Wednesday, September 5, 2012

ရဲရင်ငယ်ရဲ့ပို့စ်လေးကို မိတ်ဆက်ခြင်းနှင့် ပြည်တော်ပြန်ခေါင်းဆောင်များသတိထားစရာ


by Nay Oo-People on Wednesday, September 5, 2012 at 11:24pm 

မေး။။မနေ့က လေဆိပ်မှာဦးမိုးသီးကိုကြိုတဲ့သူအချို့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ ပြောတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင်လို့ ပြောတယ် အဲဒီပေါ်မှာခံယူချက်သဘောထားလေးနဲ့နှိုင်းယှဉ်ချက်လေး နည်းနည်းလေး အသေးစိတ်လေး ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။ ။ကျနော်တို့က ဒီမိုကရေစီလို့သွားနေတာဖြစ်တဲ့အတွက် ဒါ ပြည်သူလူထုရဲ့သဘောထားအမြင်ပဲ ဖြစ်ပါတယ် ခင်ဗျာ၊ ရွေးကောက်ပွဲ ၀င်မယ်၊ နိုင်ငံရေးပါတီလပ်မယ်ဆိုရင် ပြည်သူလူထုရဲ့ရွေးချယ်မှုကသာ အဓိက ကျပါတယ်ခင်ဗျာ၊ ဟုတ်လား ပြည်သူတွေက မဲများများပေးမယ်ဆိုရင် အဲဒီလူက ခေါင်းဆောင်ဖြစ်မှာပါပဲ။ ပြည်သူလူထုက မြန်မာ့ဒီမိုကရေစီလို့ သုံးစွဲရင်သူတို့ရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။


(https://www.facebook.com/may.t.hein.9)

ပြည်သူတွေက မဲများများပေးမယ်ဆိုရင်..။ ပြည်သူလူထုက မြန်မာ့ဒီမိုကရေစီလို့ သုံးစွဲရင်သူတို့ရဲ့ ဆန္ဒပဲ ဖြစ်ပါတယ်။အဲဒီလူက ခေါင်းဆောင်ဖြစ်မှာပါပဲ။

စာဖတ်သူသာသူ့နေရာမှာဆိုဘယ်လိုဖြေမလဲ..စိတ်ထဲမှာဖြေကြည့်.. ကျေနပ်ရင်ကွန့်မန့်မှာရေးပေးခဲ့ပါ... ( Ye Yint Nge)

  • Ye Yint Nge's comment: ကျွန်တော်မြင်တာကမဲများများရရင်သမ္မတဖြစ်မှာပဲ..ဦးသိန်းစိန်တောင်ဒီမိုကရေစီခေါင်းဆောင်လို့မခံယူရဲသေး
ဖူး...ကိုမိုးသီးကိုခင်ပါတယ်..အမေစုကိုအားပြိုင်တဲ့စကားလုံးတွေတော့မသုံးသင့်ကြောင်းအကြံပြုပါတယ်..

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

  • ကောင်းလိုက်တဲ့ ပို့စ်လေးဗျာ။ လူတွေကိုဖိတ်ခေါ်ပြီး အလားတူ ISSUE မျိုးတွေ ဆက်ဆွေးနွေးရအောင်။ ကျနော့်သုံးသပ်ချက်က ကိုမိုးသီးဟာ မိမိရဲ့လက်ရှိ ROLE ကိုသူမမြင်နိုင်သေးဘူးဖြစ်နေတယ်။
  • ဒါကဘာကိုဖေါ်ပြနေသလည်းဆိုတော့ ပြည်သူနဲ့လည်းဝေးနေပြီး ပြည်သူ့ရင်ခုံသံကိုနားမလည်သေးဘူးဆိုတာကိုဖေါ်ပြနေတယ်။ ပြီးတော့သူဘေးနားမှာ အရည်အချင်းရှိတဲ့မိတ်ဆွေကောင်းတွေ မရှိဘူးဆိုတာကိုဖေါ်ပြနေတယ်။
  •  မြန်မာပြည်မှာနေပြီးနိုင်ငံရေးလုပ်ရင်တော့ ပြည်သူ့ကြပ်မတ်မှုကိုခံရမှာဖြစ်လို့ ကောင်းချင်ကောင်းသွားနိုင်တယ်။ နယ်စပ်ဒေသနဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ အခြေစိုက်တဲ့ အဖွဲ့အစည်းတိုင်းနီးပါးလောက် ကခေါင်းဆောင်တွေ ဟာ ပြည်သူရဲ့ကြပ်မတ်မှုတွေကနေဝေးနေတာကြောင့် တဦးကောင်းတစ်ယောက်ကောင်း ၀ါဒကိုကိုယ်စားပြုနေတာတွေရှိနေပြီး သူတို့အဖွဲ့အစည်းတွင်းမှာလည်း ဒီမိုကရေစီစနစ်ကိုစနစ်တကျ ကျင့်သုံးတာမျိုးမရှိကြဘူး။ ဥက္ကဌ (သို့) ခေါင်းဆောင်လုပ်တဲ့သူတွေကိုပြန်ပြီးကြည့်လိုက်ကြည့် ၁၉၈၈ နောက်ပိုင်း တထည်းကစပြီး တသက်လုံး ဥက္ကဌလုပ်နေတာပဲ။ ဖယ်မပေးချင်တော့ဘူး။ အဲဒီလိုလည်းဖြစ်အောင် အဖွဲ့အစည်းအတွင်းက ခေါင်းဆောင်ပိုင်းအတွင်းမှာ ကိုယ်လိုချင်တဲ့ အခြေအနေကိုဖန်တီးယူထားတယ်။  သူ ဥက္ကဌမဖြစ်ရရင်အဖွဲ့အစည်းမှာ ပြသနာတွေအများကြီးပေါ်လာရော။ အဖွဲ့ဝင်တွေကလည်း ဥက္ကဌနဲ့အဆင်ပြေရင် အနေချောင်တယ်ဒါကြောင့် အတော်များများက အဖွဲ့အစည်းအရေးကိုလှစ်လျှူရှုကြပြီး... ဥက္ကဌကြီးတပည့်တွေဖြစ်ကုန်ကြရော။ ဥက္ကဌကြီးတပည့်မဖြစ်ချင်တဲ့သူတွေက ချောင်ထိုးခံရရော။
  • ဒါကြောင့် အခုပြန်လာမယ့်ပြည်ပကနိုင်ငံရေးသမားတွေဟာ (သကိဆိုင်သူများကိုသာရည်ရွယ်ပါသည်) အဲဒါတွေကိုပြင်ပြီး သူတို့စဉ်းစားချက်တွေကိုပြင်ပြီး  ပြည်သူ့အသံကိုနားထောင်ဘို့ ပြည်သူကိုကိုယ်စားပြုပြီး အလုပ်လုပ်ဘို့လိုတယ်။ ပြည်ပအင်အားစုတွေနဲ့ ပြည်တွင်းအင်စားစုတွေကွာတာကအဲဒါပဲ။ ပြည်တွင်းက တဗိုလ်ကျ တဗိုလ်တက်သွားတယ်..အခုကြည့်.. ကိုမင်းကိုနိုင်အပြင် သူ့ဘေးမှာလေးစားအားထားလောက်တဲ့ ခေါင်းဆောင်တွေ အများကြီးပေါ်လာတယ်။ အရေးကြီးတဲ့ တဗိုလ်မှမကျသေးဘူး အလားတူ ဗိုလ်တွေအများကြီး  ပေါ်လာတာကို မြင်ရတာသိပ်အားရတယ်။

ထားပါတော့.။။ ဒီပို့စ်လေးမှာမေးထားတဲ့မေးခွန်းနဲ့ပတ်သက်လို့ ကိုမိုးသီးနေရာမှာ ကျနော်ကတော့ ဒီလိုဖြေမယ်ဗျာ..။

  • ဖြေ။ ။ အဲဒါတွေကျနော်မသိဘူးဗျာ..။ ဒါကကျနော့်ကိုထောက်ခံတဲ့ လူအချို့ရဲ့သဘောထားဖြစ်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း ၈၈ လူထုအရေးတော်ပုံကြီးမှာ ခေါင်းဆောင်တစ်ယောက်အနေနဲ့ပါဝင်ခဲ့ပေမယ့် ဒီ ROLE ကိုကျနော်မယူရဲပါဘူး။ ပြောရရင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရေးတိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဟာမြန်မာနိုင်ငံသားတွေအားလုံးရဲ့အသည်းနှလုံး နှလုံးသားပါ။ ၈၈ လူထုအရေးတော်ပုံကြီးကနေ ဒေါ်အောင်ဆန်းစုကြည် ကိုမင်းကိုနိုင်နဲ့ အခြားအခြားသောခေါင်းဆောင်တွေကို မွေးထုတ်ပေးလိုက်တာပါ။ တိုင်းရင်းသားလူမျိုးစုတွေကလည်း mandate ပေးထားပြီး သူတို့တိုင်းရင်းသားတွေရဲ့အရေးကိုတိုက်ပွဲဝင်ပေးမယ့်ခေါင်းဆောင်အဖြစ် ကိုယ်စားပြုခွင့်ပေးထားပါတယ်။ သူကို့ နိုင်ငံတကာကလည်း အသိအမှတ်ပြုထားတယ်။  ခေါင်းဆောင်ဆိုတာ အလကားနေရင်းသူဟာသူနဲ့ပေါ်လာတာမျိုးမရှိပါဘူး။ ပဒေသရာဇ်ခေတ်မှာတော့ ဖအေပြီး သားကရှင်ဘုရင်ဖြစ် စသည်ဖြင့်ရှိကောင်းရှိပါလိမ့်မယ်။ ယနေ့ခေတ်က ပဒေသရာဇ်ခေတ်မဟုတ်တော့ပါဘူး။ ပြည်သူက သူတို့ရဲ့ခေါင်းဆောင်ကို တိုက်ပွဲထဲမှာမွေးထုတ်တာပါ။ ပြည်သူ့အကျိုးစီးပွားကို ကိုယ်စားပြုပြီးတိုက်ပွဲဝင်တဲ့ တိုက်ပွဲတွေမပါပဲ အနစ်နာခံမှုတွေမရှိပဲခေါင်းဆောင်ဖြစ်မလာနိုင်ပါဘူး။ အဲဒီလိုခေါင်းဆောင်ကိုရွေးချယ်တဲ့နေရာမှာ ပြည်သူကထာဝစဉ်အမြဲမှန်ပါတယ်။ အဲဒီခေါင်းဆောင်ကို ကျနော်တို့ဝန်းရံရပါလိမ့်မယ်.။ ကျနော်တို့တိုင်းပြည်မှာ ဒေါ်အောင်ဆန်းစုကြည်လိုခေါင်းဆောင်တွေအများကြီးဖြစ်လာဘို့ ကျနော်တို့ဝိုင်းဝန်ကြိုးပမ်းကြရပါလိမ့်မယ်။ အဲဒီလိုကြိုးပမ်းဘို့ ကျနော်တို့မြန်မာပြည်ကိုပြန်လာရခြင်းဖြစ်ပါတယ်.. အစရှိသဖြင့်ပေါ့..ကိုမိုးသီးဇွန်နေရာမှာ အခုလို ကျနော်ဖြေမှာပဲ
မိတ်ဆွေတို့ရဲ့အမြင်ကလေးတွေကရော ဘယ်လိုလည်း။ ပြောကြည့်ပါဦး

လေးစားမှုတို့ဖြင့်

နေဦး

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...