စင်္ကာပူ ပညာရေးအတွေ့အကြုံ (အပိုင်း ၂) နှင့် သင်ခန်းစာအသစ်များ
Myanmar Network mail@myanmar-network.net
စင်္ကာပူ ပညာရေး အတွေ့အကြုံ (အပိုင်း ၂)
ဆရာမဒေါ်ခင်နှင်းစိုး၏ စင်္ကာပူ ပညာရေး အတွေ့အကြုံ (အပိုင်း ၂) ကို ယနေ့တင်ပေးထားပါသည်။
"နိုင်ငံခြားမှာ ကျောင်းတက်တဲ့အခါ အသက်ငယ်လေ၊ အဲဒီနိုင်ငံရဲ့ ပညာရေးစနစ်ထဲမှာ မြန်မြန်ဆန်ဆန် နေသားတကျပိုဖြစ်လေ ဖြစ်သည်။ သို့သော် အသက်ငယ်လေ အဲဒီနိုင်ငံရဲ့ စရိုက်၊ ဓလေ့ထုံးစံ၊ ပတ်ဝန်းကျင်တို့ လွှမ်းမိုးတာကို ပိုခံရတတ်လေလည်း ဖြစ်သည်။ အဲဒီအခါ ကိုယ့်မွေးနိုင်ငံရဲ့ ထုံးတမ်းစဉ်လာ၊ ဘာသာစကား စတာတို့ကို မမေ့ မပျောက်အောင်၊ မိဘတွေက ကိုယ့်သားသမီးကို ဘယ်လိုထိန်းသိမ်း လမ်းညွှန်မလဲဆိုတာ အရေးကြီးသည်။
စင်္ကာပူမှာ မြန်မာအသိုင်းအ၀န်း အတန်အသင့်ရှိတာကြောင့် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာတရား၊ အသိုင်းအ၀ိုင်းတို့နှင့် ကျမ အဆက်မပြတ်ခဲ့။ ဒါ့အပြင် ကျမက စာဖတ်ဝါသနာပါတော့ မြန်မာစာအုပ်များကို အမြဲဖတ်ရင်း၊ အိမ်မှာ မြန်မာလိုပြောရင်း မြန်မာဘာသာစကားကို အမြဲထိတွေ့နေခဲ့သည်။ ဒါ့အပြင် ကျမအမေက ကျမကို သူ့ထက်စာရေးကောင်းတယ်လို့ မြှောက်ပေးပြီး ဆွေမျိုးတွေဆီ အမြဲဒိုင်ခံ စာရေးခိုင်းခဲ့သည်။ ကျမအမေကျေးဇူးကြောင့် မြန်မာစာအရေးအပိုင်းမှာလည်း အဆက်မပြတ်ခဲ့ချေ။ ........ "
Read more: http://www.myanmar-network.net/forum/topics/3423487:Topic:714917
ကျုပ် - အဖိုး
အသင်းဝင်အသစ် ကိုအောင်မိုးဟိန်း၏ သုတဆောင်းပါး "ကျုပ် - အဖိုး" ကိုလည်း ဖတ်ရှုနိုင်ပါပြီ။
"ကျုပ်အဖိုး ကို ကျုပ်သိတာပေါ့။ ဒါပေမယ့် တစ်ကယ်တမ်း အရိုးသားဆုံး ၀န်ခံရရင်တော့ ... ကျုပ်အဖိုးအကြောင်းကို အများကြီးမသိဘူးဗျ။ ကျုပ်အဖိုးအကြောင်း ဆိုလို့ သူ့နာမည် ဦးဘသောင်း။ အသက်ကတော့ ၉၇ နှစ်လောက် ရှိပြီ ထင်တာပဲ။ အခုထိ အသက်ရှည်တုန်း။ လောလောဆယ် ကူမဲမှာ နေတယ်။ ဒီလောက်ပဲ။ အဲ့သည်ထက် ပိုပြီး မသိခဲ့ဘူး။ အသက်နှစ်ဆယ်ကျော်တဲ့ အထိပေါ့။ ...... "
Read more: http://www.myanmar-network.net/forum/topics/3423487:Topic:713838
Dog အသုံးအနှုံးများ
ဆရာကိုဇာနည် (My Way!) ၏ Dog အသုံးအနှုံးများ သင်ခန်းစာအသစ်ဖြစ်ပါသည်။
"မြန်မာစကားမှာခွေးကို မကောင်းတဲ့အနက်နဲ့ တွဲဖက်သုံးလေ့ရှိပါတယ်။ “ခွေးကျင့်ခွေးကြံ”၊ “ခွေးဖြစ်သွားမယ်”၊ “ခွေးသူတောင်းစား”၊ “ခွေးမြီးကောက်ကျည်တောက်စွပ်”၊ “ခွေအိုကြီးလက်ပေးသင်”၊ “ခွေးနဲ့ကြောင်လိုပဲ”၊ “ဆင်ခေါင်းခွေးချီ” ၊ “ခွေးတစ်ကောင်ကြောင်တစ်မြီးမှမရှိ”စသဖြင့်ရှိကြသလို အင်္ဂလိပ်ဘာသာစကားမှာလည်း ခပ်ဆင်ဆင်အသုံးတွေ၊ စကားပုံတွေ၊ အီဒီယံတွေရှိပါတယ်။ တစ်ချို့ကိုလေ့လာဖို့ ဖော်ပြပေးလိုက်ပါတယ်။ ...... "
Read more: http://www.myanmar-network.net/forum/topics/dog
Exam speaking - LearnEnglish Teens
Are you trying to imrpove your speaking for an English exam? Make sure you check out these tips!
If you can't think of a word while you're speaking what should you do?
(a) Try to think of another word for it or explain it.
(b) Change the subject to something you can speak about.
(c) Ask if you can use a dictionary to find the word.
Read more - http://learnenglishteens.britishcouncil.org/exams/exam-speaking/exam-speaking
ELTeCS bimonthly workshop
နှစ်လတစ်ကြိမ်ပြုလုပ်နေကြ ELTECS workshop များကို ၂၀၁၂ စက်တင်ဘာလ ၃၀ရက် (တနင်္ဂနွေနေ့)၊ နေ့လည် ၁၂း၀၀ မှ ၄း၄၀ အထိ ဗြိတိသျှကောင်စီတွင် ကျင်းပပြုလုပ်မှာဖြစ်ပါသည်။ တက်ရောက်လိုသူ စိတ်ပါဝင်စားသူများအားလုံး မှတ်ပုံတင်ကဒ်ပြား ယူဆောင်၍ လာရောက်နိုင်ပါသည်။ အစီအစဉ်အသေးစိတ်ကို ဤနေရာတွင် download ရယူနိုင်ပါသည်။ ဤအစီအစဉ်နှင့် ပါတ်သက်၍ သိလိုသည်များကို ဗြိတိသျှကောင်စီ၊ ဖုံး - ၂၅၆၂၉၀၊ ၂၅၆၂၉၁၊ ၂၅၄၆၅၈ တို့သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Visit Myanmar Network at: http://www.myanmar-network.net/?xg_source=msg_mes_network
0 comments:
Post a Comment