Monday, September 10, 2012

4K Resolution ဆိုတာ ဘာလဲ

by Internet Journal on Monday, September 10, 2012 at 12:14am ·


4K ဆိုတာဟာ high definition resolution နှစ်မျိုး (3840 x 1260 pixels နဲ့ 4096 x 2160 pixels ) အနက် တစ်မျိုးကို ဆိုလိုခြင်းဖြစ်ပါတယ်။ ၎င်းဟာ 1080p (1920 x 1080 pixels) high definition resolution ထက် လေးဆ ပိုမိုပြီး လက်ရှိမှာတော့ လူသုံးကုန်  high definition resolution စံသတ်မှတ်ချက်များထဲက တစ်ခုအနေနဲ့ အသုံးပြုကြပါတယ်။
အခြား high definition resolution များကတော့ 720p နဲ့ 1080i တို့ ဖြစ်ပါတယ်။ 4K ကို Quad High Definition လို့လည်း ခေါ်ဆိုပါတယ်။
ယခုအခါမှာ 4K resolution ကို စီးပွားဖြစ် ဒီဂျစ်တယ် ရုပ်ရှင်ပြသမှုမှာ အသုံးပြုလျက်ရှိတဲ့အပြင် 3D TV များနဲ့ 3D video projector များနဲ့ အိမ်သုံး ဖျော်ဖြေရေးထုတ်ကုန်တွေမှာ စတင် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါတယ်။

ဘာကြောင့် 4K ကို အသုံးပြုတာလဲ

Screen အရွယ်အစားကြီးမားတဲ့ TV များနဲ့ video projector များမှာ 4K ကို အသုံးပြုရတဲ့ အဓိကအကြောင်း အရင်းကတော့ 4K ဟာ 1080p ထက် ပုံရိပ်တွေကို အသေးစိတ် ဖော်ပြပေးနိုင်တာကြောင့်လို့ ဆိုပါတယ်။ 1080p ဟာ screen အရွယ်အစား ၈၀ လက်မ နဲ့ ဒီ့ထက်ပိုကြီးတဲ့ screen ပေါ်မှာ ပုံရိပ်တွေကို ကောင်းမွန်စွာ ဖော်ပြနိုင်ပေမယ့် 4K ကတော့ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေကို ဖော်ပြပေးနိုင်ပါတယ်။

လက်ရှိအသုံးပြုနေကြတဲ့ 3D TV များနဲ့ video projector တွေမှာ Passive Polarized Glasses နည်းစနစ်ကို အသုံးပြုထားတဲ့အတွက် မျက်လုံးတစ်ဖက်စီအတွက် 3D ပုံရိပ် resolution ကို 540p (960 x 540 pixels) အထိ လျှော့ချပေးထားပြီး 2D ပုံရိပ်တွေလိုမျိုးကိုတော့ 1080p resolution နဲ့ဖော်ပြပေးပါတယ်။ ဒါပေမဲ့ 4K resolution panel နဲ့ screen တွေမှာ Passive Polarized Glasses ကနေတစ်ဆင့် 3D ပုံရိပ်တွေကို ကြည့်ရှုတဲ့အခါ မျက်လုံးတစ်ဖက်စီအတွက် 1080p (1920 x 1080) resolution နဲ့ ဖော်ပြပေးပါတယ်။ ဒါ့အပြင် တူညီတဲ့ TV ပေါ်မှာ 2D ပုံရိပ်တွေကို ကြည့်ရှုတဲ့အခါမှာလည်း full 4K resolution ပုံရိပ်ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။


4K ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

လက်ရှိ ဈေးကွက်မှာတော့ သုံးစွဲသူတွေအတွက် 4K resolution ဗီဒီယိုတွေကို Disc နဲ့ TV ထုတ်လွှင်မှုလိုမျိုး video source material တွေ မရှိသေးပါဘူး။ ဒါပေမဲ့ Blu-ray Disc တွေမှာတော့ 4K resolution content အတွက် လုံလောက်တဲ့ နေရာပမာဏရှိပြီး ရုပ်ရှင်ဇာတ်ကားတစ်ခုလုံးအတွက် နေရာပမာဏ လုံလောက်ဖို့အတွက်ကတော့ disc layer များပေါင်းစပ်ထည့်သွင်းရမယ်လို့ ဆိုပါတယ်။ နောက်ပြီး လက်ရှိ Blu-ray disc player တွေဟာ native 4K content ကို ဖွင့်ပေးနိုင်ခြင်းမရှိပေမယ့် built-in 1080p ကနေ 4K အထိ ပေါင်းစပ်ထည့်သွင်းထားတဲ့ Blu-ray Disc player အချို့ကတော့ လက်ရှိ Blu-ray disc တွေကို 4K resolution နဲ့ 4K TV ပေါ်မှာ ဖော်ပြပေးနိုင်ပါတယ်။

လက်ရှိမှာတော့ 4K ကို ပုံမှန်ထက်ပိုမိုတဲ့ bandwidth လိုအပ်ပြီး ကုန်ကျစရိတ်များပြားတဲ့ infrastructure တည်ဆောက်ဖို့လိုတဲ့ broadcast, satellite, cable နဲ့ internet ကနေတစ်ဆင့် stream ပြုလုပ်ခြင်းတို့အတွက် အထောက်အပံ့ ပေးထားပါတယ်။ ၎င်းကုန်ကျစရိတ်တွေကို ရုပ်သံထုတ်လွှင့်သူ (broadcaster) များနဲ့ အခြားသော provider တွေက ကုန်ကျရမှာဖြစ်တာကြောင့် 4K အတွက် တက်တက်ကြွကြွ လုပ်ဆောင်ဖွယ် မရှိပါဘူး။

4K ရဲ့နောက်ပိုင်းမှာတော့ 1080p resolution ထက် ၁၆ ဆပိုမိုတဲ့ 8K ထွက်ပေါ်လာဖွယ်ရှိပါတယ်။ 8K resolution ကတော့ 7680 x 4320 pixels (4320p) ရှိပြီး လက်ရှိ 1080p resolution TV တွေထက် ၁၆ ဆ အသေးစိတ် ဖော်ပြပေးနိုင်ပါတယ်။ 8K TV ရှေ့ပြေးပုံစံကို CES 2012 ပြပွဲမှာ ပြသခဲ့ပေမယ့် ရုပ်သံထုတ်လွှင့် သူများ အနေနဲ့ ဒေါ်လာ ဘီလီယံများစွာကုန်ကျနိုင်ခြင်း၊ သုံးစွဲသူများအနေနဲ့ လက်ရှိ HDTV နည်းပညာကိုသာ အသုံးပြုနေခြင်းတို့ကြောင့် 8K resolution TV များနဲ့ Super Hi-Vision TV ထုတ်လွှင့်မှုတို့ရဲ့ ဖွံ့ဖြိုးမှုဟာ ဆယ်စုနှစ် တစ်ခုခန့် ကြာမြင့်နိုင်ပါတယ်။

4K က သုံးစွဲသူများအတွက် ဘယ်လို အကျိုးသက်ရောက်မှု ရှိစေသလဲ

4K ကို သုံးစွဲသူများထံ ပိုမိုထောက်ပံ့ပေးလာနိုင်တာနဲ့အမျှ အရွယ်ကြီးမားတဲ့ screen တွေမှာ ဗီဒီယိုပုံရိပ် ဖော်ပြမှုများကို ပိုမိုကောင်းမွန်စွာ ပြုလုပ်ပေးနိုင်ပြီး screen ပေါ်မှာ ကြည့်ရှုသူမှ မြင်တွေ့နိုင်တဲ့ pixel တွေကိုလည်း လျှော့ချ ပေးနိုင်ပါတယ်။ ဒါကြောင့် ပုံရိပ်တွေကို ချောမွေ့စွာနဲ့ အသေးစိတ် တွေ့မြင်နိုင်ပြီး screen refresh rate ကိုလည်း လျင်မြန်စေပါတယ်။ ဒါ့အပြင် 4K ဟာ 3D ထက် အသေးစိတ် ဖော်ပြ ပေးနိုင်တာကြောင့် မျက်မှန် မလိုအပ်ဘဲ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Video Resolution နှင့် Megapixels

1080p, 4K နဲ့ 8K resolution တို့ကို ဒီဂျစ်တယ်ကင်မရာတွေနဲ့ နှိုင်းယှဉ်ဖော်ပြတဲ့အခါမှာ 1080p (1920 x 1080) ဟာ 2.1 megapixels သာရှိပြီး 4K (3840 x 2160 နဲ့ 4096 x 2160) ကတော့ 8.5 megapixels ရှိပါတယ်။ 8K resolution (7680 x 4320 pixels – 4320p) ကတော့ 33.2 megapixels ရှိပါတယ်။

TV screen ကို ကြည့်ရှုရာမှာ စိတ်ကျေနပ်မှုရှိစေဖို့အတွက် resolution က အရေးကြီးသလို screen အရွယ်အစားနဲ့ video processing, upscaling quaility, color consistency, black level response, contrast စတဲ့ အရာတွေကလည်း အရေးကြီးတာကြောင့် resolution အပြင် အခြားသော အရာတွေကို လည်း ထည့်သွင်းစဉ်းစားဖို့ မမေ့သင့်ပါဘူး။

0 comments:

Post a Comment

စာမရေးဖြစ်တော့တာကြောင့် ကျနော်ကြိုက်ပြီး ဖတ်စေချင်တဲ့ စာလေးတွေကို တင်ထားပါတယ်ဗျာ

Followers

Total Pageviews

အမှာပါးစရာများရှိနေရင်

Pop up my Cbox

Blog Archive

အက်ဒမင်

အခြားကဏ္ဍများကို လေ့လာရန်

ရှာဖွေလေ တွေ့ရှိလေ

စာပေမြတ်နိုးသူများ

free counters
Related Posts Plugin for WordPress, Blogger...