Sunday, September 23, 2012

LIKE တွေနဲ့ပက်သက်သော ကျွန်တော့ရဲ့ခံယူချက်များ


by Ko Zaw on Sunday, September 23, 2012 at 3:09am ·

သူငယ်ချင်းရေ

                             သင်ဖန်တီးလိုက်တဲ့ အနုပညာအပေါ်မှာ LIKE အစစ်အမှန်ကိုလိုချင်ပါသလား ။
ကျွန်တော့ရဲ့ထင်မြင်ယူဆချက်အရဆိုရင်တော့တစ်လောကလုံးမှာရှိတဲ့သူငယ်ချင်းအားလုံးကို tag လုပ်ပေးချင်းအားဖြင့် စစ်မှန်သော like ကိုရရှိမယ်မထင်ပါဘူး။ ပထမဦးဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် အရင်မေးရမှာဖြစ်ပါတယ်။ငါအဓိကလိုချင်တာ လိုက်ခ် ရဲ့ Quality လား လိုက်ခ်  ရဲ့ Quantity လား ဆိုတာကို သေချာသိထားဖို့လိုပါတယ်။


                               တကယ်ကိုအကျိုးရှိမယ့် လိုက်ခ် အစစ်အမှန်ကို လိုချင်တယ်ဆိုရင်တော့ ကိုယ်ဖန်တီးတဲ့အနုပညာကို ကိုယ့်ရဲ့ပို့စ်ထဲမှာပဲ အသာလေးသိမ်းထားကြည့်လိုက်ပါ။ကိုယ့်အရေးအသားတကယ်ကိုကောင်းမွန်ပြီးလူတွေလက်ခံလာတယ်ဆိုရင်သူ့အလိုလို
like တွေရလာပါလိမ့်မယ်။ပတ္တမြားမှန်ရင် နွံမနစ်သလိုပဲ စာပေကောင်း ပို့စ် ကောင်းမှန်ရင်လဲ ဘယ်တော့မှ တိမ်မြုပ်မနေပါဘူး။
ယုံကြည်မှုအပြည့်နဲ့ထားကြည့်လိုက်ပါ။ သူငယ်ချင်းတွေမမြင်မှာမပူပါနဲ့။လူတိုင်းလိုလို ဟုမ်းပေ့ကိုမွှေတက်ကြပါတယ်။
တစ်ချို့တွေဆို ကိုယ်ပိုင်စာမျက်နှာထဲတောင် မ၀င်ဖြစ်ပါဘူး။ဥပမာ ကျနော်က အစပေါ့။ စာပေအနုပညာကိုမြတ်နိုးတဲ့မည်သူမဆို ကိုယ်နှစ်သက်တဲ့ကလောင်ရှင်ရဲ့ပို့ကိုမြင်ရင် ကျော်မသွားတက်ပါဘူး။မဖြစ်မနေဖွင့်ကြည့်တက်ကြပါတယ်။တစ်ချို့ဆို သူဘာတွေ
တင်ထားမလဲဆိုတဲ့အတွေးနဲ့ တစ်နေ့တစ်ခေါက်ဖြစ်ဖြစ်ဝင်ကြည့်တက်ကြတယ်လေ။ tag ပေးထားလို့ ကိုယ့်ဆီကိုအဆင်သင့်ရောက်နေတဲ့ ကဗျာမျိုး ပို့စ်မျိုးတွေကြတော့ လူမှုရေးအရမဖြစ်မနေ like လုပ်ပေးရမယ့်အနေအထားဖြစ်နေပြီလေ။ဖြစ်နိုင်မယ်ဆို ကိုယ့်ရဲ့အနုပညာကို တလေးတစား တန်ဖိုး ထားပြီး တင်သမျှကို tag လုပ်ပေးပါလို့တကုတက တောင်းဆိုထားတဲ့အကောင့်တွေဆီကိုသာ  ရှယ်  ဒါမှမဟုတ် tag လုပ်ပေးသင့်ပါတယ်။အဲ့ဒါမှလဲ ကလောင်ရှင်အတွက် အထောက်အကူပြုမယ့် လိုက်ခ်  သို့မဟုတ် ကွန်မန့် အစစ်အမှန်ကို ရရှိလာမှာဖြစ်ပါတယ်။ လူတစ်ချှိုက မတောင်းပဲပေးတဲ့လက်ဆောင် ဆိုရင် တန်ဖိုးမထားတက်ကြပါဘူး။


                                တကယ်လို့ like ကလေးတွေကိုကြည့်ပြီး ကြည်နူးချင်တယ်ဆိုရင်တော့ သူငယ်ချင်းများများကို tag ပေးပါ။ကိုယ့်ဘက်ကလဲ သူငယ်ချင်းများများ လိုက်ရှာပြီး အက်ပေးပါ။ like ဆိုတဲ့အရာလေးကလဲ စိတ်ကိုကြည်နူးစေတာတော့အမှန်ပါပဲ။ ကိုယ်ဖန်တီးတဲ့အနုပညာ အပေါ်မှာ like လေးတွေများရင် စိတ်ထဲမှာ အားရှိပြီးဒီ့ထက်ကောင်းအောင်ထပ်ကြိုးစားမယ်ဆိုတဲ့ အင်အားတွေ ရရှိလာတာကိုတော့ ကျနော့ကိုယ်တွေ့ပါပဲ။အရေးကြီးဆုံးက ငါ့ကဗျာ  ငါ့ပို့စ်တွေကတာ့ like တွေအရမ်းများတယ်ဆိုပြီး အထင်မကြီးသွားဖို့ရယ်နဲ့ like နည်းတဲ့ကလောင်ရှင်တွေကို သွားပြီး အထင်မသေးမိဖို့ပါပဲ။ like များတိုင်း အထင်ကြီးစရာမလိုသလို  like နဲလို့ဆိုပြီးလည်း စိတ်ဓါတ်ကျစရာ မလိုပါဘူး။ ကိုယ့်ရဲ့ဖန်တီးမှုကို တစ်နေ့ထက်တစ်နေ့ပိုကောင်းလာအောင် ကြိုးစားဖို့ပဲလိုပါတယ်။

                                ကျွန်တော့ရဲ့အယူအဆကို တင်ပြရမယ်ဆိုရင်  ကိုယ့်စိတ်ထဲက တကယ်ကို လက်မခံပါပဲနှင့် အားနာပြီး like လုပ်မပေးသင့်ပါဘူး။ အဲ့ဒီ့လို like မျိုးပေးခြင်းဖြင့် ကလောင်ရှင် ကိုလဲ အားပေးရာမရောက်ပါဘူး။ like အရမ်းများနေလျင် ကိုယ့်ကဗျာ ဒါမှမဟုတ် ကိုယ့်ရဲ့ပို့စ်ကိုယ် အဟုတ်
ထင်သွားတက်လို့ပါ။ like နည်းနေလျှင်ကမှ ငါထပ်ကြိုးစားဖို့လိုနေပါသေးလားဆိုပြီး အသိတရားလေး ရချင်ရလာတက်တယ်လေ။
like ကိုမလုပ်ပဲ ကိုယ့်အယူအဆအရ လိုအပ်နေတယ်ထင်တာလေးကို ကွန်မန်းပေးသွားတာကမှ ကလောင်ရှင်အတွက် ပိုပြီး အကျိုးရှိမယ်တင်ပါတယ်။ ဒါပေမယ့် အပြုသဘောနဲ့ တင်ပြဖို့တော့ အရမ်းအရေးကြီးပါတယ်။ ဒါကိုမှလက်မခံတဲ့ ကလောင်ရှင်ဆိုရင်တော့ ကိုယ့်စိတ်ထဲက တကယ်ကို သဘောမကျမချင်း လုံးဝ like လုပ်မပေးပါနှင့်တော့။

 LIKEလုပ်ရခြင်းရဲ့အခြေခံအကြောင်းအရင်းများကိုတင်ပြရမယ်ဆိုရင် .....

1=   ကဗျာ သို့မဟုတ် ပို့စ် ရဲ့တင်ပြပုံရည်ရွယ်ချက် ထိမိလို့ like လုပ်ခြင်း၊
2=   ရည်ရွယ်ချက်မပေါ်လွင်သော်လည်း သုံးထားတဲ့စကားလုံးတွေလှပလို့ လိုက်ခ် လုပ်ခြင်း၊
3=  မိမိကြိုက်နှစ်သက်သည့်ကဗျာအမျိုးအစားဖြစ်နေလို့ လိုက်ခ် လုပ်ခြင်း။
4=  ပုဂ္ဂိုလ်ခင်လို့တရားမင်တဲ့သဘောမျိုးနဲ့ သူဘာပဲရေးရေး ခေါင်းစဉ်လေးမြင်ယုံနဲ့ လိုက်ခ် လုပ်ခြင်း။
5=  မိမိခံစားချက်နဲ့တိုက်ဆိုင်လို့ လိုက်ခ် လုပ်ခြင်း။
6=  ပေါ်ပြူလာဖြစ်နေတဲ့ကဗျာ (သို့)ပို့စ် ဖြစ်နေတဲ့အတွက် လူအထင်ကြီးအောင် လိုက်ခ် လုပ်ခြင်း။
7=  မြင်မြင်သမျှကိုအပျော်တမ်းအနေနဲ့ လိုက်ခ် လုပ်သွားခြင်း။
8=  လိုက်ခ်  တစ်ခုမှမရှိသေးသဖြင့်သနားလို့ လိုက်ခ် လုပ်ပေးသွားခြင်း။
9=  ကဗျာ သို့မဟုတ် ပို့စ် ကိုလုံးဝမကြိုက်သော်လဲတွဲသုံးထားတဲ့ပုံလေးက အရမ်းစွဲဆောင်လို့ လိုက်ခ် လုပ်သွားခြင်း။
10=ကိုယ့်ကဗျာကို လိုက်ခ် ပေးထားတဲ့အတွက် အားနာပြီးပြန် လိုက်ခ် ပေးခြင်း။
11=ကိုယ့်စာမျက်နှာထဲရောက်နေသဖြင့် အားနာပြီး လိုက်ခ် ပေးရခြင်း။
12=မိန်းကလေးချောချောတင်သည့် ပို့စ် ဒါမှမဟုတ် ကဗျာဖြစ်နေသဖြင့် လိုက်ခ် ပေးမိခြင်း။
13=ကိုယ်တင်တဲ့ကဗျာ ပို့စ် လိုက်ခ် များဖို့အတွက် သူများကဗျာတွေ ပို့စ်တွေမှာ လိုက်ခ် မျိုးစေ့ကျဲချခြင်း။
14=ခင်မင်မှုကိုရယူချင်သဖြင့် လိုက်ခ် ပေးခြင်း။
15=ကလောင်ရှင်စိတ်အားတက်အောင် ကြိုက်ကြိုက်မကြိုက်ကြိုက် လိုက်ခ် လုပ်ပေးခြင်း။
16=ကဗျာကိုဝေဖန်ပြောဆိုချင်လို့ လိုက်ခ် ကိုအရင်လုပ်ပေးလိုက်ခြင်း။
17=ကဗျာ သို့မဟုတ် ပို့စ် ရဲ့ဆိုလိုရင်းကိုအတိအကျနားမလည်ပဲ လိုက်ခ် လုပ်ပေးခြင်း။
18=ကိုယ့်အကောင့်ကို လူသိများအောင် လိုက်ခ် လုပ်ခြင်း။
19=သူငယ်ချင်းရေးတာဖြစ်နေသည့်အတွက် ခင်မင်မှုဖြင့် လိုက်ခ် လုပ်ပေးခြင်း။
20=တင်ထားသည့်အနုပညာပေါ်မှုတည်ပြီး ကြည်နူးခြင်း သို့မဟုတ် ဒေါသဖြစ်ခြင်းစသည့် ရသများကိုခံစားရသဖြင့် လိုက်ခ် လုပ်ခြင်း။
21=ကဗျာ ပို့စ် နဲ့မဆိုင်တဲ့အကြောင်းအရာတွေကိုပြောချင်သဖြင့် လိုက်ခ် လုပ်ပြီးဝင်ရောခြင်း။
22=ကဗျာရေးသည့်ကလောင်ရှင်မိန်းကလေးက အပြန်အလှန်စကားတွေပြန်ပြောပေးတက်သဖြင့်လိုက်ခ် လုပ်ခြင်း။
23=အယူအဆလွဲမှားနေတာကြီးကို သိနေပါရက်နဲ့ ချောက်တွန်းတဲ့သဘောနဲ့ လိုက်ခ် လုပ်ပေးသွားခြင်း။
24=ကလောင်ရှင်ရဲ့ Characterကိုသေချာမသိပါသေးပဲနှင့် မြောက်ပင့်ပြောဆိုပြီး လိုက်ခ် လုပ်ပေးခြင်း။

                     ကျွန်တော်  အခုလို like ရခြင်းအကြောင်းတရားတွေကို စာဖွဲ့နေရင် ဆုံးမှာ မဟုတ်တော့ပါဘူး။ ကိုယ်တိုင် လိုက်ခ် ဖူးတဲ့လူတွေ အသိဆုံးဖြစ်မှာပါ။ ဒီပို့လေးကို ဖက်ပြီး လိုက်ခ်ရခြင်း ရဲ့ရည်ရွယ်ချက်တွေ လိုအပ်နေတာများရှိသေးတယ်ဆိုရင် ကွန်မန်း ထဲမှာရေးပြီးထပ်ဖြေ့ပေးသွားစေ ချင်ပါတယ်။နောက်ဆုံးအချုပ်ကိုပြောရရင် စစ်မှန်တဲ့လိုက်ခ် တွေကိုပဲတန်ဖိုးထားစေလိုပါတယ်။ကိုယ်ကိုယ်တိုင်လဲ တွေ့ကရာ လိုက်ခ် တွေကို မမျှော်လင့်သင့်သလို ဘာမဟုတ်တဲ့ စာပေအရေးအသား မျိုးတွေကိုလဲ သွားမ လိုက်ခ် မိပါစေနှင့်။ကိုယ့်ကဗျာ ပို့စ်ကို လိုက်ခ် ထားတဲ့သူတွေရဲ့ စာပေ အဆင့် အတန်း အတွေးအခေါ်ဘယ်လောက်ရှိတယ်ဆိုတာရယ် စာပေပေါ်မှာ ဘယ်လောက်ထိ မြတ်နိုးမှုရှိတယ် ဆိုတာတွေကို သူတို့ရဲ့ဝေါထဲမှာဝင်ပြီး လေ့လာထားဖို့တော့လိုအပ်မယ်ထင်ပါတယ်။ အတွေးအခေါ် မရင့်ကျက်သေးတဲ့ ဆယ်ကျော်သက်ကလေးဆယ်ဦးရဲ့ လိုက်ခ် ထက် ၀ါရင့်သဘာရင့် ကလောင်ရှင် တစ်ဦးရဲ့ လိုက်ခ် တစ်ခုက ပိုတန်ဖိုးရှိတယ်ဆိုတာကို စိတ်ထဲမှာလုံးဝမေ့ထားဖို့မသင့်ဘူးလို့ထင်ပါတယ်။

                    ဒီပို့စ် လေးထဲက ကျနော့ရဲ့အယူအဆ အတွေးအခေါ်တွေက  like လုပ်သူအများစု ကိုစော်ကားလိုခြင်းလုံးဝမရှိပါ။
ကျွန်တော်တို့လို ကဗျာ ဒါမှမဟုတ်  ပို့စ် ၀ါသနာရှင်များ သတိထားဖို့ရည်ရွယ်ပြီး တင်ပေးလိုက်ရခြင်း ဖြစ်ပါသည်။ဖေ့ဘုတ်မှ သူငယ်ချင်းများအားလုံးစစ်မှန်သော like ကလေးတွေဖြင့်ကလောင်သွားတွေကို ပိုမိုသွေးပေးနိုင်ကြပါစေလို့ ဆန္ဒပြုရင်း ..............
                                                                                                                                                             ကိုဇော် (မလေးရှား)
                                                                                                                                                                      23.9.2012

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...