Sunday, September 9, 2012

သစ်ထူးလွင် သတင်းစုစည်းမှု (၉-၉)

သစ်ထူးလွင်



Posted: 09 Sep 2012 06:49 AM PDT
တိုက်အနောက်ဘက် (၆)  လွှာမှ အရေးပေါ်လှေကားနှင့်အတူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီး တစ်ဦး ပြုတ်ကျသေဆုံးမှု တစ်ခုအလုံ မြို့နယ်၌ စက်တင်ဘာလ ၉ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ အလုံမြို့နယ် စောရန်ပိုင်(မြောက်)ရပ်ကွက်၊ ငုဝါ လမ်း၊ တိုက်အမှတ် ၂၀၀၊ ၆လွှာ/ A မှ သေဆုံးသူ ----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

သေဆုံးသူအား ဆေးရုံသို့ ပို့ဆောင်နေသည်ကို တွေ့ရစဉ် ။ ဓါတ်ပုံ - Eleven Media Group




Posted: 09 Sep 2012 07:01 AM PDT
ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက  လှိုင်သာယာမြို့နယ်တွင် ကုန်းလမ်းပို့ဆောင်ရေး မော်တော်ယာဉ်ဖြင့် တရားမ၀င် ကျွန်းခွဲသားများ ၃ တန်ကျော်တင်ဆောင်လာစဉ် တာဝန်ကျ ရဲတပ်ဖွဲဝင်များက ဖမ်းဆီးရာ ကားပေါ်ပါသူ သစ်ပိုင်ရှင်ဖိုးအေး၏တပည့် ကုလားပုနှင့် ပိစိတို့မှာ ထွက်ပြေးလွတ်မြောက်သွား ကြောင်းသိရပါတယ်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 

ရပ်ကွက်အတွင်းမှာ သွားလာနေတဲ့ ၀မ်းရမ်းပြေး အဖွဲ့ ဝင်တဦးကို တွေ့ ရစဉ်



Posted: 09 Sep 2012 05:08 AM PDT
ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့(Rohingya Solidarity Organization-RSO) အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ် အကြမ်းဖက်အဖွဲ့များက ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နယ်မြေအချို့အား ပူးပေါင်းကာ နိုင်ငံသစ်တစ်ခု ထူထောင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေးအဖွဲ့နှင့် ဘင်္ဂလားဒေ့ရ်ျနိုင်ငံမှ အကြမ်းဖက်အဖွဲ့အစည်း ၁၆ ခုတို့ ပူးပေါင်းလိုက်ပြီး မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်မှ Chittagong, Rangamati, Bandarban နှင့် Kaksabagasake စသောဒေသများကို စုစည်း၍ Independent Niurosiya နိုင်ငံသစ်ကို ထူထောင်ရန် ကြံရွယ်ကြိုးပမ်းနေကြကြောင်း စစ်တကောင်းအခြေစိုက် ဘင်္ဂလီသတင်းစာ Dainikpurbokone က ရေးသားဖော်ပြထားသည်။

ထို့အတူ ဘင်္ဂလားဒေ့ရှ်အစိုးရမှ ဖမ်းဆီးရမိထားသော လက်နက်ကိုင်စစ်သွေးကြွများအား စစ်ဆေး မေးမြန်းရာတွင် အဆိုပါနိုင်ငံသစ်ထူထောင်မည့် နယ်ပယ်ဒေသများတွင် နိုင်ငံခြားစစ်သွေးကြွ အကြမ်းဖက်အဖွဲ့ များကို စုစည်းရန် ကြိုးပမ်းမှုများ ရှိနေကြောင်း သိရသည်။

ရိုဟင်ဂျာသွေးစည်းညီညွတ်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာ မိုဟာမက်ယူနွတ်သည် ယခုအခါ ဆော်ဒီအာရေဗီးယား၊ ပါကစ္စတန်၊ လစ်ဗျား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် လန်ဒန်တို့သို့ ခရီးထွက်ကာ ရန်ပုံငွေစုဆောင်းလျက်ရှိကြောင်း ရေးသားထားသည်။

KYL-Popular Myanmar News Journal

ref: http://www.dainikpurbokone.net/ မှသတင်းကို google translate ဖြင့် အင်္ဂလိပ်ဘာသာပြန်



Posted: 09 Sep 2012 04:42 AM PDT
ရန်ကုန်၊ စက်တင်ဘာ ၉

လွန်ခဲ့သော သုံးရက်ခန့်က ဖြစ်ပွားခဲ့သော ပုစွန်တောင် မြို့နယ်တွင် ဖြစ်ပွားခဲ့သည် ရဲမှူးကြီး (အငြိမ်းစား) ဇနီး လူသတ်မှုကို ကျူးလွန်သည်ဟု သံသယရှိသူ အသက်၂၂ နှစ် အရွယ်
အမျိုးသားကို လူသတ်မှု ဖြစ်ပွားပြီး ၃၄ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး က ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း ၊ ယင်းရဲတပ်ဖွဲ့မှူး ရုံး ၊ ဌာနခွဲမှူး ဦးစီး(၂) ရဲမှူး မြင့်ထွေး ကပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သတ်၍ သံသယ ရှိသူ ကို ယင်းအမျိုးသမီးကြီး အသတ်မခံရမီ် တစ်ရက်တွင် အဲယားကွန်း လာရောက် ပြုပြင်သည့် အဖွဲ့ကို စစ်ဆေးခဲ့ရာမှ တစ်ယောက် ပျောက်ဆုံးခဲ့ပြီး ယင်းပျောက်ဆုံးနေသူကို ခြေရာခံ စစ်ဆေးရာမှ သံသယရှိသူ၏ နေထိုင်ရာ လှိုင်သာယာမြို့နယ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အဆိုပါ လူသတ်မှု ကျူးလွန်သည်ဟု သံသယ ရှိသူသည် အသက်၂၂နှစ်အရွယ် မြင့်ထွေး(ခ) စောဖိုးခွားဖြစ်ပြီး၊ လွန်ခဲ့သော တစ်လခန့်ကအဲယားကွန်း ပစ္စည်းသွားဝယ်စဉ် ရွှေဘုန်းပွင့် ဘုရား အနီး ရွံ့ပေ၍ ခြေထောက်ဆေးရာ အနီးမှ ဖြတ်သွားသော သေဆုံးသူ ဒေါ်မေနှင်းဆီဟန် ကို ရေနှင့် ပက်မိ၍ တောင်းပန် သော်လည်း၊ ဒေါ်မေနှင်းဆီဟန် က ကြမ်းတမ်းစွာပြန်လည် ပြောဆိုခဲ့သောကြောင့် လည်းကောင်း၊ သံသယရှိသူ လုပ်ကိုင်သည့် ဆိုင်တွင် နှိမ်ချစွာ ဆက်ဆံသော ဆိုင်ပိုင်ရှင်ကို နာမည်ပျက်စေရန် ရည်ရွယ်၍ သြဂုတ်လ ၆ရက်နေ့ ၉နာရီ ၃၀ တွင် ယင်းအမျိုးသမီးကို သတ်ခဲ့ကြောင်း လူသတ်မှု ကျူးလွန်သည်ဟု သံသယရှိသူ ကဝန်ခံ ထွက်ဆိုခဲ့သည်။

''သူကဗိုက်ကို ထိုးတယ်၊ဆင့်ကဲဆင့်ကဲ ထိုးတာ၊၁၈ချက်လောက် ထိုးတယ်၊ အသက်ပြင်းပြင်း ရှုနေသေးတယ်၊နောက်မှ ငြိမ်သွားတာ၊ သေသွားတဲ့ အမျိုးသမီးက လူလယ်ခေါင်မှာ ဆဲလို့သူကို အရှက်ရအောင် လုပ်လို့ရယ်၊ အလုပ်လုပ်တဲ့ ပိုင်ရှင်က လည်း အိမ်သာတွေ၊ သန့်ရှင်းတွေကို သူ့တစ်ယောက်တည်း လုပ်ခိုင်းလို့ဆိုပြီး၊ အမျိုးသမီးလည်း တစ်ခုခုဖြစ်၊ အလုပ်ရှင်လည်း ဒီဆိုင်က အလုပ်သမားက အမှုဖြစ်ရင် ဆိုင်နာမည်သေအောင်လို့ ဆိုပြီး လုပ်တာ ''ဟု ဌာနခွဲမှူး ဦးစီး(၂) ရဲမှူးမြင့်ထွေး ကပြောကြားသည်။

အဆိုပါ ကျူးလွန်မှုမှာ စက်တင်ဘာလ ၅ရက်နေ့တွင် အဲယာကွန်း ပြင်ရန် ခေါ်သဖြင့် ဖြစ်ပွားခဲ့သော တိုက်ခန်းသို့ သွားရောက်စဉ် ၎င်းကိုသွားရောက်ရာ ၎င်းကို လွန်ခဲ့သော တစ်လခန့်က ဆိုခဲ့သူ ဖြစ်နေ၍ မှတ်မိပြီး၊ စက်တင်ဘာလ ၆ ရက်နေ့တွင် နေအိမ်မှ သုံးမြှောင့်တံစဉ်း (စကေဘာ)ကို ထည့်ယူ လာခဲ့ပြီး ၊ နံနက် ၉ နာရီခွဲခန့် တွင်ယင်း တိုက်ခန်းသို့ပြန်လာကာ မနေ့က အဲယားကွန်းလာပြင်သည့် အဖွဲ့ဖြစ်ကြောင်းပြော၍ နေအိမ်တွင်းဝင်ရောက်ပြီး ယူလာသော တံစဉ်းဖြင့် ရေချိုးခန်းမှ ထွက်လာသော အမျိုးသမီး၏ ဝမ်းဗိုက်ကို ထိုးခဲ့ပြီး၊ အမျိုးသမီး လဲကျသွားစဉ် ဗီရို အပေါ်သော့တွဲအနီး တင်ထားသောဖုန်းမှ အသံမြည်လာသဖြင့် ဖုန်းပိတ်၍ ယူခဲ့ကြောင်း၊ ကုတင် ပေါ်ရှိ ပိုက်ဆံအိတ်ထဲမှ တစ်ထောင်တန်၂၉ရွက်ကို ယူ၍ ဝင်ပေါက်တံခါးမကြီး ဒိုးလော့ကို လော့ချပိတ်၍ မိဘများ နေထိုင်ရာ ရိုးကြီး ကျေးရွာသို့ ပြန်ခဲ့ကြောင်း ၎င်းက ရဲတပ်ဖွဲ့ဝင်များ ထံ ထွက်ဆိုသည်။

ထိုနောက် လူသတ်မှု ကျူးလွန်ရာတွင် သုံးခဲ့သည့် အဖုံးစွပ်ပါ တံစဉ်း ထည့်ထားသော ပလပ်စတစ်အိတ် အတွင်း ၃ပိသာခန့်ရှိ လမ်းခင်း ကွန်ကရစ် ကျောက်တုံး (၁)တုံး ထည့်ပြီး၊ ဖုန်းကတ်ကိုလည်း ထုတ်၍ ရွှေလင်ပန်းချောင်းသို့ လွှင့်ပစ်ခဲ့ကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဌာနခွဲမှူး ဦးစီး (၂) ရဲမှူး မြင့်ထွေး ကပြောကြားသည်။

'' နှုတ်ကြောင့်သေ၊ လက်ကြောင့် ကျေဆိုတဲ့ စကားပုံလိုပေါ့ ၊ ဘာမှ မဟုတ်တဲ့ ပြဿနာနဲ့ ဒီလိုဖြစ်သွားတာပါ''ဟု ၎င်းကပြောကြားသည်။
ယင်းလူသတ်မှုနှင့် ပတ်သတ်၍ ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ မူခင်း အထူးအဖွဲ့ဖွဲ့၍ စုံစမ်း စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း ယင်းတိုင်းရုံး ထံမှ သိရသည်။

The Voice Weekly



Posted: 09 Sep 2012 04:38 AM PDT
ထက်အောင်ကျော်။ ၀၉-၀၉-၂၀၁၂
အထက်ခေါင်းစဉ်ပါ စကားနှစ်လုံးကို အဓိပ္ပါယ် အတူတူလို့ အစက ကျနော်ထင်ခဲ့ပေမဲ့ အချိန် ကြာလာတာနဲ့အမျှ အဓိပ္ပါယ် ဆင်တူရင်တောင် အနှစ်သာရ မတူဘူးလားဆိုပြီး စဉ်းစားနေမိပါတယ်။ ဒီ လိုစဉ်းစားဖို့ ဖြစ်လာစေတဲ့နောက်ခံ အကြောင်းရင်းကတော့ "Freedom Fighter လောက်ဆိုတော့ပြီ ပေါ့ဗျာ။ ဘာလို့ Rebel (သူပုန်) လို့သုံးတာလဲ" ဆိုပြီး အနောက်နိုင်ငံတခုမှာ ဘွဲရခဲ့ပြီး လောလော ဆယ်သတင်းသမားအဖြစ် အချိန်ပိုင်း တာဝန်ယူနေသူ တဦးရဲ့ မေးခွန်းကနေစခဲ့တာပါ။



အဲဒီမေးခွန်း စမေးခံရတဲ့အချိန်ဟာ "သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး" ဆောင်းပါးတွေမရေးခင် "Far from Home: 20- years in Exile" ဆိုတဲ့ စာအုပ်ထုတ်ဝေတဲ့ ၂၀၀၈-ခုနှစ် ဒီဇင်လာလကတည်းပါ။ အဲဒီစာ အုပ်မျက်နှာဖုံးမှာပါတဲ့ ''The life and views of a Burmese rebel and journalist'' ဆိုတဲ့ စာ သားထဲက Rebel နေရာမှာ Freedom Fighter သုံးသင့်တယ်လို့ သူက အကြံပြုနေတာပါ။

"သူပုန်ဟာ သူပုန်ဘဲ့ပေါ့ဗျာ။ ခင်ဗျားကလဲ" လို့ ကျနော်ချက်ချင်းတုန့်ပြန်လိုက်ပေမဲ့ အဲဒီထက် ပိုပြီး စီကာပတ်ကုံးရှင်းပြဖို့ အဲဒီအချိန်က ကျနော်မှာပြင်ဆင်ထားတာမရှိခဲ့ပါဘူး။ တကယ်တန်းပြော မယ်ဆိုရင် ဒီလိုမေးခွန်းမေးခံရလိမ့်မယ်လို့လဲ ထင်မထားခဲ့ပါဘူး။ ဘာကြောင့် သူက ဒီလိုမေးမှန်းလဲ ကျနော်မသိပါဘူး။ ဒါပေမဲ့ သူနဲ့စကားဆက်ပြောရင်း သူပုန်ဆိုတာ ကြမ်းတန်းတဲ့သဘော။ အစိုးရကို အကြမ်းဖက် ပုန်ကန်တဲ့သဘော။ မကောင်းတဲ့သဘောတွေပါဝင်နေတဲ့အတွက် အနောက်တိုင်းသား တွေ။ အထူးသဖြင့် သူနဲ့အတူတူအလုပ်လုပ်နေကြတဲ့ အနောက်တိုင်းသား အလှုရှင်တွေက သိပ် မကြိုက်ကြဘူးလို့ သူဆိုလိုမှန်း ကျနော်တီးခေါက်မိလိုက်ပါတယ်။

အဲဒီကတည်းက "သူပုန်" ဆိုတဲ့စကားလုံးအပေါ် စဉ်းစားခန်းဝင်နေတဲ့ကျနော်ဟာ "သူပုန် ကျောင်းသားတဦးရဲ့ မာရသွန်ခရီး" အခန်းဆက်ဆောင်းပါးရေးတဲ့အခါမှာလဲ "ဘာလို့သူပုန်လို့သုံးတာ လဲ။ ခင်ဗျားက သူပုန်လား။ တော်လှန်ရေးသမားလား" ဆိုပြီး သူပုန်ဆိုတဲ့ဝေါဟာရကို ဘ၀င်မကျတဲ့ ပရိတ်သတ်တချို့ရဲ့ တုန့်ပြန်ချက်ကို ကျနော်လက်ခံရရှိခဲ့ပြန်ပါတယ်။
ဒီတကြိမ်မှာတော့ အယင်တခါကလို "သူပုန်ဟာ သူပုန်ဘဲ့ပေါ့ဗျာ" လို့ ခပ်လွယ်လွယ်တုန့်ပြန် လို့မဖြစ်တော့။ အသေချာစဉ်းစားပြီး ပြန်ရှင်းပြမှကောင်းမယ်လို့ စိတ်ကူးရင်းနဲ့ ဒီဆောင်းပါးကို ရေးဖို့ စိတ်ကူးပေါ်လာတာဖြစ်ပါတယ်။

ပျောက်ဆုံးသွားသော နှစ် ၂၀

ရှေ့သတင်းပါတ် စက်တာဘာ ၁၈-ရက်နေ့မှာ ကျရောက်မဲ့ စစ်အာဏာသိမ်း ၂၄-နှစ်ပြည့်နေ့ ကို ၈၈-မျိုးဆက်အားလုံး မမေ့ကြသေးဘူးလို့ထင်ပါတယ်။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ကျနော်တို့ဘ၀တွေကို တဆစ်ချိုးပြောင်းလဲစေခဲ့တဲ့။ စာသင်ခန်းထဲက တက္ကသိုလ်ကျောင်းသားဘ၀ ကနေ တောတောင်တွေထဲက သူပုန်တွေအဖြစ်ပြောင်းလဲစေခဲ့တဲ့ နေ့တနေ့ဖြစ်ပါတယ်။ တောစခိုစဉ် ကတော့ ''သူပုန်လား။ Freedom Fighter လား'' ဆိုတာကို ဘယ်သူမှ စဉ်းစားနေဖို့အချိန်မရခဲ့ဘူး လို့ထင်ပါတယ်။ လက်နက်မဲ့ဆန္ဒပြနေတဲ့ကျောင်းသားတွေကို လက်နက်အားကိုးနဲ့ အနိုင်ကျင့် ပစ် သတ်ခဲ့တဲ့ စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကို လက်နက်နဲ့ပြန်တိုက်ယုံမှတပါး တခြားနည်း မရှိတော့ဘူး ဆိုပြီး ကျနော်တို့ တက္ကသိုလ်ကျောင်းသားတွေ မြိုပြက စာသင်ခန်းတွေကိုစွန့်။ ကန့်ကော်ပင်ရိပ်။ စွယ် တော်ရိပ်တွေကို့စွန်ပြီး အရှေ့ရိုးမ တောနက်ကြီးထဲက ကျွန်းပင်အရိပ်တွေကို ခိုလုံခဲ့ပေါ့။

လက်နက်ကိုင်တော်လှန်ရေးဆင်နွဲတယ်ဆိုတာ ပေါ့သေးသေးမှမဟုတ်ဘဲ။ တော်လှန်ရေးပုံစံ တွေထဲမှာမှ အမြင့်ဆုံးပုံစံကို ကျနော်တို့ကရွေးချယ်ခဲ့ကြတယ်မဟုတ်လား။ အသက်ကို ပဓာန မထား ဘဲ တိုင်းပြည်အပြောင်းအလဲအတွက် အသက်ပေးတိုက်ပွဲဝင်ဖို့ သန္ဒိဌာဏ်ပြုခဲ့ကြတယ်မဟုတ်လား။ ဒါ ပေမဲ့ တော်လှန်ရေးတရပ်အောင်မြင်ဖို့ဆိုတာဟာ စွန့်လွန့်အနစ်နာခံယုံသက်သက်နဲ့ ဘယ်လုံလောက် ပါ့မလဲ။ အောင်မြင်နိုင်လောက်အောင်လိုအပ်တဲ့ အချက်လက်အားလုံးပြည့်စုံမှ အောင်မြင်မှာပေါ့။ ဒါက လဲ ဘ၀နဲ့ရင်းပြီးမှ သိရတဲ့အတွေ့အကြုံတွေဆိုတော့ အသက် ၂၀-၀န်းကျင် တက္ကသိုလ်ကျောင်းသား ဘ၀မှာ တောခိုခဲ့တဲ့ ကျနော်တို့ ဘယ်ကြိုသိနိုင်ပါ့မလဲ။

ကျနော်တို့ထက် နှစ် ၄၀-လောက်စောပြီးတောခိုခဲ့တဲ့ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ။ နှစ် ၂၀-လောက်စောပြီးတောခိုခဲ့တဲ့ ၀န်ကြီးချုပ်ဦးနုနဲ့ ပြည်သူ့ပြည်ချစ်ပါတီတို့ ရဲ့ အတွေ့အကြုံတွေကို ကျနော်တို့ကျောင်းသားတွေ လေ့လာမှုအားနဲခဲ့တယ်လို့ပြောရင်လဲ ခံရမှာပါဘဲ့။ ကျနော်တဦးတည်းအနေနဲ့ကတော့ နှစ် ၂၀။ နှစ် ၄၀-၀န်းကျင်က အဲဒီအဖွဲ့တွေထက် လွန်ခဲ့တဲ့နှစ် ၅၀-ကျော်က ပြည်ပကိုထွက်ပြီး စစ်ပညာသင်ခဲ့ကြတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဝင်တွေကို ပို အားကျခဲ့ပေါ့။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ အတွေအကြုံမရှိသူတွေပီပီ စိတ်ကူးယဉ်ဆန်စွာနဲ့ လက်နက်ကိုင်တော်လှန်ရေးတခုကို စတင်ခဲ့မိတယ်ဆိုပါတော့။

ကမ္ဘာ့နိုင်ငံရေးအခြေနေ။ ပထ၀ီနိုင်ငံရေးအခြေနေ။ သမိုင်းနောက်ခံအခြေနေ။ ဘာလင် တံ တိုင်းကြီး ပြိုလဲသွားတဲ့အခြေနေ။ ဆိုဗီယက်ယူနီယံပြိုကွဲသွားတဲ့အခြေနေ။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လူမျိုးစုတွေကွဲပြဲသွားတဲ့အခြေနေ။ ရန်သူနဲ့စကားပြောတဲ့ယဉ်ကျေးမှုထွန်းကားလာတဲ့အခြေနေ။ မဟာ မိတ်တွေ တပ်ပေါင်းစုကနေထွက်ပြီး စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလုပ်လိုက်တဲ့အခြေနေ။ ဒီလိုအခြေ နေများစွာအောက်မှာ ကျနော်တို့ကျောင်းသားတပ်မတော်ဟာ နိုင်ငံရေးလှိုင်းတံပိုးများစွာကို နှစ် ၂၀-ကျော် ခါးစည်းခံခဲ့ရပေါ့။

ဒီ နှစ် ၂၀-ကျော်ကာလအတွင်း ကျနော်တို့ရဲ့ "ရဲဘော်သူငယ်ချင်းတွေ" တိုက်ပွဲမှာ ကျဆုံးခဲ့ရ။ ငှက်ဖျားကိုမလှန်နိုင်ကြ။ တောရိုင်းဥပဒေကို မလွန်ဆန်နိုင်ကြ။ အသက်ကို ညဏ်မစောင့်နိုင်ကြနဲ့ ထိ ခိုက်-ကျဆုံး-သေဆုံး-ဒဏ်ရာရ စာရင်းပေါင်းလိုက်တော့ ၁၀၀၀-ကျော်အထိ ဖြစ်နေပါရော့လား။ ဒါဟာ ပညာတတ်မျိုးဆက်တခုအတွက် ဘယ်လောက်နှမြောဖို့ကောင်းသလဲ။

တကယ်က နှမျောတသနေယုံနဲ့မပြီး။ သူတို့ရဲ့ပေးဆပ်မှုတွေအတွက် ကျနော်တို့ဘာတွေရခဲ့ပြီး ပြီလဲ။ ရအောင်ကော ကျနော်တို့ဘာတွေဆက်လုပ်နေကြသလဲ။ ဆက်လုပ်နေတဲ့သူက ဘယ်လောက် ရှိပြီး ဘာမှမလုပ်တော့ဘဲ ဘေးထိုင်ဘုပြောနေသူကဘယ်လောက်ရှိနေလဲ။ ဒါတွေကို အခုလို စစ်အာ ဏာသိမ်း နှစ်ပါတ်လည်နေ့မျိုးမှာမှ မစဉ်းစားရင် ဘယ်အချိန်မှာ ကျနော်တို့စဉ်းစားကြမလဲ။

Ferie Paradise -နဲ့ တတိယနိုင်ငံ ယဉ်ကျေးမှု

နော်ဝေးနဲ့အနောက်နိုင်ငံတွေမှာ ခေတ်စားလှတဲ့ တနှစ်တခါ သတင်း ၄-၅ ပတ် လစာအပြည့် အားလပ်ရက်ယူပြီး အပန်းဖြေခြင်းကိုအားကျလို့ နော်ဝေးစကား Ferie နဲ့ အင်္ဂလိပ်စကား Paradise ကိုတွဲသုံးလိုက်တာပါ။ တော်လှန်ရေးမီဒီယာ DVB ကနေ အလုပ်ဖြုတ်ခံရတဲ့ ကျနော်ဟာ အားအားယားယားနဲ့ သူများအိမ်တွေ။ အလှုပွဲတွေ။ သာရေး-နာ ရေးအခန်းနားတွေ  တော်မျာများသွားဖြစ်ခဲ့ပါတယ်။ ဒီလိုသွားရင်းနဲ့ တတိ ယနိုင်ငံရောက် ၈၈ မျိုးဆက်တွေ။ အကြောင်းအမျိုးမျိုးကြောင့် တတိယနိုင်ငံဆီရောက်နေသူတွေရဲ့ ဘ၀တစိတ်တဒေသကို လေ့လာခွင့်ရခဲ့ပါတယ်။

သေချာတာတခုကတော့ နော်ဝေးရောက် ဒုက္ခသည် ၃-ထောင်ဝန်းကျင်ထဲကအတော် များ များဟာ လူ-ကနော်ဝေးရောက်နေကြပေမဲ့ စိတ်-ကတော့ မြန်မာပြည်ထဲမှာ ဒါမှမဟုတ် ထိုင်း-မြန်မာ နယ်စပ်မှာ ကျန်နေဆဲဖြစ်တာကို ကျနော်တွေ့ရပါတယ်။ ဆိုလိုတာကတော့ သူတို့လုပ်ချင်တဲ့အလုပ်နဲ့ သူတို့နေချင်တဲ့နေရာကတမျိုး။ လက်ရှိ သူတို့လုပ်နေရတဲ့အလုပ်နဲ့ သူတို့ရောက်နေရတဲ့နေရာက တခြားဖြစ်နေကြပါတယ်။ ဒါပေမဲ့ ဒါဟာ လူအတော်များများဆိုပေမဲ့ လူအားလုံးတော့မဟုတ်ပါဘူး။

လူဦးရေတ၀က် ဒါမဟုတ် အများစုလို့တောင်ထင်ရတဲ့လူတွေ။ အထူးသဖြင့် သူတို့ရဲ့ အမျိုးသ မီးတွေနဲ့ကလေးတွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံလွတ်မြောက်ရေးတိုက်ပွဲအကြောင်း သိပ်စိတ်မ၀င် စားတော့ဘဲ လက်ရှိနော်ဝေးလူနေမှုဘ၀ထဲမှာ တန်းဝင်အောင်နေနိုင်ရေးကိုဘဲ့ ပိုစိတ်ဝင်စားနေကြတာ ကိုတွေ့ရပါတယ်။ ဒါဟာ လက်တွေကျတဲ့အပြင် သဘာဝလဲကျတဲ့အတွက် သူတို့ကို အပြင်မတင်သင့် ပါ။ အပြင်တင်ဖို့ပြောနေခြင်းလဲမဟုတ်ပါ။ အရှိတရားတခုကို စဉ်းစားနိုင်ဖို့တင်ပြခြင်းမျှသာဖြစ်ပါတယ်။

ဒီအတွက် နော်ဝေးစာတတ်ဖို့သင်ရပါတယ်။ ပြီးရင် ခိုင်မာတဲ့အောက်ခြေသိမ်းအလုပ်တခုခု fast jobb တခုရဖို့ ရှာရပါတယ်။ ပြီးရင် အိမ်နဲ့ကားကို အကြွေးနဲ့ (လပေးစနစ်နဲ့) ၀ယ်နိုင်ဖို့ကျိုးစား ရပါတယ်။ သားသမီးတွေကို လူစဉ်မီအောင်ထားနိုင်ဖို့ကျိုးစားရပါတယ်။ ဆိုလိုတာကတော့ လူအတော် များများဟာ ဒီလို တို့တာဝန် အရေး ၃-ပါးအတွက် လုံးပန်းရင်းနဲ့ ရှေ့မှာကျ နော်တင်ပြခဲ့တဲ့ အာဏာ သိမ်းနှစ်ပတ်လည် ၂၅-နှစ်တို့။ ၈-လေးလုံးနှစ်ပါတ်လည် ၂၅-တို့။ ABSDF-နှစ်ပတ်လည် ၂၅-နှစ်တို့ကို စဉ်းစားဖို့အချိန်တွေလျော့နဲသွားခဲ့ပေါ့။

တနှစ်မှာ ၁၁-လလုံးလုံး ဒီတာဝန် ၃-ပါးအတွက် အောက်ခြေသိမ်းအလုပ်တွေနဲ့ မနားတန်း လည်ပတ်နေရပြီး ''Ferie Paradise - အားလပ်ရက်နိဗာန်ဘုံ'' လေးမှာဘဲ့ သူတို့ရဲ့လှုပ်ရှားမှုပုံတွေကို Fcaebook ပေါ်မှာတွေ့ခွင့်ရတဲ့ အခြေနေမျိုးအထိဖြစ်လာနေပါတယ်။ ဒါဟာ တတိယနိုင်ငံရောက် ၈၈-မျိုးဆက်တွေရဲ့ သရုပ်မှန်ပုံရိပ်လား။ ယာယီပုံရိပ်လား။ အမြဲတန်းပုံရိပ်ဖြစ်သွားမလား။

Freedom Fighter နဲ့ သူပုန် ဘာကွာသလဲ။ ပန်းတိုင်အထိ ဘယ်သူတွေဆက်သွားကြမလဲ

''Ferie Paradise - အားလပ်ရက်နိဗာန်ဘုံ'' ဘ၀ကနေ ပျောက်ဆုံးသွားတဲ့ နှစ် ၂၀-အခြေ နေကိုပြန်ကောက်ရမယ်ဆိုရင် လွန်ခဲ့တဲ့နှစ် ၂၀-အတွင်း ကမ္ဘာ့နိုင်ငံရေးအပြောင်းလဲတွေအများအပြား ဖြစ်ခဲ့ပါတယ်။ စစ်အေးတိုက်ပွဲကြီးပြီးဆုံးလို့ ၀ါဒရေးရာတိုက်ပွဲတွေခေတ်ကုန်။ ဘာလင်တံတိုင်းကြီး ပြို လဲ။ ဆိုဗီယက်ယူနီယံပြိုကွဲ။ ဌာနေတိုင်းရင်းသားတွေအလံဆွဲ။ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ လူမျိုးစုတွေ လဲ ခွါ-ပြဲ။ ရန်-ငါ စည်းပြတ်ရမယ်ဆိုတဲ့ယဉ်ကျေးမှုအစား ရန်သူနဲ့စကားပြောရမယ်ဆိုတဲ့ယဉ်ကျေးမှု ထွန်းကား။ ကျနော်တို့ရဲ့မဟာမိတ်များ တပ်ပေါင်းစုကနေထွက်ပြီး စစ်အစိုးရနဲ့ အပစ်ခတ်ရပ်စဲရေးလုပ် သွားလိုက်ကြတာများ သေနပ်ဆက်ကိုင်နေတာဆိုလို့ KIA တဖွဲ့ဘဲ့ ကျန်တော့သလိုလိုဖြစ်လာနေခဲ့ ပေါ့။

ဒါက လွန်ခဲ့တဲ့ လပိုင်းတွေအထိအခြေနေကို ပြောတာပါ။ အခုဆိုရင် ကျနော်တို့ကိုယ်တိုင် ဆယ်နှစ်ဆယ်မိုး ပါဝင်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့။ စစ်တပ်က အာဏာသိမ်းချိန်မှာ အဲဒီစစ်တပ်ကို လက်နက်ကိုင်တော် လှန်မှရမယ်လို့တောခိုခဲ့ကြတဲ့ကျောင်းသားလူငယ်တွေဖွဲ့စည်းခဲ့တဲ့ ABSDF- မှ ဥက္ကဌဟောင်း ၃-ဦးအပါဝင် ကျနော်တို့ရဲ့ ရဲဘော်သူငယ်ချင်းတချို့တောင် ''ပြည်တော်ပြန်'' စီမံကိန်း အရ ရန်ကုန်မြို့ဆီ ရောက်နေကြပါပြီ။ ဒါကိုတိုးတက်မှုအဖြစ် ခင်ဗျားမြင်ပါသလား။ အပြောင်းအလဲလို့ ခင်ဗျားထင်ပါသလား။ တဦးချင်းအနေနဲ့ လွတ်လပ်စွာထင်မြင် ပိုင်ခွင့်ရှိပေမဲ့ အဖွဲ့စည်းအနေနဲ့။ မျိုး ဆက်တခုလုံး အနေနဲ့တော့ အသေချာစဉ်းစားဆုံးဖြတ်ဖို့လိုလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။

နိုင်ငံရေးအပြောင်းလဲဆိုတာကလဲ မပြောင်းချင်တော့ နှစ် ၂၀-အတွင်း ဘာမှမပြောင်းဘူး။ ပြောင်းချင်တော့လဲ အခု ဒီဆောင်းပါးရေနေစဉ် ရက် ၂၀-လောက်အတွင်းမှာတောင် အပြောင်းလဲတွေ က မြန်လိုက်တာ။ ဥက္ကဌဟောင်းတွေကို ဗီဇာ-ထုတ်ပေးပြီးနောက်တရက်မှာဘဲ့ ထုံးဖြူအသုတ်ခံ ရသူ လူ ၂-ထောင်စာရင်းကိုထုတ်ပြန်လိုက်ပါတယ်။ ဒါက လတ်တလောဖြစ်နေတဲ့ နိုင်ငံရေးအခြေနေ တွေ ပါ။ ဒီဆောင်းပါးရဲ့ အဓိက ဆိုလိုချက်က ဗီဇာရလူတစု ပြည်တော်ပြန်လေ့လာရေးခရီးစဉ်ကိုညွန်းလို ခြင်းမဟုတ်ပါ။ မျိုးဆက်အလိုက်တာဝန်ယူရမဲ့သမိုင်းပေးတာဝန်တခုကို ကျနော်တို့ဘယ်လိုပ ခုံးပြောင်း ထမ်းဆောင်ကြမလဲဆိုတဲ့ အပိုင်းဖြစ်ပါတယ်။

လူ ၁၀-ယောက်လောက်စုပြီး ပြည်တော်ပြန်လေ့လာယုံနဲ့ ကျနော်တို့မျိုးဆက်တခုလုံး အတွက် အလုပ်ဖြစ်ပါ့မလား။ ကျန်တဲ့ သောင်းနဲ့ချီရှိတဲ့ ရဲဘော်သူငယ်ချင်းတွေကကော ဘာဆက်လုပ်ကြမလဲ။ ဒီလူ ၁၀-ဦးက အားလုံးရဲ့ကိုယ်စားလှယ်လား။ လွန်ခဲ့တဲ့နှစ် ၂၀-ကာလကလိုမျိုး ဘယ်သူ့ကို ဘယ်သူ က ကိုယ်စားပြုတယ်ဆိုတဲ့ စနစ်တကျဖွဲ့စည်းမှုမျိုးကော ကျနော်တို့ကြားမှာရှိပါသေးရဲ့လား။ တသီးပုဂ လတွေ သိပ်ခေတ်စားနေပြီလား။ တဖက်မှာ တသီးပုဂလလို့ပြော။ တဖက်မှာကျတော့ အားလုံးကို ကိုယ်စားပြုသလိုသလိုလေသံပစ်နဲ့ လုပ်နေတာကိုမြင်ရတော့ လွန်ခဲ့တဲ့နှစ် ၂၀-က အင်အားကြီးခဲ့တဲ့ ABSDF အဖွဲ့ကို ပိုပြီး သတိရလာစေပါတယ်။

"ငါတို့ ၁၀-နှစ်လောက် အသက်နဲ့ရင်းပြီး တောထဲမှာတိုက်ပွဲဝင်ခဲ့ပြီးပြီဘဲ့ကွာ။ ငါတို့တာဝန်ကျေ ခဲ့ပြီပေါ့။ အခုတော့ သားသမီးတွေဖက် အလှည့်ပေးရဦးမယ်လေ'' လို့ တတိယ နိုင်ငံရောက် ရဲဘော် သူငယ်ချင်းတဦးကပြောပါတယ်။ သူပြောတာဟာ အလွန်သဘာဝကျပြီး အားလုံးလက်ခံသင့်တဲ့ ဒါမှမ ဟုတ် တတိယ-နိုင်ငံရောက် ၈၈-မျိုးဆက်အတော်များများပြောနေတဲ့ စကားလုံးတခုပါဘဲ့။
ဒါပေမဲ့ မေးစရာဖြစ်လာတာကတော့ ဒါဆိုရင် တော်လှန်ရေးဆိုတာ ၁၀-နှစ်လောက်လုပ်လို့ မ အောင်မြင်ရင် ရပ်လိုက်ရတဲ့သဘောရှိလား။ ပန်းတိုင်မရောက်မချင်းဆက်လုပ်သင့်တဲ့အရာလား။ ဘယ် သူကမှ အတိအကျတာဝန်ပေးလိုက်ခြင်းမရှိပေမဲ့ ကိုယ်အသိနဲ့ကိုယ် ဘယ်အတိုင်းတာအထိ ဆက်လုပ် သင့်တယ်လို့ခင်ဗျားထင်ပါသလဲ။

ဒီဖြစ်စဉ်တွေကိုစဉ်းစားရင်းနဲ့ ဒီလိုအတိုင်းတာတခုထိ ရွံရွံချွံချွံတာဝန်ထမ်းခဲ့ပြီး အခုချိန်မှာ ကိုယ့်မိသားစုကိစ္စကိုယ်လုပ်နေသူတွေကို Freedom Fighter တွေအဖြစ် ခေါ်နိုင်မလားလို့ ကျနော်စဉ်း စားနေမိပါတယ်။ အခုချိန်ထိ မဆုတ်သောဇွဲနဲ့ ပန်းတိုင်အထိ ရောက်အောင်ဆက်သွားဖို့ပြင်နေသူ။ နယ်စပ်မှာရှိနေဆဲ။ သို့မဟုတ် ပြည်ပကနေ တတ်နိုင်တဲ့ဖက်ကကူနေဆဲ လူနဲစုကိုတော့ သူပုန်တွေ အဖြစ် ခေါ်နိင်မလားလို့ ကျနော်စဉ်းစာနေမိပါတယ်။ Freedom Fighter လွတ်မြောက်ရေး အတွက် တိုက်ပွဲ ၀င်သူဟာ စေတနာ့ဝန်ထမ်း Volunteer သဘော။ တဦးချင်း တယောက်ချင်းသဘောကို ပို ဆောင်ပြီး သူပုန် Rebel ကတော့ ပန်းတိုင်ရောက်တဲ့ အထိ။ တနည်းအားဖြင့်ပြောမယ်ဆိုရင် နိုင်ငံ ရေးအာဏာ သို့မဟုတ် နိုင်ငံရေးစနစ်တခုပြောင်းလဲတဲ့အထိ စနစ်တကျ အစုအဖွဲ့နဲ့တိုက်ပွဲဝင်သွားတဲ့ သူတွေကို ဆိုလိုတာဖြစ်မယ်လို့ ကျနော်စဉ်းစားနေမိပါတယ်။

ဒီအတွက် သူပုန် Rebel ဆိုတဲ့စကားလုံးကို Freedom Fighter လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်သူ ဆိုတဲ့စကားလုံးထက် ကျနော်ပိုနှစ်ခြိုက်နေမိပါတယ်။ ကျနော်တို့ဟာ တက္ကသိုလ်စာသင် ခန်းကနေထွက်ပြီး တောခိုစဉ်ကာလက စေတနာ့ဝန်ထမ်းအဖြစ်ပါဝင်လာကြတယ်ဆိုပေမဲ့ အခုနှစ် ၂၀ ကြာပြီးတဲ့အချိန်မှာတော့ အမြဲတန်းဝန်ထမ်း သူပုန်တွေဖြစ်မနေသင့်ဘူးလားလို့လဲ ကျနော်စဉ်းစားနေမိ ပါတယ်။

တချိန်းတည်းမှာဘဲ့ ဆရာစံသူပုန်။ ရေနံမြေသူပုန်။ တို့ဗမာအစည်းရုံးသူပုန်။ BIA သူပုန်ကနေ အစိုးရဖြစ်လာတဲ့အခြေနေတွေကိုစဉ်းစားရင်း သူပုန်ဆိုတဲ့စကားလုံးကိုသုံးဖို့ ဘာမှသိမ်ငယ်စရာမရှိဘူး လို့ထင်ပါတယ်။ တခါ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာ့နိုင်ငံရေးဖြစ်စဉ်မှာ သို့မဟုတ် ကမ္ဘာ့လက်နက်ကိုင်တော် လှန်ရေးဖြစ်စဉ်မှာ အဓိကနေရာယူခဲ့တဲ့ လစ်ဗျားလက်နက်ကိုင်တော်လှန်ရေးနဲ့ လစ်ဗျားသူပုန်လှုပ်ရှား မှု။ အခုလောလောဆယ် ကမ္ဘာ့သတင်းနဲ့ ကမ္ဘာ့လက်နက်ကိုင်တော်လှန်ရေးမှာ ရှေ့ဆုံးရောက်နေတဲ့ ဆီရီယားလက်နက်ကိုင်တော်လှန်ရေးနဲ့ ဆီးရီယားသူပုန်လှုပ်ရှားမှုတွေကိုကြည့်မယ်ဆိုရင်လဲ သူပုန် Rebel ဆိုတဲ့စကားလုံးအတွက် ဘာမှစောဒကတက်စရာမရှိလောက်ဘူးလို့ထင်မိပါတယ်။

ကဲ... ဒီဆောင်းပါးကိုဖတ်နေတဲ့ ခင်ဗျားကိုယ်တိုင်ကော။ Freedom Fighter လား။ Rebel သူပုန်လား။ ပန်းတိုင်ရောက်တဲ့အထိ ဆက်သွားမလား။ တသီးပုဂလတွေနဲ့ဘဲ့လွဲထားမလား။ စနစ်ကျ တဲ့ စုဖွဲ့မှုတွေနဲ့ အသေချာပြန်လုပ်ပြီး မျိုးဆက်တခုရဲ့ မပြီးဆုံးသေးတဲ့ တာဝန်တွေအတွက် ကျနော်တို့ အားလုံး လက်တွဲဆောင်ရွက်ကြဖို့ အချိန်ရောက်နေပြီလို့ ထင်မြင်မိပါတယ်။

ထက်အောင်ကျော်
၀၉-၀၉-၂၀၁၂။

 "www.colourparliament.com"

Posted: 08 Sep 2012 11:41 PM PDT
ပဲခူးတိုင်း ဒေသကြီး (အနောက်ပိုင်း) ပြည်မြို့ မှာ စက်တင်ဘာလ ၈ ရက်နေ့  ညနေ ၆ နာရီခန့် က ရွှေလက်လှရပ်ကွက် ၊ ၀ါးရုံလမ်းတို နေ ဒေါ်သန်းသန်းမြင့် အသက်(၄၁)နှစ် နှင့် မရွှေစင်မိုး အသက် (၂၁) နှစ် တို့ ဧရာဝတီမြစ် ဆိပ်ခံ ဘောတံတားတွင် ရေကစားရင် ရေနစ်သေဆုံး သွားကြောင်း Myanmar News Now မှ သတင်းရရှိပါတယ်။

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

ရေနစ်မြုစ်မှုဖြစ်ပွါးခဲ့သည့် ဆိပ်ခံဘောတံတား




Posted: 08 Sep 2012 11:18 PM PDT
လက်ပန်းတောင်း တောင် ကြေးနီစီမံကိန်းဒေသမှ ဘုရားလာသည့် ဒေသခံများကို မုံရွာမြို့ ဘက်မလာနိုင်အောင် အာဏာပိုင်များက ပိတ်ပင်ထားကြောင်း သိရပါ တယ်။

စက်တင်ဘာလ ၉ ရက်နေ့ မနက် ၉ နာရီ အချိန့် ခန့် ကတည်းက ရောက်ရှိနေတဲ့ ၀က်မှေး၊ ဆည်တည်း စတဲ့ ကျေးရွာများက တောင်သူ လယ်သမားတွေဟာ မုံရွာမြို့  ဆုတောင်းပြည့် ဘုရားဖူးရန် အတွက် လာရောက်စဉ်မှာ ညောင်ပင်ကြီး ဆိပ်ကမ်းမှာ တားမြစ်ခံထားရတာဖြစ်ပါတယ်။

အဆိုပါ လယ်သမားတွေ ချင်းတွင်းမြစ်ကို ဖြတ်မကူးနိုင်အောင် အာဏာပိုင်တွေက ကူးတို့ ဆိပ်ရှိ စက်လှေများကို ကူးသန်းခွင့် ပိတ်ပင်ထားတာဖြစ်ပါတယ်။

ဘုရားဖူးလာတဲ့ တောင်သူလယ် သမားတွေကတော့ ချင်းတွင်းမြစ်ကို ဖြတ်ကူးခွင့် ရဖို့  အတွက် အခုချိန်ထိ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်းသိရပါတယ်။


ဘုရားဖူးလာတဲ့ တောင်သူများ
မုံရွာမြို့ ဆုတောင်းပြည့်ဘုရားဖူးရန်  ၀က်မှေး ဆည်တည်းစသည်ကျေးရွာများ တောင်သူလယ်သမားများ ချင်းတွင်းမြစ်ကူးရန်အတွက် စောင့်ဆိုင်းနေစဉ် - ဓါတ်ပုံ Aung Nay Myo



Posted: 08 Sep 2012 10:41 PM PDT
တူမဖြစ်သူ၏ သူငယ်ချင်းက နိုင်ငံတော်သမ္မတရုံးမှ ဗိုလ်မှူးတစ်ဦးဟု လိမ်လည်လျက် သမီးငယ် အား ပြန်ပေး ဆွဲပြီး ဖခင်ဖြစ်သူအား သတ်မည်ဟု ခြိမ်းခြောက် ငွေတောင်းသော မှုခင်းတစ်ခု ရန်ကုန် တိုင်း ဒေ သကြီး စမ်းချောင်းမြို့နယ်တွင် ပြီးခဲ့သည့် သြဂုတ် ၃ဝရက်က ဖြစ်ပွားခဲ့သည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ






Posted: 08 Sep 2012 10:03 PM PDT
မြန်မာ့ စာတိုက် လုပ်ငန်း အနေဖြင့် အကျိုးအမြတ် ပိုမိုဖြစ်ထွန်း နိုင်စေရန် ကုမ္ပဏီ အဖြစ်ရပ်တည်၌ စာတိုက် လုပ်ငန်းအား ဝန်ဆောင် မှုသစ်များဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၊ စီမံကိန်းနှင့် လေ့ကျင့်ရေဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

“အရင်နှစ်ပိုင်းမှာ မြန်မာ့စာတိုက်လုပ်ငန်းက အရှုံးတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတယ်။ ဒါ့ကြောင့် မြန်မာ့စာတိုက်လုပ်ငန်းကို ကုမ္ပဏီအဖြစ် ရပ်တည် လုပ်ကိုင်နိုင်အောင် ဆောင်ရွက်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့လည်း ပြည်တွင်းပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ပိုပြီးခွင့်ပြုပေးသွားမှာပါ။ လက်ရှိတော့ ပြည်တွင်းအမြန်ချောပို့လုပ်ငန်းကို ပုဂ္ဂလိကကုမ္ပဏီသုံးခုနဲ့ ပူးပေါင်းလုပ်ကိုင်နေပါတယ်”ပာု အထက်ပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။

မြန်မာ့စာတိုက်လုပ်ငန်းအနေဖြင့် အရည်အသွေးမီ အဆင့်မြင့်နည်းပညာများ အသုံးပြု၍လည်းကောင်း၊ အရည်အချင်းပြည့်ဝသည့် ဝန်ထမ်း ကောင်းများ ခန့်အပ်၍လည်းကောင်း၊ IT နည်းပညာအသုံးပြု၍လည်းကောင်း ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းများဖြင့် ကုမ္ပဏီအဖြစ် ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့စာတိုက်လုပ်ငန်းသည် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့မှစတင်၍ ဝန်ဆောင်မှုတစ်ခုအဖြစ် စာပို့လုပ်ငန်းမှ ပြည်ပစာပို့ခများကို ပြည်ပ ရိုးရိုး စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၃၀ မှ ကျပ် ၅၀၀ နှုန်းသို့ လည်းကောင်း၊ ပြည်ပမှတ်ပုံတင်စာတစ်စောင်လျှင် အခြေခံစာပို့ခ ကျပ် ၈၀ မှ ကျပ် ၁,၂၀၀ နှုန်းသို့လည်းကောင်း တိုးမြှင့်သတ်မှတ်ခဲ့ကြောင်း သိရသည်။

YC- yangonchronicle2011

Posted: 08 Sep 2012 09:40 PM PDT
နယူးယောက် မြို့ကြီးမှာ မကြာသေးခင် နာရီပိုင်း အတွင်းကပဲ ရှားရှားပါးပါး Tornado လေဆင်နှာမောင်း ၀င်မွှေသွားတာကြောင့် ဒဏ်ရာနဲ့ အသေအပျောက်စာရင်း မရှိသေးပေမဲ့ ကားတွေမှောက် သစ်ပင်တွေလဲ၊ အိမ်အချို့ ပျက်စီးသွားပြီး Queens အရပ်မှာဆိုရင် ဒေသခံတွေဟာ လုံခြုံရာကို ထွက်ပြေးခဲ့ကြပါတယ်။

ဒီလေဆင်နှာမောင်း ရုတ်တရက် ၀င်ရောက်လာတာကြောင့် နယူးယောက်မှာ လုပ်မယ့် US Open အမျိုးသမီး တင်းနစ် ပြိုင်ပွဲကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။

ဗွီအိုအေ ( မြန်မာဌာန )

Posted: 08 Sep 2012 08:45 AM PDT
အုပ်ချုပ်ရေးနှင့် လွှတ်တော်များ အကြားတွင် မည်သည့် ပြဿနာမျှ မရှိဘဲ ဒီမိုကရေစီ အနှစ်သာရ အရ အချင်းချင်း အပြန်အလှန် ထိန်းညှိနေခြင်းသာ ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောဆိုခဲ့သည်။---

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 





Posted: 08 Sep 2012 08:51 AM PDT
လူ ၉၀ နီးပါး သေဆုံးခဲ့သော ပဋိပက္ခ အတွင်း သေဆုံးခဲ့သည့် ရခိုင် တိုင်းရင်းသားများအား ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ပွဲကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ နေ့လည်က ကျင်းပခဲ့သည်။
ရခိုင်ပြည်နယ် အတွင်း ဇွန်လ ၈ ရက်နေ့က စတင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှု သုံးလပြည့်--

 သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ 




Posted: 08 Sep 2012 08:58 AM PDT

ရန်ကုန်၊ စက်တင်ဘာ ၈

တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့် တစ်စိတ်တစ်ပိုင်း အဖြစ် ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ အနေနှင့် မြန်မာနိုင်ငံ အတွင်းရှိ တရားရုံး သုံးခုကို ကွင်းဆင်း လေ့လာ သွားမည်ဖြစ်ကြောင်း ယင်းကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။----

သတင်းအပြည့်အစုံ ဖတ်ရန် ဒီနေရာကို နှိပ်ပါ

 


0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...