သစ်ထူးလွင် သတင်းစုစည်းမှု (၈-၉)
သစ်ထူးလွင်
|
- ဗိုလ်ချုပ်အောင်ဆန်း ဇာတ်ကားအတွက် သရုပ်ဆောင်သစ်တစ်ဦး ထပ်မံရွေးချယ်
- ဆရာတော် ဦးဥတ္တမနေ့ကို ပြန်လည်ကျင်းပခွင့်ပြု
- မိုးညှင်းခရိုင်အတွင်း တိုက်ပွဲများပြင်းပြင်းထန်ထန်ြ
ဖစ်ပွားနေ - ၅၀၀၀ တန် ဆင်းကဒ် ရောင်းမယ့် ရွှေပြည်တံခွန်ကုမ္ပဏ္ဏီ နဲ့ အင်တာဗျူး (ရုပ်/သံ)
- ဒီမိုကရေစီ စနစ်လက်မခံနိုင်တဲ့ လူတွေ သွားပေတော့လို့  သူရဦးရွှေမန်း ဆို
- မြိတ်မြို့ မှာ ရဲတပ်ဖွဲ့ ဝင်များ အထောက်အထားမရှိ အင်အားသုံး ၀င်ရောက်စီးနင်းမှု ဖြစ်ပွါး
- စက်တင်ဘာလ ၁၀ ရက်နေ့ ထုတ် The Voice Weekly Vol 8/ No 36
- တောင်တွင်းကြီးမြို့ တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကားလမ်း ၊ ရထားလမ်းတချို့ ပျက်စီး
- စစ်တပ်ထောက်ခံစာနဲ့ နွားမှောင်ခိုးကား ဖမ်းမိ
- ကူးတို့လှေနစ်မြုပ်မှုကြောင့် လူ ၁၃ ဦးသေဆုံး
- ပြည်သူ့လွှတ်တော် ၊တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ နှင့် ဥပဒေ ပညာရှင်များတွေ့ဆုံပွဲ
- တပ်ပိုင်လယ်တွေ အခမဲ့ ပြန်လည်လုပ်ကိုင်ခွင့်ပေး
- ရဲဘော် သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ကျော်ဇော မြန်မာနိုင်ငံပြန်ခွင့်ပြု
- ရာဇ၀တ်ဘေး ပြေးလျှင် လွတ်သည်လား
- ဘရာဇီးလ်နိုင်ငံထုတ် လေယာဉ်သစ်နှစ်စင်း နိုဝင်ဘာလတွင် ရောက်ရှိမည်
- မကျေနပ်မှုများကို သမ္မတရုံးဝက်ဆိုက်မှတဆင့် အွန်လိုင်းဖြင့် တိုင်ကြားနိုင်ပြီ
- လက်ပန်းတောင်းတောင် မပျောက်ပျက်ရန် မုံရွာဒေသခံ များ လက်မှတ်ရေးထိုး
Posted: 08 Sep 2012 07:00 AM PDT
ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ဇာတ်ကားမှာ ဗိုလ်ချုပ်နေရာက ပါဝင်သရုပ်ဆောင်မယ့်သူ ရွေးချယ်ပွဲကို ဒီကနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဓမ္မစေတီလမ်းနဲ့ ဦးဝိစာရလမ်းထောင့်မှာရှိတဲ့ ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးခန်းမှာ ကျင်းပခဲ့ပါတယ်။
RFA
ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ ရုံးဖြစ်ပါသည်။
ဗိုလ်ချုပ်ရုပ်ရှင်မှာ ဗိုလ်ချုပ်အဖြစ် သရုပ်ဆောင်မယ့်သူ နှစ်ဦးကို ရွေးချယ်ခဲ့ပြီး ဖြစ်ပေမဲ့ အဲဒီ အထဲက အဓိက သရုပ်ဆောင် မောင်ကျောက်ခဲ ပြီးခဲ့တဲ့ သြဂုတ်လက နှုတ်ထွက် သွားခဲ့တဲ့အတွက် သရုပ်ဆောင်သစ် တစ်ဦး ထပ်မံရွေးချယ်တာ ဖြစ်ပါတယ်။
ဒီကနေ့ ရွေးချယ်ပွဲနဲ့ ပတ်သက်လို့ လာရောက်ရွေးချယ်ခံသူ (၅) ဦးထဲက ကိုစိုင်းနော်ခမ်းက -
"ဗိုလ်ချုပ်ရဲ့ သက်စွန့်ဆံဖျားလုပ်ခဲ့တဲ့ လုပ်ငန်းတွေ၊ အသက်တွေ၊ မိမိရဲ့သွေးကို မြေပေါ်ကျချင်ကျပါစေ ဆိုပြီးတော့ ဒီလိုစိတ်ဓာတ်မျိုးနဲ့ အားထုတ်ခဲ့တာ ဗိုလ်ချုပ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ကျွန်တော်တို့တိုင်းပြည် အေးအေးချမ်းချမ်း နေရတဲ့ဟာတွေ၊ ကျွန်တော်က ကျေးဇူးဆပ်ခွင့် နောက်တစ်ကြိမ် ပြန်ပြီးကြုံတွေ့ရတယ်။ အခွင့်လေးပြန်ရတယ်ဆိုတာ အရမ်းလည်း ပျော်မိပါတယ်"
အခုတစ်ကြိမ် လာရောက် ရွေးချယ်ခံခဲ့သူတွေဟာ ယခင်ပဏာမ စာရင်းဝင် ခုနစ်ဦးထဲက အပြီးသတ် နှစ်ဦးကို ရွေးချယ်ပြီးနောက် ကျန်ခဲ့တဲ့ ငါးဦးဖြစ်ပါတယ်။ အဲဒီ (၅) ဦးထဲက အပြီးသတ် တစ်ဦးကို စိစစ်ပြီး လာမဲ့စက်တင်ဘာလ ၁၆ ရက်နေ့ ကျင်းပမယ့် ဗိုလ်ချုပ် ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ရဲ့ အစည်းဝေး အပြီးမှာ ရွေးချယ်ခံရသူ အမည်ကို ထုတ်ပြန်ကြေညာမှာ ဖြစ်တယ်လို့ သိရပါတယ်။RFA Burmese | ||||||||
Posted: 08 Sep 2012 06:55 AM PDT
ဆရာတော် ဦးဥတ္တမနေ့တွင် ဆရာတော်၊ သံဃာတော်များအား ပင့်ဖိတ်ပြီး ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ ဦးဥတ္တမပန်းခြံအတွင်းရှိ ဦးဥတ္တမ ကြေးရုပ်ရှေ့တွင် ဆီမီး၊ အမွှေးတိုင်များ ထွန်းညှိပူဇော်ခြင်း၊ လွမ်းသူ့ပန်းခွေများဖြင့် ကြည်ညိုပူဇော်ခြင်းများကို ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်ြး ဆရာတော်ဦးဥတ္တမနေ့ကို ၂၀၁၁ ခုနှစ်မှစတင်ကာ လွတ်လပ်စွာ ကျင်းပလာနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ ''အရင်တုန်းကကတော့ ဆရာတော်နေ့မှာ လွမ်းသူပန်းခွေချတာတို့၊ ဆရာတော်အကြောင်း ဟောပြောတာတွေကို လွတ်လပ်စွာ ပြုလုပ်ခွင့်မရခဲ့ဘူး။ အမြဲစောင့်ကြည့်ခြင်း ခံခဲ့ရတယ်။ အခုအစိုးရသစ်လက်ထက်မှာတော့ နေ့ထူးနေ့မြတ်တွေကို လုပ်ခွင့်ရလာတာ ၀မ်းသာကြိုဆိုပါတယ်''ဟု စစ်တွေမြို့ခံတစ်ဦး ကပြောကြောင်း Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။ | ||||||||
Posted: 08 Sep 2012 06:07 AM PDT
ကချင်ပြည်နယ် မိုးညှင်းခရိုင် အတွင်း၌ မြန်မာ့ တပ်မတော်နှင့် KIA စစ်တပ်တို့ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလျှက် ရှိကြောင်း ဒေသခံများထံက သိရှိရသည်။
“(၆) ရက်နေ့ ညနေ (၆) နာရီ ၀န်းကျင်လောက် ကစပြီး မော်ဟန်ကျေးရွာနဲ့ (၂)မိုင်အကွာလောက်မှာ အစိုးရ စစ်တပ်တွေနဲ့ KIA စစ်တပ်တွေ တိုက်နေကြတာ။ ညရောက်တဲ့အထိ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲ” ဟု မော်ဟန်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် ဒေသခံပြည်သူများနှင့် အနည်းငယ်သာကွာဝေးပြီး လက်နက်ကြီးများဖြင့် ပစ် ခတ်မှုများလည်း ရှိနေကြောင်း သိရသည်။ “၁၀ မိုင်လို့ခေါ်တဲ့ အစိုးရစစ်တပ်တွေ တပ်စွဲထားတဲ့နေရာက နေပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ပေးတယ် လို့ကြားတယ်။ အသံတွေကတော့ တော်တော်ကျယ်တယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။ စက်တင်ဘာ(၆)ရက်နေ့တွင် တိုက်ပွဲများ စတင်ဖြစ်ပွားပြီး နောက်တစ်နေ့ စက်တင်ဘာလ (၇) ရက်နေ့နံနက် (၈) နာရီဝန်းကျင်တွင်လည်း မော်ဟန်နှင့်နမ့်စီးအောင်ကျေးရွ “တိုက်ပွဲက တော်တော်ပြင်းထန်တယ်ဗျ ပစ်ခတ်သံတွေအကြာကြီး ကြားရတယ်။ လက်နက်ကြီးနဲ့ ပစ်သံတွေ လည်း ကြားရတယ်။ တိုက်ပွဲကြောင့် အနီးအနားရွာက လူတွေလည်း ရွာအပြင်ဘက်ကို မထွက်ရဲဘူး ဖြစ်နေ ကြတယ်”ဟု မိုးညှင်းခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပါတီအကြံပေး ဦးတင်ဝယ်က ပြောသည်။ ၎င်းတိုက်ပွဲကြောင့် မြစ်ကြီးနား-မန္တလေးရထားလမ်းကို စက်တင်ဘာလ (၇) ရက်နေ့မှစတင်ကာ ခေတ္တပိတ်ထား ရကြောင်းနှင့် လက်မှတ်ဖြတ်ပြီးသား ခရီးစဉ်များကိုလည်း ရွေ့ပြောင်းပေးခဲ့ရသည်။ “တိုက်ပွဲကြောင့် ရထားချိန်တွေမှန်တော့မှာ မဟုတ်ဘူး။ နောက်နေ့မနက် မန္တလေးတက်ဖို့အတွက် ရထား လက်မှတ်ဖြတ်တာတောင် မရဘူး”ဟု ဦးတင်ဝယ်က ပြောသည်။ သြဂုတ်လအတွင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် တိုက်ပွဲများပြင်းထန် ဖြစ်ပွားခဲ့ပြီး ကျေးရွာ(၁၀) ရွာကျော်မှ ဒေသခံများဖားကန့်မြို့ပေါ်သို့ တိမ်းရှောင်မှုများရှိခဲ့ပြီး အဆိုပါမြို့နယ်အတွင်းရှိ ကျောက်တူးဖော်ရေးလုပ်ငန်းများ လက်ရှိတွင် ဖားကန့်မြို့နယ်တွင် နှစ်ဘက် အခြေအနေမှာ ငြိမ်သက်နေကြောင်းနှင့် မြန်မာ့တပ်မတော်ဘက်မှ အင်အားဖြည့်တင်းမှုများရှိနေသည် ရန်နိုင်(မြစ်မခ) by Myit Makha Mediagroup | ||||||||
Posted: 08 Sep 2012 05:58 AM PDT
ဖုန်းဆင်းကဒ်တွေ ဈေးသက်သာဖို့ ရွှေပြည်တံခွန်ကုမ္ပဏ္ဏီက ကြိုးစား မြန်မာနိုင်ငံသူ နိုင်ငံသားတွေ မျှော်လင့် တောင့်တနေကြတဲ့ ဆက်သွယ်ရေး အဆင်ပြေပြီး ဖုန်းဆင်းကဒ်တွေ ဈေးသက်သာစေ ဖို့အတွက် ရွှေပြည်တံခွန် ကုမ္ပဏ္ဏီက ကြိုးစားဆောင်ရွက် နေတယ်လို့ သိရပါတယ်။
ဆင်းကဒ်မှာ အင်တာနက်အသုံးပြုနိုင်အောင် ဆွေးနွေးမှုတွေ ပြုလုပ် စီစဉ်မှာ ဖြစ်ပြီး ဆင်းကဒ်ထုတ်လုပ်နိုင်ရင် ဆက်သွယ်ရေးပိုမိုကောင်းမွန်လာမှ ရင်းနှီးမြှုပ်နှံမှုစီပွားရေး စနစ်ကို ဦးစားပေးဆောင်ရွက်နေတာကြောင့် လိုင်းကျတာမျိုးမရှိဘဲ နိုင်ငံတကာနဲ့ ချိတ်ဆက်နိုင်အောင် ထုတ်လုပ်မှာဖြစ်သလို ခေါ်ဆိုခနှုန်းထားတွေကိုလဲ ဈေးသက်သာအောင်လုပ်ဆောင် သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ ရုပ်/သံ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ အဆိုပါဆင်းကဒ်တွေထုတ်လုပ်နိုင် Burma VJ Media Network
| ||||||||
Posted: 08 Sep 2012 05:23 AM PDT
ဟု ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် စက်တင်ဘာ ၈ ရက်က ကျင်းပပြုလုပ်သော တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီနှင့်တရားသူကြီးဟောင်းမျ 7Day News Journal | ||||||||
Posted: 08 Sep 2012 04:47 AM PDT
စက်တင်ဘာလ ၇ ရက်နေ့  ည ၈ နာရီခန့်  က တနင်္သာရီတိုင်း မြိတ်မြို့ ကန်ခေါင်းရပ်ကွက် စကားဝါလမ်းရှိ ဦးအင်ရှိန်၊ ဒေါ်ခင်တင့် နေအိမ်ကို ရဲတပ်ဖွဲ့ ဝင် အင်အား ၃၀ ခန့် က ရပ်ကွက် လူကြီးများ ခေါ်ယူခြင်း မရှိသလို ရှာဖွေပုံစံများ ဖမ်းဝရမ်းများ မပါပဲ မင်းမဲ့စရိုက် ဆန်ဆန် ၀င်ရောက် စီးနင်းခဲ့ပါတယ်။
မြိတ်မြို့ မြိုမရဲစခန်းမှ ရဲအုပ်မြင့်လွင် ဦးစီးတဲ့ ရဲအင်အား ၃၀ ခန့် က ရုတ်တရက် ၀င်ရောက်လာပြီ အနီးအနားရှိ နေတဲ့ လူတွေကို ၀ိုင်းရိုက်ခြင်း မသင်္ကာတဲ့ လူမှန်သမျှကို တုတ်တွေ ၊ ဒိုင်းတွေ နဲ့ ချိန်ရွယ်ထားပြီး ထိုင်ခိုင်းထားခြင်းများ ပြုလုပ်ခဲ့ပါတယ်။ ဦးအင်ရှိန် ၊ ဒေါ်ခင်တင့် နေအိမ်ပေါ်ကိုလည်း ရဲတပ်ဖွဲ့ ဝင်တွေ အုပ်စုလိုက် တုတ်တွေနဲ့ တက်ပြေးလာတဲ့ အတွက် အိမ်ထဲမှာ ရှိနေတဲ့ ဒေါ်ခင်တင့် မှာ သွေးတက်ပြီး သတိမေ့သွားလို့ ယခုအခါ တော်ဝင်ဆေးရုံမှာ တင်ထားရတယ်လို့ မျက်မြင်သက်သေတွေက Myanmar News Now ကို ပြောပါတယ်။ ဒေါ်ခင်တင့် မှာ ဆီးချို ၊ နှလုံး နဲ့ သွေးတိုး ရောဂါတွေ ခံစားနေရချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေ ဒုတ်တွေ ဒိုင်းတွေ နဲ့ တက်လာလို့ လန့် ပြီး သတိမေ့သွားတာလို့ ဆိုပါတယ်။ ဒေါ်ခင်တင့် သတိမေ့သွားချိန်မှာ ရဲတပ်ဝင်တွေ ပြန်ထွက်သွားလို့ ရပ်ကွက်လူထုက ဆေးရုံ တင်ပို့ ပေးခဲ့ရတာ ဖြစ်ပါတယ်။ ရဲတွေနဲ့ အတူပါလာတဲ့ ရဲသတင်းပေး အရပ်သားကိုဝင်းမောင်(အဘ ဦးခင်မောင်ထွေး - ရင်ခွဲရုံ ၀န်ထမ်း) က လည်း ပတ်ဝန်ကျင်ရှိ အရပ်သားတွေ ရိုက်နှက်ခဲ့ပါတယ်။ အဆိုပါ မင်းမဲ့ စရိုက်ဆန်ဆန် ၀င်ရောက်စီးနင်းမှု ကို မကျေနပ်လို့ ရပ်ကွက်သူ ရပ်ကွက်သားများကို မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ကို တိုင်းကြားခဲ့ကြောင်းလည်း သိရပါတယ်။ မြိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလွင်ကိုဦး မှ ရဲအုပ်မြင့်လွင်ကို ခေါ်ယူစစ်ဆေးခဲ့သလို ရပ်ကွက်သူ / ရပ်ကွက်သားများ ကျေနပ်အောင်လည်း ဆောင်ရွက်ပေးမယ်လို့ ပြောပါတယ်။ ရဲတပ်ဖွဲ့ ကတော့ မူးယစ်ဆေးဝါမှုနဲ့ တိမ်းရှောင်နေတဲ့ ဘောင်းဘီးကြီး ဆိုတဲ့ တရားခံပြေးကို လိုက်လံဖမ်းဆီးရာကနေ ဒေါ်ခင်တင့် နေအိမ်အောက်မှာ ဆိုင်ကယ်လာပြင်နေတဲ့ ဆိုင်ကယ်ဟာ ဘောင်းဘီကြီး ဆိုင်ကယ်ဖြစ်နိုင်တယ်လို့ တွက်ဆပြီး အိမ်ပေါ်ကို ယခုလို ရပ်ကွက်လူကြီးတွေ မပါပဲ တက်ရောက်မိတဲ့ အကြောင်း ပြောပါတယ်။ ဒေါ်ခင်တင့် ကိုလည်း ရဲတပ်ဖွဲ့ ကပဲ ဆေးကုပေးမယ်လို့ ပြောပါတယ်။ ဒါပေမယ့် ရပ်ကွက်သူ ရပ်ကွက်သားတွေကတော့ အခုလို မင်းမဲ့စရိုက်ဆန်ဆန် ရပ်ကွက်လူကြီးမပါ၊ ဖမ်းဝရမ်းမပါပဲ အမှုနဲ့ ဘယ်လိုမှ ပါတ်သတ်မှု မရှိတဲ့ အိမ်ပေါ်ကို လက်နက်များနဲ့ တက်ရောက်ခြင်း အရပ်ထဲမှ လူများကိုလည်း ဥပဒေမဲ့ ရိုက်နှက်သွားခြင်း ၊ ၄င်းတို့ ကြောင့် သတိမေ့မြောသွားတဲ့ သူကို တာဝန်မဲ့စွာ ပစ်ပြေးသွားခြင်း တွေအတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ ကို အရေးယူအပစ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးကို တိုင်တန်းထားကြောင်း Myanmar New Now မှ စုံစမ်းသိရှိရပါတယ်။
| ||||||||
Posted: 08 Sep 2012 04:43 AM PDT
| ||||||||
Posted: 08 Sep 2012 03:24 AM PDT
မကွေးတိုင်း ဒေသကြီး တောင်တွင်းကြီး မြို့ နယ်တွင်း စက်တင်ဘာလ ၄ ရက်နေ့ မှ ၇ ရက်နေ့ အထိ နေ့ စဉ် မိုး ဆက်တိုက် ရွာသွန်းမှု ကြောင့် မီးရထားလမ်းနှင့် ကားလမ်းတချို့ ရေတိုက်စားခံရပြီး ပျက်စီးခဲ့ကြောင့် Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
အဆိုပါ မိုးရွာသွန်းမှုကြောင့် စက်တင်ဘာလ ၆ ရက်နေ့ နံနက် ၇ နာရီအချိန်က နေပြည်တော်-အောင်လံ-ပြည် မီးရထားလမ်းပိုင်း ပရပ်ကြယ်ဘူတာနှင့် သက္ကယ်ကျင်း ဘူတာ အကြား မိုင်တိုင် အမှတ် ၂၃၈/၁၈/၁၉ အကြား တံတားအမှတ် ၃၂၅ တောင်ငူချောင်းကူး တံတားမှာ ရေတိုက်စားမှု ကြောင့် ပျက်စီးသွားပြီ ရထားလမ်း ခတ္တပိတ်ထားခဲ့ ကြောင်းသိရပါတယ်။ ပျက်စီးသွားတဲ့ လမ်းပိုင်ကို မြန်မာ့မီးရထားမှ ဦးသန်းစိုး ဦးစီးပြီး လမ်းလုပ်သား ၂၁ ဦးနဲ့ ပြင်ဆင်နေပါတယ်။ ရထားလမ်းပြန်လည် ကောင်းမွန်ပါက ရထားများ ပုံမှန်ပြန်လည်ထွက်ခွါ နိုင်မှာ ဖြစ်ကြောင်း လမ်းလုပ်သားတွေက ပြောပါတယ်။ အလားတူ စက်တင်ဘာလ ၆ ရက်နေ့ ညပိုင်း က မိုးရွာသွန်းမှုကြောင့် ကြက်လျှာကျေးရွာ အုပ်စု ရေပြည့်ကျေးရွာ အနီး ဆင်ပေါင်ဝဲ ရိုးမပတ်လမ်း မိုင်တိုင်အမှတ် ၂၄၁/၁ နှင့် ၂၄၁/၂ အကြားရှိ ရေပြည့်-ရေကျော် ကားလမ်းမှာ ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ပါတယ်။ အဲဒီလမ်းကို ဖြတ်ကူးဖို့ လူနဲ့ သယ်ဆောင်ခ ဆိုင်ကယ်တဦး ကျပ်၃၀၀၀ ၊ လူတဦး ကျပ် ၃၀၀၀ ၊ ပီနံအိတ်တစ်လုံး ကျပ် ၃၀၀၀ အသီးသီး လုပ်အားခပေးဆောင်၍ ရေလမ်းကို ဖြတ်ကူးနေ ကြပါတယ်။ ရေပြန်မကျသေး၍ ပျက်စီးဆုံးရှုံးမှု တန်းဖိုးများအား မတွက်ရသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါအပြင် တောင်တွင်းကြီးမြို့ တောင်ပြင် ၂ ရပ်ကွက်ရှိ လူနေအိမ် ၂၀၀ နီးပါးခန့် မှာ အမြင့် ၂ ပေခန့် ရှိ ရေနစ်မြုပ်နေ ကြောင်းသိရပါတယ်။ ရေနစ်မြုပ်နေမှုကြောင့် ဖြစ်ပေါ်လာနိုင်သော ရပ်ကွက် အိမ်များတွင် ကလေးငယ်များ သွေးလွန် တုပ်ကွေး ရောဂါ မဖြစ်ပွားနိုင်ရန် သက်ဆိုင်ရာမှ ကြိုတင်ကာကွယ်မှုများ ပြုလုပ်ပေးစေလိုကြောင်း ဒေသခံ ရပ်ကွက်သူ ရပ်ကွက်သားများက ပြောပါတယ်။ ဟင်္သာ(တောင်တွင်းကြီး) | ||||||||
Posted: 08 Sep 2012 02:46 AM PDT
စက်တင်ဘာလ (၇)ရက်နေ့ က မကွေးတိုင်း ဒေသကြီး ချောက်မြို့ နယ် စမ်းစု နွားပွဲဈေးမှ ၀ယ်ယူလာသော နွားအကောင်(၂၀)ကို ၁ဂ/ ၂၅၀၄ (၁၂)ဘီးကားဖြင့် တင်ဆောင် ၍ လာစဉ် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီး မြို့ နယ် ဥက္ကံမြို့ သို့  အရောက်တွင် ဖမ်းဆီးမိကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။
အဆိုပါ နွားတွေမှာ သပွတ်ကုန်းရွာမှ ကိုစိုးနိုင် ပိုင်ဆိုင်သော နွား ချော နွားလှ ခိုင်း နွား များဖြစ်ပြီး ဖူးကြီး ဆခခ(၄) တပ် တစ်တပ် မှ ဗိုလ်ကြီး တစ်ဦးသည် စစ်တပ်ထောက်ခံချက် တစ်ခု ဖြင့် ကယ်ရီ လုပ်၍ သယ်ဆောင်လာတာလို့ သိရပါတယ်။ ဥက္ကံ မြို့ သို့  အရောက် မနက် (၄) နာရီ ခန့် မှာ တိုင်တန်းသူ တစ်ဦး ကြောင့် ဥက္ကံမြို့ ဘွက်ကုန်း စစ်ဆေးရေး ဂိတ်တွင် ဖမ်းမိသွားခြင်း ဖြစ်ပါတယ်။ ယခုအခါ ကယ်ရီလုပ်သည့် စစ်ဗိုလ်ကြီး အပါအ၀င် ကားမောင်း ဒရိုင်ဘာ၊ စပါယ်ယာ၊ နွားထိန်း လုပ်သား (၂)ဦး အား ဥက္ကံ မြို့  ရဲစခန်းက ၈(၁)/ ၈(၃) ပုဒ်မ နှင်. အရေးယူ ထားကြောင်း Myanmar News Now မှ စုံစမ်းသိရှိရပါတယ်။
| ||||||||
Posted: 08 Sep 2012 02:25 AM PDT
မကွေး၊ စက်တင်ဘာ - ၈
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် စက်တင်ဘာ ၄ ရက် နံနက် ၁၁ နာရီခန့်က ကျောချောင်း ၊ ကမ်းပါးဖြူ လှေဆိပ်မှ အခြားတစ်ဖက်သို့ ဖြတ်ကူးသည့် ကူးတို့လှေတစ်စီး တိမ်းမှောက်မှုကြောင့် လှေပေါ်ပါသူ ခရီးသည် ၄၁ ဦးအနက် ၁၃ ဦး သေဆုံးခဲ့သည်။ လှေတိမ်းမှောက်မှုဖြစ်စဉ်တွင် ၂၈ ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး သေဆုံးသူများအတွက်မကွေးတိုင်းေ အုပ်ချုပ်ရေးအဖွဲ့များက သေဆုံးသူတစ်ဦးလျင် ထောက်ပံ့ငွေ ၃၈၇၅၀၀ကျပ်၊ ဆန်သုံးအိတ်နှင့် အင်္ကျီသုံးထည်စီ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် လှေဝန်ထမ်း (၉)ဦးအား သက်ဆိုင်ရာမှ အရေးယူရန် ပြင်ဆင်လျက်ရှိပြီး တိမ်းမှောက်သွားခဲ့သည့် လှေမှာ ယင်းနေ့က လူ ၄၁ ဦးအပြင် ဆိုင်ကယ်(၅)စီးကိုပါ တင်ဆောင် မောင်းနှင်ခဲ့ခြင်းကြောင့် အလေးချိန် များပြားလွန်းသဖြင့်လည်းတိမ်းေ ဒေသခံသတင်းထောက်က သတင်းပေးပို့သည်။ "အဲဒီလှေဆိပ်က ပြဿနာရှိတယ်ဗျ။ လိုင်စင်ကိစ္စတွေ ဘာတွေပေါ့။ လှေတစ်စီးကို ဘယ်လောက်ပဲ တင်ရမယ်ဆိုပေမယ့် လိုက်နာမှု မရှိကြဘူး။ တချို့ဆိပ်ကမ်းတွေကတော့ လှေတစ်စီးကို လူဆယ်ဦးနဲ့ ဆိုင်ကယ်သုံးစီးပဲ တင်ရမယ် ဆိုတာမျိုးတွေတော့ ရှိတယ်"ဟု ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူများတွင် အနီးအနားမှဒေသခံများ ၊ဌာနဆိုင်ရာဝန်ထမ်းများ လှေသမားများနှင့် ကျောင်းဆရာမ စသည်တို့ပါဝင်ကြောင်းသိရသည်။ 7Day News Journal
| ||||||||
Posted: 08 Sep 2012 05:01 AM PDT
ကျင်းပပြုလုပ်သည့် ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ၊ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းများနှင့် ဥပဒေ ပညာရှင်များ တွေ့ဆုံပွဲ တွင် ဒေါ်အောင်ဆန်း စုကြည်က အမှာ စကားပြော ကြားရာမှာ တရားဥပဒေ စိုးမိုးရေးသည် လက်ရှိ အခြေ အနေ၌ ပြည်သူတို့၏ ယုံကြည်ထားမှု ၊ ပြည်သူ အများ၏ အကြား ရောက်ရှိနေသာ ဥပဒေ ကိစ္စရပ်များ ။ ကော်မတီဥက္ကဌ အနေဖြင့် လုပ်ငန်းများကို စတင် လုပ်ဆောင် သည့်အခါ ခေတ် အဆက်ဆက် ဖြတ်သန်းခဲ့သော ၊ ရင့်ကျက်မှုရှိသော ပုဂ္ဂိုလ် များထံမှသင်ယူ လိုသော ကိစ္စများရှိနေသောကြောင့် ယခုကဲ့သို့ တွေ့ဆုံပွဲကို ဖိတ်ခေါ်ကျင်းပ ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ကာကွယ်ရေး၊ ပြည်ထဲရေး အစရှိသည့် ဌာနများကိုလည်း ဖိတ်ခေါ်ထားကြောင်း၊ ပြည်သူများ ၄င်းတို့ ၏ အခွင့် အရေး ကို သိရှိ နားလည် ရန်နှင့် ထို အခွင့်ရေး ကို ကာကွယ်ခြင်း အားဖြင့် ဥပဒေကို မြင့်တင်ပေးနိုင် မည်ဖြစ်ကြောင်း သို့မှသာ တရားဥဒေ စိုးမိုးရေး အတွက် ပြည့်ဝစွာ လုပ်ကိုင် ဆောင်ရွက် သွားနိုင်မည်ဟု ထင်ကြောင်း ပြောကြားသွားသည်။ ယင်းအစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နှင့် ကော်မတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့မှ အမှာ စကားပြောကြားပြီး၊ တိုင်းရင်း သားရေးရာ ကော်မတီဝင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ နှင့် ဥပဒေ ပညာရှင်များ တက်ရောက်လာကြ ကြောင်းသိရသည်။ Popular Myanmar News Journal
| ||||||||
Posted: 07 Sep 2012 11:07 PM PDT
ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ကျေးရွာအနီးရှိ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ - ၇) လက်အောက်ခံ ခလရ ၁၀၂ တပ်ရင်းပိုင်လယ်တွေကို ဒေသခံလူထုအား ယခုနှစ်အတွင်း အခမဲ့စိုက်ပျိုး လုပ်ကိုင်ခွင့် ပေးထားတယ်လို့ သိရပါတယ်။
တပ်ပိုင်လယ်ကို စိုက်ပျိုးလုပ်ကိုင်နေတဲ့ ဒီးမော့ဆိုမြို့မှ ဒေသခံတဦးက “စစ်တပ်ကပိုင်တဲ့ လယ်တွေအရင်က ငှားပြီးလုပ်စား နေကြတဲ့သူတွေကို အခု အလကားလုပ်ခိုင်းတယ်။ လယ်လုပ်စားခ မယူတော့ဘူးပေါ့။ ကိုယ်ပိုင်တော့ မဟုတ်ဘူး ၁၀၂ တပ်ရင်းက ပိုင်တဲ့ လယ်တွေပါ” လို့ ပြောပါတယ်။ ၁၀၂ တပ်ရင်းပိုင် လယ်တွေမှာ မိုးစပါးအပါအဝင် နွေစပါးစိုက်ပျိုး လုပ်ကိုင်ထားကြသည့် ဒေသခံတွေကို ၂၀၁၂ ခုနှစ်အတွက် လယ်သီးစားခ ပေးဆောင် ခဲ့ပြီးသည့် တောင်သူတွေကို လည်း ငွေတွေပြန်းအမ်းပေးနေတယ်လို့ သိရပါတယ်။ နွေစပါးစိုက်ပျိုးလုပ်ကိုင်ခဲ့ လယ်သီးစားခအဖြင့် တစ်ဧကလျှင် တစ်သီးစား စပါး ၁၄ ပုံးပေးဆောင်ရပြီး စပါးမပေးနိုင်ရင် စပါး ၁၄ ပုံးနှင့် ညီမျှတဲ့ပေါက်ဈေး အတိုင်း ငွေကြေးတန်ဖိုးကို ပေးဆောင်ခဲ့ကြရတာပါ။ လယ်မြေတွေက အစိုးရပိုင်မြေဖြစ်ပြီး စစ်မှုထမ်းဟောင်းအဖွဲ့ကို ယာယီပေးထားတဲ့လယ်တွေဖြစ်ကာ စစ်တပ်ကနေ ပြန်ယူ ထားတာ ဖြစ်ပါတယ်။ မြေစာရင်းဌာနမှ စာရင်းအရ ဦးပိုင် ၂၃၊ အမှတ် (၁၄) ကွင်းက ဧက ၂၀၀ လောက်ရှိတဲ့ လယ်မြေဟာ ဧက၂၀ က စိုက်ပျိုးရေးဌာနက ပိုင်ဆိုင်ပြီး၊ ဧက ၁၀၀ နီးပါးကတော့ ၄၂၇ တပ်ရင်းကပိုင်ဆိုင်တာ ဖြစ်ကာ ကျန်တဲ့ ၈၇ ဧက ကတော့ ၁၀၂ တပ်ရင်းကပိုင်တာဖြစ်ပါတယ်။ (၁၀၂) တပ်ရင်းပိုင်တဲ့ ၈၇ ဧကကို အခမဲ့ စိုက်ပျိုးလုပ်ကိုင်ခွင့် ပေးထားတာဖြစ်ပါတယ်။ ခမရ (၄၂၇)တပ်ရင်း ကပိုင်တဲ့ လယ်တွေကိုတော့ ဒေသခံများအား အခမဲ့လုပ်ကိုင်ခွင့်ပြုတယ် မပြုဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဲဒီ တပ်ပိုင်လယ်တွေကို ငွေတောင်၊ ဒေါငံခါး၊ မြို့မ၊ ညောင်ကုန်းကျေးရွာ တွေဘက်က တောင်သူတွေက ဧက အနည်းငယ်စီမှာ စိုက်ပျိုးလုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင်(၁၀၂) တပ်ရင်းကနေသိမ်းထားတဲ့ ဒေါကလိုးခူ၊ ဒေါကလိုက်လင်၊ ဒေါတမငယ်၊ ဒေါဒူ၊ ပါဒေါဒူ၊ ဒေါပေါ်ကလဲရွာက ဒေသခံတွေရဲ့ လယ်ဧက ၁၅၀ ခန့်ကိုလည်း ယခင်က လယ်သီးစားခယူပြီးငှားရမ်း လုပ်ကိုင်ခွင့်ပေးခဲ့တဲ့ လယ်တွေကိုလည်း ယခုနှစ်အတွင်း အခကြေးငွေမယူတော့ဘူးလို့ သိရပါတယ်။ အဲဒီလယ်တွေဟာ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ဒေသခံ တောင်သူလယ်သမားတွေရဲ့ လယ်ယာမြေတွေဖြစ်ပြီး ၁၉၈၆ ခုနှစ်က စစ်တပ်ရဲ့ သိမ်းဆည်းခြင်းခံခဲ့ရတဲ့ လယ်တွေဖြစ်ပါတယ်။ ဒေါငံခါးကျေးရွာအုပ်စု၊ ငွေတောင်အုပ်စု၊ မြို့မအုပ်စု၊ သေးဆူလဲအုပ်စုနှင့် ၆ မိုင်ကျေးရွာအုပ်စုတွေက ဒေသခံတွေဟာ ၁၉၉၀-၉၁ ခုနှစ်တုန်းက တပ်ပိုင်လယ်တွေမှာ လုပ်အားပေး လယ်လုပ်ပေးခဲ့ကြရတာ ဖြစ်ပါတယ်။ မကြာသေးမှီကာလကလည်း အဆိုပါ (၁၀၂) တပ်ရင်းက လယ်တွေထပ်တိုးချဲ့ဖို့ ဆိုင်းဘုတ်တွေကို လိုက်ပြီးစိုက်ထူ နေခဲ့လို့ ဒေသခံတချို့က သက်ဆိုင်ရာအစိုးရဌာနတွေဆီကို စာရေးပေးပို့ခဲ့ကြတယ်လို့ လည်း သိရပါတယ်။ တပ်ပိုင်လယ်အနီးမှာ လယ်လုပ်နေတဲ့ တောင်သူတဦးက “လယ်တွေသိမ်းထားတဲ့အထဲက နောက်ထပ် ဆိုင်းဘုတ်တွေနဲ့  လယ်တွေတိုးချဲ့လာတယ်။ သူများတွေ တင်ပြထားတော့ သူတို့စိုက်ထားတဲ့ ဆိုင်းဘုတ် တွေအားလုံးကို ပြန်ရုတ်သိမ်းသွားခဲ့တယ်” လို့ ပြောပါတယ်။ ကန္တာရ၀တီတိုင်း(မ်)
| ||||||||
Posted: 07 Sep 2012 10:54 PM PDT
မြန်မာနိုင်ငံ ပြန်လာ၍ ရွှေတိဂုံ စေတီတော်ကို ဖူးမျှော်လိုသည်ဟု ထုတ်ဖော် ပြောဆို
လာသော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ် ကျော်ဇော ကို နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က မြန်မာနိုင်ငံ ပြန်လာရန် ခွင့်ပြုလိုက်ပြီး ပြန်လာပါက ကြိုဆိုပါကြောင်း ၎င်း၏မိသားစု ကိုအကြောင်း ပြန်ကြားထားသည်ဟု နိုင်ငံတော်သမ္မရုံး ၀န်ကြီး ဦးအောင်မင်းက --- သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ
| ||||||||
Posted: 07 Sep 2012 10:56 AM PDT
ရှေးစကား တစ်ခုရှိသည်။ ရာဇ၀တ် ဘေး ပြေးမလွတ်ဟု ဖြစ်သည်။ သို့သော် မာဂျေမြင်နေ ရသည်က ရာဇ၀တ်ဘေး ပြေးလျှင် လွတ် တတ်သည်ဟု ဆိုရမလို ဖြစ်နေသည်။ ရှေးစကား နှင့်တော့ ဖီလာ ဆန့်ကျင် ဖြစ်နေသည်။ ရှင်းပါအံ့။ တစ်ခေတ်က အကောက်ခွန်ဝန်ထမ်း များကို အစုလိုက် အပြုံလိုက် ထောင်ထဲ ထည့်ခဲ့သည်။ ---
ဆောင်းပါး အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ | ||||||||
Posted: 07 Sep 2012 10:19 AM PDT
လေယာဉ် သစ်နှစ်စင်းမှာ ဘရာဇီးလ် နိုင်ငံ SOA JOSE JOS မြို့ရှိ Embraer လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်သည့် E-၁၉၀ လေယာဉ် အမျိုးအစားဖြစ်ပြီး မြန်မာ့ လေကြောင်းတွင် နှစ် ၃၀ ၀န်းကျင်ခန့် ပျံသန်းပြေးဆွဲခဲ့ပြီး သက်တမ်း ကုန် ဆုံးတော့မည်ဖြစ်သော ဖော်ကာ အက်ဖ် ၂၈ လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန် စီစဉ် ထား သည်ဟု မြန်မာ့လေကြောင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းထွန်းက ပြောသည်။ မြန်မာ့လေကြောင်းအနေဖြင့် အက်ဖ် ၂၈ လေယာဉ်များနေရာတွင် တရုတ် နိုင်ငံထုတ် CRJ-900 လေယာဉ်များကို ၀ယ်ယူ အစားထိုး ရန် ပထမစတင်စီစဉ်ခဲ့ခြင |
0 comments:
Post a Comment