Monday, September 10, 2012

စိတ်ဖောက်ပြန်ရောဂါကို မြွေဟောက်၏အဆိပ်ဖြင့် ကုသနိုင် ...............

Mg Mandalay

ဆင်တစ်ကောင်ကိုပင် တုံးလုံး လဲကျသွားနိုင်အောင် ပေါက်သတ်နိုင်သော တောကြီးမြွေဟောက်၏ အဆိပ်သည် ဦးနှောက် ဒဏ်ရာရမှုကြောင့် ဖြစ်သော စိတ်ဖောက်ပြန်မှု ရောဂါဖြစ်စတွင် ကုသနိုင်ကြောင်း စင်ကာပူအမျိုးသား တက္ကသိုလ်မှ သုတေသီများက တွေ့ရှိခဲ့ကြသည်။
အဆိပ်အတောက် ကျွမ်းကျင်သူ မန်ဂျူနာသာကီနီက ဗက်တီးရီးယား ပိုးကြောင့်ဖြစ်သော အဆိပ်အတောက်သည် ကြွက်သား အာရုံကြောနှိုးဆွမှုကို ကာကွယ်ပေးခြင်းဖြင့် ကြွက်သားများ ကျဉ်းမြောင်းသွားမှုကို သက်သာစေကြောင်း ပြောသည်။ ထိုဆေးကို ခြောက်လမှ ရှစ်လ အတွင်းတစ်ကြိမ် ထိုးပေးခြင်းဖြင့် နို့တိုက် သတ္တဝါများတွင် ရှိသော NA-CHR (ပတ်ဝန်းကျင် ပြောင်းလဲမှုများကိုမှတ်သား၍ မိမိအာရုံကြောစနစ်တွင် လှုံ့ဆော်စေသောဆဲလ်)တွင် အကျိုးသက်ရောက်မှုရှိသည်ကိုတွေ့ရသည်။ သို့သော် ယခုအချိန်ထိ ထိုဆေးကို ကြွက်များနှင့်သာစမ်းသပ် သောအဆင့်တွင်သာရှိကြောင်း သိရသည်။ လူသားများတွင်ဖြစ်ပေါ်တတ်သော ဦးနှောက်ဒဏ်ရာကြောင့် စိတ်ဖောက် ပြန်မှုရောဂါကို ကုသနိုင်ဖွယ်ရှိကြောင်း ပါမောက္ခကီနီက ပြောပြသည်။ စင်ကာပူအမျိုးသားတက္ကသိုလ်မှ ၁၀ဦးပါအဖွဲ့သည် သြစတြေးလျ၊ ဆွစ်ဇာလန် အစရှိသောနိုင်ငံများမှ သုတေသီများဖြင့် ပူးပေါင်းဆောင်ရွက်နေကြပြီး ၎င်းတို့၏ တွေ့ရှိချက် များကို ဆေးပညာ ဂျာနယ်တွင် ထုတ်ပြန်မည် ဖြစ်ကြောင်း သိရသည်။ တောကြီးမြွေဟောက်၏အဆိပ် မှထုတ်လုပ်သော Haditoxin ဓာတ် ပေါင်းသည် သုတေသီများအတွက် တတိယ ဆေးအမျိုးအစားသာဖြစ်ပြီး စိတ်ပူပန်မှု ရောဂါကိုကုသော Ohanin နှင့် သွေးတိုးရောဂါကုသနိုင်သော B-Ca- rdiotoxin ဓာတ်ပေါင်းများလည်း ပါဝင်သည်။ ၎င်းဆေးများကို သုတေသန ပြုဆဲဖြစ်ပြီး ဆေးဝါးအဖြစ် ထုတ်လုပ်မည် ဖြစ်သည်။ News

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...