Thursday, September 6, 2012

ထာဝရ ကုသိုလ်.....



ဒီတခါအမြဲတမ်း ကုသိုလ်ပွားစေတတ်တဲ့ ထာဝရ ကုသိုလ် အကြောင်းပြောပြချင်ပါတယ်။
(တစ်ခါပြုထားရုံနဲ့ အမြဲတမ်း ကုသိုလ်ပွားများစေတတ်တဲ့ ထာဝရကုသိုလ် ဆိုတာရှိတယ်၊)
သာဝတ္တိပြည် ဇေတ၀န်ကျောင်းတော်မှာ နတ်သားတစ်ပါးရောက်လာပြီးမြတ်စွာဘုရားရှင်

အား "တစ်ခါပြုထားရုံ နဲ့အမြဲတမ်း ကုသိုလ်ရစေတတ်တဲ့ ဒါနမျိုးရှိပါသလား" လို့မေးမြန်းလျှောက်ထားပါသတဲ့၊၊ 

အဲ့ဒီအခါမှာမြတ်စွာဘုရားရှင်က " အိုနတ်သား...ပစ္စုပ္မန် တမလွန် နှစ်တန်ချမ်းသာမှန်ကို ရှာဖွေလိုတောင်းအမျိုးကောင်းသား အမျိုးကောင်းသမီးတို့သည်......."

(၁) ခရီးသွားသူများရှင်လူတို့ မပင်ပန်းရအောင် အရိပ်ခိုလို့ရတဲ့ သစ်ပင်ကြီးတွေ ဥယျာဉ် ပန်းခြံများစိုက်ပျိုး လှုဒါန်းခြင်း၊

(၂) ရွံ ညွံရေဗွက် သွားလာရခက်သဖြင့် စိတ်လက်ချမ်းသာ လွယ်ကူစွာကူးမြောက် ခရီးပေါက်ဖို့ တံတားဆောက်၍ လှုဒါန်းခြင်း၊(မြေဖို့၊ သဲခင်း၊တံတားသစ်ဆောက်၊တံတားဟောင်းပြင်၊ ၀ါးတံတား၊ သစ်သားတံတား၊ အုတ်တံတား)

(၃)လမ်းဆုံလမ်းမ လမ်းလေးခွ ၌ အေးမြကြည်လင် ရေအိုးစင် ကိုလည်းကောင်း၊ သောက်သုံးချိုးရန် ရေတွင်းရေကန်ကိုလည်းကောင်း၊ ဆောက်လုပ်လှုဒါန်းခြင်း၊

(၄) နေစရာထိုင်စရာ ဇရပ်၊တန်ဆောင်း၊ သိမ်၊ ကျောင်း ၊ဆိုတဲ့အဆောက်အဦး ၊စေတီ ပုထိုး၊ ကို လည်းကောင်း စေတနာသုံးရပ် ပြတ်ကြီးပြတ်၍ လေးမ်ြကြည်ဖြူ ဆောက်လုပ်လှုဒါန်းကြပါလေကုန်...။
ထိုကုသိုလ်တွေကို မြင်တွေ့ရတိုင်း၊ တွေးလိုက်တိုင်း သတိရတိုင်းမှာ အမြဲတမ်းကုသိုလ်တိုးပွားစေသဖြင့် ထာဝရကုသိုလ်များဖြစ်ပါတယ်....ကုသိုလ်ပီတိတွေလည်းဖြစ်ပေါ်လာစေပါတယ်.....၊၊၊၊၊၊၊၊၊လို့ဖြေကြားပေးလိုက်ပါတယ်။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...