Wednesday, September 5, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၅-၉)


သစ်ထူးလွင်


Posted: 05 Sep 2012 04:45 AM PDT
ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျောချောင်းကို ဖြတ်ကူးတဲ့ ကမ်းမဖြူ ကူးတို့ဆိပ်မှာ မနေ့ နံနက် ၁၁ နာရီလောက်မှာ လှေမှောက်တဲ့အတွက် လူ ၁ ဦး အလောင်းရှာတွေ့ပြီး လူအယောက် ၂၀ ကျော် ပျောက်ဆုံးနေတယ်လို့ ပေါက်မြို့နယ် ရဲစခန်းက ပြောပါတယ်။

ပေါက်မြို့ကို ပြန်အ၀င်မှာဖြစ်ပြီး လှေပေါ်မှာ လိုက်ပါလာတဲ့သူတွေထဲက ပညာရေးဌာနမှ ဆရာမ ၅ ဦးမှာ ၁ ဦးကို ကယ်တင်နိုင်ပြီး ၄ ဦးရေထဲ မျောပါသွားခဲ့ပါတယ်။ မနေ့က ညနေပိုင်းမှာ ညောင်ဝန်ပေါက် အစိုးရကျောင်းက ဆရာမ မနှင်းနှင်းဝေရဲ့ အလောင်းကို ရှာတွေ့ခဲ့တယ်လို့ဆိုပါတယ်။

ပေါက်မြို့နယ် ဒေသခံတဦး “လှေသမားက ၆ ယောက်သေတယ်။ အလောင်းရှာမတွေ့သေးဘူး။ over weight ဖြစ်သွားတာပေါ့။ ဆိုင်ကယ် ၅ စီးပါတယ်။ လူက ၄၀ လောက်ရှိမယ်။ ကျောင်းဆရာမ ၅ ဦးပါသွားတာ လှေသမား တဦးက ကယ်နိုင်လို့ တဦးပဲ အသက်ရှင်တယ်။ ကျန်တဲ့ ၄ ဦးမှာ တဦးက အလောင်းရတယ်။ ၃ ဦး အလောင်းမရသေးဘူး။”

ပျောက်ဆုံးနေတဲ့ ဆရာမ ၃ ဦးမှာ အင်းတော်ကျေးရွာက ဒေါ်လှသိန်း၊ ဒေါ်ခင်မြတ်နွယ်နဲ့ နံ့သာရွာက ဆရာမတဦးတို့ ဖြစ်ပါတယ်။ မနှစ်က ယောချောင်း၊ ကျောချောင်း ရေကြီးပြီး တံတားတွေကျိုးခဲ့ရာ တံတားတွေကို ပြန်ပြင် မဆောက်နိုင်သေးတဲ့အတွက် ကူးတို့လှေတွေ အသုံးပြုနေရတာလည်း ဖြစ်ပါတယ်။
လှေပေါ် လိုက်ပါလာတဲ့ ခရီးသည်တွေနဲ့ လှေထိုးသား စုစုပေါင်း ၁၇ ဦးသာ အသက်ရှင်ခဲ့တယ်လို့ သိရပြီး မြို့နယ်ရဲတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့တို့ကနေ လှေမှောက်လို့ ပျောက်ဆုံးနေတဲ့သူတွေကို ရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

by ဒီဗွီဘီ

Posted: 05 Sep 2012 04:43 AM PDT
အဝေးပြေး လမ်းတွေပေါ်မှာ ယာဉ်သတ် မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ ယာဉ်တွေကို လက်ဆုပ် လက်ကိုင် ဖမ်းဆီး အရေးယူဖို့ အတွက် ရေဒါစနစ်ကို အသုံးပြုတော့ မယ်လို့ အမြန် လမ်းမကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ပြောပါတယ်။

နေပြည်တော် ၁၉၅ မိုင်စခန်းမှာ ရှင်းလင်းပွဲမှာ ရဲမှူးကြီးက ပြောဆိုလိုက်တာ ဖြစ်ပြီး အဲဒီ REDFLEX Traffic System လို့ခေါ်တဲ့ အရှိန်ထိန်းတိုင်းကိရိယာဟာ သတ်မှတ်ရှိန်ထက် ပိုမောင်းတဲ့ယာဉ်တွေကို တိုင်းတာမှတ်သားနိုင်ပြီး အရေးယူနိုင်မယ်လို့ ရှင်းပြပါတယ်။

ဒီကိရိယာဟာ ၆ လမ်းသွား အသုံးပြုလမ်းတွေအထိ သတ်မှတ်မိုင်နှုန်းထက် ပိုမောင်းတဲ့ယာဉ်တွေကို ဓာတ်ပုံ၊ သတ်မှတ်မိုင်နှုန်း၊ ကားအမြန်နှုန်း၊ သတ်မှတ်လမ်းပိုင်း၊ ရက်စွဲ၊ အချိန်၊ ရှေးရှုရာအရပ်နဲ့ တည်နေရာတွေကို မှတ်တမ်းတင် အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာက တိကျမှုပိုင်းဆိုင်ရာ  အာမခံချက်ရထားတဲ့ ဒီကိရိယာဟာ နေရာရွှေ့ပြောင်းရ လွယ်ကူပြီး ကားငယ်လေးတွေပေါ်မှာ တင်ဆောင် အလုပ် လုပ်နိုင်ပါတယ်။  တစုံကို အမေရိကန်ဒေါ်လာ ၇ သောင်း ကျသင့်တဲ့ ဒီကိရိယာကို  မြန်မာနိုင်ငံက ၂ လုံး ၀ယ်ယူထားပြီး မကြာခင် သုံးတော့မယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

အရှိန်နှုန်းဖမ်းတွေ သုံးရတာဟာ အဝေးပြေးလမ်းတွေပေါ် ယာဉ်ထိခိုက်မှုတွေ အနက် သတ်မှတ်မိုင်နှုန်းထက် အရှိန်ပိုမောင်းလို့ဖြစ်ရတဲ့ ယာဉ်ထိခိုက်မှုတွေက ပိုများလို့ ဖြစ်တယ်လို့ ရဲမှူးကြီးက သတင်းထောက်တွေကိုရှင်းပြပါတယ်။

ဒီနှစ် ဇွန်၊ ဇူလိုင်နဲ့ သြဂုတ်လတွေမှာ ယာဉ်တိမ်းမှောက်မှု ၄၅ ခုဖြစ်ပွားပြီး ၁၇ ဦးသေဆုံး၊ ၄၇ ဦးဒဏ်ရာရတဲ့အနက်မှာ တ၀က်ကျော်က မိုင်နှုန်း ပိုမြင့်တဲ့အတွက် ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

အဲဒီကိရိယာ အလုပ်လုပ်ပုံအဆင့်ဆင့်ကို နိုင်ငံခြားသားပညာရှင်တဦးက ရန်ကုန် – မန္တလေး အဝေးပြေးလမ်းမပေါ် စမ်းသပ်ပြရာမှာ ဓာတ်ပုံရော၊ မိုင်နှုန်းနဲ့ တည်နေရာပါ ရိုက်ကူးမှတ်တမ်းတင်ပြီး ကွန်ပြူတာဒိုင်ခွက်မှာ ပြသတယ်လို့ ဆိုပါတယ်။

ကင်မရာကလည်း 12.0M pixel အရည်အသွေးရှိပြီး ကင်မရာ အမြန်နှုန်းမြင့်လို့ ၁ နာရီကို 400 KM/H နဲ့ မောင်းရင်တောင် ဓာတ်ပုံ ၂ ခါ ရိုက်နိုင်တဲ့အထိ အရည်အသွေးရှိတယ်လို့ ဆိုပါတယ်။

ယာဉ်ငယ်တစီးပေါ် တင်ဆောင်သယ်ယူဖို့ လွယ်ကူတာကြောင့် အမြန်လမ်းမ တကြော ရွှေ့ပြောင်း စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အရင်က မြန်မာပြည်မှာ သုံးတဲ့ လေဆာ စနစ်က အမှားအယွင်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

by ​အေး​နိုင် (ဒီဗွီဘီ)
အရှိန်ထိန်းကိရိယာ အလုပ်လုပ်ပုံအဆင့်ဆင့် ရှင်းပြနေစဉ်



Posted: 05 Sep 2012 03:50 AM PDT
မန္တလေး၊ စက်တင်ဘာလ ၅

မန္တလေးမြို့တော်ပြည်ကြီးတံခွန်မြို့နယ် (ဈ)ရပ်ကွက်၊ ၆၆လမ်းနှင့် ၆၇လမ်းကြား၊ ယောမင်းကြီးလမ်းနှင့် ဖိုးရာဇာလမ်းကြားရှိ မြစ်ဝါ ပရိဘောဂ စက်ရုံတွင် စက်တင်ဘာ ၅ ရက်နေ့ နံနက် ၂နာရီ ခွဲခန့်က အိပ်ရာပေါ် ခြင်ဆေးခွေ ထွန်းညှိရာမှ မီး
လောင်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများနှင့် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းနေစဉ် ဖြစ်ပေါ်သော အဆိုပါ မီးလောင်မှုကြောင့် ပေ (၄၀'/၆၀')အကျယ် ထရံကာ သွပ်မိုး(၃)ထပ် အိမ်(၁)လုံး၊ ပေ(၂၅'/၅၀')အကျယ် ထရံကာသွပ်မိုး ၂ ထပ်အိမ် ၁လုံး၊ ပေ (၂၅'/၅၀')အကျယ် တစ်ထပ်အိမ် ၁လုံး၊ ပေ(၃၀'/၅၀')အကျယ် နံကပ်သွပ်မိုး အိမ်(၁)လုံး၊ စုစုပေါင်း အိမ် (၄)လုံး မီးလောင်ခဲ့ပြီး အဆောက်အဦးဆုံးရှုံးငွေကျပ်(၇၃၄၀၀၀၀)သိန်း ကုန်ကျခဲ့ကြောင်း၊ ငွေကျပ် ငါးသောင်းတန်ဖိုးရှိ သစ်ဖြတ်စ (၁၀)တန်နှင့် ဝါပိဿာချိန် (၂၀၀)အတွက် တန်ဖိုးငွေကျပ် နှစ်သောင်း ဆုံးရှုံးခဲ့ကြောင်း ဗဟိုမီးသတ်ဦးစီးမှ သိရှိရသည်။

မီးလောင်မှုဖြစ်ပွားသည့် မြစ်ဝါပရိဘောဂစက်ရုံပိုင်ရှင် ဦးအောင်နိုင် နှင့် ညစောင့် ဦးစိုးနိုင် (၁၉)နှစ် အဘ ဦးလှမင်း တို့အား မန္တလေးမြို့  ပြည်ကြီးတံခွန် အမှတ် (၁၁) အဆင့်မြင့်ရဲစခန်းမှ ပ-၅၂၃/၂၀၁၂ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မီးသတ်ဦးစီးဌာနမှ သိရှိရသည်။

The Voice Weekly




Posted: 05 Sep 2012 02:58 AM PDT
ရတနာပုံ အသင်းနှင့် ဇေယျာရွှေမြေ အသင်းတို့ သြဂုတ်လ ၁၉ ရက်နေ့ ကစားစဉ် အတွင်း ရတနာပုံ အသင်းကို အားပေးသည့် ပရိသတ်မှ ကစားကွင်း အတွင်းသို့ ကျောက်ခဲ၊ ရေသန့်ဘူး၊ သစ်သားစ ငယ်များဖြင့် ပစ်ပေါက် ခြင်းကြောင့် ရတနာပုံ အသင်းကို----
သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 05 Sep 2012 03:07 AM PDT

 ပြင်ဆင် ဖွဲ့စည်း ခဲ့သည့် ပြည်ထောင်စု  အစိုးရ အဖွဲ့ ၀န်ကြီး ဌာနများနှင့်
 ပြည်ထောင်စု ၀န်ကြီးများ စာရင်း

(၁) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး -ဒုတိယ ဗိုလ်ချုပ်ကြီး ဝေလွင်
(၂) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး - ဒုတိယ ဗိုလ်ချူပ်ကြီး ကိုကို

ဝန်ကြီးများ စာရင်း အပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ







Posted: 05 Sep 2012 03:13 AM PDT
နေပြည်တော်၊ စက်တင်ဘာ ၅

အမျိုးသားလွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် အခြေခံဥပဒေခုံရုံးအား စွပ်စွဲပြစ်တင်ခြင်း ကိစ္စကို ပြည်သူ့လွှတ်တော် စုံစမ်းရေးအဖွဲ့က စစ်ဆေးရန် ခုံရုံးသို့ အကြောင်းကြားခဲ့သော်လည်း တစ်ဦးတစ်ယောက်မှ လာရောက်ခြင်း မရှိခြင်းမှာ ခုံရုံးသည် အခြေခံဥပဒေအား မခန့်လေးစား လုပ်နေခြင်းသာ ဖြစ်ကြောင်း----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ



Posted: 05 Sep 2012 12:21 AM PDT
ဒီဗွီဘီ ၀၅ စက်တင်ဘာ ၂၀၁၂

အရင် စစ်အစိုးရ လက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာ ပြည်ထောင်စုဝန်ကြီး တဦးရဲ့ လစာကို တလ ကျပ် သိန်း ၃၀ ခံစားဖို့ ပြဋ္ဌာန်းထားပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရ တာဝန်ယူစဉ်ကစပြီး ယနေ့ အချိန်ထိ တလ ကျပ် ၆ သိန်းသာ ရယူခံစားနေကြောင်း သမ္မတရုံး ၀န်ကြီး ဦးစိုးမောင်က ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ သူက ခုလို ရှင်းပြတာဖြစ်ပြီး ဒုဝန်ကြီးတွေလည်း လစာ ကျပ် သိန်း ၂၀ ပြဋ္ဌာန်းထားပေမယ့် ကျပ် ၄ သိန်းခွဲသာ ရယူခံစားနေတယ်လို့ ပြောပါတယ်။

လက်ရှိ အစိုးရအဖွဲ့မှာ သမ္မတ ရုံးဝန်ကြီး ၆ ယောက်ထားတာကို များတယ်လို့ ဝေဖန်တာနဲ့ ပတ်သက်ပြီး သူက အီတလီမှာ ၀န်ကြီးချုပ်ရုံး ၀န်ကြီး ၆ ပါး၊ ထိုင်း ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ စင်ကာပူ ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၃ ပါး၊ လာအို အစိုးရ အဖွဲ့ရုံးမှာ ၀န်ကြီး ၆ ပါး၊ မလေးရှား ၀န်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၆ ပါး၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ရုံးမှာ ၀န်ကြီး ၁၂ ပါးအထိ ခန့်အပ် အလုပ်လုပ်နေတယ် ဆိုပြီး ရှင်းပါတယ်။

DVB TV News

Posted: 04 Sep 2012 10:03 PM PDT
မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စက်မှု လုပ်ငန်းရှင် များသည် SME လုပ်ငန်းများ အတွက် ထုတ်ချေး ထားသော ဘဏ်ချေးငွေ များအား လုပ်ငန်း လည်ပတ် မှုတွင် ထိရောက်စွာ အသုံးမချပဲ မိသားစုစား ၀တ်နေရေး တွင် အသုံးချမှု များရှိနေကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဦးသိန်းဇော်က ထုတ်ဖော်ပြောကြား လိုက်သည်။

“တချို့အမှုတွဲတွေလာတာတွေ့နေရတာက လုပ်ငန်းအတွက်ထုတ်ယူ တဲ့ ချေးငွေတွေမှာ သားသမီး တွေကိုကျောင်း အပ်ပစ်တာ၊ သားသမီးတွေကို မင်္ဂလာဆောင်ပေး လိုက်တာမျိုးတွေရှိနေတယ်” ဟု ယင်းက ဆိုသည်။

မြန်မာနိုင်ငံ၏ လက်ရှိဘဏ်ချေးငွေမှာ တစ်နှစ်စာအတိုးနှုံး ၁၃ရာခိုင်နှုံးသတမှတ်ထားသော်လည်း အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်းများ အတွက် မြန်မာ့စက်မှုလက်မှုဖွံ့ဖြိုးရး ဏ်မှ အတိုးနှုံး ၁၂ ရာခိုင်နှုံးဖြင့်ချေးငွေများ ထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ့စက်မှုလုပ်ငန်းများတိုးတက်လာစေရေးတွင် အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများကို ကနဦးပြုပြင်ပြောင်းလဲရေးများ အရှိန် အဟုန်မြှင့်ပေးနိုင်ရန်မှာ အရေးကြီးသကဲ့သို့ ဘဏ်ချေးငွေ ချထားပေး နိုင်ရေးမှာ အဓိကကျသည့်တွန်းအားဖြစ်သကဲ့သို့ လက်ရှိအနေအထားတွင်ဘဏ်ချေးငွေရရှိမှု မှာ အားနည်း နေသေးကြောင်း လုပ်ငန်းရှင်အသိုင်းအ၀ိုင်းမှ သုံးသပ်မှုများရှိနေသည် ကိုလည်းတွေ့ရသည်။

ယင်းနှင့်ပတ်သက်၍ကမ္ဘောဇဘဏ်ဒုတယဥက္ကဌ ဦးသန်းလွင်က “ SMEs တွေအတွက် အာမခံကုမ္ပဏီတွေ အများကြီးက အာမခံပေးနိုင်ဖို့ လိုတယ်။အာမခံပေးသင့် မသင့်ကိုလည်းသေချာ စစ်ဆေးပေးနိုင်ရမယ်။ ဘဏ်တိုးနှုံး ၁၂ ရာခိုင်နှုံးဆိုတာတော်တော်လေး သက်သာတယ်ဆိုပေးမယ့် လက်ရှိအနေအထားမှာ များနေသေးတယ်ဆိုတာ လက်ခံပါတယ်။ တခြားအာဆီယံနိုင်ငံတွေမှာ ၅ ရာခိုင်နှုံး ၆ ရာခိုင်နှုံးပဲရှိတယ်။ စင်္ကာပုမှာဆို အများကြီးသက်သာတာ တွေ့ရပါတယ်” ဟု သုံးသပ်ပြသည်။

လက်ရှိတွင် SMEs လုပ်ငန်းများမှာ အတိုးနှုံးကြောင့် ဒဏ်ပိနေခြင်းများလည်းရှိနေကြောင်းနှင့် ပြန်လည် ထူထောင်နိုင်ရေး ဘဏ်တိုးနှုံးများကိုလည်း သက်သာသည့်နှုံးထားတစ်ခုသို့ ညှိနှိုင်းသွားရန်လို အပ် နေကြောင်း လည်း ယင်းကဆက်လက်သုံးသပ်သည်။

“ဘဏ်တိုးနှုံးတွေလည်း SMEs တွေပြန်လည်ထူထောင်ရေး ညှိနှိုင်းသင့်ပါတယ်။ဒါပေမဲ့ အပ်သူနဲ့ ချေးသူ ကြားနစ်နာမှုမ၇ှိအောင်လုပ်ရပါမယ်။ အတိုးနှုံးဟာ ဗဟိုဘဏ်ရဲ့အရေးကြီးတဲ့ ဖြေရှင်းစရာပါ” ဟု ဦးသန်းလွင်က မှတ်ချက်ပြုပြောကြားသည်။

SMEs လုပ်ငန်းများအား လိုအပ်သလို ဘဏ်ချေးငွေချထားပေးနိုင်မှု မရှိသေးကြောင်းနှင့် ဘဏ်များအနေဖြင့် လည်းချေးငွေများမဆုံးရှုံးရေးမှာ အရေးကြီးနေကြောင်း နှင့် ဘဏ်အပ်ငွေများအတွက် အပ်သူအကာ အကွယ် ပေးရေး မှာလည်း အရေးကြီးကြောင်း ဗဟိုဘဏ် ဒုတိယညွှန်ကြားရေးမှူး ချုပ်ဦးသိန်းဇော်က သုံးသပ်ပြောကြား သည်။

မြန်မာနိုင်ငံရှိဘဏ်များမှ ၂၀၁၂ ဇွန်လကုန်အထိ SMEs များသို့ ထုတ်ချေးထားသည့် ချေးငွေပမာဏ မှာ ကျပ်သန်းပေါင်း ၃ ဒသမ ၇သန်းကျော်ရှိပြီးကုန်သွယ်မှု ၊ဆောက်လုပ်ရေး နှင့် ပို့ဆောင်ရေး ကဏ္ဍများတွင် အများဆုံး ထုတ်ချေးထားကြောင်းသိရသည်။

၂၀၁၂ ဇွန်လအထိကောက်ယူထားသည့်စစိတမ်းများအရ မြန်မာနိုင်ငံတွင် အသေးစားစက်မှုလုပ်ငန်းပေါင်း ၃၁၁၃၇ ခုနှင့် အလတ်စား စက်မှုလုပ်ငန်းပေါင်း ၇၂၈၇ ခု ရှိရာ အသေးစားစက်မှု လုပ်ငန်းမှာ ၈၈ဒသမ၈၈ အထိ၇ှိနေ သည်။

တည်ကြည်အေး - Yangon Media Group




Posted: 04 Sep 2012 09:44 PM PDT
စက်တင်ဘာလ ၄ ရက်နေ့က ကမ္ဘာတလွှားနဲ့ အမေရိကန် ပြည်ထောင်စုက စာအုပ်ဆိုင်တွေမှာ စတင် ရောင်းချတဲ့ No Easy Days မလွယ်ကူလှတဲ့ နေ့- အမည်ရှိ စာအုပ်ဟာ မနှစ်က ပါကစ္စတန်နိုင်ငံမှာ အယ်လ်ကိုင်းဒါး အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အိုစမာဘင်လာဒင်ကို သွားရောက် သုတ်သင်စဉ်က ---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဘင်လာဒင်ကို သုတ်သင်သည့်စစ်ဆင်ရေးမှာ ပါဝင်တဲ့ တပ်ဖွဲ့ဝင်တဦးရေးတဲ့ "No Easy Day: စာအုပ်အဖုံး။



Posted: 04 Sep 2012 09:38 PM PDT
အမေရိကန် နိုင်ငံရဲ့ လက်ရှိ သမ္မတ ရွေးကောက်ပွဲ စည်းရုံး လှုံ့ဆော်ရေး ကမ်ပိန်းတွေ စနေချိန်မှာ အမေရိကန် နိုင်ငံရေးကို လေ့လာနိုင်ဖို့ မြန်မာနိုင်ငံက နိုင်ငံရေး ပါတီတွေကို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက ဖိတ်ကြားခဲ့ပါတယ်။ Managing Media and Public relations  ဆိုတဲ့ သတင်းမီဒီယာ နဲ့ ပြည်သူ့ ဆက်ဆံရေး အစီအစဉ်နဲ့ အမေရိကန် နိုင်ငံ၊ ၀ါရှင်တန် ဒီစီကို ပါတီ ကိုယ်စားလှယ်တွေ ရောက်လာကြ တာဖြစ်ပါတယ်။

ဒီအကြောင်းကို လေ့လာရေး ခရီးရောက်နေတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေကို ဆက်သွယ် မေးမြန်းပြီးတော့ မဆုမွန်က တင်ဆက်ပေးထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပထမဆုံးအကြိမ် နိုင်ငံရေးပါတီတွေကို ဖိတ်ကြားတဲ့ သတင်း မီဒီယာနဲ့ ပြည်သူ့ ဆက်ဆံရေးအစီအစဉ်နဲ့ မြန်မာနိုင်ငံက နိုင်ငံရေးပါတီ ၈ ပါတီရဲ့ကိုယ်စားလှယ်တွေ အမေရိကန်နိုင်ငံကို လာရောက်ခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးပါတီစုံက ကိုယ်စားလှယ်တွေအနေနဲ့ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ ပါလီမန် လွှတ်တော်တွင်းက ဥပဒေပြု အမတ်တွေရဲ့ လွှတ်တော်တွင်း လှုပ်ရှားမှုတွေကို အနီးကပ် လေ့လာခွင့် ရသလို အမေရိကန်နိုင်ငံသမ္မတ ရွေးကောက်ပွဲ မှာ ဒီမိုကရက်တစ်နဲ့ ရီပတ်ဘလီကင် ပါတီကြီးနှစ် ပါတီရဲ့ စည်းရုံး လှုံ့ဆော်ရေးဆင်းတဲ့ ကမ်ပိန်းပွဲတွေကို သွားရောက် လေ့လာခွင့်ရခဲ့ကြပါတယ်။

စည်းရုံးဟောပြောပွဲ ကမ်ပိန်းတွေရဲ့ လှုပ်ရှားမှုတွေကို လေ့လာခွင့်ရခဲ့တဲ့အခါ ဒီမိုကရေစီ နည်းစနစ် ကျကျ လှုပ်ရှား မှုတွေမှာ အခြေခံကအစ ကွာခြားမှု ရှိတာကို တွေ့ခဲ့ရတယ်လို့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) က ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကိုသန်းဇော်အောင်က ဗွီအိုအေ မြန်မာပိုင်း ကို ပြောပါတယ်။

“ထူးခြားတာက ဒီမှာ အားလုံးက နိုင်ငံရေးနဲ့ပတ်သက်ပြီး awareness ရှိတယ်လေ။ ကျနော်တို့ ကမ်ပိန်းတွေမှာဆိုရင် ကလေးလေးတွေကအစ မိဘတွေက ကလေးတွေကိုခေါ်လာတယ်။ ငါးနှစ်၊ ဆယ်နှစ်လောက်ရှိတဲ့ ကလေးတွေပါ လာပြီး တော့ တက်ပြီးတော့နားထောင်တယ်။ နောက်ပြီးတော့ အဲ့ဒီ့မှာပဲ Mitt Romney ကမ်ပိန်းရှေ့မှာပဲ Mitt Romney ကို ဆန့်ကျင်တဲ့ အုပ်စုတွေက ဆန္ဒပြ တယ်ပေါ့လေ။ ဒီလိုမျိုး လွတ်လပ်တဲ့ဟာတွေ ကျနော်တို့တွေ့ခဲ့ရတယ်။ ကျနော်တို့ ဆီမှာလည်း ဒီလိုမျိုးပေါ့။ ပြည်သူတွေက နိုင်ငံရေး ရေချိန်တွေ အများကြီး တက်လာဖို့လည်း လိုတယ်လေ။

အဲ့လိုဖြစ် အောင် ကျနော်တို့ဘက်ကလည်း ကြိုးစားရမှာပေါ့။ မြန်မာပြည်မှာ ပြန်လုပ်ဖို့ကတော့ ပါတီတွေနဲ့ ပတ်သက်ပြီးတော့ ကိုယ့် ကမ်ပိန်းတွေမှာ ဘယ်လို massage ပေးမယ်။ နောက် ပြည်သူ လူထုနဲ့ ဆက်ဆံတဲ့အခါ ဘာတွေကို ထိရောက်အောင် ဘယ်လို ဆောင်ရွက်မယ်ဆိုတာတွေ သိခွင့်ရတယ်လေ။”

ချင်းအမျိုးသားပါတီက အတွင်းရေးမှူး (၁) Salai Thiang Uk Thang ကိုငယ်ပီးက အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီစနစ်နဲ့  လက်တွေ့ကျကျ အကောင်အထည် ဖော်နေတာတွေကို လေ့လာမိသလို ပြည်ထောင်စု အစိုးရနဲ့ ပြည်ထောင်စုရဲ့ အုပ်ချုပ်ရေးအာဏာ ခွဲဝေမှုဆိုင်ရာတွေကို လေ့လာခွင့်ရခဲ့တယ်လို့ အခုလို ပြောပါတယ်။

“ဒီမှာ ထွန်းကားပြီးသား Democratic Value နဲ့ Practice တွေ ရှိပြီးသားတွေ ကျနော်တို့ လာ လေ့လာ ခွင့် ရတယ်။ Public ပေါ်လစီနဲ့ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုရဲ့ အာဏာခွဲဝေမှုတွေအကြောင်း သိရတယ်။ အုပ်ချုပ်ရေးကဏ္ဍနဲ့ Civil Society ကဏ္ဍတွေရဲ့ ချိတ်ဆက်မှုတွေလည်း လေ့လာခွင့် ရတယ်။ ပြီးတော့ သူများတွေက ဘယ်လိုလုပ်ထားတော့ ကိုယ်နဲ့ ဘယ်လိုကိုက်ညီမလဲ ဆိုတဲ့ အဖြေရှာမှုတွေအတွက်လည်း အကျိုးပြုမှာပါ။ အဓိက-ကတော့ အာဏာခွဲဝေမှုပိုင်း ဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့နိုင်ငံမှာ ဘယ်ပုံဘယ်နည်းနဲ့ ချဉ်းကပ်ရင် ကောင်းမလဲဆိုတဲ့ အဖြေ ထုတ်နိုင်မယ့် နည်းလမ်းတစ်ခုခုတော့ ပြန်သယ်သွားနိုင်မယ်လို့ မျှော်လင့်ပါတယ်။

ဒီမှာတော့ နိုင်ငံသားတိုင်းရဲ့ ထည့်ဝင်ငွေနဲ့ အစိုးရရဲ့ ဘဏ္ဍာငွေက လည်ပတ်တယ်။ ကျနော်တို့ဆီ မှာတော့ တွင်းထွက်ပစ္စည်းတွေနဲ့ ခရိုနီတွေရဲ့ Tax နဲ့ ပြည်သူအားလုံးရဲ့ ပါဝင်မှုကြောင့်မဟုတ်ဘဲနဲ့ လည်ပတ်နေတဲ့ ငွေရေးကြေးရေးပေါ့။ အစိုးရအသုံးစားရိတ်တွေက အစ ကွဲခြားချက် တွေ့ရပါတယ်။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ RNDP က ရန်ကုန်တိုင်းဒေသကြီးရဲ့ ဆက်သွယ်ရေးမှူး ကိုမောင်ဝင်းစိုးကတော့ နိုင်ငံရေးပါတီတွေနဲ့ အခြေခံလူမှု အဖွဲ့အစည်းတွေကြား လက်တွဲ လုပ်ဆောင်နေတဲ့ လူပ်ရှားမှုတွေကို လေ့လာနိုင်ခဲ့တယ် လို့ ဆိုပါတယ်။

“အမေရိကန်နိုင်ငံနဲ့ နိုင်ငံရေးပါတီတွေနဲ့ ဒီ Civil Soceity လို့ခေါ်တဲ့ လူ့အရပ်အဖွဲ့အစည်းတွေနဲ့ သူတို့အလုပ်လုပ်တဲ့ ပုံ ပေါ့နော်။ အစိုးရကနေ ပေးတဲ့ မတ်ဆေ့တွေကို ပြည်သူပြည်သားတွေကို ဘယ်လိုပို့ပေးလဲဆိုတဲ့ နည်းစနစ်တွေပေါ့နော်။ အဲဒါကို ကျနော်တို့ အဓိက လေ့လာရပါတယ်။ ကမ်ပိန်းလုပ်နေတဲ့လူကြီးတွေနဲ့ ကျနော်တို့တွေ့ခဲ့ရတယ်။ စကားတွေ ပြောချင်တဲ့ မတ်ဆေ့တွေကို ကျနော်တို့ ပွင့်ပွင့်လင်းလင်းပြောခွင့်ရလို့ အကျိုးရှိပါတယ်။”

အခုလိုမျိုး အမေရိကန်နိုင်ငံရေးလောက-က ပုဂ္ဂိုလ်တွေနဲ့ ပွင့်ပွင့်လင်းလင်း ပြောခွင့် လေ့လာခွင့် ရခဲ့သလို အမေရိကန် နိုင်ငံ သတင်းမီဒီယာ စီမံခန့်ခွဲမှုနဲ့ ပြည်သူ့ဆက်ဆံရေးကဏ္ဍမှာ မိမိတို့ရဲ့ လွတ်လပ်စွာပြောဆိုပိုင်ခွင့်တွေ ရှိနေတာကို တွေ့ရှိခဲ့ရတယ်လို့ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက အထွေထွေအတွင်းရေးမှူး Wali Ullah က ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့ နယ်ရဲ့အတွင်းရေးမှူး ကိုစိုင်းဝင်းမြင့်ကတော့ အမေရိကန်ပြည်သူလူထုရဲ့ နိုင်ငံရေး အမြင်၊ မြန် မာပြည်သူလူထုရဲ့ နိုင်ငံရေးအမြင်၊ နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ လေ့လာ သုံးသပ်ချက်ကို အခုလို ပြောပါတယ်။

“ဒီမှာက နိုင်ငံရေး awareness တွေအများကြီးရှိပါတယ်။ ကျနော်တို့ဆီမှာနဲ့ လုံးဝကွာခြားပါတယ်။ ကျနော်တို့ဆီမှာက ပြည်သူလူထု မဲပေးတဲ့စနစ်ကအစ သင်ပေးနေရတဲ့အဆင့်၊ ဒီမှာက နိုင်ငံရေး အားလုံးကို နားလည်ပြီးတော့မှ ကိုယ် ကြိုက်တဲ့ ပါတီကို ရွေးချယ် မဲပေးတဲ့အဆင့်။ ဒီလိုမျိုး ကွာခြား မှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာ ကတော့ ဘယ်ပါတီက လုပ်ဆောင်မှု က ကောင်းတယ်။ ဘယ်ပါတီက လုပ်ဆောင်မှုက မကောင်းဘူးဆိုတာ မရွေးတက်ဘူး။ နိုင်ငံရေး ဆိုတာ ဘာမှန်းကို မသိတဲ့ အခြေအနေမှာပဲ ရှိပါတယ်။ တအား ကွာခြားတဲ့ အချက်ကြီးပေါ့နော်။”

အခုလိုမျိုး မြန်မာ့နိုင်ငံရေးပါတီကြီး ၈ ပါတီက ကိုယ်စားလှယ်တွေအတွက် International Visitors Ledership Programme ဦးဆောင်မှု အစီအစဉ်နဲ့ အမေရိကန်ပြည်ထောင်စု တ၀ှမ်းလုံးကို လိုက်လံ လေ့လာနိုင်ဖို့အတွက် အမေရိကန် နိုင်ငံခြားဝန်ကြီးဌာနက စီစဉ်ပေးနေတာဖြစ်ပါတယ်။

လာရောက်လေ့လာသူတွေထဲမှာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီက ရန်ကင်း မြို့နယ်ပါတီ အတွင်းရေးမှူး ကိုဇင်မောင်မောင်ဌေး၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီက ကိုကျော်သူရနဲ့ ချင်းတိုးတက်ရေး ပါတီက အထွေထွေအတွင်းရေးမှူး (၂) ကိုရှိန်းထွန်းတို့လည်း ပါဝင်ပါတယ်။ အခုဆိုရင် လေ့လာရေး အဖွဲ့ဟာ အမေရိကန်သမ္မတ ရွေးကောက်ပွဲကမ်ပိန်း လေ့လာရေးခရီးစဉ်တွေ ထွက်နေပြီး သူတို့ရဲ့ ခရီးစဉ်ဟာ သြဂုတ်လက စတင်ခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၂၆ ရက်ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ အမေရိကန်နိုင်ငံမှာ လေ့လာနေတဲ့ ဒီအဖွဲ့ဟာ အခုဆိုရင် ရွေးကောက်ပွဲ မဲဆွယ်လှုပ်ရှားမှုတွေ လေ့လာဖို့အတွက် ဖလော်ရီဒါ ကို ရောက်နေပြီးတော့ မနက်ဖြန်တော့ အိုင်အိုဝါပြည်နယ်ကို ရောက်ရှိကြမှာဖြစ်ပါတယ်။

မဆုမွန် ( ဗွီအိုအေ မြန်မာဌာန)

Posted: 04 Sep 2012 09:30 PM PDT
အစ္စလာမ် နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ ကမန်အမျိုးသား တိုးတက်ရေးပါတီ၊ အမျိုးသား တိုးတက်ရေး ဒီမိုကရက် တစ်ပါတီ၊ အမျိုးသား ဖွံ့ဖြိုးတိုး တက်ရေးနှင့် ငြိမ်းချမ်းရေး ပါတီတွေက ခေါင်းဆောင်တွေဟာ အခုလ ၆ ရက်နေ့မှာ နေပြည်တော်က ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ သွားရောက်တွေ့ ဆုံကြမယ်လို့ သိရပါတယ်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ကမန်အမျိုးသား တိုးတက်ရေးပါတီ အလံ (ဓာတ်ပုံ - Arakan Review)



Posted: 04 Sep 2012 09:19 PM PDT
မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၄ ကျရင် ပြည်လုံးကျွတ် ကောက်ခံမယ့် သန်းခေါင်းစာရင်းကို အဆင့် ၄ ဆင့်နဲ့ သတ်မှတ်ကာ ကောက်ယူမယ့်အထဲက ပထမအဆင့်ဖြစ်တဲ့ ကြိုတင်ပြင်ဆင်ခြင်း အဆင့်ရဲ့ လုပ်ငန်းတွေကို စတင်နေပြီလို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဦးစီးဌာန ၀န်ကြီး ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

RFA
၂၀၁၂ ခုနှစ် ဇူလိုင်လ ၃၀ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာနတွင် ပြုလုပ်သော ရခိုင်ပြည်နယ် အခြေအနေ သတင်းစာရှင်းလင်းပွဲ၌ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူအင်အား ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးခင်ရီက ရှင်းလင်း ပြောကြားနေစဉ်။



Posted: 04 Sep 2012 09:19 PM PDT
အစိုးရ တပ်တွေနဲ့ KIA တပ်တွေ အကြား စစ်ရေး ပဋိပက္ခကြောင့် ဖားကန့်မြို့နယ် အတွင်း ဒေသခံ ပြည်သူတွေ လာ ရောက်ခို လှုံနေကြတဲ့ ကယ်ဆယ်ရေး စခန်းတွေထဲက ငှက်ပျော တောရပ်ကွက် နှစ်ချင်း ခရစ်ယာန် အသင်းတော် ဒုက္ခသည်စခန်းက လူ ၇၀၀ ကျော်နဲ့ အိမ်ခြေ ၁၀၀ လောက်ဟာ ဒီကနေ့ နေ့လည် ၁၂ နာရီ လောက်ကစလို့ ရေဘေးဒဏ်နဲ့ ရင်ဆိုင်နေရတယ်လို့ -----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


(Photo Courtesy of San Yu Kyaw Facebook)



Posted: 04 Sep 2012 07:40 PM PDT
SHADE ဂျာနယ်၊ အတွဲ(၆)၊အမှတ်(၃၂)၊စက်တင်ဘာ(၅)မှ စက်တင်ဘာ(၁၁)ရက်နေ့ထိ။

ဂျာနယ် ဖတ်ရှုရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Sep 2012 07:43 PM PDT
ဖားကန့်မြို့  ပေါ်ရှိ ဒုက္ခသည် စခန်း(၂၆)ခု အနက် မြို့ဦးစေတီ ဘုန်းတော်ကြီး
ကျောင်းတွင် မော်ဝမ်းကြီး၊ မော်ဝမ်းလေး၊ မော်မောင်းလျန် ၊ရှရော်ခ၊
မျောက်ဖြူ ကျေးရွာများမှ ဒုက္ခသည် (၇၈၀)ကျော် ရောက်ရှိနေပါသည်။

သြဂုတ်လ(၂၃)မှ စတင်၍ ရောက်ရှိ လာကြသူ များတွင် ကျောင်းသား/သူ (၉၀)
ပါဝင်ပြီး အ.ထ.က(၁)တွင်  အချိန်ခွဲ၍ ပညာသင် ကြားနေကြပါသည်။

ကရုဏာ လူမှုကူညီရေး အသင်းနှင့် မြို့လူထုတို့ ထောက်ပံ့ကူညီ ကြ၍ ယနေ့အထိ ကျွေးမွေးစရိတ် အခက်အခဲ မရှိသေးပါ။ အလှူရှင်များနေ့စဉ် လာရောက် လှူဒါန်းနေပြီး သောက်သုံးရေကိုလည်း စည်ပင်မှ နေ့စဉ်ပေးဝေ နေပါသည်။ သို့ရာတွင် ရက်ကာလ ကြာရှည်လာပါက အခက်အခဲ ဖြစ်လာနိုင် ကြောင်း ဒုက္ခသည်များကို ကူညီပေးနေသူ တဦးက Myanmar News Now ကို ပြောပါသည်။

ဒုက္ခ သည်များ နေရပ်သို့ ပြန်ကြမည် ဆိုလျှင်လည်း  လမ်းခရီးတွင် KIA မှ ပစ္စည်းယူ ပေါ်တာဆွဲ နေသဖြင့် မပြန်ရဲကြ ကြောင်းသိရသည်။

ဖားကန့် မြို့ ဦးစေတီ ကျောင်းရှိ စစ်ဘေးဒုက္ခသည်များအား စက်တင်္ဘာလ ၄ ရက်နေ့ က တွေ့ ရစဉ်

ဖားကန့် မြို့ ဦးစေတီ ကျောင်းရှိ စစ်ဘေးဒုက္ခသည်များအား စက်တင်္ဘာလ ၄ ရက်နေ့ က တွေ့ ရစဉ်



Posted: 04 Sep 2012 07:50 PM PDT
လာမည့်နှစ်တွင် မြန်မာနိုင်ငံမှ မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံများသို့ သယ်ဆောင် အသုံးပြုနိုင်သည့် Outbound Roaming System အသုံးပြုနိုင်တော့ မည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ




Posted: 04 Sep 2012 07:58 PM PDT
အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ဖို့ အတွက် မြန်မာအစိုးရနဲ့ ကေအင်ယူ ကရင် ကိုယ်စား လှယ်တွေ တတိယ အကြိမ်မြောက် ဆွေးနွေးပွဲ အပြီးသတ်နေ့မှာ ဆွေးနွေးတဲ့ ကိစ္စတွေ အပေါ် သဘော တူညီချက် တစုံတရာ မရပဲ ပြီးဆုံး သွားတယ်လို့ သိရပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ဆွေးနွေးပွဲတက်တဲ့ နှစ်ဘက် ကိုယ်စားလှယ်များ


Posted: 04 Sep 2012 08:24 PM PDT
အိန္ဒိယ နိုင်ငံမှာ ကျောက်မီးသွေးတွင်း တွေ လုပ်ကွက်ချပေးတဲ့ ကိစ္စမှာ အဂတိ လိုက်စား မှုတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်တဲ့ စုံစမ်း စစ်ဆေးမှု တစိတ် တပိုင်း အရ ရဲတွေက မြို့ ဆယ်မြို့ မျာ စီးနင်း ရှာဖွေ မှုတွေ ပြုလုပ်ခဲ့ ပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ


ကျောက်မီးသွေး လုပ်ငန်း အတော်များများ စစ်ဆေး ခံနေရ



Posted: 04 Sep 2012 08:29 PM PDT
ဒီကနေ့ ဖားအံမြို့မှာ ဆက်လက်ပြုလုပ်တဲ့ အစိုးရနဲ့ KNU အဖွဲ့တို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အချက်ပေါင်း ၃၅ ချက်ကို သဘောတူ လက်မှတ်ရေး ထိုးခဲ့သော်လည်း တပ်များ ဆုတ်ခွာရေးကိစ္စ မပြီးပြတ်သေးဘူးလို့ သိရပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 


RFA
မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေးကိစ္စ ဒုတိယအကြိမ် ဆွေးနွေးရန် ဖားအံမြို့သို့ မထွက်ခွာမီ KNU ကိုယ်စားလှယ်အဖွဲ့ကို မဲဆောက်မြို့တွင် တွေ့ရစဉ်။


...

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...