Sunday, September 9, 2012

♥♥ Brave elephant Mum & her baby ♥♥



ဆွစ်ဇလန်(Switzerland) နိုင်ငံသား Tourist Martin Nyfeler ဟာအဲ့ဒီအမျိုးသားဥယျာဉ် ကိုရောက်ခဲ့ စဉ်က ဒီအဖြစ်အပျက်ကိုမှတ်တမ်းတင်ရိုက်ကူးနိုင်ခဲ့တာပါ..။ ဆင်သားအမိ ဟာရေသောက်ဖို့ ချောင်းနံဘေးကိုရောက်လာခဲ့ပါတယ်..။ သူတို့ဟာအခိုက်ကတန့်တော့ ရေကို မသောက်သေးပဲ.. စူစမ်းတဲ့အနေနဲ့ ဂရုပြုစောင့်ကြည့်ပါသေးတယ်..။ ဒါပေမဲ့ ပုန်းကွယ်နေတဲ့ မုဆိုးမ
ိကျောင်းဟာ ပီပြင်လွန်းတာမို့ မိခင်ဆင်မကြီး အငိုက်မိသွားရတာပေါ့..။ ဒီနေရာမှ မိခင်တွေရဲ့မြင့်မြတ်တဲ့ ပေးဆပ်မှု.. အနစ်နာခံမှု.. နဲ့ အရဲစွန့်မှုတို့ကို တွေ့ရပါတယ်..။ မိခင်ဆင်မကြီးဟာ သူ့ကလေး ကိုသူ့ရဲ့နောက်မှာနေစေပြီး..သူကသာ ရေကိုအရင်စမ်းသပ်ပြီး စုတ်ယူသောက်သုံးကြည့်တာပါ..။ အန္တာရာယ်ကင်းမှ သူ့ကလေးကိုသောက်ခိုင်းမယ့်သဘောပေါ့..။ ဆင်မကြီးဟာ ပထမဆုံးရေကိုသောက်တဲ့အချိန်မှာပဲ.. ချိန်သားကိုက်စောင့်နေတဲ့ မိကျောင်းဟာ ဆင်မကြီးရဲ့ နှာမောင်းဖမ်းကိုက်လိုက်ပါတယ်..။ ဒါပေမဲ့ ရဲရင့်တဲ့ဆင်မကြီးဟာ တွေဝေမနေပဲ ချက်ချင်းပဲ မိကျောင်းရဲ့ဆွဲတာကိုအံတုပြီး မိကျောင်းကို ရေထဲကနေဆွဲထုတ်နေတော့တာပေါ့..။ မိကျောင်းကလည်း မလွတ်စတမ်းကိုကိုက်ခဲထားတယ်လေ..။ ဆင်မကြီးဟာ မိကျောင်းကို အကြိမ်ကြိမ်ခါချ ပေမဲ့ တော်ရုံနဲ့ မလွတ်နိုင်ဘူးဖြစ်နေတဲ့အချိန်မှာ အံ့သြစွာနဲ့ သူ့ကလေးဟာ မိကျောင်းရဲ့ နောက်ကျောကို သူ့ကိုယ်လုံးလေးနဲ့ ၀င်ပြီးဖိ လိုက်ပါတယ်..။ မိခင်ဆင်မကြီးရဲ့ ရုန်းအား နဲ့ သူ့ကလေးရဲ့မိကျောင်းကိုဖိတဲ့ အားတွေပေါင်းမိတဲ့ အခါမှာတော့.. မိကျောင်းဟာ လက်လွတ်အရှုံးပေးလိုက်ရတာပေါ့...။ အဲ့ဒီနောက်မှာတော့ ရဲရင့်တဲ့ ဆင်သားအမိဟာ သားရဲရဲ့ ဘေးကလွတ်ကင်းပြီး တောထဲကို အန္တာရာယ်ကင်းစွာနဲ့ ပြန်လည်ဝင်သွားနိုင်ခဲ့ပြီးမိကျောင်းဟာလည်းရေထဲကိုပြန်ဆင်းသွားခဲ့ပါတယ်....။

want to see short picture clips of Elephant getting attacked by Crocodile:http://www.youtube.com/watch?v=EmbphJAebBk

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...