင့်တဲ့ … အခွင့်အရေး တွေ ဆုံးရှုံး ရတာပဲ မဟုတ်လား။

သာမာန်မျက်စိ နဲ့ကြည့်ရင် NCGUB ၀န်းကြီးချုပ် ဟာ ရိုးသားပါတယ် ဆိုပြီး သနားနေတဲ့ သူတွေ ရှိကောင်းရှိမယ်။
နိုင်ငံရေး မျက်စိနဲ့ ကြည့်ရင် NCGUB ဟာလုပ်နိုင်တာတွေ အများကြီး ၊ လုပ်နိုင်မှန်းပင် မသိခဲ့ကြ

လောကကြီးမှာ မသိသူ ကျော်သွား ၊ သိသူဖေါ်စား ပဲ မဟုတ်လား
NCGUB က အခွင့်အရေးတွေအားလုံး ကို ကျော်သွားခဲ့ သည်ပဲ

ဒါ ဦးသန်းလွင်ထွန်း နဲ့ Interview မှာ ဒေါက်တာစိန်ဝင်း ရဲ့ အဖြေတစ်ခုပါ

“အဓိကအခန်းကဏ္ဍကတော့ ပြည်တွင်းနဲ့ပေါင်းပြီးတော့ပေါင်းတယ်ဆိုတာက ပြည်တွင်းကိုကြည့်ပြီးတော့ ပြည်တွင်းအသံတွေကို ပြည်ပမှာဖြန့်ချီပေးကြတယ်။ နိုင်ငံတကာမှာ ဗမာပြည်အကြောင်းကို ပို၍ပို၍သိအောင် အခုတော့ အကုန်လုံးသိပြီပေါ့။ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ဆု ရကတည်းက ပြန့်သွားပါပြီ။ သို့သော်လည်း ပိုပြီးတော့ တိတိကျကျသိအောင် ဖြန့်ပေးတယ်။ နောက်တခုကတော့ sanction – sanction ဖြစ်ပေါ်လာတယ်။ ပြည်ပရဲ့  တွန်းအားပေးမှုတွေလည်း အများကြီးပါပါတယ်။

ဒါ ကိုကြည့်ရင် NCGUB ဆရာကြီးရဲ့ ရည်မှန်းချက် နဲ့ capacity ကို စာဖတ်သူများ ခပ်မှန်းလိုရပါပြပီ။

ဘာကြောင့် NCGUB ကို (အကန်း) လို့ပြေရသလဲ ဆိုတာ သဘောပေါက်နိုင်ကြပါစေ

ဆက်ရန် ……

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...