Sunday, September 16, 2012

အဝေးရောက် exiles နိုင်ငံရေး


by Bo K Nyein on Saturday, September 15, 2012 at 7:34pm

                                                                                  ဒုတိယ အပိုင်း (၂)

NCGUB ဘာလုပ်နေသလဲ

ပထမ အကြံပေး ဆိုသူက အဆက်အသွယ် တွေ အားလုံးယူပြေး ပြီး (တိုင်းရင်းသား) နံမည်နဲ့ တစင်ထောင်တယ်။
ဆရာ့ အိမ်မှာ နေပြီး ဆရာ့ မိန်မခိုးပြေးတဲ့ သူကို ပြုံးပြုံး ပြုံးပြုံး … နဲ့ ဆရာကြီး က ပြုံး ရုံက လွဲလို့ ဘာမှာ မလုပ်တတ်။

ဗိုလ်ချုပ်တို့ကို ဒီလို သွားစမ်းကြည့်ပါလား
ပါးနှစ်ချက်လောက် ရိုက်ပြီး အိမ်ပေါ်က ဆောင့်ကန်ချ လိုက်မှာ
ကွန်မြူနစ် တွေ ဒီလိုပဲ ကလိန်ကကျစ် လာလုပ်တော့ ..ဂျောင်း ဆို ဖဆပလ က မောင်းထုတ်လိုက်တယ်မဟုတ်လား။


စာရေးသူ ၀န်ကြီးချုပ် ကို မေးဖုးပါတယ် …. သနားစရာ… အေးဗျာ ..ယုံမိတာကိုးတဲ့ ….
မိအေး ..တစ်ခါ ..(နာ)..ဖူးတော့ ..ကြောက်ပြီး ..(မ၀င်ရ) ဆိုင်းဖုတ်ထောင်ပြီး  ..
Mandate ရွှေတံဆိပ်ရ အမတ် တစု နဲ့ နိုင်ငံရေး Gated Community ထဲမှာ တွင်းအောင်းနေကြတယ်။

ကျောင်းသား တပ်မတော်က (အလျှင်) ဆုံးနှစ်ယောက်က (ပလို့ဂျိ) ဆိုပြီး NCGUB ရဲ့ အတွင်းစည်း ထဲရောက်နေလေရဲ့
သူတို့က ရွှေတံဆိပ်ရ အမတ်တွေ မဟုတ်ကြတော့ တယောက် က နိုင်ငံခြားရေးတဲ့ ။ တစ်ယောက် က တော့ Burma Fund ကိုဦးစီးပေါ့
မတော်ဖူးလို့ မပြောနိုင်။ ဆရာရှာ တတ်တယ်။ ဆရာမွေး တတ်တယ်။ manage up ကိုကောင်းကောင်းနားလည်ကြတယ်။
ဒီလို လူမျိုးတွေ ဗမာတွေ အကြားမှာ ရှားသား

နောက်ဆုံးကြတော့ NCGUB ဟာ (၅) ယောက် တပိုင်း နဲ့ ရပ်တည်လိုက်တာ နိုင်ငံရေး အမည်ခံ ကနေ ပိုက်စံ တောင်းစားတဲ့ NGO ကြီးဖြစ်သွားတယ်။

မြန်မာနိုင်ငံသားတွေ ကမ္ဘာကိုပြန့် ၊ ဖရိုဖရဲဖြစ်

ကမ္ဘာကို ပြန့်သွားတဲ့ အုပ်စု (၂) စုရှိကြတယ်။ IDP တွေရယ် ၊ ကျောင်းသားတပ်မတော် တပ်သားဟောင်းတွေ။ နိုင်ငံရေး အမြင်နဲ့ ကြည့်ရင် ဒီလူတွေဟာ စည်းရုံးလို့ အင်မတန်ကောင်းတဲ့ ၊ တဖက်ကမျိုးချစ်စိတ်နဲ့ ကြည့်ပြန်ရင် လည်း ကူညီသင့်တဲ့ ကိုယ့်နိုင်ငံသားတွေပဲမဟုတ်လား။

ဒီလူတွေကို ကူညီဖို့ ကြိုးစားခဲ့ရင် NCGUB အတွက် အလုပ်လည်းရ ၊ ခေါင်းဆောင်မှုလည်း ပြ ၊ ကိုယ့်လူတွေလည်း အတွေ့အကြုံ ရ ၊ အလကား (idle) မဖြစ်တော့ဖူးပေါ့။

NCGUB မှာ ပြန်လည်နေရာချထားရေး ၀န်ကြီးဆိုပြီး ကမ္ဘာအနှံ့ပြံ့ လာတဲ့ မြန်မာနိုင်ငံသားတွေကို ကူညီရေး လုပ်လိုက်ရရင် နံမည်လည်းရ ၊ အလုပ်လည်း လှပြီး ကုသိုလ်ပါ ရ ကြဦးမှာ

ပြဿနာ က မြန်မာနိုင်ငံရေး exile လောက မှာ social work ဟာ နိုင်ငံရေးမဟုတ် ၊ second class လို့ထင်ကြတယ်။ နိုင်ငံရေး နားမလည်၊ capacity နိမ့်တာလည်း ပါပါတယ်။ Hamas နဲ့ Hezbollah တွေဒီလို နည်းနဲ့ ပြည်သူကို ဟတ်ထိအောင် စည်းရုံးသွားကြ တာကို မသိကြဖူး။

အလုပ်မရှိကြတော့ ၊ အားရင် အင်တာနက် အပေါ်တက်ပြီး ဆဲကြပေါ့။ အားလုံး ဆုံစည်းရာ venue လေးသာ ရှိခဲ့ရင် မကောင်းဖူးလား ။ ဒီလောက် အထိ အဖြစ်ဆိုးလိမ့်မယ် မထင်ဖူး

(ငွေ) နဲ့ (လေ) ကွဲသွား

ဒီလို ပြန့်ကုန်ကြတဲ့ ဘ၀မှာ ကျောင်းသား အနဲငယ်ပဲ ကျောင်းပြန်တက် နိုင်ကြတယ်။ အနဲငယ် ပဲ NCGUB ရဲ့ အတွင်းစည်းထဲ ကို ၀င်နိုင်တယ်။

NCGUB နဲ့ ယှဉ်လျှက် က NCUB ။ NCUB က တိုင်းရင်းသားတွေ နဲ့လုံးထွေးနေတယ်။ လွှတ်တော်အမတ်မင်းများရဲ့ MPU နဲ့ NCGUB လည်းဒီအထဲမှာ ပါတယ်။ သူတို့လည်း ပထမ (၁၀) နှစ်လောက်မှာ အနီတွေနဲ့ ဦးဝင်းခက် တို့ရဲ့ petty skirmish ကြားမှာ မြောပါသွားတယ်။ ပိုက်စံ မရှာ တတ်တဲ့ အတွက် ၊ လုပ်လှီလုပ်လဲ့ နဲ့ပဲ။ နောက်ပိုင်းမှာ ပိုက်စံရှာတတ်တဲ့ FTUB ကိုမောင်မောင် ၊ (ငွေ) နဲ့ အာဏါ ၀င်သိမ်းလိုက်မှ NCUB နဲ့ အပြိုင် power center တစ်ခုလာဖြစ်တယ်။ 

ပြန်စဉ်းစားကြည့်ရင် ဗမာအဖွဲ့ အစည်းတွေ အားလုံဟာ နိုင်ငံရေး အမည် တတ်ထားကြပေနဲ့ တကယ်ကတော့ ပိုက်စံတောင်းစာ တဲ့ NGO တွေလာဖြစ်ကြတာပဲ။ အားလုံးဟာ ဒီမိုကရေစီ အလံ နဲ့ ဒေါ်စု အလံ ထောင်ပြီး ကမ္ဘာလှည့် တောင်းစားနေကြတာပဲ။ NCGUB က အမတ်မင်းတွေကို လည်း လစာနဲတယ် ဆိုပြီး မျက်ရည်မကျ လိုက်ပါနဲ့ ကမ္ဘာလှည့် အစည်းအဝေးတွေတက် ။ ဒေါ်စု ရတဲ့ ဆု တွေလိုက် ကောက်ရင်း ၊ တနေ့သုံးပိုင်ခွင့် per diem ကို အမေရိကန် standard နဲ့ စာရင်းတင်စားကြတာ။ ၀င်ငွေက per diem ကရတာ။

ဒေါ်စု မျက်နှာနဲ့ သန်းနဲ့ ချီပြီး NED အတွက် ကွန်ကရက် ကချပေးလိုက်ရင် … ပထမ အဆင့်မှာ အဖြူ တွေက ကဲ့ယူသွားတာပါ။ Sanction ဥပဒေရေးဖို့ အမေရိကန် အမတ်မင်းက သူ့တပည့် ကိုရေးခိုင်းပြီး ၊ မျက်မျက်လေးရလိုက် တာ။ ဗမာ့အရေး ကို ပဲ့ကိုင်တဲ့ ဗမာ့အုပ်စု (Burma Group)  မှာ ရီဘတ်ဖလင်ကင် နဲ့ ဒီမိုကရက် Consultant (၂) ယောက်ရှိတယ်။ အနှစ် (၂၀) တော်တော်လေး ဟန်ကျ သွားကြတယ်။ ဗမာ တွေက ဒီ ဗမာ့အုပ်စု က လူတွေကို အသားကုန် (ဖါး) ကြပေါ့။ ဦးနေ၀င်း လုပ်ခဲ့တာ လူတွေဟာ မသင်ရပဲ မဆလ ခေတ်မှာ စစ်ဗိုလ် ကို (ဖါး) တတ်တဲ့ အကျင့် ရလာတယ်။ နိုင်ငံခြားရောက်တော့ (အဖြူ) တွေကို (ဖါး) ကြပေါ့။ ရင်နာစရာ က (အဖြူ) တွေရဲ့ စားကျွင်းစားကျန် ကို ဒို့ဗမာ တွေ အလုအရက် ပြေးရက် ကြရင်း ကွဲပြဲပြီး အချင်းချင်း အသေ ကိုင်ကြတာပါ။

NGO ဆိုတာက (Cause) တခုကို အကြောင်းပြ ၊ ပိုက်စံလိုက်တောင်း ၊ ၈၀% ကို operation cost ပြ ၊ ၂၀% ကိုပဲ (Cause) အတွက် (သုံး) ။ များများရှာ ၊ များများသုံး ၊ နဲနဲ ပေး ။ ဒါ ကမ္ဘာမှာရှိတဲ့ NGO တွေရဲ့ (လုပ်ထုံး) လေ။ ဒီတော့ ဗမာ NGO တွေလည်း ဒီနောက်ပဲ လိုက်တာပေါ့။ (မှတ်ချက်၊ နိုငံရေး မပါ ၊ လူမှုရေး တကယ်ကူနေကြတဲ့ ကိုထူးချစ်တို့လို မြန်မာ NGO များကို မဆိုလိုပါ)

ABSDF ကွဲ အပြီးမှာ NCGUB က နိုင်ငံခြားရေး တာဝန်ခံ က ဒေါက်တာနိုင်အောင့် အုပ်စုဝင်။ ဒီတော့ ဒီအုပ်စု က NGO ဖက်ရောက်သွားပြီး (ငွေ) ရှာတတ်တဲ့ (ငွေ) အုပ်စုလာဖြစ်တယ်။ အမေရိကားမှာ NCGUB ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ရှိသလို ၊ နယ်စပ်မှာ ဒီမိုခင်ညွန့် ရှိတယ်။ မြန်မာနိုင်ငံမှာ အမေရိကန်စစ်သံမှူး လုပ်သွားတဲ့ ဗိုလ်မှူးကြီးဟောင်း က မြန်မာနယ်စပ်မှာ Political Defiance နိုင်ငံရေးအံတုခြင်း အဖွဲ့ဖွဲ့ပေးပြီး အကြမ်းဖက်မှု မပါတဲ့ Non Violence နည်းနဲ့ အံတုခြင်း ကိုသင်ကြားပေးတယ်။ ဒီအဖွဲ့ ကပဲနောက်ဆုံး အတွင်းနဲ့ အဆက်အသွယ်ရှိတာ။ ဒီလူက လူတော်ပါ။ အသံ မထွက်ဖူး။ နိုင်ငံခြားသားတွေ သတင်းလိုချင်ရင် ဒီလူ့စီပဲ လာကြတာ။ ပြီးတော့ နယ်စပ်မှာ NDD ဖွဲ့ထားတယ်။ ကိုနိုင်အောင်က operation နိုင်တယ်။ in-detail နိုင်တယ်။ အများစု ဟာ သူ့လူတွေပဲ။

ကိုမိုးသီးက နိုင်ငံရေးစကား အပြောကောင်းပေမဲ့ အောင်ခြေ ကိုမနိုင်ဖူး။ detail မနိုင်ဖူး။ ကိုမိုသီးကို စာရေးသူက အရင်းနှီးဆုံး။ သူတို့အထဲ မှာ ကိုမိုးသီးက Charisma အရှိဆုံး။ တရားဟောကောင်းတယ်။ ဗမာနိုင်ငံရေး သမားစစ်စစ်။ စကားပြောရမယ် ၊ တရားဟောရမယ် ဆိုရင် ထမင်းမေ့ ၊ ဟင်းမေ့။ ဒါပေမဲ့ နိုင်ငံရေးမှာ (credibility) လိုတယ်ဆိုတာကို နားလည်ပုံ မရ။ ဘန်းစကားနဲ့ပြောရရင် water follow fish follow လုပ်တယ်။  ဒီတော့ ကိုနိုင်အောင်လို ကျစ်ကျစ်လစ်လစ် အဖွဲ့ ၊ မဖွဲ့နိုင်ဖူး။ သူ့ဖက်မှာ လူတော်လူကောင်းတွေ အများကြီး  ရှိပါတယ်။ Harvard က လူတွေဟာ ကိုမိုးသီးဖက် ကပဲ။ ဒါပေမဲ့ ဒီလုတွေကို capitalize မလုပ်တတ်ဖူး။ လုပ်တတ်တာက Burma Fund ကဆရာကြီး။ project ဖန်တီးပြီး ဆွဲစိ ထားလိုက်တယ်။ အချိန်တန် တော့ Burma Fund  က တဆင့် Vahu ဗဟု ဖြစ်လာတယ်။ အခု သမ္မအကြံပေးအဖွဲ့အ၀င်။ လူချင်း မကျွမ်းတဲ့ အတွက် Character ကို မပြောလို ၊ သို့သော် (လျှင်) တာကိုတော့ အသိအမှတ်ပြု ရ မည်သာ။ ဗဟု ဖြစ်လာကြတော့ ဟားဗပ် က ဆရာတွေက သားက အဖေထက် တရက် ပိုကြီးတဲ့ ဘ၀ ရောက်ရပြီ။

ပြည်ပနိုင်ငံရေးဆိုတာ

အကယ်တော့ မြန်မာ့ပြည်ပ နိုင်ငံရေး ဆိုတာ Lobby နဲ့ (သတင်း) ဖြန်ချီရေး ဖြစ်လာတာပဲ။ 
လုပ်စရာ ဒီ (၂) ခုပဲ ရှိတာကိုး။

Lobby လုပ်ရင် အင်္ဂလိပ် စကားတတ်ရမယ်။ လူမှုဆက်ဆံရေး ပြေပြစ်ရမယ်။ သတင်း ဆိုရင်လည်း အင်္ဂလိပ်လို ဖတ်တတ်ရမယ်။ စာလေးဘာလေး ရေးတတ်ရမယ်ပေါ့

ဒီတော့ capacity ရှိတဲ့ လူတွေက က အများစု က အေဘီ က  အရည်အချင်းမှီတဲ့ အင်္ဂလိပ်စာတတ်တဲ့ အေဘီ ကျောင်းသားတွေ လာဖြစ်ကြတာပေါ့။
နောက်ဆုံး တော့ ၈၈၈၈ က လူငယ်တွေ နဲ့ နယ်စပ် ကလက်ကျန် တော်လှန်ရေးသမား ကြီး တွေ ရောပြီး ပြည်ပ နိုင်ငံရေး ၊ exile နိုင်ငံရေး ဆိုတာလာဖြစ်တာပဲ။

တကယ်တော့ ပရောဂျက် ဈေးကွက် ကို ဗမာပဲ့ကိုင်အဖွဲ့ရဲ့ လက်ကိုင် အေဘီ (ငွေ) အဖွဲ့ နဲ့ (FTUB) ကိုမောင်မောင် က ကိုင်ထားတာပဲ။ ကိုမောင်မောင် က ဗမာပဲ့ကိုင်အဖွဲ့ (Burma Group) ကအဖြူတွေကို တပည့်မခံ။ ခံစရာမလို။ အကြောင်း က Unions တွေကို ပိုင်တာ ကိုမောင်မောင် ပဲရှိတယ်။ NED က Unions အတွက် ရာထားတဲ့ ငွေ တွေကို ကိုမောင်မောင်ကလွဲလို့ ဘယ်သူမှ ထိလို့မရ။ ဒီတော့ NCGUB နဲ့ NCUB တို့ဟာ အပြိုင် မဏ္ဍိုင် တွေဖြစ်လာကြတာပဲပေါ့။ NCGUB ရဲ့ သနားစရာ ဇာတ်လမ်းက ဗမာတွေကလည်း ၀ိုင်းဝေဖန်ကြ ၊ အဖြူတွေကလည်း ၀ိုင်း ကြပ် နဲ့ မျက်နှာ အတော် ငယ်ရှာပါတယ်။ အနှစ် (၂၀) ကျော်တော့ ဘာမှ မဖြစ်ဖူးဆိုတာ အားလုံးက လည်း (သိ) နေကြပါပြီ။  သို့သော် လည်း နေ၀င် ချိန် ရောက်လာတော့ အသက်တွေလည်းကြီးလာ ၊ ဘာမှလည်း လုပ်ကိုင်စားလို့ ရနိုင်တဲ့ အခြေလည်း မရှိတော့ ၊ ၀န်ကြီးအဖွဲ့ ဟာ ဒီသင်္ဘော ပျက်ကြီးကိုပဲ ၊ အတင်းဖက်တွယ် ထားကြရတဲ့ ဘ၀ရောက်ကုန်ရော။ မလိုတော့ရင် ဖျက်ပါ့မယ် ဂတိ တွေပေးခဲ့ပေမဲ့ ၊ တကယ်လက်တွေ့ ဖျက်ရမယ် ဆိုတော့ မဖျက်နိုင်ကြရှာဖူး။ (မှတ်ချက်။ တိုက်တိုက်ဆိုင်ဆိုင် စက်တာင်ဘာ ၁၄ရက် ၂၀၁၂ ၊ မနေ့ကမှ တရားဝင် ဖျက်လိုက်ကြတယ်။ နားလည်သလောက် အတွင်း က ဖျက်ခိုင်းတာကြာလှပြီ။ ဒေါ်စု ခရီးစဉ် အမှီ ဖျက်လိုက်ကြတယ် လို့ ယူဆနိုင်ပါတယ်)။

ဒါကြောင့် ပြည်တွင်း နိုင်ငံရေး နဲ့ ပြည်ပ နိုင်ငံရေးဆိုတာ ဆက်စပ်မှု မရှိသလောက် ကိုယ့်ကမ္ဘာ နဲ့ ကိုယ်ရှင်သန်နေကြတဲ့ Parallel Universe တွေလာဖြစ်ကြတယ်။

ဒီ Parallel Universe နှစ်ခု ကြား က နိုင်ငံရေး လေဟာနယ် အထဲမှာ နိုင်ငံရေး လေမှုန်တိုင်း တိုက်နေကြတာကတော့ … ဖြပ်ကနဲ သတင်းတစ်ခု ထွက်လိုက်မှ ခေါင်းပြူထွက်လာ ကြပြီး ဆင်ဖမ်းမယ် ကျားဖမ်းမယ် အော်ဟစ်ထွက်လာကြတဲ့ လေကြီးမိုးကြီးဝုန်းတိုင်း မြန်မာနိုင်ငံရေး (လေ) မှုန်တိုင်းသမား များပါပဲ။ သူတို့မှန်မှန်လုပ်တတ်တာကတော့ သံရုံးအရှေ့ ဆန္ဒပြကြမယ်။ အင်တာနက် မှာ ကြီးကြီးကျယ်ကျယ် တောင်းဆိုမှုတွေပြုကြမယ်။ နေ့ကြီးရက်ကြီးတွေဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ၊ အာဇာနည်နေ့ ၊ ဒေါ်စုမွေးနေ့မှာ တို့မှာ ငိုချင်း ရှည် ကြီးတွေ ငိုကြ ၊ တိုင်တယ်ကြ ၊ ကဗျာတွေ စပ်ကြ ၊ အဓိဌါန် ပြုကြ ၊ တောက်ခေါက်ကြ နဲ့ အနှစ် (၂၀) ကျော်ကျော် ၊  မပျက်တန်း ၊ ကြိုးစာား ကြရင်း အချိန် တွေဖြုံးခဲ့ကြတယ်။ ဒီကြားထဲမှာ အခွင့်သာရင် ကွန်ဖရင့် တွေလုပ်ကြ ၊ ညင်းကြ ခုန်ကြ ၊ ကြေငြာ ချက်တွေထုတ်ကြ နဲ့ နိုင်ငံရေး ခေါင်းဆောင် နေရာ အတွက်  အပြိုင်အဆိုင် တိုက်ခိုက်ကြပေါ့။ အမှန်ကတော့ နိုင်ငံရေး လုပ်တာထက် မိမိရဲ့ ခံစားမှု emotion အရ လစ်လပ်နေတဲ့ မိမိတို့ရဲ့ နှလုံးသား အလိုကို ဖြည့်နေကြတာပါ။

ဒီမို(လေ) အုပ်စုထဲမှာ လေဟုန် စီးရင်း မြော ပါသွားတာက တော့ ကျနော်တို့ ရဲ့  ၈၈ ဆရာကြီး ပါပဲ။ စာရေးသူ က သူ့ကို ပုဂ္ဂိုလ်ရေး အရ ညီအကို လိုခင်တယ်။ စာရေးသူက အင်ဂျင်နီယာ။ လောဂျစ်နဲ့ အလုပ်လုပ်စားရတာ။ Artistic နဲ့ ပတ်သက်ရင် သူစီက ပညာယူရတာပါ။ Charisma ရှိတယ်။ တရားဟော ကောင်းသလို တရားဟောချင်တဲ့ ဥါဉ်က မပျောက်ဖူး။ နိုင်ငံရေး သမား ဗီဇ က ရှင်သန်လျှက်။ ဒါပေမဲ့ စနစ်မရှိ ၊ ဦးတည်ချက် မရှိ။
လေဟုန်မှာမြော နေရင်း နောက်ဆုံးတော့ ဂျပန် နဲ့ချိပ်မိတယ်။

ဖြတ်ပြီး ဂျပန် အကြောင်းတင်ပြ ပါရစေ။

ဂျပန်မှာ မြန်မာနိုင်ငံသား နှစ်မျိုးနှစ်စားရှိပါတယ်။ မြန်မာစာအုပ် ကိုင်ပြီး သံရုံးနဲ့ ပတ်သက်နေရသူများနဲ့ (အို) လို့ခေါ်တဲ့ overstay တွေပါ။ ဂျပန်က စီးပွားရေးကျ လာတော့ (O) တွေကိုဖမ်းပြီး ပြန်ပို့ တယ်။ ထူးကြားတာက ဒေါ်စု ရဲ့ အရှိန်နဲ့ မြန်မာနိုင်ငံသားတွေကို တခြားလူမျိုးတွေလောက် မရက်စက်ဖူး။ ဖမ်းပြီး နေခွင့်ပေးပေမဲ့ အမေရိကားတို့လို့ permanent status မရကြဖူး။ အမြဲ ပြန်ပြန် သက်တမ်းတိုးကြရရှာတယ်။ ဒီတော့ (အို) သမားတွေ အသက်ရှင်ရေး အတွက် ဂျပန် က မြန်မာ နိုင်ငံရေး အဖွဲ့ တွေဟာ အခရာ လာကျကြတယ်။ ထောက်ခံစာ တွေ ၊ အတူတွဲရိုက်ထားတဲ့ ဓါတ်ပုံတွေဟာ သာဓက တွေ လာဖြစ်တယ်။ ဒါကြောင့် နိုင်ငံခြား က နံမည်ရှိတဲ့ နိုင်ငံရေးသမားတွေကို ခေါ်ပြီး ဟောပြောပွဲတွေလုပ် ၊ ဓါတ်ပုံရိုက် ၊ (လ၀က) (Immigration) ကိုတင်ပြ နဲ့ cottage industry လာဖြစ်ကြတာပေါ့။ ဂျပန်က အတိုက်ခံတစ်ယောက်ရဲ့ စကားနဲ့ပြေရရင် (အာလိမ်) industry ပေါ့။ အခြေအနေအရ (လိမ်) လျှောက်ကြရရှာတာပါ။ စာရေးသူ နားလည်ပေး နိုင်တယ်။

စာရေးသူ ဂျပန်ရောက်တော့ မိတ်ဆွေ တစ်ယောက် အဖမ်းခံရတာကြောင့် (လ၀က) အချုပ်ခန်းမှာ သွားတွေ့ဖူးတယ်။ လက်တွေ့ သိခဲ့ရတာပါ။

မြန်မာနိုင်ငံရေးကို တကယ်စိတ်ရင်း နဲ့ လုပ်တဲ့ လူငယ်လေးတွေလည်း အများကြီးရှိကြပါတယ်။ ဒီလိုရေခံမြေခံ ကောင်းတဲ့ ဂျပန် ကအဖွဲ့တွေ နဲ့ ဒီမို(လေ) တို့ချိပ်မိကြတယ်။ ဂျပန်မှာ က စားသောက်ဆိုင် လုပ်လည်း ဒီလောက်ပဲ ရတယ်။ ပုဂံဆေး လည်း ဒီလောက်ရအောင် စနစ် က ဖန်တီးပေးထားတယ်။ သနား စရာကောင်းတာက ဒီလူငယ်လေးတွေ ကရိုးသားတယ်။ စိတ်ဓါတ်ရှိတယ်။ ဒီတော့ ဒီလူငယ်လေးတွေက ဒီမီု(လေ) တို့အတွက် အထောက်အပံ့ လာဖြစ်ကြတယ်။ ဒီလူငယ်လေးတွေ ခမြာလည်း စိတ်ဓါတ်တာ ရှိကြတာ ၊ capacity ကတော့ အမြင့်ကြီး မဟုတ်ဖူးပေါ့။ ဒီတော့ ဒီမို(လေ) တို့လည်း ပေါ်ပြူလာ လူကြိုက်တဲ့ဟာ ၊ နံမည်ထွက်မဲ့ ဟာတွေ လိုက်လုပ်ရတော့တာပေါ့။ ဒါကြောင့် ဘုရ် (Bush) ကို အာရပ်တွေ ဖိနပ်နဲ့ ပေါက်တာ နံမည်ကြီး လာရင် လိုက်ပြီး ဖိနပ်နဲ့ ပေါက်။ Blogger တွေနံမည်ကြီးလာရင် ၊ ကိုယ်လည်း Blogger ထလုပ်ကြပေါ့။ အချင်းချင်း (ဖွ) စရာ ၊ (ချ) စရာရှိလည်း (ဖွ)ကြ ၊ (ချ)ကြပေါ့။

ဆက်ရန်

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...