Sunday, September 9, 2012

ဘ၀ဆိုတာရယ်


မာမာ

ဒီခရီးကို သွားကြရ၀ယ်..
 တစ်နေ့ ပန်းတိုင် ရောက်နိုးရောက်နိုး
 နောက်ထပ်..အိပ်မက်တွေက တစ်ခုပြီးတစ်ခု။


.''ဖြစ်ချင်တာတွေ"နဲ့" ဖြစ်သင့်တာ" ကို ရှုပ်ထွေးအောင် စီမံတတ်သူကို
 ဘ၀ လို့ ခေါင်းစဉ်တပ်ခဲ့ဖူးတယ်...
 တကယ်တော့ ဘ၀ ခမျာ"ဖြစ်ချင်တာတွေ" " ဖြစ်သင့်တာတွေ" ဆိုတာကို မသိဘူး သူဟာသူ ဖြစ်ချင်သလို ကို ဖြစ်နေတာတဲ့၊
  
..ဖြစ်ချင်ရာဖြစ်နေတတ်တဲ့ ဘ၀ ကပေးတဲ့
 သင်ခန်းစာတွေက တစ်ခုပြီးတစ်ခု
 ဟန်ဆောင်ပြုံးပြနှုတ်ဆက်ကြ၊ လက်တွဲကူညီဖေးမကြ
 ကြင်ကြင်နာနာ ပြုံးပြနှုတ်ဆက်ကြ၊ မညာမတာ နင်းတတ်ကျော်ခွသွားကြနဲ့
 ခုရွာမလိုနဲ့ မငိုတဲ့မိုးတွေ..နေသာတုန်း ဗြုန်းဆိုရွာချတတ်ကြတယ်...
 အနေအထိုင်၊ အပြောအဆို မတတ်ပြန်တော့
 ခံစားချက်တွေ အလဲလဲ အကွဲကွဲ...
 ဒီလိုနဲ့ သင်ခန်းစာတွေ တစ်ခုပြီးတစ်ခု။

.တကယ်ဆို
 သင်ရိုးညွန်းတမ်း၊ သင်ရိုးမာတိကာတွေနဲ့
 စနစ်တကျရေးဆွဲထားတဲ့ ကျောင်းသုံးဖတ်စာလို
  ဘ၀ဖတ်စာ ရှိရင်ကောင်းမယ်
 အနည်းဆုံးတော့ နောက်နေ့ သင်ခန်းစာ ဘာလဲ ကြိုသိနိုင်တယ်လေ..
 (စာကျေရင် စာမေးပွဲ ဂုဏ်ထူးနဲ့တောင် အောင်ဦးမယ်)
 အခုတော့ ကိုယ်တိုင်ရေးတဲ့ ဘ၀စာမျက်နှာက ဖျက်ရာတွေ ဗရပွနဲ့..

.ဒီခရီးနီးလား..ဝေးလား..ငါ့မသိဘူး
 ငိုတလှည့် ရယ်တလှည့်နဲ့
 ဒီခရီးကို သွားကြရတယ်..
 တစ်နေ့ ပန်းတိုင် ရောက်နိုးရောက်နိုး
 နောက်ထပ်..အိပ်မက်တွေက တစ်ခုပြီးတစ်ခု
ဖြစ်ခြင်းတာရော ဖြစ်သင့်တာရော ဘာတွေလဲ
ငါမသိတော့ဘူး

-- 
အားလုံးပျော်ရွင်ပါစေ

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...