Sunday, September 23, 2012

Education and Good Judgement.



တစ်ခါတုန်းက လမ်းဘေးဆိုင်လေးမှာ ဟော့ဒေါ့ရောင်းတဲ့လူတစ်ဦးရှိခဲ့တယ် ။ သူဟာ စာမတတ်တဲ့အတွက်ကြောင့်ဘယ်တော့မှသတင်းစာတွေမဖတ်ဘူး ။ သူဟာ နားသိပ်မကြားတဲ့အတွက် ဘယ်တော့မှ ရေဒီယိုနားမထောင်ဘူး ။ သူဟာ အမြင်အာရုံမွဲတဲ့အတွက်ကြောင့် ဘယ်တော့မှ ရုပ်မြင်သံကြားမကြည့်ဘူး ။ ဒါပေမယ့်သူ့ဝါသနာနဲ့စိတ်ထက်သန်မှုအရ သူဟာ ဟော့ဒေါ့တွေ အများကြီးရောင်းရတယ် ။

သူ့ရဲ့အကျိုးအမြတ်နဲ့ ရောင်းအားဟာ တဖြည်းဖြည်းမြင့်တက်လာခဲ့တယ် ။ သူဟာ အသားတွေ
များများပိုမှာတယ် ပြီါ်တော့ သူ့လုပ်ငန်းသူ ကြီးထွားအောင် ပိုကြီးပြီးပိုကောင်းတဲ့မီးဖိုတစ်ခုလည်း ၀ယ်ယူခဲ့တယ် ။ သူ့လုပ်ငန်းဟာ အောင်မြင်လာတဲ့အတွက် သူ့သားဖြစ်သူ တက္ကသိုလ်ကျောင်းဆင်းဟာ သူနဲ့အလုပ်အတူတွဲလုပ်ဖို့ ရောက်လာခဲ့တယ် ။

အဲဒီမှာ ထူးထူးဆန်းဆန်းပါပဲ ။ သားဖြစ်သူကမေးတယ် ။ “ အဖေ ..ကျွန်တော်တို့ အခု စီးပွားရေး ကျဆင်းလာနိုင်တာ အဖေ သတိမပြုမိဘူးလား ”

ဖခင်ဖြစ်သူကပြန်ဖြေတယ် “ ဟင့်အင်း ဒါပေမယ့် ငါ့ကို အဲဒီအကြောင်းပြောပြပါဦး ” သားဖြစ်သူက ဆက်ပြောတယ် “ အခုအပြည်ပြည်ဆိုင်ရာအခြေအနေတွေက အရမ်းကြောက်ဖို့ကောင်းအောင်ဆိုးရွားနေတယ် ပြည်တွင်းစီးပွားရေးအခြေအနေဆိုပိုတောင်ဆိုးသေးတယ် ကျွန်တော်တို့လာမယ့် ဆိုးရွားတဲ့အချိန်တွေအတွက်ကြိုတင်ပြင်ဆင်ထားသင့်တယ် ”

အဲဒီအချိန် ဟော့ဒေါ့ရောင်းတဲ့လူက စဉ်းစားတယ် ။ သူ့သားဟာ တက္ကသိုလ်ကျောင်းဆင်းလည်းဖြစ်တယ် သတင်းစာလည်းဖတ်တယ် ရေဒီယိုလည်းနားထောင်တယ် ဒီတော့ သူအရာရာကို သိနိုင်တယ်သူ့အကြံဥာဏ်ကို အပြင်းအထန်လိုက်နာသင့်တယ် လို့တွေးလိုက်တယ် ။ ဒါကြောင့်နောက်တစ်နေ့မှာ ဖခင်ဖြစ်သူက အသားမှာတာကို ရပ်ဆိုင်းလိုက်ပြီး အော်ဒါတွေကိုလည်းဖယ်ဖျက်လိုက်တယ် ။ အလုပ်ကိုလည်း အရင်လို စိတ်ဝင်တစားမလုပ်ခဲ့တော့ဘူး။ သိပ်မကြာခင်မှာပဲ လူတွေဟာ နည်းသထက်နည်းလာခဲ့ပြီး သူ့ဟော့ဒေါ့ဆိုင်လေးဟာ မရောင်းရသလောက်ဖြစ်လာခဲ့တယ် ။ ရောင်းအားဟာ လျှင်မြန်စွာကျဆင်းလာခဲ့တယ် ။ ဖခင်ဖြစ်သူကသားဖြစ်သူကိုပြောတယ် ။

“ သား မင်းမှန်တယ် ငါတို့အခု အခြေအနေဆိုးတွေအလယ်ကိုရောက်နေပြီမင်းငါ့ကို အချိန်မီသတိပေးတာ ငါအရမ်း ၀မ်းသာတယ် ”

-----------------------------------------------------

အကြိမ်ပေါင်းများစွာ ကျွန်တော်တို့ဟာ ဥာဏ်ရည်ဥာဏ်သွေးနဲ့ ကောင်းမွန်သော ဦးဆောင်ခြင်းကို လွဲမှားရှုပ်ထွေးစေလေ့ရှိကြတယ်

ဥာဏ်ရည်ဥာဏ်သွေးကောင်းတဲ့သူတစ်ယောက်မှာလည်း ခေါင်းဆောင်မှု ညံ့ဖျင်းခြင်းဆိုတာရှိနိုင်တယ် ။ ဥာဏ်ရည်ဥာဏ်သွေးကောင်းတိုင်း ဦးဆောင်နိုင်တယ်လို့ သင်မယုံကြည်ပါနဲ့ ။

သင့်ကို အကြံပေးသူတွေရဲ့ အကြံဥာဏ်တွေကို သေချာစွာ ရွေးချယ်ပါ ဒါပေမယ့် ဆုံးဖြတ်တဲ့အခါ သင့်ကိုယ်ပိုင် ဦးဆောင်မှုနဲ့သာဆုံးဖြတ်ပါ ။

အခြေအနေဆိုးတွေဆိုတာ သေသေချာချာပြန်စဉ်းစားကြည့်ရင်ကိုယ်ကိုယ်တိုင်ပဲ ဖန်တီးခဲ့တာ ဖြစ်နေတာများတယ် ။

သက်တန့်ချို
Education and Good Judgement. အားခံစားဘာသာပြန်သည် ။
 

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...