Tuesday, September 11, 2012

ပြုပြင်ပြောင်းလဲမှုများက မြန်မာ့အာဏာ လွန်ဆွဲပွဲကို အများသိအောင် ဖော်ထုတ်


by အုပ်တစ်ချပ် သဲတစ်ပွင့် on Tuesday, September 11, 2012 at 2:58pm ·

 (Business Recorder မှ 9 September 2012 ရက်စွဲပါ “Reform lift veil on Myanmar power struggles”သတင်းကို ဘာသာပြန်ဆိုသည်။)

တပ်မတော်အစိုးရလက်အောက်တွင် နှစ်ပေါင်းများစွာနေခဲ့ရသော ပြည်သူများသည်အစိုးရအဖွဲ့အတွင်း ဖြစ်ပေါ်နေသော လွန်ဆွဲပွဲများ အကြောင်း ကို ဘာမှသိခဲ့ကြပေ။ 
သို့သော် မြန်မာနိုင်ငံသည် မနှစ်က နိုင်ငံရေး ပြောင်းလဲမှုလှိုင်းလုံး အပြီးတွင် ဒီမိုကရက်တစ် အင်စတီကျူးရှင်း အသစ်များကို ဖြေးဖြေးချင်း ခွင့်ပြု လာခဲ့သောကြောင့် အဆိုပါအာဏာ လွန်ဆွဲပွဲများသည် ယခုအခါ လူသိရှင်ကြား ထွက်ပေါ်လာသည်။


လူတစ်ဦး၏ လက်ထဲတွင် အာဏာကို ချုပ်ကိုင်ထားသော တပ်မတော် အစိုးရသည် ယခုအခါ “ဂျောင်း”သွားပြီ။ အာဏာရှင် အသစ်တစ်ယောက် ပေါ်လာချိန် (သို့မဟုတ်) သဘောမကျသော ဗိုလ်ချုပ်တစ်ယောက်ကို ဖမ်းဆီချိန်မျိုးတွင် အတွင်းကြိတ် ဆော်ခဲ့ကြသည့် ခေတ်လည်းကုန်သွားပြီ။

အခြေခံ ဥပဒေသစ် စတင်သက်ရောက်သည့် မနှစ်က မတ်လမှစ၍ အာဏာပါဝါသည် တပ်မတော် အစိုးရ အစားထိုး အရပ်သားတစ်ပိုင်း အစိုးရကို ဦးဆောင်သော ပြုပြင်ပြောင်းလဲရေးသမားဗိုလ်ချုပ်ဟောင်းများဆီသို့ ရောက်ရှိသွားသည်။ အထက်နှင့် အောက်လွှတ်တော် နှစ်ရပ်သည်လည်း ရွေးကောက် ခံနိုင်ငံရေး သမားများက အုပ်ချုပ်သူ အစိုးရအပေါ် ကြပ်မတ်နိုင်မည့် အာဏာကို စမ်းသပ်သည့် ခွင်တစ်ခု ဖြစ်လာသည်။

ထို့ပြင်သမ္မတ ဦးသိန်းစိန်နှင့် ၂၀၁၅ရွေးကောက်ပွဲအပြီးထိပ်သို့ ရောက်လာမည်ဟုတစ်ပြေးနေသော အောက်လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့အ ကြား ထိပ်တိုက်တွေ့နေမှုကို အနီးကပ် စောင့်ကြည့်နေသော ‘စင်’တစ်ခုဟု ဆိုလျှင်လည်း မမှားပေ။

ယခင် အစိုးရဟောင်းတွင် ထိပ်ပိုင်းခေါင်းဆောင်များ ဖြစ်ခဲ့သူ ၎င်းတို့နှစ်ဦးစလုံးသည် အစိုးရဟောင်းထံမှ အမွေရလိုက်သော ‘အထက်အောက် အတွေးအခေါ် လွှမ်းမိုးနေပြီး ယခုအခါ မည်သူကပိုမို ကြီးကျယ်သော ဒီမိုကရက်တစ် ဖြစ်မလဲဆိုသည်ကို ပြိုင်ဆိုင်နေကြသည်ဟု နိုင်ငံခြား သံတမန် တစ်ဦး က ဆိုသည်။

၎င်းတို့နှစ်ဦးကြား ဆက်ဆံရေးသည် အဆင်ပြေခြင်း မရှိဘဲ တပ်မတော် အစိုးရ မဖျက်သိမ်းခင် လပိုင်းများက မြစ်ဖျားခံ စတင်ခဲ့ဖွယ် ရှိသည်ဟု နိုင် ငံခြား သံတမန် တစ်ဦးက ဆိုသည်။

၂၀၁၁အစောပိုင်းတွင် ဦးသိန်းစိန်ကို သမ္မတရာထူး လျာထားလိုက်ပြီး ထိုစဉ်က ရာထူးအဆင့်ပို မြင့်သော ဦးရွှေမန်းက မူလအရိုက်အရာ ကျဆင်း သွားသည်ဟု နိုင်ငံရေး သတင်းရပ်ကွက် များစွာက ပြောကြားခဲ့သည်။

ယခုအချိန်အထိ သူတို့နှစ်ဦး ပြိုင်ဆိုင်နေကြသော်လည်း သူတို့စိတ်ကြိုက် အသုံးပြုနိုင်သော နည်းကိရိယာသစ်များ ရှိလာကြပြီဟု ဆိုသည်။ ယခင် က နှစ်ဦးစလုံး စာနယ်ဇင်း သတင်းဌာနများကို ရှောင်ရှားခဲ့ကြ ဖူးသော်လည်း ယခုအခါ အင်တာဗျူးများ သတင်းစာ ရှင်းလင်းပွဲများ ပြုလုပ်ကာ ခြေလှမ်း သွက် နေကြသည်။

တစ်ဦး၏ အဆိုပြုချက်ကို အခြားတစ်ဦးက ပိတ်ပင်သည့်အခါ မြန်မြန်ဆန်ဆန် တုန့်ပြန်ကြသည်။ လွှတ်တော်ရေးရာ ကော်မတီများက အစိုးရဝန် ကြီးများကို ခေါ်ယူမေးမြန်းနိုင်သည့် အခွင့်အလမ်းကို အခြေခံဥပဒေခုံရုံး တရားသူကြီး အဖွဲ့က ဖေဖော်ဝါရီလတွင် ပိတ်ပင်လိုက်ခြင်းကြောင့် လွှတ်တော် အမတ်များ ဒေါသထွက်ခဲ့ရသော ကိစ္စကို ၆လကြာ အငြင်းပွားခဲ့ပြီးနောက် ကြာသပတေးနေ့တွင် အခြေခံဥပဒေခုံရုံး တရားသူကြီး ကိုးဦးကို စွပ်စွဲအပြစ် တင် ရန် အောက်လွှတ်တော်က မဲပေးဆုံးဖြတ်ခဲ့သည်။

ယခုပြိုင်ဆိုင်မှုသည် မနှစ်က စစ်အုပ်ချုပ်ရေးမှာ အဆုံးသတ်ပြီး နောက်ပိုင်း ပထမဆုံး နိုင်ငံရေး ပဋိပက္ခကြီး တစ်ခုဖြစ်ပြီး အစိုးရက ဦးရွှေမန်း အ ပေါ်အားစမ်းခြင်းဟု ရှုမြင်ကြသည်။

“ဒါဟာ ပုဂ္ဂိုလ်ရေးပြိုင်ပွဲ တစ်ခုပါ”ဟု ဇန်နဝါရီလက ထောင်မှ လွတ်လာသော အယ်ဒီတာ ဇော်သက်ထွေးက ပြောကြားသည်။ဦးရွှေမန်းသည် အခြေခံ ဥပဒေခုံရုံးနှင့် အခြေအတင်ဖြစ်ခြင်းဖြင့် ကြီးကြီးမားမား စွန့်စားမှု ပြုလုပ်လိုက်သည်။ ဤကိစ္စကြောင့် အစိုးရ အဖွဲ့တွင်းမှ လမ်းရိုးဟောင်း ကွန်ဆာ ဗေးတစ်များ သာမကပဲ ဦးသိန်းစိန်နှင့် တရားသူကြီးများ အပါအဝင် လူများစွာကို အခက်တွေ့ သွားစေသည်ဟု ရန်ကုန်မှ အမည်မဖော်လိုသူ နိုင်ငံခြား အကဲ ခတ်သမား တစ်ဦးက ပြောကြားသည်။

အချို့အကဲခတ်လေ့လာသူ များကမူ “အစိုးရသစ်၏ နေ့စဉ်နိုင်ငံရေး ဘဝထဲတွင် တရားဝင်ရှိနေသေးသော တပ်မတော်က ယခုကိစ္စများကို ခြိမ်း ခြောက်မှု တစ်ခုဟု ယူဆပါက သည်းမခံဘဲ ပါဝင်လာ နိုင်သည်ဟု စိုးရိမ်ပူပန် နေရသည်။ အရှိန်နှေးကွေး နေရသည့်ကြားတွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း စဉ်အပေါ် အန္တရာယ်ရှိ လာနိုင်သည်ဟု သတိပေးကြသည်။ သို့သော် ပြုပြင်ပြောင်းလဲရေး စိတ်အားထက်သန်နေသော ထောက်ခံသူ အများစုကမူ ဒီမိုကရေစီသို့ သိသိသာသာ ဦးတည်နေသော နိုင်ငံတစ်ခုတွင် မလွှဲမရှောင်သာ တွေ့ကြုံရတတ်သည့် လမ်းလျှောက်သင်စ ပြဿနာ တစ်ခုမျှသာ ဖြစ် သည်ဟု အပြုသဘော သုံးသပ်ပြောဆိုကြသည်။

နာမည်ကျော် မြန်မာပညာရှင် ဦးအောင်ထွန်းသက်က “ခုံရုံးပြဿနာဟာ သတိပေး တပ်လှန့်မှုတစ်ခု မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ လှော်ရင်းနဲ့ လှေကို ဆောက်နေကြတာပါ။ ကျွန်တော်တို့ အားလုံးအတွက် အရာရာဟာ အသစ်အဆန်းပါပဲ။ လေ့လာသင်ယူရတဲ့အတိုင်းအတာကတော့ တော်တော်ကို စောက်နက်ပါတယ်”ဟု ပြောကြားသည်။

“အပျံသင်စ အင်စတီကျူးရှင်းတွေဟာ နိုင်ငံရေး အခင်းအကျင်း သစ်ထဲမှာရမယ့် သူတို့ရဲ့ ပါဝါအာဏာကို နားလည်သဘောပေါက်ဖို့ လိုအပ်ပါ တယ်”ဟု ၎င်းကဆက်လက် ပြောကြားသည်။

သို့သော်လည်း ဦးအောင်ထွန်းသက်က “ပြုပြင်ပြောင်းလဲရေး ကတိကဝတ်နှင့် ပတ်သက်၍ အနောက်အုပ်စုနှင့် ပြည်တွင်းအတိုက်အခံများကို ဖြေးဖြေးမှန်မှန် စည်းရုံးနေသော ပြောင်းလဲရေးဝါဒီ ဗိုလ်ချုပ်များ အနေဖြင့် အနည်းငယ်သာ အမှားခံခွင့်ရှိပြီး၊ အပြောင်းအလဲကို မောင်းနှင်ရန်အချိန် အကန့်အသတ် ရှိသည်”ဟု ဝန်ခံပြောကြားသည်။

အစိုးရ အနေဖြင့် နိုင်ငံဖွံ့ဖြိုးရေး၊ သာမာန်ပြည်သူတို့ ဘဝသိသိသာသာ တိုးတက်ရေး၊ တိုင်းရင်းသား ငြိမ်းချမ်းရေး ကိစ္စများကို ဆောင်ရွက်ရန် လို အပ်နေပြီး မအောင်မြင်ပါက ယုံကြည်စိတ်ချ ခံရမှုကို ဆုံးရှုံးသွား လိမ့်မည်ဟု ၎င်းက ပြောကြား သည်။

“ပြုပြင်ပြောင်းလဲရေး အစီအစဉ်အပေါ် အပိုင်းစီးမှု မှန်သမျှကို ကျွန်တော်တို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင် လမ်းကြောင်းကို အပျောက်မခံဘဲ မြန်မြန်ရလဒ် ထွက်ပေါ်လာအောင် ဘယ်လိုလုပ်ကြမလဲလို့ မေးစရာရှိပါတယ်။ ဒါကလျှာနဲ့သွားလို အမှားနဲ့ အမှန်တွဲနေတဲ့ ဝိရောဓိ တစ်ခုပါ”ဟု ဦးအောင်ထွန်းသက်က မှတ်ချက်ပေးသည်။
Yangon chronicle

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...