Monday, September 3, 2012

ဒဂုံတာရာ ပန်ကြားလွှာ



နိုင်ငံရေးအပေါင်းအဖော်များနဲ့ပြည်သူများအတွက်ပန်ကြားလွှာ ကျနော်တို့မြန်မာပြည်၌ နေထိုင်သော ပြည်ထောင်စု သားများတွင် ရေခဲတောင်တန်းများ အနောက်ရိုးမသစ်တောများ 
ဖုံးလွှမ်းနေသော နေရာများ သွေးညှီနံများမကုန်ကြသေးသည်ကို တွေ့ ရသည် ကျွန်တော်များစွာဝမ်းနည်းမိပါသည်။

ထိုပြင် ပြည်သူ့ လွှတ်တော်ထဲ၌လဲ အမျိုးမျိုးသောအသံများကိုကျယ်လောင်စွာကြားနေရပါသည်။
ကျနော်တို့တိုင်းပြည်၌လည်း ဒီမိုကရေစီပန်းနုရောင်ကလည်း
သန်းစအချိန်ဖြစ်ပါသည်။ အမတန်နုနယ်သောအချိန်ကာလဖြစ်ပါသည်။

ထိုပြင် မြန်မာနိုင်ငံကြီးပြန်လည်တည်ဆောက်ပြုပြင်ရာတွင် ပါဝင်ကြမည်ဟု အားခဲထားသော ကျောင်းသားခေါင်းဆောင်များ
နိုင်ငံရေးခေါင်းဆောင်များရောက်လာသောအချိန်လဲဖြစ်ပါသည်

ထို့ကြောင့် ဒီမိုကရေစီပန်းနုရောင်ကာလသည် အချင်းချင်းမေတ္တာဖြင့် တစ်ဦးနဲ့တစ်ဦး ယုံကြည်ရလောက်သော အနေအထားများဖြင့် ဆက်ဆံကာ မြန်မာပြည်တိုးတက်ရေးအတွက် အလေးထားလုပ်ဆောင်ရန်မေတ္တာရပ်ခံပါသည်။

ယခုကဲ့သို့ ဒီမိုကရေစီနုနယ်သောအချိန်သည
လှေကိုမလှုပ်အောင် လူးအောင်မလှုပ်ဖို့ အားလုံးကိုမေတ္တာရပ်ခံပါသည်။
လွန်ခဲ့သောနှစ်ကာလများအတွေ့အကြုံအရ ကျွန်တော်ယခုကာလကို စိုးရိမ်စွာစောင့်ကြည့်နေရသောအချိန်ဟုယူဆပါသည်။

၂၀၁၅ ထိအခြေအနေ တည်ငြိမ်ချောမွေ့အောင်ဝိုင်းဝန်းထိန်းသိမ်း
ကြစေရန် ပန်ကြားအပ်ပါသည်။

ဒဂုန်တာရာ (သာမိုင်းခမ်း)

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...